သွေးကြောတွေထဲမှာ ပိတ်ဆို့မှုကင်းတာက
သွေးစီးဆင်းမှုကို ကောင်းစေပြီး သွေးတိုးမဖြစ်စေနိုင်ပါဘူး။
သွေးတိုးရောဂါ မရှိတာက နောက်ပိုင်းမှာ သားသားမီးမီးတို့ကို ရုတ်တရက်နှလုံးရပ်တန့်သေဆုံးနိုင်ခြေနဲ့
လေဖြတ်နိုင်ခြေကို လျှော့ချလိုက်တာပါ။
လေ့ကျင့်ခန်းလုပ်တာက သားသားမီးမီးတွေရဲ့ အဆုတ်တွေကို ကျန်းမာစေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက်
အောက်ဆီဂျင် ရရှိမှုကောင်းစေပြီး သွေးတွင်း အောက်ဆီဂျင် ပမာဏကောင်းမွန်စေပါတယ်။ ကိုယ်တွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်မှာပါ။
လေ့ကျင့်ခန်း ပုံမှန်လုပ်တာက သားသားမီးမီးတွေရဲ့
စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ စိတ်ဖိစီးမှု လျော့ကျတာက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပြီး သွေးတိုးမဖြစ်အောင် နဲ့ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်ထဲက သွေးထဲမှာ သကြားဓာတ်တွေ စုမနေအောင် ကာကွယ်ပေးပါတယ်။ သွေးကြောတွေထဲကို
ဂလူးကို့စ် အဖြစ် ရောက်ရှိသွားစေပြီး စွမ်းအင်အဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ ဒါက နောင်အရွယ်ရောက်လာတဲ့အခါ ဆီးချို မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။
အထိုင်များတာ၊ လှုပ်ရှားမှုနည်းတာ လိုမျိုး နေထိုင်မှုပုံစံတွေက သားသားမီးမီးတွေရဲ့ ကိုယ်တွင်းမှာ အဆီစုစေပြီး ကိုယ်အလေးချိန်တက်တာ၊ အဝလွန်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းညှိတာက
ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ရာရောက်သလို နှလုံး ကျန်းမာရေးကိုပါ ဂရုစိုက်ရာ ရောက်ပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေ သန်မာသလို အရိုးတွေ ကြံ့ခိုင်လာပါမယ်။ အသက် ၂၀ နောက်ပိုင်း အရိုးသိပ်သည်းဆ ဆုံးရှုံးမှုကိုလည်း ကာကွယ်ရာရောက်ပါတယ်။ လေ့ကျင့်ခန်း မှန်မှန်လုပ်တာက
အရိုးသိပ်သည်းဆ ကောင်းစေပြီး အရိုးပွတာ၊ အရိုးကျိုးလွယ် အက်လွယ်တာ၊ အရိုးတွေ ကြံ့ခိုင်မှု အားနည်းတာလိုမျိုး ပြဿနာတွေကို ကာကွယ်ရာရောက်ပါတယ်။
လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးတာက သားသားမီးမီးတွေအတွက် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ အထူးသဖြင့် အသက်ကြီးလာတဲ့အခါ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာ နဲ့ ရင်သားကင်ဆာတွေကို ဖြစ်နိုင်ခြေကို နည်းစေပါတယ်။
လေ့ကျင့်ခန်း မှန်မှန်လုပ်တာက ခန္ဓာကိုယ်ကို အင်အားပြည့်စေပါတယ်။ တက်ကြွလန်းဆန်းနေစေပြီး ဖျတ်လတ်ကျန်းမာတဲ့ ကလေးတစ်ယောက် ဖြစ်လာစေမှာပါ။
လေ့ကျင့်ခန်းလုပ်တဲ့အခါ ပျော်ရွှင်ခြင်းကိုဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်လာစေပြီး ကလေးကို စိတ်ခံစားမှု ကောင်းပြီး ပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေမှာပါ။
စိတ်ရော ကိုယ်ပါ ကျန်းမာပြီး အကောင်းဆုံးဖွံ့ဖြိုးတဲ့ ကလေးအဖြစ် ကြီးပြင်းလာစေဖို့ ကလေးကို ငယ်စဉ်ကတည်းက လေ့ကျင့်ခန်း လုပ်တတ်တဲ့
အလေ့အထလေး မွေးမြူပေးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။