backup og meta

ကွာရှင်းပြီး မိဘတွေ လုပ်တတ်တဲ့ အမှားများ


Khine Phoo Ngon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွာရှင်းပြီး မိဘတွေ လုပ်တတ်တဲ့ အမှားများ

    ကွာရှင်းပြတ်စဲ ဖို့က လုပ်ဆောင်နိုင်ဖို့ခက်ခဲတဲ့ အရာပါ။ အထူးသဖြင့် ကလေးတွေအတွက် ခက်ခဲမှုရှိနိုင်ပါတယ်။ မိဘတွေကွာရှင်းထားတဲ့ မိသားစုက ကလေးတွေဟာ မိဘတွေရဲ့လမ်းခွဲမှု ကြောင့် အထိနာဆုံးဖြစ်ပါတယ်။ ရန်ဖြစ်ကြတဲ့ မိဘတွေကြောင့် ကလေးတွေရဲ့ တည်ငြိမ်မှုကို ပျက်စီးစေနိုင်ပါတယ်။

    အချို့ကလေးတွေဟာ ရုတ်တရက် ထွက်ခွာသွားတဲ့ မိဘကြောင့် ဝမ်းနည်းနေတဲ့ အချိန်မှာ အချို့ကတော့ နေ့စဉ် လုပ်ငန်းဆောင်တာတွေ ဖြစ်တဲ့ ညစာပြင်ဆင်ခြင်း၊ အိမ်စာဝိုင်းလုပ်ပေးခြင်း စတာတွေကို မနိုင်နင်းတာဝန်တွေနဲ့ ကျန်ခဲ့ရပါတယ်။

    ကလေးအများစုမှာ မိဘတွေကွာရှင်းတာကြောင့် ဖြစ်လာတဲ့ စိတ်ဒဏ်ရာတွေက အရွယ်ရောက်တဲ့ အထိပါသွားတတ်ကြပါတယ်။

    ဒါပေမယ့် ကွာရှင်းပြတ်စဲပြီးသား မိဘတွေက ကလေးတွေရဲ့ စိတ်ဒဏ်ရာကို သက်သာစေဖို့ မကွာရှင်းခင်ကတည်းက သူတို့ရဲ့ အကျင့်တွေကို ပြင်နိုင်ပါတယ်။

    ၁။ သင့်ကလေးတွေရှေ့မှာ ရန်ဖြစ်ခြင်း။

    တယ်လီဖုန်းနဲ့ ဖြစ်စေ၊ အခြားခန်းမှာ ဖြစ်စေကလေးတွေကြားနိုင်တယ်ဆိုရင် ရန်ဖြစ်တာတွေ မလုပ်ဆောင်သင့်ပါဘူး။ အဲလိုလုပ်တာက သင်ထင်ထားတာ ထက်ပိုပြီး ကလေးကို စိတ်ဒဏ်ရာဖြစ်စေနိုင်ပါတယ်။

    ၂။ ကလေးကို ဘယ်သူ့ဘက်ပါမလဲဆိုပြီး ဆုံးဖြတ်ခိုင်းခြင်း။

    အဲလို လုပ်ခိုင်းတာ က သူတို့ကို အပြစ်ရှိသလို ခံစားရခြင်း၊ နာကျင်ခြင်း၊ စိတ်ပူပန်စေခြင်း နဲ့ စိတ်ရှုပ်ထွေးစေခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ သူတို့ အတွက် ဆုံးဖြတ်ချက်ကို မိဘတွေက ကိုယ်တိုင်လုပ်ပေးပြီး သူတို့ကို တာဝန်ရှိသလို မခံစားရအောင် လုပ်ဆောင်ပေးရပါမယ်။

    ၃။ သင့်ကလေးရဲ့ အပြစ်မဟုတ်ကြောင်း မပြောပြခြင်း။

    ကလေးတွေဟာ မိဘတွေက မပြောပြသရွေ့ ဒီလိုပြသနာတွေ အတွက် သူတို့ကိုယ်သူတို့ အပြစ်တင်တတ်ကြပါတယ်။

    ၄။ ကွာရှင်းပြီးတာတောင် အမေ နဲ့ အဖေဟာ သူတို့ရဲ့ အမေ၊ အဖေ အဖြစ်ဆက်ရှိနေပြီး သူတို့ကို ဆက်ချစ်နေမယ်ဆိုတာကို ပြောပြဖို့ မေ့လျော့နေခြင်း။

    အဖေ၊အမေတွေကို ဆုံရှုံးရမှာ ကြောက်ခြင်းက သူတို့အတွက် စိတ်ဖိစီးမှုအများကြီးဖြစ်စေနိုင်ပါတယ်။

    ၅။ လူကြီးတွေရဲ့ကိစ္စ အသေးစိတ်ကို ကလေးတွေကို ပြောပြပြီး သူတို့အတွက် သနားလာအောင်၊ စိတ်ခွန်အားတွေပေးဖို့နဲ့ သူတို့ဘက်ပါလာအောင် ဆွဲဆောင်တာမျိုး လုပ်တတ်ကြပါတယ်။

    ကလေးတွေ နဲ့ မဟုတ်ဘဲ သူငယ်ချင်းတွေနဲ့ ဆရာဝန် တွေနဲ့ အဲဒီလို ကိစ္စတွေကို ဆွေးနွေးမှု လုပ်သင့်ပါတယ်။

    ၆။ ဘယ်လောက်ပဲ အမှန်တွေ ဖြစ်ပါစေ မိဘအချင်းချင်း တစ်ဦးကို တစ်ဦး နှိမ်ချပြောခြင်း၊ ကလေး မလေးစားအောင်ပြောခြင်းတွေ လုပ်ဆောင်တာက ကလေးကို စိတ်ရှုတ်ထွေးစေခြင်း၊ အပြစ်ရှိသလိုခံစားရစေခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်မလုံခြုံခြင်း၊ မိမိကိုယ်ကို တန်ဖိုးထားမှုလျော့နည်းစေခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

    ၇။ အမေနဲ့ အဖေနှစ်ယောက်ထဲက တစ်ယောက်ယောက်နဲ့ ချစ်တာကို နောက်တစ်ယောက်က တစ်ကိုယ်ကောင်းဆန်ဆန် ဖျက်လို ဖျက်ဆီးလုပ်ခြင်း။

    အဲဒီလို လုပ်ဆောင်တာကြောင့် သူတို့ ကြီးလာတဲ့ အခါသင့်ကို မုန်းသွားနိုင်ပါတယ်။

    ၈။ မိဘနှစ်ယောက်ကြား တစ်ဦးရဲ့ အိမ်တွင်းကိစ္စတွေကို နောက်တစ်ဦးက သိနိုင်အောင် ကလေးကို သူလျှိုလုပ်ဆောင်ခိုင်းခြင်း။

    ကလေးတွေကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ လွတ်လွတ်လပ်လပ် ကြီးလာပါစေ။

    ၉။ ကလေးတွေရဲ့ အာရုံစိုက်မှုကို ရအောင် လိမ်ပြောခြင်းတွေ မလုပ်သင့်ပါဘူး။

    အဲဒါက တစ်ကိုယ်ကောင်းဆန်ပြီး ကလေးတွေကို နာကြင်စေနိုင်ပါတယ်။ အဲဒီလို လုပ်ဆောင်တာကြောင့် သူတို့ ကြီးလာတဲ့ အခါသင့်ကို မုန်းသွားနိုင်ပါတယ်။

    ၁၀။ အဝေးကြီးကို ပြောင်းရွှေ့နေထိုင်ခြင်း၊ ကလေးရဲ့ ဘွဲ့သဘင်အခမ်းအနား(သို့) အခြားအရေးကြီးသော ကိစ္စများကို မဖိတ်ခေါ်ခြင်း၊

    ငွေကြေးထောက်ပံ့မှုလုပ်စေပြီး အပြစ်ပေးခြင်း စတဲ့ ဆုံးဖြတ်ချက်တွေ နဲ့ ကွာရှင်းပြီးသား သူကို နာကျင်အောင် တမင်ရည်ရွယ်လုပ်ဆောင်ခြင်းက ကလေးကိုပါ နာကျင်စေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Khine Phoo Ngon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement