backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ

ကလေးတွေကို လေ့ကျင့်ခန်း လုပ်စေတာက ပျော်ရွှင်မှုကိုတင် ဖြစ်စေတာမဟုတ်ဘဲ ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာမှုကိုပါ ဖြစ်စေတာပါ။ ငယ်စဉ်ကစလို့ လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်လေးတွေကို လုပ်ပေးတာက ကလေးတစ်ယောက်ကို မိဘတွေအနေနဲ့ လုပ်ပေးသင့်တဲ့ အလေ့အကျင့်လေး တစ်ခုပါ။

လေ့ကျင့်ခန်း လုပ်ပေးတာက ကလေးတွေအတွက် ဘယ်လို အထောက်အကူ ပြုပေးနိုင်မလဲ………

ကလေးကို ငယ်စဉ်ကတည်းက လေ့ကျင့်ခန်း လုပ်တတ်တဲ့ အလေ့အထလေး မွေးမြူပေးမယ်ဆိုရင် ကလေးကို

  • နှလုံး ကျန်းမာမယ်
  • သွေးကြောတွေ သွေးစီးဆင်းမှု ကောင်းမယ်
  • အဆုတ်တွေ ကျန်းမာစေမယ်
  • သွေးတွင်းသကြားဓာတ် ကျဆင်းစေမယ်
  • ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်မယ်
  • အရိုးတွေ သန်မာစေမယ်
  • ဦးနှောက် ကောင်းစွာဖွံဖြိုးမယ်
  • ကင်ဆာ ကာကွယ်ပေးနိုင်မယ်
  • စိတ်ခံစားမှု ကောင်းမယ်
  • ပေါင်းသင်းဆက်ဆံရေး ကောင်းမယ်
  • သွေးတိုးရောဂါ ကင်းစေမယ်
  • ခန္ဓာကိုယ် အင်အားပြည့်ဝမယ်
  • ကိုယ်ခံအား ကောင်းစေမယ် စတဲ့ ကောင်းကျိုးလေးတွေကို လက်ဆောင်ပေးနိုင်မှာပါ။

ကလေးတွေ ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းများ

ကလေးတွေက ငယ်ရွယ်သေးတာကြောင့် လူကြီးတွေလို လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်နိုင်သေးပါဘူး။ ဒီတော့ ကလေးကို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် ပေါ့ပေါ့ပါးပါးလုပ်လို့ ရမယ့် လေ့ကျင့်ခန်းလေးတွေက ဘာတွေများဖြစ်မလဲ………….

အပြေး လေ့ကျင့်ခန်း

အပြေး လေ့ကျင့်တာက အလွယ်ကူဆုံး အရိုးရှင်းဆုံး နဲ့ ကလေးအများစု ကြိုက်နှစ်သက်မယ့် လေ့ကျင့်ခန်း တစ်ခုပါ။ ကလေးကို အိမ်အပြင် ပန်းခြံဆီသွားပြီး အပြေးလေ့ကျင့်စေတာမျိုးက အဆင်အပြေဆုံး ဖြစ်မှာပါ။ ကလေးကို သီးသီးသန့်သန့် အပြေးလေ့ကျင့်ပေးဖို့ ခက်မယ်ဆိုရင် သူငယ်ချင်းတွေနဲ့ စိန်ပြေးတမ်း ကစားတာမျိုးက အဆင်ပြေစေမှာပါ။

အပြေးလေ့ကျင့်တာက ကလေးရဲ့ ကြွက်သားနဲ့ ဦးနှောက်တွေကို သန်မာစေနိုင်သလို ကလေးရဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကိုပါ တိုးတက်စေမှာပါ။

အခုန် လေ့ကျင့်ခန်း

ကလေးကို ခုန်ခိုင်းတာက နေရာ အလုံအလောက်မရှိဘူးဆိုရင် အဆင်ပြေစေမယ့် နည်းလမ်းတစ်ခုပါ။ ကလေးကို ပန်းခြံတွေ၊ ပျော့အိအိ ကစားကွင်းတွေ ခေါ်သွားပြီး ခုန်ခိုင်းလို့လည်း ရပါတယ်။ ခုန်တာက ကလေးကို ကြွက်သားတွေ သန်မာစေနိုင်သလို နှလုံးသွေးကြောတွေ ကျန်းမာစေပြီး သက်လုံ ကောင်းစေမှာပါ။

Squats လေ့ကျင့်ခန်း

ကလေးကို ပခုံးအကျယ်အတိုင်း ခြေထောက်ကားထားပြီး ဒူးကွေးခိုင်းလို့ Squats ထိုင်ခိုင်းပါ။ ဒီလေ့ကျင့်ခန်းလုပ်ဖို့ နေရာအများကြီး မလိုပါဘူး။ ဒီရိုးစင်းတဲ့ နည်းလမ်းက  ကလေးကို ခြေထောက်တွေ သန်မာစေမှာ ဖြစ်သလို ကလေးကို သန်မာမှု အားဖြည့်ပေးနိုင်မှာပါ။ အာရုံစူးစိုက်မှုလည်း ကောင်းစေမှာပါ။

ထိုင်ထ လေ့ကျင့်ခန်း

ထိုင်ထလုပ်တာက လွယ်ကူရိုးစင်းပြီး ကလေးကို ကြွက်သားတွေ သန်မာစေဖို့ ခြေထောက်တွေ သန်မာစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်မှာပါ။ ထိုင်ထလုပ်တာက ခြေထောက် ကြွက်သားတွေတင်မဟုတ်ဘဲ ခါးအောက်ပိုင်း​ကြွက်သားတွေကိုပါ သန်မာစေပြီး ဟန်ချက်ထိန်းနိုင်စွမ်း ကောင်းစေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်မှာပါ။

ယောဂ လေ့ကျင့်ခန်း

ကလေးကို မေမေနဲ့အတူ ယောဂလေ့ကျင့်စေတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ အရမ်းခက်ခဲတဲ့ ယောဂပို့စ်တွေ မဟုတ်ဘဲ လွယ်ကူတဲ့ ယောဂပို့စ်တွေကို အတူတူလုပ်စေပါ။

အကြောလျှော့ပါ

လေ့ကျင့်ခန်းတွေ လုပ်ပြီးတိုင်းမှာ ကလေးကို အကြောတွေ ပြေလျော့ပြီး သက်တောင့်သက်သာ ဖြစ်နေစေဖို့ အကြောလျှော့တာတွေ လုပ်ခိုင်းပေးပါ။ ဒါမှ ကလေးက လေ့ကျင့်ခန်းလုပ်တာကြောင့် နာကျင်မှု ကင်းပြီး လေ့ကျင့်ခန်းလုပ်ဖို့ မပျင်းမှာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement