အားလပ်ရက်ရှည် ကြုံလာရင် ဘာတွေလုပ်ရမလဲ စဉ်းစားပြီး စီစဉ်ရတာဟာ အချိန်ပေးသင့်တဲ့ ကိစ္စပဲဖြစ်ပါတယ်။ ခရီးသွားခြင်း၊ စာဖတ်ခြင်း၊ အပင်စိုက်ခြင်း စသဖြင့် မိမိအားသန်ရာအလိုက် လုပ်ကိုင်ချင်တာတွေကို အစီအစဉ်ဆွဲထားသင့်ပါတယ်။ အကြောင်းကတော့ မိမိကျင်လည်ရာ လုပ်ငန်းခွင်ကနေ ခေတ္တအနားရတဲ့ အခိုက်အတန့်မှာ အချိန်ကို ကျေနပ်နှစ်သိမ့်ဖွယ် ကုန်ဆုံးနိုင်စေဖို့ ဖြစ်ပါတယ်။