ကလေးကျန်းမာရေး

ကလေးလေး ကျန်းမာဖို့ဆိုတာ မိဘတွေအတွက် အရေးကြီးဆုံး ဆန္ဒပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေကနေ ပိုးဝင်ကူးစက်တာတွေအထိ သင့်ကလေးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗဟုသုတအားလုံးကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးကျန်းမာရေး

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးကျန်းမာရေး ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

မိဘများအနေဖြင့် သားသမီးများအပေါ်တွင် အာဏာသုံးခြင်းဖြင့် သက်ရောက်လာနိုင်သည့် အခြေအနေများ

ကလေးများသည် အသက် ၂ နှစ်အရွယ်လောက်မှစတင်ပြီး ကိုယ့်သဘောနှင့်ကိုယ်ပြုမူနေထိုင်ရန် ကြိုးပမ်းခြင်းတို့ဖြစ်လာသောအခါ အများစုသောမိဘများသည် ထိုအခြေအနေနှင့် ရင်ဆိုင်လာကြသည်။ ထိုအခြေအနေသည် မိဘနှင့် သားသမီးကြားထဲတွင် အားပြိုင်မှုတခုဖြစ်လာသည်။ ယင်းသို့ဖြစ်ခြင်းသည် မိဘများအတွက်မူ စိန်ခေါ်မှုကြီးတရပ်ဖြစ်နိုင်ပြီး ထိုစိန်ခေါ်မှုသည် သူတို့သားသမီး ကလေးဘဝမှ ဆယ်ကျော်သက်အထိ ရင်ဆိုင်ရတတ်ပါသည်။ ထိုသို့ရုန်းကန်နေရသော ကာလများတွင် မိဘများအနေဖြင့် ကလေးများတွင် ဝင်လာစေမည့် မကောင်းသော အမြင်နှင့် အတွေးအခေါ်များကို ပြောင်းလဲပေးခြင်း၊ ကောင်းသော အပြုအမူများရှိလာအောင်း လေ့ကျင့်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးရပါသည်။   ကလေးငများကို အာဏာသုံးခြင်း ရှောင်ကြဉ်ပါ။ ကလေး၏အပြုအမူများကို မကောင်း ဟုယူဆပြီး သင်သည် အတင်းကာရော ပြုပြင်စေခြင်းကို ပြုမည့်အစား ထိုသို့အမူအရာများပြောင်းလဲလာခြင်းသည် ကလေးများကျန်းမာခြင်း ကြောင့် တိုးတက်မှုဖြစ်စဉ်တခုဖြစ်ခြင်းဟု ခံယူပြီး သူတို့ကို ပြုမူခွင့်ပေးထားလိုက်ပါ။ မိဘများက မိမိဖြစ်စေချင်သော အရာများကို အာဏာသုံပြီး ပြုပြင်ခိုင်းလိုက်လျှင် သူတို့စိတ်ထဲတွင် သူတို့သည် မည်သည့်အရာကိုမှ […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

ကလေးများတွင် မူးဝေခြင်းကို ဖြစ်စေနိုင်သော အကြောင်းများ

ကလေးများသည် ရောဂါအမျိုးမျိုးဖြစ်နိုင်သည့် အတွက် သူတို့ကိုပြုစုပျိုးထောင်ရာတွင် မိဘများသည် ဖျားနာခြင်း၊ ဝမ်းလျှောခြင်း၊ အအေးမိခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်း စသည့်အခြေအနေအမျိုးမျိုးနှင့် ရင်ဆိုင်ရလေ့ရှိပါသည်။ ထို့ပြင် ကလေးများသည် မူးဝေခြင်းဖြစ်တတ်သောကြောင့် အောက်ပါဆောင်းပါတွင် ကလေးများကို မူးဝေခြင်းဖြစ်စေတတ်သော အကြောင်းမျာနှင့် ယင်းတို့ကို ကိုင်တွယ် ဖြေရှင်းရန် နည်းလမ်းများကို ဖော်ပြထားပါသည်။   မူးဝေခြင်း အမျိုးအစားများ မူးဝေခြင်းသည် ဟန်ချက်မညီဖြစ်ခြင်းဖြစ်ပြီး လူအများစုသည် မူးဝေခြင်းပုံစံ ၃ မျိုးရှိကြောင်း မသိကြချေ။ (၁)မူးမိုက်သွားခြင်း ယင်းဖြစ်စဉ်သည် စိတ်အာရုံများရှုပ်ထွေးခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်မကြည်လင်ခြင်းတို့ဖြစ်ကာ ရုတ်တရက် သတိလစ်သွားခြင်းဖြစ်သည်။ အများအားဖြင့် မတ်တပ်ရပ်နေချိန်တွင် ရုတ်တရက် မူးလဲသွားခြင်းမျိုးဖြစ်ပါသည်။ (၂)ချာချာလည်အောင်မူးခြင်း လူနာသည် သူစိတ်ထဲတွင် အခန်း သို့မဟုတ် ခေါင်းတခုလုံး ချာချာလည်နေသည်ဟုခံစားရသော မူးဝေခြင်းမျိုးဖြစ်သည်။ (၃) အထက်ပါမူးဝေခြင်း ၂ မျိုးရောနေခြင်း လူနာသည် သူ့ဟန်ချက်ကိုသူ မထိန်းနိုင်ဘဲ အထက်ဖော်ပြပါအတိုင်း ပုံစံ ၂ မျိုးရောကာ မူးဝေခြင်းဖြစ်သည်။   မူးဝေခြင်းကို ဖြစ်စေသော […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတစ်ယောက် အရွယ်ရောက်ချိန်တွင် ဖြစ်လာမည့်အရပ်ကို ဘယ်လိုခန့်မှန်းနိုင်မလဲ

မိဘများသည် မိမိတို့၏ ကလေး အရွယ်ရောက်လာချိန်တွင် အရပ် မည်မျှရှည်လာမလဲကို သိချင်ကြပါလိမ့်မည်။ ထိုသို့ ခန့်မှန်းခြင်းသည် အနည်းငယ်ရယ်စရာကောင်းနေပါလိမ့်မည်။ ကလေးအထူးကုဆရာဝန်များက သင့်ကလေးသည် မျှော်မှန်းထားသလောက် ကြီးထွားမှုရှိမရှိ သေချာအောင် စောင့်ကြည့်သင့်သည်ဟုဆိုပါသည်။ မိဘများနှင့် ကလေးဆရာဝန်များအတွက် ကလေး၏ အရပ်မြင့်နိုင်ချေကို ခန့်မှန်းနိုင်သည့် နည်းလမ်းများရှိပါသည်။ ကလေးတစ်ယောက်အရွယ်ရောက်ချိန်တွင် ဖြစ်လာမည့်အရပ်ကို ဘယ်လိုခန့်မှန်းနိုင်မလဲ။ ယင်းကို ခန့်မှန်းနိုင်ရန် အတိကျနိုင်ဆုံးသော နည်းမှာ လက်ကို ဓာတ်မှန်ရိုက်ပြီး အရိုးသက်တမ်းကို တွက်ဆခြင်းဖြစ်သည်။ သို့သော် မိဘများအနေဖြင့် မိမိကလေးတစ်ယောက်အရွယ်ရောက်ချိန်တွင် ဖြစ်လာမည့်အရပ်ကို ဘယ်လိုခန့်မှန်းနိုင်မည့် အခြားနည်းလမ်းများစွာရှိပါသည်။ အများဆုံး ပြုလုပ်ကြသော နည်းမှာ မိဘများ၏ အရပ် အပေါ်မူတည်ပြီး တွက်ဆခြင်းဖြစ်ပါသည်။ အသက် ၂နှစ်အရွယ်တွင်ရှိသေ ာအရပ်ကို ၂ဆတိုးခြင်း ကလေးတစ်ယောက်၏ ခြေမခိုင်ဘဲ လမ်းစလျှောက်ချိန်တွင် ရှိသောအရပ်သည် အကြမ်းဖျင်းအားဖြင့် ထိုကလေးအရွယ်ရောက်ချိန်တွင် ဖြစ်လာမည့်အရပ်၏ တစ်ဝက်ရှိသည်ဟု ယူဆနိုင်သည်။ အရွယ်ရောက်ချိန်အရပ်ကို ခန့်မှန်းရန် အရိုးရှင်းဆုံးနည်းမှာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးကို လိင်ကိစ္စအကြောင်း ဘယ်လိုပြောမလဲ

မိဘအတော်များများဟာ သူတို့ရဲ့ ကလေးတွေကို လိင်ကိစ္စအကြောင်းပြောခြင်းဟာ မဖြစ်နိုင်ဖွယ်ရာ စိန်ခေါ်မှု တစ်ခုအဖြစ် တွေးထင်ကြပါတယ်။ သူတို့ဟာ ဘယ်က စပြောရမှန်းမသိကြပဲ ပညာပေးဖို့ ညင်ညင်သာသာ ဘယ်လိုပြောရမယ်ဆိုတာကိုလည်း မသိကြပါဘူး။ တကယ်လို့ သင့်မှာ ဒီလိုပြဿနာရှိနေရင်တော့ ဒီဆောင်းပါးက သင့်ကလေးကို ဘယ်လို ပညာပေးရမယ်ဆိုတာအပေါ်မှာ အကြံပေးသွားမှာ ဖြစ်ပါတယ်။     အချစ်ကို အယုံအကြည်မဲ့အောင် မလုပ်ပါနဲ့။ အချစ်နဲ့ ပတ်သက်တဲ့ သင့်ရဲ့ ထင်မြင်ယူဆချက်တွေဟာ သင့်ကလေးနဲ့ တူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်ထင်တာမှန်သမျှကို သူတို့ပေါ်မှာ မှန်တယ်၊ မှားတယ် မပြောသင့်ပါဘူး။   ကလေးတွေကို ပညာပေးပါ။ မဟုတ်ရင်တော့ တခြားသူတွေက ပညာပေးပါလိမ့်မယ်။ တကယ်လို့ ကလေးတွေကို လိင်ကိစ္စအကြောင်း သင်ကြားခြင်း၊ ပြောကြားခြင်းမရှိဘူးဆိုရင် သူတို့ဟာ TV၊ အင်တာနက်၊ သူငယ်ချင်းတွေမှ တစ်ဆင့် ဒီအကြောင်းတွေကို သင်ယူပါလိမ့်မယ်။ ဒီနေရာတွေမှ သင်ယူခြင်းဟာ သင့်ကလေးရဲ့ လိင်ကိစ္စအပေါ် […]


အခြားကလေးကျန်းမာရေးပြဿနာများ

အဆင့် R သတ်မှတ်ထားတဲ့ ရုပ်ရှင်တွေကို ကြည့်လေ့ရှိတဲ့ ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်တတ်သွားနိုင်တယ်

(အရင်ဆုံး R-rated ဆိုတဲ့ အဓိပ္ပါယ်ကို အရင်ရှင်းပြပါမယ်။ ရုပ်ရှင်တွေကို အဆင့်သတ်မှတ်တာ ကျွန်တော်တို့နိုင်ငံမှာ မရှိသေးပေမယ့် နိုင်ငံတကာမှာတော့ ရှိပါတယ်။R-rated ဆိုတာဟာ အသက် ၁၇ နှစ်အောက်ကလေးတွေအနေနဲ့ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူပါမှ ကြည့်ခွင့်ရတဲ့ ရုပ်ရှင်တွေကို ဆိုလိုပါတယ်။ လိင်ပိုင်းဆိုင်ရာကိစ္စတွေ၊အဖော်အချွတ်တွေ၊ကြမ်းတမ်းညစ်ညမ်းတဲ့ အသုံးအနှုန်းတွေ၊သွေးသံရဲရဲ ပြကွက်တွေ ပါဝင်လို့ပဲ ဖြစ်ပါတယ်)။ R-rated ရုပ်ရှင်တွေ ကြည့်ရှုခွင့်မရတဲ့ (မိဘတွေက ပေးမကြည့်တဲ့) ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်တတ်နိုင်ချေ ဒါမှမဟုတ် အတွေ့အကြုံ အသစ်အဆန်းတွေကို ရှာဖွေလိုစိတ် အင်မတန်နည်းပါးတယ်လို့ လေ့လာမှု အသစ်တခုကဆိုပါတယ်။   လေ့လာမှုများ ဒီခေတ်ကလေးတွေကို တီဗီနဲ့ ဝေးဝေးနေခိုင်းဖို့ အင်မတန်ခက်ခဲတဲ့အကြောင်းနဲ့ ကလေးတွေကို R-rated ရုပ်ရှင်တွေ ပေးမကြည့်ခြင်းကြောင့် ရလာနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို လတ်တလောလေ့လာမှု နှစ်ခုက မီးမောင်းထိုးပြထားပါတယ်။ အသက် ဆယ်နှစ်နဲ့ ဆယ့်လေးနှစ်ကြားရှိ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

လေ့လာသင်ယူမှု ပြဿနာရှိတဲ့ ကလေးတွေ

ကလေးတွေအားလုံးကတော့ ကျောင်းစာနဲ့ ပတ်သက်လို့ အခက်အခဲတွေ ကိုယ်စီရှိကြတာချည်းပါပဲ။ ဒါပေမယ့် လေ့လာသင်ယူမှုလုံးဝ မလုပ်နိုင်ဖူးဆိုရင်တော့ ဒါဟာ ပြဿနာအကြီးကြီး ဖြစ်ပါတယ်။ လေ့လာသင်ယူမှု အခက်အခဲရှိတဲ့ ကလေးအများစုဟာ ဉာဏ်ရည်အသင့်အတင့်ရှိတဲ့ ကလေးတွေဖြစ်ပြီး တချို့ကလေးတွေဆိုရင် သာမန်ထက်ပိုတဲ့ ဉာဏ်ရည်တောင် ရှိကြပါတယ်။ ဒါပေမယ့် သူတို့ဟာ အရေး၊အဖတ်နဲ့ အတွက်တို့ကို လေ့လာရာမှာ အခက်အခဲတွေ ရှိနေပါတယ်။   အဖတ်စွမ်းရည်မှာ ပြဿနာရှိတဲ့ ကလေးတွေဟာ အောက်ပါအခက်အခဲတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ရေးထားတဲ့ စာကို အသံထွက်မဖတ်နိုင်ခြင်း စာလုံးတွေကို မှန်ကန်စွာ ခွဲခြမ်းစိတ်ဖြာပြီး အသံထွက်လာအောင် Phonological processing လို့ခေါ်တဲ့ လုပ်ငန်းစဉ်က ကူညီပေးပါတယ်။ ဒါ့အပြင် အဆိုပါ အသံနဲ့ စာလုံးတို့ကို ဆက်စပ်ပြီး စာဖတ်နိုင်အောင်လည်း ဒီလုပ်ငန်းစဉ်ကပဲ ပြုလုပ်စီမံပေးတာဖြစ်ပါတယ်။ Phonological processing မလုပ်နိုင်တဲ့အတွက် ရေးထားတဲ့ စာတွေကို မဖတ်နိုင်တဲ့ ပြဿနာ(ဝါ)လက္ခဏာကို dyslexia […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးကို ညစ်ပေတာတွေနဲ့ ဆော့ခွင့်ပြုလိုက်ပါ

ရှုပ်ရှုပ်ပွပွ ညစ်ညစ်ပတ်ပတ်နေတတ်တာဟာ ကလေးတိုင်းရဲ့ ထူးခြားတဲ့ အပြုအမူ ဖြစ်ပါတယ်။ မိဘတွေဟာ သူတို့ရဲ့ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက သန့်ရှင်း သပ်ရပ်စွာစတင် နေတတ်အောင် သင်ကြားပေး၊ ထိန်းကျောင်းပေးနေလေ့ရှိကြပါတယ်။ အဲလိုမျိုး ထိန်းကျောင်းပေးတာကို ရှောင်ရှားလို့ မရပါဘူး။ ညစ်ပေတာ အားလုံးကို ကလေးတွေကို ပေးမလုပ်တာဟာ သင့်ကလေးရဲ့ စူးစမ်းလေ့လာခြင်းကို တားမြစ်သလိုဖြစ်သွားနိုင်ပြီး သင့်ကလေး ကျန်းမာရေးအတွက် ဆိုးကျိုး သတ်ရောက်မှုပေးနိုင်တာတွေကိုပေးနိုင်ပါတယ်။ သံသယရှိနေသေးတယ်ဆိုရင်တော့ သေချာ သိရှိလာအောင် ဘာ့ကြောင့် သင့်ကလေးကို ညစ်ပေတာတွေနဲ့ ဆော့ခွင့်ပြု သင့်တယ်ဆိုတာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ကလေးဘဝနဲ့ အရွယ်ရောက်ချိန်ကြားကာလမှာ သင့်ကလေးရဲ့ ခုခံအားစနစ်ဟာ အကောင်းဆုံး နဲ့ အသန်မာဆုံး အခြေအနေကို ရောက်ရှိနေတာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ခုခံအားစနစ်ဆိုတာဟာ ဘက်တီးရီးယား၊ ဗိုင်းရပ်(စ်) ၊ ကပ်ပါးကောင်နှင့် အဆိပ်အတောင့်များ ကဲ့သို့သော ခန္ဓါကိုယ်ပြင်ပ မှ ဝင်ရောက်လာတာတွေကို […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့

သင့်ကလေး အသက်တစ်နှစ်လောက်ရှိတဲ့ အချိန်မှာပဲ ကာကွယ်ဆေး အနည်းဆုံး ၁၆မျိုးလောက် ထိုးရမှာပါ။ ဆေးတခါတခါထိုးရင် အကြာကြီးမနာဖူးဆိုပေမယ့် ကိုယ့်ကလေးကြောက်လို့ ငိုနေတာကိုတော့ ဘယ်သူမှ အေးအေးဆေးဆေး ကြည့်မနေချင်ပါဘူး။ ဒီတစ်ခေါက်တော့ ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့ ထောက်ကူပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့ သင့်ကလေးကို ဆေးထိုးတဲ့အခါ အတတ်နိုင်ဆုံး သက်သောင့်သက်သာ ရှိစေဖို့အတွက် အသုံးပြုသင့်တဲ့ နည်းစနစ်လေးတွေကို အောက်မှာဖော်ပြထားပါတယ်။ အာရုံလွှဲပါ။ ပါးစပ်က အသံပေါင်းစုံ လုပ်ပြတာ၊ ကလေးကို ချီပြီး ဟိုသည်လွှဲတာ၊ အနှီးနဲ့ ထုပ်ထားတာ ဒါမှမဟုတ် နို့စို့ခိုင်းတာတွေဟာ ဂျီတိုက်နေတဲ့ ကလေးကို အာရုံပြောင်းနိုင်ပါတယ်။ အင်မတန် အသုံးကျပြီး ကာကွယ်ဆေး ထိုးရာမှာလည်း အာရုံလွှဲဖို့အတွက် ဒီနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ ကလေးကို ကိုယ်နဲ့ မျက်နှာချင်း ဆိုင်ထားပြီး ချီထားပါ။ ကလေးဆရာဝန် ဒါမှမဟုတ် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကွာရှင်းပြီး မိဘတွေ လုပ်တတ်တဲ့ အမှားများ

ကွာရှင်းပြတ်စဲ ဖို့က လုပ်ဆောင်နိုင်ဖို့ခက်ခဲတဲ့ အရာပါ။ အထူးသဖြင့် ကလေးတွေအတွက် ခက်ခဲမှုရှိနိုင်ပါတယ်။ မိဘတွေကွာရှင်းထားတဲ့ မိသားစုက ကလေးတွေဟာ မိဘတွေရဲ့လမ်းခွဲမှု ကြောင့် အထိနာဆုံးဖြစ်ပါတယ်။ ရန်ဖြစ်ကြတဲ့ မိဘတွေကြောင့် ကလေးတွေရဲ့ တည်ငြိမ်မှုကို ပျက်စီးစေနိုင်ပါတယ်။ အချို့ကလေးတွေဟာ ရုတ်တရက် ထွက်ခွာသွားတဲ့ မိဘကြောင့် ဝမ်းနည်းနေတဲ့ အချိန်မှာ အချို့ကတော့ နေ့စဉ် လုပ်ငန်းဆောင်တာတွေ ဖြစ်တဲ့ ညစာပြင်ဆင်ခြင်း၊ အိမ်စာဝိုင်းလုပ်ပေးခြင်း စတာတွေကို မနိုင်နင်းတာဝန်တွေနဲ့ ကျန်ခဲ့ရပါတယ်။ ကလေးအများစုမှာ မိဘတွေကွာရှင်းတာကြောင့် ဖြစ်လာတဲ့ စိတ်ဒဏ်ရာတွေက အရွယ်ရောက်တဲ့ အထိပါသွားတတ်ကြပါတယ်။ ဒါပေမယ့် ကွာရှင်းပြတ်စဲပြီးသား မိဘတွေက ကလေးတွေရဲ့ စိတ်ဒဏ်ရာကို သက်သာစေဖို့ မကွာရှင်းခင်ကတည်းက သူတို့ရဲ့ အကျင့်တွေကို ပြင်နိုင်ပါတယ်။ ၁။ သင့်ကလေးတွေရှေ့မှာ ရန်ဖြစ်ခြင်း။ တယ်လီဖုန်းနဲ့ ဖြစ်စေ၊ အခြားခန်းမှာ ဖြစ်စေကလေးတွေကြားနိုင်တယ်ဆိုရင် ရန်ဖြစ်တာတွေ မလုပ်ဆောင်သင့်ပါဘူး။ အဲလိုလုပ်တာက သင်ထင်ထားတာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးနှာခေါင်းထဲ အရာတခုခုဝင်သွားရင် ဘယ်လိုဖယ်ရှားပစ်မလဲ

သင့်ကလေး နှာခေါင်းထဲကို ပုတီးစေ့လေးဝင်သွားတာမျိုး၊အစေ့တခုခု ဝင်သွားတာမျိုး ဖြစ်ပြီဆိုကြပါစို့။ ဒါဟာ အင်မတန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခုဆိုတာ မိဘတိုင်း သိပါတယ်။ ဟုတ်ပြီ၊ ဒီလို ဖြစ်လာခဲ့ရင် ဘာလုပ်မလဲ၊ဘယ်သူ့ကို ခေါ်ရမှာလဲ၊ဆေးခန်းဆေးရုံပြေးရမှာလား။ သုတေသနပြုလေ့လာချက်အသစ်တခုအရ သိရှိခဲ့ရတာကတော့ ဟိုးဆယ်စုနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့တဲ့ အိမ်တွင်းဆေးမြီးတိုကုသနည်း တခုဖြစ်တဲ့ "မေမေ့အနမ်း" လို့ခေါ်တဲ့ နည်းလမ်းဟာ ဒီ ပြဿနာကို ပြေလည်သွားစေတယ်ဆိုတာပါပဲ။ ဒီနည်းလမ်းဟာ နာကျင်မှုထူးထူးခြားခြားမရှိတဲ့အပြင် အရေးပေါ်ကုသခန်းမှာ တွေ့ကြုံရမယ့် စက်ကိရိယာကြီးတွေ၊လူစိမ်းတွေနဲ့ယှဉ်ရင် သားသား မီးမီးတို့အတွက် စိတ်သက်သာရာရစေ၊လုံခြုံမှုကို ခံစားရစေမှာပါ။   "မေမေ့အနမ်း" ဆိုတာဘာလဲ။ ဒီနည်းလမ်းလေးကို ၁၉၆၅ မှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး အသုံးပြုပုံ အဆင့်ဆင့်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အမေ(သို့မဟုတ် လူကြီးတယောက်ယောက်)ရဲ့ ပါးစပ်နဲ့ ကလေးရဲ့ ပါးစပ်ကို နမ်းတဲ့ပုံစံအတိုင်း တေ့ထားရမှာဖြစ်ပြီး ကောင်းနေတဲ့ နှာခေါင်းတဖက်ကို လက်ချောင်းတချောင်းနဲ့ ပိတ်ထား၊ဆို့ထားရပါမယ်။ ပြီးရင် ကလေးရဲ့ ပါးစပ်ထဲကို လေမှုတ်ထည့်ရပါမယ်။ မှုတ်ထည့်လိုက်တဲ့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း