ကိုယ်ဝန်ဆောင်ချိန် ကိုက်ခဲတာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်ကာလက ခက်ခဲတဲ့ အခိုက်အတန့်ပါ။ မိခင်ဖြစ်ရတာ  အဖိုးမဖြတ်နိုင်တဲ့ အရာဆိုပေမယ့် မိခင်တစ်ယောက်ဖြစ်ဖို့က မလွယ်ကူပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာ၊ ရင်ပူတာကနေစလို့ ခါးနာတာ၊ ခြေလက်တွေ ကိုက်တာ၊ မအီမသာဖြစ်တာတွေကို ခံစားကြရပါတယ်။

ကိုက်ခဲတာက မိခင်တိုင်းလိုလို ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ပြဿနာတစ်ခုပါ။ အခြားသူတွေလို အလွယ်တကူ ဆေးသောက်ဖို့လည်း မလွယ်ကူတဲ့ ကိုယ်ဝန်ဆောင် မေမေတို့ နာကျင်ကိုက်ခဲတဲ့အခါ သက်သာစေဖို့ ဘယ်လို လုပ်ဆာင်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့် နာကျင်ကိုက်ခဲရတာလဲ………..

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က ပြောင်းလဲလာမှုတွေက အများကြီးပါ။ ဒီအချက်တွေကြောင့် ကိုက်ခဲတာတွေကို ခံစားရတာပါ။ များသောအားဖြင့်ကတော့

ကိုယ်ဝန်ဆောင်ချိန် ကိုက်ခဲတာ သက်သာစေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုက်ခဲတာကို သက်သာစေဖို့ဆိုရင်

အကြောဆန့်ပါ

မတ်တတ်ရပ်ပြီး နံရံကို မျက်နှာမူပါ။ လက်တွေကို နံရံပေါ်မှာထောက်လို့ ခြေထောက်တွေကို အကြောလျှော့ပေးတာမျိုး၊ ထိုင်နေရင်းနဲ့ လက်တွေကို အကြောလျှော့တာမျိုး လုပ်ပေးလို့ရပါတယ်။

ရေသောက်ပါ

ကိုယ်ဝန်ဆောင်ဆောင်ချိန်က ရေဓာတ် ပြည့်ဝဖို့ လိုပါမယ်။ ရေဓာတ် မပြည့်ဝတာက ပုံမှန် အချိန်မှာတောင် နာကျင် ကိုက်ခဲမှုကို ဖြစ်စေတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ နာကျင် ကိုက်ခဲမှု ကင်းချင်တယ်ဆိုရင် တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၂ ခွက် အထိ သောက်ပေးပါ။

ရေနွေးအိတ်ကပ်ပါ

ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့အခါ ရေနွေးအိတ်ကပ်ပေးတာက သက်သာစေမယ့် နည်းလမ်းတစ်ခုပါ။ ရေနွေးအိတ်က ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းပြီး ကိုက်ခဲတာကို သက်သာစေပါတယ်။

အရမ်းမပူစေဖို့နဲ့ ၁၅ မိနစ် ကပ်ပြီးတိုင်း ခဏနားဖို့ သတိပြုစေချင်ပါတယ်။

နှိပ်နယ်ပေးပါ

ကိုက်ခဲတဲ့အခါ ကြွက်သားတွေကို ခပ်ဖွဖွလေး နှိပ်နယ်ပေးတာကက သွေးစီးဆင်းမှု ကောင်းစေပြီး ကြွက်သားတွေ နာကျင်တာ ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာလည်း လေ့ကျင့်ခန်း လုပ်ပေးလို့ ရပါတယ်။ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ပြီး အသင့်တော်ဆုံးဖြစ်မယ့် လေ့ကျင့်ခန်းကိုတော့ ရွေးချယ်သင့်တာပေါ့။

ကိုယ်ဝန်ဆောင် လေဒီလေးတွေအနေနဲ့ ယောဂလေ့ကျင့်တာ၊ လမ်းလျှောက်တာ၊ ရေကူးတာလိုမျိုး လေ့ကျင့်ခန်းလေးတွေကို လုပ်ပေးလို့ ရပါတယ်။ ဒီလို လုပ်ဆောင်ပေးတာက ကြက်သားတွေကို ပြေလျော့စေပြီး ကိုက်ခဲတာကို သက်သာစေမှာပါ။

လှုပ်လှုပ်ရှားရှားနေပါ

ကိုယ်ဝန်ဆောင်ချိန်မှာ အပြင်းစား လေ့ကျင့်ခန်းမျိုးတွေ၊ ပြေးတာမျိုးတွေ မလုပ်ရဘူးဆိုပေမယ့် နေ့စဉ် ပုံမှန် လှုပ်ရှားမှုလေးတွေကိုတော့ လုပ်ဆောင်ပေးလို့ရပါတယ်။ မတ်တတ်ရပ်တာ၊ လမ်းလျှောက်တာတွေကို လုပ်ပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတာက ဆီးချိုကို ကာကွယ်ရာ ရောက်သလို ဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ရာရောက်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကြွက်သားနာကျင်မှုကို ဖြစ်စေနိုင်တဲ့ ရောဂါများ

ကြွက်သားနာကျင်တာကအဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါ။ ကြွက်သားနာကျင်တာက တင်းအားတွေ၊ အပြင်းအထန် လှုပ်ရှားမှုတွေ၊  အသေးစား ထိခိုက်ဒဏ်ရာတွေကြောင့် ဖြစ်တာ များပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။

စိတ်ဖိစီးမှုက ပမာဏ နည်နည်းမှာ စိတ်အားထက်သန်မှု ဖြစ်စေတယ်ဆိုပေမယ့် ပမာဏ များလာရင် ထိခိုက်မှု ကြီးလာပါတယ်။ဒီတော့ နှစ်ရှည်လများ စိတ်ဖိစီးမှုကို စုမထားပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ရာသီလာချိန် ဖျားချင်သလိုဖြစ်တာကို သက်သာစေဖို့

လေဒီလေးတွေဟာ လတိုင်း ရာသီမလာခင် အစောပိုင်းကာလတွေမှာက ခါးထဲကနာတာ၊ ဝမ်းချုပ်တာတွေကို ခံစားရသလို အဆစ်တွေ နာတာကို ခံစားကြရပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 29, 2020 . 1 min read
အမျိုးသား ကျန်းမာရေးအကြောင်း တစေ့တစောင်း

အမျိုးသား ကျန်းမာရေးအကြောင်း တစေ့တစောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 23, 2020 . 3 mins read
ကိုယ်ဝန်ဆောင် မေမေ စိတ်ဖိစီးမှု ကင်းပါစေ။

ကိုယ်ဝန်ဆောင် မေမေ စိတ်ဖိစီးရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ ဘယ်လောက်ထိခိုက်နိုင်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 11, 2020 . 2 mins read