ဒီတစ်ခေါက်တော့ ဘေဘီလေးကို ကာကွယ်ဆေးထိုးတဲ့အခါ ဖျားတာ ဘာကြောင့်လဲ။ စိုးရိမ်ရမယ့် အကြောင်းအရင်း ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို ဆွေးနွေးပြောပြပေးသွားပါမယ်။
ကာကွယ်ဆေးထိုးတဲ့အခါ မိဘတွေ တွေးကြောက်တဲ့အရာ
ကာကွယ်ဆေးထိုးတာက မိဘတိုင်းအတွက် ခက်ခဲတဲ့ အချိန်တစ်ခုပါ။ ကလေးက ကာကွယ်ဆေးထိုးပြီး ငိုတဲ့အခါ ကူကယ်ရာမဲ့သလိုကို ခံစားရပါတယ်။
တကယ်ကတော့ ကာကွယ်ဆေးက ဘေဘီလေးကို ထိခိုက်စေတဲ့အရာ မဟုတ်ပါဘူး။ ဘေဘီလေးကို အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ ရောဂါဆိုးတွေ အန္တရာယ်ကနေ ထိထိရောက်ရောက် ကာကွယ်ပေးတဲ့အရာပါ။
ကာကွယ်ဆေးထိုးတဲ့အခါ ကလေးက ဖျားမှာလားဆိုတာက မိဘတိုင်း တွေးကြောက်ကြတဲ့အရာပါ။
ကာကွယ်ဆေးထိုးပြီးချိန်မှာ ဖျားတာက ပုံမှန်ပဲလား။
အချို့ ဘေဘီလေးတွေက ကာကွယ်ဆေး ထိုးပြီးချိန်မှာ ကိုယ်တွေပူလာပြီး ဖျားတတ်ကြပါတယ်။ ဒါက စိုးရိမ်စရာမဟုတ်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါ မေမေတို့ရေ။