backup og meta

ကလေးများတွင် မူးဝေခြင်းကို ဖြစ်စေနိုင်သော အကြောင်းများ


Hello Sayarwon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများတွင် မူးဝေခြင်းကို ဖြစ်စေနိုင်သော အကြောင်းများ

    ကလေးများသည် ရောဂါအမျိုးမျိုးဖြစ်နိုင်သည့် အတွက် သူတို့ကိုပြုစုပျိုးထောင်ရာတွင် မိဘများသည် ဖျားနာခြင်း၊ ဝမ်းလျှောခြင်း၊ အအေးမိခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်း စသည့်အခြေအနေအမျိုးမျိုးနှင့် ရင်ဆိုင်ရလေ့ရှိပါသည်။

    ထို့ပြင် ကလေးများသည် မူးဝေခြင်းဖြစ်တတ်သောကြောင့် အောက်ပါဆောင်းပါတွင် ကလေးများကို မူးဝေခြင်းဖြစ်စေတတ်သော အကြောင်းမျာနှင့် ယင်းတို့ကို ကိုင်တွယ် ဖြေရှင်းရန် နည်းလမ်းများကို ဖော်ပြထားပါသည်။

    မူးဝေခြင်း အမျိုးအစားများ

    မူးဝေခြင်းသည် ဟန်ချက်မညီဖြစ်ခြင်းဖြစ်ပြီး လူအများစုသည် မူးဝေခြင်းပုံစံ ၃ မျိုးရှိကြောင်း မသိကြချေ။

    (၁)မူးမိုက်သွားခြင်း

    ယင်းဖြစ်စဉ်သည် စိတ်အာရုံများရှုပ်ထွေးခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်မကြည်လင်ခြင်းတို့ဖြစ်ကာ ရုတ်တရက် သတိလစ်သွားခြင်းဖြစ်သည်။ အများအားဖြင့် မတ်တပ်ရပ်နေချိန်တွင် ရုတ်တရက် မူးလဲသွားခြင်းမျိုးဖြစ်ပါသည်။

    (၂)ချာချာလည်အောင်မူးခြင်း

    လူနာသည် သူစိတ်ထဲတွင် အခန်း သို့မဟုတ် ခေါင်းတခုလုံး ချာချာလည်နေသည်ဟုခံစားရသော မူးဝေခြင်းမျိုးဖြစ်သည်။

    (၃) အထက်ပါမူးဝေခြင်း ၂ မျိုးရောနေခြင်း

    လူနာသည် သူ့ဟန်ချက်ကိုသူ မထိန်းနိုင်ဘဲ အထက်ဖော်ပြပါအတိုင်း ပုံစံ ၂ မျိုးရောကာ မူးဝေခြင်းဖြစ်သည်။

    မူးဝေခြင်းကို ဖြစ်စေသော အကြောင်းများ

    အနေအထား အပြောင်းအလဲကြောင့် မူးဝေခြင်း

    ယင်းသည် ခေါင်းအနေအထား ရုတ်တရက်ပြောင်းလဲခြင်းကြောင့် မူးဝေခြင်းဖြစ်ပြီး ထိုသို့စတင်ခံစားရပါက ပြင်းထန်စွာ မူးဝေခြင်းကို ဖြစ်စေသည်။ အိပ်ရာမှ ရုတ်တရက်ထခြင်း၊ အိပ်နေစဥ ဟိုဘက် သည်ဘက်အနေအထားရုတ်တရက် ပြောင်းလဲခြင်းများကြောင့် လဲ ထိုသို့မူးဝေခြင်းကို ဖြစ်စေပါသည်။

    နားနှင့် ဆိုင်သောရောဂါများ

    နားနှင့် ဆိုင်သော အချို့ပြသနာများကြောင့် မူးဝေခြင်း ဖြစ်ရသည်။

    နားအတွင်းဖက်တွင်ရောင်ရမ်းခြင်း

    နားအတွင်းဖက်တွင်ရောင်ရမ်းခြင်းဖြစ်လျှင် မူးဝေခြင်းကို ခံစားရနိုင်သည်။ သိုကသော် ထိုရောင်ရမ်းမှုများသည် ရက်အတန်ကြာလျှင် ပျောက်ကင်းသာနိုင်သော်လည်း မြန်မြန်သက်သာစေရန် ဆရာဝန်ညွှန်ကြားသည့် ဆေးများကို သောက်နိုင်သည်။

    နားတွင်းရောဂါပိုးဝင်ခြင်း

    ကလေးများတွင် နားတွင်းရောဂါပိုးဝင်ခြင်းကြောင့် မူးဝေခြင်းများဖြစ်တတ်ပြီး ထိုရောဂါပျောက်သွားလျှင် မူးဝေခြင်းကို လည်း မခံစားရတော့ပေ။

    Meniere’s နားရောဂါ

    ယင်းရောဂါသည် နားအတွင်းခန်းရောဂါကြောင့် နားလေထွက်ခြင်းနှင့် မူးဝေခြင်းဖြစ်သောရောဂါဖြစ်ပြီး နားအတွင်းပိုင်းတွင် အရည်များစုပုံလာခြင်းဖြစ်သည်။ လူနာသည် ချာချာလည်အောင်မူးခြင်း နှင့် နာရီအတန်ကြာမျှ မူးဝေခြင်းတို့ကို ခံစားရနိုင်သည်။

    Migraine ရောဂါ

    ယင်းရောဂါသည် လည်း နားအတွင်းပိုင်းတွင် အရည်များစုပုံလာခြင်းကြောင့် ဖြစ်သော ခေါင်းမူးခေါင်းကိုက်ရောဂါ တမျိုးဖြစ်သည်။ လူနာသည် ချာချာလည်အောင်မူးခြင်း နှင့် နာရီအတန်ကြာမျှ မူးဝေခြင်းတို့ကို ခံစားရနိုင်သည်။

    ဆေးဝါးများ

    အချို့သော ဆေးများ၏ ဘေးထွက်ဆိုးကျိုးအနေနှင့် ခေါင်းမူးခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် သင့်ကလေးသည် အကြောင်းကြောင်းကြောင့် ဆေးများသောက်ပြီး မူးဝေလာပါက ဆေးများကို ရပ်ပြီး ဆရာဝန်နှင့် ပြသပါ။

    စိုးရိမ်စိတ်လွန်ကဲခြင်းကြောင့်ဖြစ်သော စိတ်မူမမှန်မှုများ

    ယင်းသည်လည်း ကလေးများတွင် ခေါင်းမူးခြင်းကိုဖြစ်စေသော အကြောင်းများထဲမှ တခုဖြစ်သည်။

    ဥပမာ- စိုးရိမ်ထိတ်လန့်ခြင်းသည် ကြာရှည်စွာ မူးဝေခြင်းကို ဖြစ်စေနိုင်သည်။ အချို့သောသူများတွင် ထိုသို့သော စိုးရိမ်စိတ်လွန်ကဲခြင်းကြောင့်ဖြစ်သော စိတ်မူမမှန်မှုများကြောင့် မူးဝေခြင်း ဝေဒနာကို ကြာရှည်စွာ ခံစားရသည်များကိုတွေ့ရပါသည်။

    သွေးအားနည်းခြင်း

    သွေးထဲတွင် မရှိမဖြစ်သော သွေးနီးဥများ၊ သံဓါတ်နှင့် Hemoglobin ခေါ် အောက်ဆီဂျင်ဓါတ်နည်းခြင်းကြောင့် သွေးအားနည်းခြင်း ဖြစ်ရသည်။ ထိုအခါ မူးဝေခြင်း၊ မောပန်းခြင်း၊ နွမ်းနယ်ခြင်းတို့ ပါခံစားလာရပါသည်။

    သွေးထဲတွင် သကြားဓါတ်နည်းခြင်း

    သွေးထဲတွင် သကြားဓါတ်နည်းခြင်းသည် ကလေးငယ်များတွင် မူးဝေခြင်းကို ဖြစ်စေပါသည်။ သွေးကြောထဲတွင် ရှိသင့်သော အချိုဓါတ်မျာကို ထိန်းသိမ်းနိုင်စွမ်းမရှိသောအခါ မူးဝေလာစေသည်။ အဝလွန်သော ကလေးများတွင် ထိုအခြေအနေသည် ပိုဆိုးကြောင်းတွေ့ရသည်။

    အပူလွန်ကဲခြင်း နှင့် ရေဓါတ်ခမ်းခြောက်ခြင်း

    အပူလွန်ကဲခြင်း နှင့် ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် ကလေးအတော်များများတွင် မူးဝေခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် သင့်ကလေးကို ရေဓါတ်ပြည့်ဝအောင်ကျွေးပါ။ ပူသောအရာများနှင့် ကြာရှည်စွာ ထိတွေ့နေထိုင်ခြင်းကို ရှောင်ကျဉ်ပါ။

    နာတာရှည် မူးဝေခြင်း ဝေဒနာကို ခံစားနေရခြင်း

    အချို့သော ကလေးငယ်များသည် အကြောင်းရင်းရေရေ ရာရာ မရှိပါဘဲ မူးဝေခြင်းဝေဒနာကို ကာလကြာရှည်စွာ ခံစားနေကြရပါသည်။ အချို့သော လှုပ်ရှားမှုများနှင့် အမြင်အာရုံဆိုင်ရာ ပြသနာ အချို့က ကာလကြာရှည်စွာမူးဝေခြင်းကို ဖြစ်စေနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement