မိဘတွေဆိုတာကတော့ သားသမီးကို အရိပ်တကြည့်ကြည့် ဂရုစိုက်နေတာ ဓမ္မတာပါပဲ။ ဒီလိုဂရုစိုက်နေရင်းနဲ့တောင်မှ ဖေဖေ၊ မေမေတို့ သတိမထားမိလိုက်တဲ့အချိန်ဆို ကလေးတွေ ဖျားတာ၊ နာတာ ဖြစ်သွားသေးတယ်မလား။ ခုလည်း ဒီလိုပါပဲ။ မေမေတို့ ဂရုစိုက်နေတဲ့ ကြားကနေ ကလေးတွေမှာ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းနေနိုင် တဲ့ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါကို မေမေတို့ ဘယ်လိုသိနိုင်မလဲ။ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ နည်းလမ်းလေးတွေ ပြောပြပေးမှာ ဖြစ်ပါတယ်။