ကလေးကျန်းမာရေး

ကလေးလေး ကျန်းမာဖို့ဆိုတာ မိဘတွေအတွက် အရေးကြီးဆုံး ဆန္ဒပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေကနေ ပိုးဝင်ကူးစက်တာတွေအထိ သင့်ကလေးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗဟုသုတအားလုံးကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးကျန်းမာရေး

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးကျန်းမာရေး ကို ရှာဖွေမည်။

ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

လေ့လာသင်ယူမှု ပြဿနာရှိတဲ့ ကလေးတွေ

ကလေးတွေအားလုံးကတော့ ကျောင်းစာနဲ့ ပတ်သက်လို့ အခက်အခဲတွေ ကိုယ်စီရှိကြတာချည်းပါပဲ။ ဒါပေမယ့် လေ့လာသင်ယူမှုလုံးဝ မလုပ်နိုင်ဖူးဆိုရင်တော့ ဒါဟာ ပြဿနာအကြီးကြီး ဖြစ်ပါတယ်။ လေ့လာသင်ယူမှု အခက်အခဲရှိတဲ့ ကလေးအများစုဟာ ဉာဏ်ရည်အသင့်အတင့်ရှိတဲ့ ကလေးတွေဖြစ်ပြီး တချို့ကလေးတွေဆိုရင် သာမန်ထက်ပိုတဲ့ ဉာဏ်ရည်တောင် ရှိကြပါတယ်။ ဒါပေမယ့် သူတို့ဟာ အရေး၊အဖတ်နဲ့ အတွက်တို့ကို လေ့လာရာမှာ အခက်အခဲတွေ ရှိနေပါတယ်။   အဖတ်စွမ်းရည်မှာ ပြဿနာရှိတဲ့ ကလေးတွေဟာ အောက်ပါအခက်အခဲတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ရေးထားတဲ့ စာကို အသံထွက်မဖတ်နိုင်ခြင်း စာလုံးတွေကို မှန်ကန်စွာ ခွဲခြမ်းစိတ်ဖြာပြီး အသံထွက်လာအောင် Phonological processing လို့ခေါ်တဲ့ လုပ်ငန်းစဉ်က ကူညီပေးပါတယ်။ ဒါ့အပြင် အဆိုပါ အသံနဲ့ စာလုံးတို့ကို ဆက်စပ်ပြီး စာဖတ်နိုင်အောင်လည်း ဒီလုပ်ငန်းစဉ်ကပဲ ပြုလုပ်စီမံပေးတာဖြစ်ပါတယ်။ Phonological processing မလုပ်နိုင်တဲ့အတွက် ရေးထားတဲ့ စာတွေကို မဖတ်နိုင်တဲ့ ပြဿနာ(ဝါ)လက္ခဏာကို dyslexia […]


ကလေးကျန်းမာရေး

ဖခင်တစ်ယောက်ရဲ့ စိတ်ပူပန်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ

အထူးသဖြင့် ပထမကလေးရှိခြင်းဟာ မျှော်လင့်နေတဲ့ မိဘတွေအတွက် ကြီးမားတဲ့ ဘဝအပြောင်းအလဲတစ်ခုပဲ ဖြစ်ပါတယ်။ ဖခင်ဟာ ကလေးမွေးတဲ့နာကျင်မှုကို မခံစားရပေမယ့် သူ့မှာလည်း စိတ်ပူမှုတွေရှိပါတယ်။ ကိုယ်ဝန် ဆောင်းပါးအများစုဟာ အမျိုးသမီးတွေအတွက် ဖြစ်ပြီး သူတို့ဟာ အခက်ခဲဆုံးအလုပ်ကို လုပ်ရသူတွေမို့ သင့်လျော်ပါတယ်။ ဒါပေမယ့် ဖခင်ကိုလည်း အားပေးဖို့ လိုအပ်ပါတယ်။ ဖခင်တစ်ယောက် ဖြစ်လာခြင်းဟာ ပြင်းထန်တဲ့ ခံစားချက်တွေဖြစ်တဲ့ ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်းကနေ စိတ်ပူခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဖခင်တွေကြောက်တတ်ကြတဲ့အချက်တွေကို ဖေါ်ပြပြီး ဘယ်လိုကျော်လွှားရမယ်ဆိုတာပါ ဖေါ်ပြသွားမှာဖြစ်ပါတယ်။   ၁။ အိမ်ထောင်ဖက်ရဲ့ ကလေးမွေးခြင်းကို ရင်ဆိုင်ရန် ကြောက်ရွံ့ခြင်း ကလေးကို မျှော်လင့်နေတဲ့ ဖခင်အတော်များများဟာ ကလေးမွေးတဲ့ ဖြစ်စဉ်အတွက် ပါဝင်ရုန်းကန်ကြပါတယ်။ အမျိုးသမီးအတော်များများ အံကြိတ်ပြီး မျက်ရည်ပြည့်နေတဲ့ မျက်လုံးတွေနဲ့ အကူအညီမဲ့နေကြပြီး နာရီပေါင်းများစွာ နာကျင်စွာ ကလေးမွေးဖွားတဲ့ ဗီဒီယိုတွေကို ကြည့်ဖူးကြမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သင့်အိမ်ထောင်ဖက် နာကျင်မှုသက်သာစေဖို့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

မတူညီတဲ့ မိဘအုပ်ထိန်းမှုတွေကို ဘယ်လိုကိုင်တွယ်မလဲ

အိမ်ထောင်ပြုပြီးသူနှစ်ဦးဟာ သူတို့ရဲ့ဆက်ဆံရေးကို နောက်တစ်ဆင့်တက်ဖို့ ကြိုးစားမယ်ဆိုရင် စိတ်ထဲမှာရှိကြတာကကလေးယူခြင်းပဲ ဖြစ်ပါတယ်။ လူအတော်များများဟာ သူတို့အိမ်ထောင်ဖက်အကြောင်းကို အတော်သိပြီးပြီလို့ ထင်ပေမယ့် အရေးကြီးတဲ့အချက်တစ်ချက်ကို ထည့်သွင်းစဉ်းစားဖို့ မေ့နေတတ်ကြပါတယ်။ ဒီအချက်ကတော့ ကလေးပြုစုတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဒါဟာ ဆက်ဆံမှုတွေ ပျက်ပြားခြင်းရဲ့ အဓိကအချက်လည်း ဖြစ်ပါတယ်။ ဒါဆို သင်နဲ့ သင့်အိမ်ထောင်ဖက် ဒီအချက်နဲ့ ပတ်သက်ပြီး ပြဿနာ အကြီးအကျယ်တက်နေပြီဆို ဘာလုပ်သင့်သလဲ။   အသုံးများတဲ့နည်းလမ်းတွေအကြောင်းကို နားလည်ပါ။ ကလေးပြုစုနည်း သုံးမျိုးရှိပါတယ်။ Authoritarian ဒီနည်းမှာမိဘတွေဟာ ကလေးတွေရဲ့ လုံးဝလိုက်နာမှုကိုသာ လိုလားကြပြီး ဘယ်လိုညှိနှိုင်းခြင်းမှ မပြုလုပ်ကြပါဘူး။ ကလေးတွေကိုနားထောင်မယ့်အစား  သူတို့တန်ဖိုးထားတဲ့ အချက်တွေကိုသာ ပြောတတ်ကြပါတယ်။ Permissive ဒီလိုမိဘတွေက လွယ်လွယ်ကူကူတွေးတတ်ကြပြီး ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် ဘယ်လိုကန့်သတ်ချက်တွေ၊ စည်းကမ်းတွေမှ မထားတတ်ကြပါဘူး။ ဒါကြောင့် ဒီလိုမိဘတွေရဲ့ ကလေးတွေဟာ နောက်ဆက်တွဲဆိုးကျိုးတွေကို ရင်ဆိုင်ဖို့မလိုပဲ လုပ်ချင်တာအကုန် လုပ်နိုင်ကြပါတယ်။ Authoritative ဒီမိဘတွေကတော့ နှစ်မျိုးလုံးရောထားခြင်းပဲ ဖြစ်ပါတယ်။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကိုယ့်ကလေးအကြောင်းအကြွားသန်တဲ့ မိဘတွေနဲ့ ဘယ်လိုဆက်ဆံသင့်လဲ

တစ်ခါတစ်ရံမှာ မိဘတွေဟာ ကလေးတွေကို ပြုစုပျိုးထောင်တဲ့ အတွေ့အကြုံတွေကို ဝေမျှဖို့ အတူတွေ့လေ့ရှိကြပါတယ်။ ဒီလိုဆွေးနွေးရာမှာ အချို့မိဘတွေဟာ သူတို့ကလေးရဲ့ အောင်မြင်မှုတွေအပေါ် ကြွားခြင်းကို မရပ်တန့်နိုင်ကြပါဘူး။ ကိုယ်ချစ်တဲ့သူရဲ့ အောင်မြင်မှုကို ဂုဏ်ယူကြတာဟာ ပုံမှန်ဖြစ်ပေမယ့် ကိုယ့်ကလေး အကြောင်းကို အခြားသူတွေကို ကြွားခြင်းဟာ စိတ်မသက်မသာဖြစ်စေပြီး တကယ်လို့ ဝေမျှတဲ့ အချက်အလက်က မသေချာဘူးဆိုရင် ရိုင်းနိုင်ပါတယ်။ တကယ်လို့ သင့်မှာ ကလေးအကြောင်းကို အစွဲအလန်းကြီးတဲ့ သူငယ်ချင်းတွေရှိတယ်ဆိုရင် သူတို့အပြုအမူနဲ့ပတ်သက်ပြီး ကိုင်တွယ်နိုင်မယ့် အချက်လေးတွေကို ဖေါ်ပြလိုက်ပါတယ်။   ပထမဦးစွာ သင်ရောက်နေတဲ့ အခြေအနေပေါ်မူတည်ပြီး နားလည်နိုင်ဖို့ ကြိုးစားပါ။ အချို့သူတွေဟာ စိတ်ပိုင်းဆိုင်ရာ လုံလောက်ခြင်းမရှိခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ပျက်ခြင်းတွေကြောင့် ကလေးရဲ့ ကောင်းတဲ့ အချက်တွေကို ကြွားတက်ကြပါတယ်။ ဘဝရဲ့ အဆင်မပြေမှုတွေ၊ ဘဝင်မကျစရာတွေကြောင့် သူတို့ဟာ မကောင်းတဲ့ဘဝအခြမ်းကို ကလေးရဲ့ အောင်မြင်မှုတွေနဲ့ ဖုံးလွှမ်းလိုကြပါတယ်။ ဥပမာ သင့်သူငယ်ချင်းဟာ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးဝမ်းချုပ်ခြင်း ကုသမှုလမ်းညွှန်

ဝမ်းချုပ်ခြင်းဟာ ကလေးငယ်တွေနဲ့ လူကြီးတွေမှာ အဖြစ်များတဲ့ အစာခြေလမ်းကြောင်း ပြဿနာတစ်ခုဖြစ်ပေမယ့် မွေးကင်းစကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကြာရှည်စွာ ဝမ်းချုပ်ခြင်းဟာ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပြီး ကလေးငယ်ရဲ့ နာမကျန်းဖြစ်မှုရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်ရဲ့ ဝမ်းသွားခြင်းကို မိဘတွေက ဂရုတစိုက်ကြည့်ဖို့ အရေးကြီးပြီး ဒီအခြေအနေကို နားလည်ဖို့ လိုအပ်ပါတယ်။   ကလေးတွေအတွက် ပုံမှန် အူလှုပ်ရှားမှုများ ကလေးတွေရဲ့ ဝမ်းသွားခြင်းပုံစံကို သိထားခြင်းဟာ ဝမ်းချုပ်နေတာဟုတ်မဟုတ် ခွဲခြားဖို့ ကူညီပေးနိုင်ပါတယ်။ ကလေးငယ်တွေဟာ စားတဲ့ အစားအသောက်ပေါ်မူတည်ပြီး ဝမ်းသွားပုံ ကွာခြားကြပါတယ်။ မိခင်နို့သောက်နေတဲ့ ကလေးငယ်တွေအတွက် တစ်ပတ်ကို တစ်ကြိမ် ထက်ပို (သို့) လျော့ပြီး ဝမ်းသွားခြင်းဟာ ပုံမှန်ဖြစ်ပြီး နို့မှုန့်တိုက်နေတဲ့ ကလေးငယ်တွေကတော့ တစ်နေ့မှာ အနည်းဆုံးတစ်ကြိမ် ဝမ်းသွားသင့်ပါတယ်။ အစာမာတွေ စားတဲ့ကလေးငယ်တွေဟာ တစ်နေ့မှာ သုံးကြိမ်မှ လေးကြိမ်အထိ ဝမ်းသွားနိုင်ပါတယ်။ မိခင်နို့တိုက်နေတဲ့ကလေးငယ်တွေဟာ […]


ကလေးကျန်းမာရေး

မောင်နှမ အချင်းချင်း ပြိုင်ဆိုင်မှုကို ဘယ်လိုလျှော့ချမလဲ

ကလေးတစ်ယောက်ထက်များတဲ့ မိသားစုတွေမှာ မောင်နှမ၊ ညီအမ အချင်းချင်း ပြိုင်ဆိုင်မှုဟာ အဖြစ်များပါတယ်။ သူတို့ဟာ အခု အတူတူ ဆော့ကစားနေပေမယ့် ခဏနေရင် ငိုပြီး ရန်ဖြစ်နိုင်ပါတယ်။ ဒါဟာ မိဘတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်ပါတယ်။ ကံကောင်းစွာပဲ မောင်နှမ အချင်းချင်း ပြိုင်ဆိုင်မှု နည်းပါးစေတဲ့ နည်းလမ်းတွေကို ကြိုးစားကြည့်နိုင်ပါတယ်။   ကလေးတစ်ယောက်ဆီရဲ့ ထူးချွန်မှုတွေကို လေးစားပါ။ ကလေးတိုင်းမှာ မတူညီတဲ့ ထူးချွန်မှုတွေ ရှိကြပြီး ဒါကို လေးစားသင့်ပါတယ်။ တကယ်လို့ သင်ဟာ ကလေးကို အခြား မွေးချင်းတစ်ဦးဦးနဲ့ အမြဲ နှိုင်းယှဉ်ပြောနေမယ်ဆိုရင် သူတို့ကြားမှာ ယှဉ်ပြိုင်မှု ဖြစ်ပေါ်လာပါလိမ့်မယ်။ ဥပမာ အချို့မိဘတွေက သားကြီး သင်္ချာ ဘယ်လောက်တော်ပြီး သားငယ်ဟာ မတော်ကြောင်း ပြောတတ်လေ့ရှိပါတယ်။ ကလေးဟာ ဉာဏ်တုံးတာမျိုးမဟုတ်ပဲ တခြားကိစ္စကိုသာ စိတ်ဝင်စားတာ ဖြစ်ပါတယ်။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေကို ခြင်ကိုက်ခြင်းမှ ဘယ်လိုကာကွယ်မလဲ

ခြင်ကိုက်ခြင်းဟာ ကလေးငယ်ရဲ့ အသားအရေကို ယားယံစေရုံသာမက အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါတွေကိုပါ ရရှိစေနိုင်ပါတယ်။ ဒါ့ပြင် ကလေးငယ်တွေဟာ ခြင်ကိုက်အခံရနိုင်ဆုံးသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ခြင်ကိုက်ခြင်းမှ ဘယ်လိုကာကွယ်မလဲ ဆိုတာကို သိထားသင့်ပါတယ်။ ကလေးတွေကို ခြင်ကိုက်ခြင်းမှ ဘယ်လိုကာကွယ်မလဲ ကလေးတွေကို ခြင်ကိုက်ခြင်းမှ ဘယ်လိုကာကွယ်မလဲ ဆိုတော့ ကာကွယ်နိုင်တဲ့ အဝတ်အစားကို ဝတ်ပါ။ တကယ်လို့ သင်နဲ့ သင့်ကလေးငယ်ဟာ ခြင်များတဲ့နေရာမှာ အချိန်အကြာကြီးနေမယ်ဆိုရင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေကို ဝတ်သင့်ပါတယ်။ အဝတ်အစားတွေဟာ ခြင်ကိုက်ခံရခြင်းကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုအဝတ်အစားတွေကို ဓာတုပစ္စည်းပါဝင်သော (သို့) သဘာဝ ခြင်မကိုက်တဲ့ဆေးတွေနဲ့ ပေါင်းစပ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ ခြင်တွေကို ပိုမိုဆွဲဆောင်နိုင်တဲ့ တောက်ပတဲ့ အဝတ်အစားတွေကို မဝတ်ဆင်သင့်ပါဘူး။ ခြင်ကိုက်မခံရအောင် ဆေးလိမ်းပါ။ ၁။ အသက်၂ လ အောက် ကလေးငယ်တွေမှာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေး ကွန်ပျူတာအသုံးပြုမှုကို ဘယ်လိုကြီးကြပ်မလဲ

သင့်ကလေးငယ်ဟာ ဘယ်မှာလဲ၊ ဘယ်သူနဲ့ အပြင်သွားသလဲ၊ ဘာတွေလုပ်နေလဲဆိုတာ သိဖို့လွယ်ကူပါတယ်။ ဒါပေမယ့် အငယ်ဆုံးကလေးငယ်တွေကတောင် အချိန်အများကြီးကို digital ပစ္စည်းတွေနဲ့ အသုံးပြုနေခြင်းဟာ များပြားလာပါတယ်။ ကလေးငယ်တွေဟာ ကျွန်ုပ်တို့ထက်ပိုပြီး ယခုခေတ်နည်းပညာနဲ့ ရင်းနှီးမှု ရှိကြပါတယ်။     ကမ္ဘာအသစ်ကို ရင်ဆိုင်ပါ။ ယခုခေတ်မှာ ကလေးငယ်တွေရဲ့ digital ဘဝဟာ တခါတရံမှာ လမ်းလျှောက်တတ်ကာစ အချိန်ကတည်းက စတင်ပြီး အလင်းရဲ့ လျင်မြန်နှုန်းနဲ့ တိုးတက်လာပါတယ်။ မိဘတစ်ယောက်အနေနဲ့ ကလေးငယ်တွေကို စိုးရိမ်တယ်ဆိုတာ ဖြစ်သင့်ပါတယ်။ သူတို့ဟာ လူအချင်းချင်း တွေ့စဉ်မှာ ဘယ်တော့မှ ပြောဖြစ်မှာ မဟုတ်တဲ့ အရာတွေကို အွန်လိုင်းမှာ ပြောကြခြင်းကြောင့် ဆိုးရွားသော အတင်းပြောခြင်း၊ အနိုင်ကျင့်ခြင်း၊ ဂုဏ်သိက္ခါ ဖျက်ဆီးခံရခြင်းတွေ ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေရဲ့ လူမှုဆက်ဆံရေးတွေဟာ လူကြီးတွေရဲ့ အမြင်ကွယ်ရာမှာ တိုးတက်လာနိုင်တာကြောင့် သူတို့ဘာတွေလုပ်နေလဲဆိုတာနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေသ့င်ပါတယ်။ မိဘအတော်များများဟာ သူတု့ိရဲ့ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးငယ်တွေ အော့အန်ခြင်းကို ကာကွယ်ကုသနိုင်စေဖို့ မိခင်များအတွက် အထောက်အပံ့ဖြစ်စေမယ့် အရာများ

ဖြစ်ရပ်အများစုမှာ အော့အန်ခြင်းဟာ အန္တရာယ်များလှတဲ့အခြေအနေတွေတော့မဟုတ်ပါဘူး။ ပြီးတော့ ဒီအဖြစ်က ဆေးကုသစရာမလိုဘဲ အလိုလိုပျောက်ကင်းသွားနိုင်တာမျိုးပါ။ ဒါပေမယ့် အော့အန်နေတဲ့ကလေးတစ်ယောက်လောက် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတာ၊ စိတ်ရှုပ်စရာကောင်းတာမျိုး ရှိမှာမဟုတ်ပါဘူး။ သင့်ကလေးကို ဒီလို စိတ်ရှုပ်စရာကောင်းတဲ့ အခြေအနေတွေကနေ ကာကွယ်ပေးနိုင်ဖို့အတွက် သင်နဲ့ သင့်ကြင်ဖော်က ဒီလိုအော့အန်တာကို နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုကာကွယ်ကုသရမလဲဆိုတာ နားလည်နေဖို့ အရေးကြီးလှပါတယ်။   အော့အန်ခြင်း၏ အကြောင်းရင်းများ အော့အန်ခြင်းဟာ အခြားသော ကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်နေပေမယ့် အဖြစ်အများဆုံး အကြောင်းရင်းတွေထဲက အချို့ကတော့… Viral gastroenteritis (အစာအိမ်တုပ်ကွေးလို့လည်းခေါ်ကြပါတယ်) ဟာ ဝမ်းဗိုက်ပိုင်း ကူးစက်ပိုးဝင်ခြင်းဖြစ်ပြီး rotavirus သို့မဟုတ် Contaminated Food တွေမှာတွေ့ရတဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်ရတာပါ။ Gastroeneritis ဟာ ပုံမှန်အားဖြင့် ဝမ်းပျက်ခြင်း၊ အဖျားဝင်ခြင်းနဲ့ စားချင်စိတ်လျော့နည်းခြင်းတွေကိုဖြစ်စေတတ်ပါတယ်။ ဒီကူးစက်ပိုးဝင်ခြင်းဟာ ရက်အနည်းငယ်မှ တစ်ပတ်နှင့်အထက် ကြာနိုင်ပါတယ်။ ခရီးပန်းခြင်း သို့မဟုတ် Motion sickness ဆိုတာ အပျော့စားမှ ပြင်းထန်တဲ့အခြေအနေတွေရောက်နိုင်တဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

စိုးရိမ်ပူပန်တတ်တဲ့ သင့်ကလေးကို ဘယ်လို ဖေးမကူညီမလဲ

ငါတို့ကလေးတွေက သူတို့ ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့၊ ပူပန်ဖို့ ငယ်သေးတယ်၊ မရင့်ကျက်သေးဘူး လို့တွေးတာဟာ မိဘတွေကြားမှာ ဖြစ်လေ့ရှိတဲ့ အထင်မှားမှုတစ်ခုပါ။ ဒါပေမယ့် ကလေးတွေရဲ့ စိုးရိမ်ပူပန်မှုဟာ အမှန်တကယ်ဖြစ်ကြောင်း သိပ္ပံနည်းကျ သက်သေပြပြီးသားပါ။ ဒါကို သတိမထားမိတာ၊ မကုသမိတာမျိုးဆို အချိန်ကြာလာတာနဲ့အမျှ သိသိသာသာ ဆိုးရွားလာပြီး စိတ်မမှန်တော့တဲ့အထိ ပြင်းထန်နိုင်ပါတယ်။   ကလေးတွေမှာဖြစ်တဲ့ စိုးရိမ်ပူပန်မှုဆိုတာ ဘာလဲ။ ကျွန်တော်တို့ သက်တမ်းတစ်လျှောက်မှာ စိုးရိမ်ပူပန်မှုတွေကို ကြုံတွေ့ ဖြတ်သန်းဖူးကြပါတယ်။ ဒါပေမယ့် ဒီပုံမှန် စိုးရိမ်ပူပန်မှုတွေက ယာယီပါ။ အချိန်တစ်ခုကြာရင် ပျောက်ပြယ်သွားမှာပါ။ ကလေးတွေအတွက်ကျတော့ ဒါက ရိုးရှင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါကိုခံစားနေရပြီဆိုရင် အလွန်အမင်း ကြောက်ရွံ့နေမယ်၊ ဖိအားတွေများနေမယ်၊ စိတ်ဓါတ်တွေကျနေမယ်၊ စိတ်ပင်ပန်းမယ်။ သူတို့ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ဖို့ကို ပိတ်ပင်တားဆီးနိုင်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ စိုးရိမ်ပူပန်လွန်မှုဆိုတာ ကျွမ်းကျင်မှန်ကန်တဲ့ ကုသမှုကို လိုအပ်တဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း