တကယ့်လက်တွေ့မှာတော့ ကလေးရဲ့ ကိုယ်ခံအားက ဝင်လာတဲ့ ပိုးတွေကို ပြန်ပြီး တုံ့ပြန်နိုင်ဖို့ စီစဉ်ထားပြီးသားပါ။ ဒါသူ့ရဲ့ မွေးရာပါဗီဇပါပဲ။ ဒါ့ပြင် ကာကွယ်ဆေးဆိုတာ ပိုးအခွံတွေ၊ အားမရှိတော့တဲ့ ပိုးတွေကို ထည့်ထားတာပါ။ ကလေးရဲ့ ခုခံအားက ပိုးကောင်ကို မှတ်မိပြီး ပြန်တိုက်နိုင်ရုံ ထည့်ထားတာပါ။ ဒါကြောင့် ကလေးရဲ့ ခုခံအားကို ဥပါဒ်မဖြစ်စေပါဘူး။ ဥပါဒ်မဖြစ်တဲ့အပြင် ခုခံအားကို လေ့ကျင့်ပြီးသား ဖြစ်ပါတယ်။
ဒါကြောင့် ပြင်းပြင်းထန်ထန် ခုခံအား ကျနေတဲ့ ကလေးတွေက လွဲရင် ကာကွယ်ဆေး ထိုးလို့ရပါတယ်။ ပြင်းပြင်းထန်ထန် ခုခံအားကျနေရင်တောင် ခုခံအား ပြန်တက်လာတဲ့အခါ ထိုးလို့ရပါတယ်။ ခုခံအားကျတတ်တဲ့ ကလေးတွေဟာ သူများထက် ရောဂါပိုးဝင်လွယ်တာကြောင့် သူတို့က ပိုတောင်ကာကွယ်ဖို့ လိုအပ်ပါတယ်။
ကာကွယ်ဆေးတွေက အန္တရာယ်ကင်းသလား။
ကာကွယ်ဆေးတစ်ခုရဖို့ဆို နှစ်တွေအကြာကြီး စောင့်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ စိတ်ချရအောင် အခေါက်ခေါက် အခါခါ စမ်းသပ်ရလို့ပါ။ အပရိက နာမကျန်းမှုတွေ ဖြစ်တတ်ပေမယ့် ကလေးတွေ ထိခိုက်နစ်နာလောက်တဲ့အထိ မဖြစ်တတ်ပါဘူး။
ဒါကြောင့်လည်း တစ်နှစ် တစ်နှစ် ကလေးတွေ သန်းနဲ့ချီပြီး ကာကွယ်ဆေး ထိုးပေးနေတာပါ။ ထိုးထားတဲ့ကလေးတွေလည်း ရောဂါကာကွယ်ပြီး ကျန်းကျန်းမာမာ ကြီးပြင်းလာတာပါ။
ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တာက ဖြစ်ခဲတဲ့ ပြဿနာတစ်ခုပါ။ ဒါပေမယ့် ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်ဖူးမယ်ဆိုရင် ဆေးမထိုးခင်မှာ ဆရာဝန်နဲ့ အရင်ဆွေးနွေးသင့်ပါတယ်။
ကာကွယ်ဆေးကြောင့် ဖြစ်တတ်တဲ့ အပရိက နာမကျန်းမှုများ
ကာကွယ်ဆေးကြောင့် ဖြစ်တတ်တဲ့ သာမန်ဆိုးကျိုးလေးတွေကတော့
- ဘီစီဂျီ- ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း (၁၀၀%)။ ဒါကြောင့် ဘီစီဂျီထိုးတဲ့ ကလေးတွေ ဆေးအောင်တယ်ဆိုရင် ဆေးထိုးတဲ့နေရာမှာ အမာရွတ်ကျန်ခဲ့တယ်။ တချို့ကလည်း ချက်ချင်းအမာရွတ်ထွက်သလို၊ တချို့ကလည်း ၁လ ၂လကြာတတ်လို့ မေမေတို့ စိတ်မပူကြပါနဲ့နော်။
- အသည်းရောင်အသားဝါဘီ- ဖျားခြင်း (၁-၆%)၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း (၅%)
- ခြောက်မျိုးစပ်- ဖျားခြင်း (၅၀%)၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း (၅၀%)၊ မအီမသာဖြစ်ခြင်း (၆၀%)
- ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး- ဖျားခြင်း (၁၀%)၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း (၅%)၊ အရေပြားတွင် အနီစက်ထွက်ခြင်း (၅%)
- ဂျပန်ဦးနှောက်ရောင်- ဖျားခြင်း (၅-၂၀%)၊ ပျို့ခြင်း၊ အန်ခြင်း၊ မူးဝေခြင်း (၅-၁၀%)၊ အဆစ်ကိုက်ခြင်း (၃၀%)၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ ကာကွယ်ဆေးထိုးသောနေရာတွင်နာကျင်ခြင်း၊ နီမြန်ရောင်ရမ်းခြင်း (၁၀% နဲ့အထက်)
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။