backup og meta

ထိခိုက်ဒဏ်ရာနဲ့ မေးခိုင်အန္တရာယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထိခိုက်ဒဏ်ရာနဲ့ မေးခိုင်အန္တရာယ်

    အနာဖြစ်ရင်သေသေချာချာဂရုစိုက်ဖို့လိုပါတယ်။ အရမ်းမပြင်းထန်ရင်ဆေးလိမ်းတာလောက်နဲ့ သက်သာပျောက်ကင်းနိုင်ပေမယ့် ဒဏ်ရာက နက်တဲ့အခါ ညစ်ပေတဲ့အရာတွေနဲ့ ထိခိုက်မိတဲ့အခါမျိုးမှာတော့ဆေးလိမ်းရုံလောက်နဲ့ မသက်သာတော့ပါဘူး။မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုအပ်လာပါလိမ့်မယ်။မေးခိုင်ရောဂါပိုးက ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးဆိုတာကိုသင်သိပါရဲ့လား။ ဒီတစ်ခေါက်မေးခိုင်ရောဂါပိုးအကြောင်းလေးပြောပြပါရစေ။

    မေးခိုင်ပိုးဆိုတာ

    မေးခိုင်ပိုးဆိုတာကClostridium tetani ဘက်တီးရီးယားကနေ ထုတ်လွှတ်လိုက်တဲ့ အဆိပ်တစ်မျိုးကြောင့်ဖြစ်လာရတာပါ။မေးခိုင်ရောဂါကပြင်းထန်တဲ့ဘက်တီးရီးယား ကူးစက်ရောဂါတစ်မျိုးပါ။ ဒီဘက်တီးရီးယားက အာရုံကြောစနစ်ကို ထိခိုက်စေပြီး ကြွက်သားတွေနာကျင်တာ၊မေးရိုးနဲ့လည်ပင်းတလျှောက်ကကြွက်သားတွေတောင့်တင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီရောဂါပိုးက အပူဒဏ်နဲ့ ဓါတုဆေးတော်တော်များများကို ခံနိုင်စွမ်းရှိပြီး တိုက်ဖျက်ဖို့ခက်တဲ့ ပိုးတွေကို ထုတ်လုပ်ပေးလိုက်ပါတယ်။မေးခိုင်ပိုးက အသက်ရှုရခက်စေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်စေနိုင်ပါတယ်။

    မေးခိုင်ပိုးကမြေကြီးတွေဖုန်မှုန့်တွေ၊ တိရစ္ဆာန်နဲ့လူတွေရဲ့ အညစ်အကြေးတွေထဲမှာရှိနေနိုင်ပါတယ်။ ဒဏ်ရာက အရမ်းနက်တာ၊ ညစ်ပေနေတဲ့အရာတွေနဲ့ ထိုးစိုက်မိရာကနေဖြစ်တာ၊သွေးသိပ်မထွက်တဲ့ဒဏ်ရာ နဲ့အောက်ဆီဂျင်ရရှိမှုနည်းတဲ့ ဒဏ်ရာတွေမှာမေးခိုင်ပိုးတွေပေါက်ဖွားနေနိုင်ပါတယ်။မေးခိုင်ပိုးက လူတစ်ယောက်ကနေတစ်ယောက်ကိုတော့ မကူးစက်တတ်ပါဘူး။

    မေးခိုင်ပိုးက ဘယ်လောက်အထိပြင်းထန်လဲ

    မေးခိုင်ပိုးကသေဆုံးမှုအမြင့်ဆုံးဖြစ်စေတဲ့ရောဂါပိုးတစ်မျိုးပါ။ မကြာသေးခင်နှစ်တွေအတွင်းသေဆုံးခဲ့ရသူအရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းကမေးခိုင်ပိုးဝင်တာကြောင့်သေဆုံးခဲ့ရတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။

    မေးခိုင်ပိုးဝင်နေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ

    အနာကနေ တဆင့်ခန္ဓါကိုယ်ထဲမေးခိုင်ပိုးဝင်သွားပြီးတဲ့နောက် ရက်အနည်းငယ်အကြာ ဒါမှမဟုတ် သီတင်းပတ်အနည်းငယ်အကြာမှာရောဂါလက္ခဏာတွေပေါ်လာတတ်ပါတယ်။ရောဂါလက္ခဏာပေါ်ဖို့က ၇ ရက်ကနေ ၁၀ ရက်အထိကြာမြင့်နိုင်ပါတယ်။

    ရောဂါလက္ခဏာတွေအနေနဲ့ကတော့ –

    မေးခိုင်ပိုးဝင်ရတဲ့ အကြောင်းအရင်းတွေ

    မေးခိုင်ပိုးကိုမြေမှုန်တွေ၊ဖုန်မှုန့်တွေနဲ့ တိရစ္ဆာန်အညစ်အကြေးတွေထဲမှာတွေ့ရနိုင်ပါတယ်။ရောဂါပိုးတွေက အနာပေါက်ကနေတဆင့် အတွင်းပိုင်းထဲကိုရောက်သွားပြီး ကြွက်သားတွေကိုထိန်းချုပ်တဲ့ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတဲ့ အင်အားပြင်း အဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်ပါတယ်။ အဆိုပါရောဂါပိုးက ကြွက်သားတွေကိုတောင့်တင်းသွားစေပါတယ်။

    မေးခိုင်ပိုး ဝင်ရောက်နိုင်တဲ့ အခြေအနေတွေ

    အခုဖော်ပြပေးမယ့် အခြေအနေတွေကမေးခိုင်ပိုးဝင်ရောက်ကူးစက်ခံရစေနိုင်တဲ့ အခြေအနေတွေပါ။ ဆင်ခြင်နိုင်စေဖို့ဖော်ပြပေးလိုက်ပါတယ်။

    • အနာပေါက်ဖြစ်တဲ့ ဒဏ်ရာ
    • အနာထဲမှာ မသန့်ရှင်းတဲ့အရာတစ်ခုခု ကပ်ညှိနေတာ
    • သံချေးတက်နေတဲ့ သံနဲ့စူးမိတာ
    • သေနတ်ဒဏ်ရာ
    • အပူလောင်နာ
    • ခွဲစိတ်ကုသမှုခံယူထားတဲ့ ဒဏ်ရာ
    • တိရစ္ဆာန်ကိုက်တာ
    • လူကိုက်တာ
    • ပိုးဝင်ကူးစက်တာကြောင့် ရင်းနေတဲ့ ဒဏ်ရာ
    • ခံတွင်းထဲမှာဖြစ်တဲ့ အနာ
    • သေချာ ဖုံးအုပ်ထားခြင်းမရှိတဲ့ခြေထောက်မှာဖြစ်တဲ့ဒဏ်ရာတွေကနေဆင့် ခန္ဓါကိုယ်ထဲကိုမေးခိုင်ပိုး အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ အပေါ်ယံအရေပြားလွှာထိခိုက်သွားတဲ့ ဒဏ်ရာတွေကို ပလာစတာကပ်တာ၊ ပတ်တီးစည်းထားတာမျိုးလုပ်သင့်ပါတယ်။ ဒါမှသာ မလိုလားအပ်တဲ့မေးခိုင်ပိုးဝင်တာမျိုးကို ကာကွယ်နိုင်မှာပါ။

    မေးခိုင်ပိုးဝင်ရင်နောက်ဆက်တွဲဘာရောဂါတွေဖြစ်နိုင်မလဲ

    မေးခိုင်ပိုးက အာရုံကြောထိရောက်ရှိသွားတဲ့အခါ ကြွက်သားတွေလှုပ်ရှားလို့မရတာမျိုးဖြစ်သွားနိုင်ပါတယ်။မေးခိုင်ပိုးဝင်သွားတဲ့အခါနောက်ဆက်တွဲရောဂါတွေအနေနဲ့ –

    • အရိုးကျိုးတာ – မေးခိုင်ပိုးကနေဖြစ်လာတဲ့ပြင်းထန်တဲ့ အဆိပ်ကကျောရိုးနဲ့ အခြားအရိုးတွေကို ကျိုးစေနိုင်ပါတယ်။
    • အဆုတ်သွေးကြောမှာ ပိတ်တာ -မေးခိုင်ပိုးကြောင့်သွေးကြောအတွင်းမှာသွေးခဲလာပြီး အဆုတ် ကိုထောက်ပံ့နေတဲ့ ပင်မသွေးကြောနဲ့ အခြားသွေးကြောလေးတွေမှာ သွားရောက်ပိတ်ဆို့တာမျိုးဖြစ်နိုင်ပါတယ်။
    • ကြွက်သားတွေတောင့်တင်းလာပြီး အသက်ရှုရခက်လာမယ် -မေးခိုင်ပိုးကြောင့် ကြွက်သားတွေတောင့်တင်းသွားတဲ့အခါ အသက်ရှုရခက်တာကိုဖြစ်စေနိုင်သလို အရမ်းပြင်းထန်ရင် အသက်ရှုရပ်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။အောက်ဆီဂျင်မရတော့တဲ့အခါ နှလုံးရပ်သွားတာ၊ အသက်သေဆုံးတာမျိုးအထိဖြစ်စေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကြွက်သားတွေကို ထိခိုက်သွားတဲ့အခါ ခန္ဓါကိုယ်ကအောက်ဆီဂျင်မရတော့ဘဲသေဆုံးတာမျိုးအထိဖြစ်နိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    ဆက်စပ် အကြောင်းအရာများ


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement