backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သစ်ကြားသီး နဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သစ်ကြားသီး နဲ့ ကျန်းမာရေး

အညိုရောင် အခွံမာမာလေး အောက်က အဆီပြည့်ပြည့်လေးနဲ့ ဦးနှောက်နဲ့ ပုံသဏ္ဍာန်တူတဲ့ သစ်ကြားသီး စားရတာကို သဘောကျတဲ့ သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ သစ်ကြားသီးစားရင်း ဘယ်လို အကျိုးကျေးဇူးလေးတွေ ရရှိနေလဲ ဆိုတာကို သိဖို့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

သစ်ကြားသီး မှာပါတဲ့ အာဟာရ

စားလိုက်ရင် ခပ်ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ သစ်ကြားသီးမှာ

သစ်ကြားသီး ကပေးတဲ့ ကျန်းမာရေး

အရသာရှိတဲ့ သစ်ကြားသီးက

သွေးတွင်း ကိုလက်စထရော ကျဆင်းစေတယ်

သစ်ကြားသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ polyphenol၊ ဗီတာမင် E တို့ ပါဝင်နေတာကြောင့် သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရော ပမာဏကို တိုးစေနိုင်ပါတယ်။

နှလုံး ကျန်းမာစေတယ်

သစ်ကြားသီးမှာ alpha-linolenic acid (ALA) လို့ ခေါ်တဲ့ အပင်ကနေရတဲ့ Omega-3 fatty acid တစ်မျိုး ပါဝင်နေတာကြောင့် သွေးကြောတွေ ကျန်းမာစေပြီး နှလုံးဆီ သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေတာကြောင့် နှလုံး ကျန်းမာစေပါတယ်။

လေ့လာမှု ရလဒ်တွေအရ သစ်ကြားသီး စားသုံးပေးတာက နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်။ လို့ သိရပါတယ်။

ရောင်ရမ်းမှုကို လျော့ကျစေတယ်

သစ်ကြားသီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။

ဒါတင်မကသေးပါဘူး။ ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်နိုင်တဲ့ အမျိုးအစား (၂) ဆီးချို၊ သွေးတိုးရောဂါ နဲ့ နှလုံးရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

သစ်ကြားသီးမှာ အစာခြေစနစ် တလျှောက်မှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေကို အာဟာရ ဖြည့်ပေးနိုင်တဲ့ အာဟာရတွေ ပါဝင်နေတာကြောင့် သင့်ကိုယ်ရော သင့် အစာခြေစနစ်က အကျိုးပြု ဘက်တီးရီးယားတွေကိုပါ ကျန်းမာစေပြီး အစာခြေစနစ်ကို အကောင်းဆုံး အားဖြည့်ပေးမှာပါ။

ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

သစ်ကြားသီးက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အကြောင်းကတော့ သစ်ကြားသီးမှာ polyphenol ellagitannins ကြွယ်ဝတာကြောင့်ပါ။

သစ်ကြားသီး စားသုံးပေးတာက ဟော်မုန်းကြောင့်ဖြစ်တဲ့ ကင်ဆာတွေကို ကာကွယ်ရာရောက်ပါတယ်။

ဆီးချို ကာကွယ်ပေးတယ်

သစ်ကြားသီးက အမျိုးအစား (၂) ဆီးချို ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြားသီးကို နေ့စဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲလောက် စားသုံးပေးတာက အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၄၇ ရာခိုင်နှုန်း အထိလျှော့ချပေးနိုင်ပါတယ်။

ဆီးချိုရောဂါ ခံစားနေရသူတွေ အနေနဲ့လည်း သစ်ကြားသီး စားသုံးပေးမယ်ဆိုရင် ဆီးချိုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်မှာပါ။

သိမြင်မှု စွမ်းရည် တိုးစေတယ်

သစ်ကြားသီးမှာ micronutrients၊ phytosterols၊ linoleic acid နဲ့ polyphenolics တို့ ပါဝင်နေတာကြောင့် သိမြင်မှု စွမ်းရည်ကို တိုးစေနိုင်ပါတယ်။ သစ်ကြားသီးပုံမှန်စားသုံးပေးတာက လှုပ်ရှားနိုင်မှု စွမ်းရည်၊ မှတ်မိနိုင်စွမ်းနဲ့ သိမြင်မှု စွမ်းရည်တွေကိုပါ တိုးစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

ဘာတွေ သတိထားရမလဲ!

သစ်ကြားသီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ စားတာမျိုး မလုပ်သင့်ပါဘူး။ ရောဂါ အခံ တစ်ခုခု ရှိမယ်။ ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဆေးသောက်နေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါမယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement