brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အဆုတ်ကျန်းမာရေးအတွက် ကောင်းတဲ့ စပျစ်နဲ့ ဘယ်ရီသီးတွေ

စပျစ်သီးနဲ့ ဘယ်ရီသီးတွေက အဆုတ်ကျန်းမာရေးအတွက် တကယ်ကိုကောင်းတယ်လို့ သုတေသနအသစ်က ဆိုပါတယ်။

အဆုတ်ကျန်းမာရေးအတွက် ကောင်းတဲ့ စပျစ်နဲ့ ဘယ်ရီသီးတွေ

anthocyanins လို့ခေါ်တဲ့ ဖလေဗာနွိုက်ဓါတ်တွေကြွယ်ဝတဲ့အစားအစာတွေကို စားသုံးရင် အသက်ကြီးလာတဲ့အထိအဆုတ်ရဲ့စွမ်းဆောင်ရည် အကောင်းဆုံးရှိနေမှာပါလို့ သုတေသီတွေကပြောပါတယ်။ စပျစ်သီး၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီတို့လို အရောင်ရင့်တဲ့အသီးတွေမှာတွေ့ရတတ်တာပါ။

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေများတဲ့ စားသောက်မှုပုံစံက အဆုတ်ထိခိုက်မှုတွေရန်က ကာကွယ်ပေးနိုင်ပြီး လုပ်ဆောင်နိုင်စွမ်းကို ထိန်းပေးတယ်၊ အသက်ကြီးလာတဲ့အခါ အသက်ရှူလမ်းကြောင်းရောဂါတွေဖြစ်လာနိုင်ခြေကိုလည်း နည်းစေနိုင်တယ် လို့ ဦးဆောင်သုတေသီ Vanessa Garcia-Larsen ကပြောပါတယ်။

လူတွေက အသက် ၃၀လောက်အရွယ်မှာ အဆုတ်ရဲ့စွမ်းဆောင်ရည်အကောင်းဆုံးအချိန်ပါပဲ။ အဲဒီအချိန်ကျော်လွန်သွားတဲ့အခါ အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းက တဖြည်းဖြည်းကျဆင်းလာပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု၊ ဓါတ်ပစ္စည်းထိတွေ့မှု၊တခြားရောဂါအခံ စတဲ့အကြောင်းရင်းအမျိုးမျိုးကို မူတည်ပြီး လူတစ်ယောက်နဲ့တစ်ယောက်ကဆင်းမှုနှုန်းချင်းကွာခြားသွားကြတာပါလု့ိ သူက ဆက်ရှင်းပြပါတယ်။

ပြုပြင်စီမံထားတဲ့အစားအစာတွေကြောင့် အဆုတ်ရဲ့လုပ်ဆောင်ချက်ကို ကျဆင်းစေနိုင်တယ်လို့ အရင်သုတေသနတွေမှာတွေ့ရှိထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် အရောင်ရင့်တဲ့အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားတဲ့သူတွေက အဆုတ်လုပ်ဆောင်ချက်ကျဆင်းမှုနှုန်း ပိုနှေးစေတယ်ဆိုတာ သုတေသနအသစ်ကတွေ့ရှိခဲ့တာပါ။

လေ့လာမှုမှာနော်ဝေနဲ့ အင်္ဂလန်နိုင်ငံက ပျမ်းမျှအသက် ၄၄ နှစ်အရွယ်ရှိသူ ၆၃ ဦးပါဝင်ခဲ့တာပါ။ ပါဝင်သူတွေအားလုံးကို စားသောက်မှုဆိုင်ရာမေးခွန်းတွေဖြေဆိုစေခဲ့ပြီးလေ့လာမှုအစပိုင်းမှာ အဆုတ်ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်စေခဲ့ပါတယ်။

နောက်ဆယ်နှစ်ကြာတဲ့အခါ သူတို့ရဲ့ အဆုတ်လုပ်ဆောင်ချက်ကိုပြန်စစ်ဆေးပါတယ်။

သုတေသီတွေကanthocyanin စားသုံးမှုနဲ့ အဆုတ်ကျန်းမာရေးတို့ကြားက ဆက်နွှယ်မှုကိုတွေ့ရှိခဲ့ပြီးanthocyanin စားသုံးလေ အဆုတ်ပိုကျန်းမာလေဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်။

ဘယ်ရီသီးလို အစားအစာတွေ စားပြီး နာရီပိုင်းအတွင်းမှာ အဆုတ်တစ်ရှူးတွေထဲ ဖလေဗာနွိုက်တွေ ရှိလာတာတွေ့ရတယ်။ ဒါ့ကြောင့်anthocyanin ကြွယ်ဝတဲ့အစားအစာတွေကလေထုညစ်ညမ်းစေတဲ့အရာတွေအပြင် တခြားပတ်ဝန်းကျင်ထိခိုက်မှုရန်တွေကပါ အဆုတ်ကိုမထိခိုက်အောင် ကာကွယ်ပေးနိုင်တယ်လို့ ယူဆရပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။