အခုနောက်ပိုင်းမှာ ကလေးအတွက် အထူးစီမံထုတ်လုပ်ထားတဲ့ နို့မှုန့်တွေနဲ့ အာဟာရဖြည့်စွက်စာတွေထဲမှာ DHA ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀လောက်ကတော့ ကလေးတွေကိုကျွေးမွေးတဲ့ အာဟာရတွေထဲမှာ DHA က မပါဝင်သလောက်ကိုနည်းပါတယ်။ DHA တင်မကပါဘူး။ ကလေးတွေအတွက် လိုအပ်တဲ့ အခြား omega-3 fatty acidတွေလည်း မပါဝင်ပါဘူး။
အခုဆိုရင်တော့ ဈေးကွက်ထဲမှာ DHA နဲ့ ကလေးတွေ ဖွံ့ဖြိုးကြီးထွားဖို့အတွက် လိုအပ်တဲ့ ဓာတ်တွေ ပါဝင်နေတဲ့ အာဟာရနို့မှုန့်တွေကို အလွယ်တကူဝယ်ယူလို့ရနေပြီဖြစ်ပြီး ကလေးတွေကလည်း အရင်တုန်းက ကလေးတွေထက် ပိုပြီး ဉာဏ်ကောင်းလာသလို ပိုပြီးလည်းထက်မြက်လာကြတယ်ဆိုတာကို မြင်တွေ့နိုင်ပါလိမ့်မယ်။
DHA ချို့တဲ့ တဲ့အခါ
DHA ချို့တဲ့တဲ့အခါ ကလေးမှာ အရက်ကြောင့်ဖြစ်တတ်တဲ့ သန္ဓေသားရောဂါ (foetal alcohol syndrome) လို့ခေါ်တဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ထိခိုက်စေနိုင်တဲ့ အလားတူရောဂါတွေ ဖြစ်နိုင်သလို ADHD(ကလေးများတွင် ဖြစ်သော အာရုံမစူးစိုက်နိုင်သောရောဂါ) ၊ phenylketonuria (သွေးထဲမှာphenylalanine များတာ)၊ စိတ်ကျရောဂါတွေ ဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။