ချိစ်က နို့ထွက်ပစ္စည်း တစ်မျိုးဖြစ်ပြီး ကယ်လ်ဆီယမ်၊ ပရိုတင်းနဲ့ အာဟာရဓာတ် များစွာ ပါဝင်နေပါတယ်။ ဒါဆို ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးတွေကို ချိစ်ကျွေးလို့ရလားလို့ မေမေတိုင်း သိချင်နေမယ် ထင်ပါတယ်။
ထွက်မှာ သေချာပြီလား။
ချိစ်က နို့ထွက်ပစ္စည်း တစ်မျိုးဖြစ်ပြီး ကယ်လ်ဆီယမ်၊ ပရိုတင်းနဲ့ အာဟာရဓာတ် များစွာ ပါဝင်နေပါတယ်။ ဒါဆို ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးတွေကို ချိစ်ကျွေးလို့ရလားလို့ မေမေတိုင်း သိချင်နေမယ် ထင်ပါတယ်။
ဒီလို သိချင်နေတဲ့ ကိစ္စလေးကို ဒီ ဆောင်းပါးလေးကနေ အဖြေပေးသွားမှာမို့ အတူတူ ဖတ်ကြည့်ရအောင်လား မေမေတို့ရေ…………
မိဘ တော်တော်များများက ဘေဘီလေးက ဖြည့်စွက်စာ စစားပြီဆိုတဲ့ ၆ လ အရွယ်ကစလို့ ချိစ်ကို စကျွေးချင်ကြပါတယ်။ တကယ်ကတော့ မသင့်တော်သေးပါဘူး။ ၆ လမှာ ကလေးက မိခင်နို့အပြင် ဖြည့်စွက်စာကို စစားပြီဆိုတာ မှန်ပေမယ့် ချိစ်ကျွေးရလောက်တဲ့အထိ အပြည့်အဝ ဖွံ့ဖြိုးပြီလားဆိုတာ အတိအကျ ပြောဖို့ ခက်ပါမယ်။
ဒီလိုပြောရတာက ချိစ်က နို့ထွက်ပစ္စည်း တစ်ခု ဖြစ်နေတာကြောင့်လည်း ပါပါတယ်။ နို့ကနေ ရတဲ့ ပရိုတင်းက အသက် ၁ နှစ်အောက် ကလေးတွေမှာ အစာအိမ် ပြဿနာတွေကို ဖြစ်စေနိုင်လို့ပါ။ နို့သကြားဓာတ် မစုပ်ယူနိုင်တဲ့ ဘေဘီလေးဆိုရင်တော့ ချိစ်ကို မိတ်ဆက်တဲ့အခါ နို့သကြားဓာတ် မပါ( lactos free) ဆိုတာကို ရွေးပေးတာ အကောင်းဆုံး ဖြစ်မှာပါ။
ကလေးကို အကောင်းဆုံးကတော့ ၈ လ ဒါမှမဟုတ် ၁ နှစ်ပြည့်ပြီးမှ ချိစ် စကျွေးသင့်ပါတယ်။ ကျွေးတဲ့အခါမှာလည်း နည်းနည်းချင်း စကျွေးပေးစေချင်ပါတယ်။ ကလေးက မကြိုက်ဘူး။ အန်မယ်။ အစာမကြေ ဖြစ်မယ်ဆိုရင်တော့ ဆက်မကျွေး ပါနဲ့။ အာဟာရ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ကျွေးတာကလည်း နည်းလမ်းကောင်းတစ်ခုပါ။
နောက်တစ်ချက် သတိထားရမှာက သကြား ပါဝင်မှု နည်းပြီး ဘေဘီလေးတွေအတွက် သီးသန့် ထုတ်ထားတာမျိုး ဖြစ်ဖို့ပါ။
ချိစ်က အရသာရှိသလို အာဟာရလည်း ပြည့်ပါတယ်။ ဒီလို အာဟာရ ကြွယ်ဝပြီး ကလေး တော်တော်များများ ကြိုက်ကြတဲ့ ချိစ်ကို ကလေးကို ကျွေးမယ်ဆိုရင် ဘေဘီလေးမှာ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
ဘေဘီလေး တစ်ယောက်ကို ချိစ် ဘယ်လောက် ပမာဏထိပဲ စားသင့်တယ်လို့ အတိအကျ သတ်မှတ်ထားတာ မရှိပါဘူး။ ဘေဘီလေးရဲ့ အသက်အရွယ်ကို လိုက်ပြီးပဲ အဓိက ကွာခြား သွားတာပါ။ ဘေဘီလေးက ၈ လကနေ ၁ နှစ်အတွင်းဆိုရင်တော့ တစ်နေ့ကို ကော်ဖီခွက်ရဲ့ လေးပုံတစ်ပုံစာလောက် စားပေးလို့ ရပါတယ်။
ဒီလိုကနေမာ အသက်ကလေးရလာရင် ခွက်တစ်ဝက်စာ စသဖြင့် ဖြည်းဖြည်းချင်း တိုးကျွေးသွားပါ။ ကလေးကို အလွန်အကျွံ မကျွေးမိစေဖို့လည်း သတိပြု စေချင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Introducing Cheese to Babies https://parenting.firstcry.com/articles/cheese-for-babies-health-benefits-precaution-and-more/ Accessed Date 25 August 2020
Cheese For Babies: When To Introduce, Benefits And Recipes https://www.momjunction.com/articles/yummy-cheese-recipes-for-babies_00117130/ Accessed Date 25 August 2020
When can my baby eat cheese? https://www.babycenter.com/404_when-can-my-baby-eat-cheese_1368504.bc Accessed Date 25 August 2020