သားသားမီးမီးတွေ ဖျားနာမှုကင်းပြီး ကိုယ်ခံအားကောင်းစေဖို့ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 21, 2020 . 2 mins read
Share now

အခုအချိန်ကတော့ တုပ်ကွေးဖျားနာ သိပ်ကိုပေါတဲ့ မိုးရာသီကို ရောက်ရှိနေပါပြီ။ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကပ်ဘေးကလည်း ဆက်လက်ရှိနေဆဲပါ။ ဒီအချိန်မှာပဲ ကလေးတွေရဲ့ စာသင်ကျောင်းတချို့က ပြန်ဖွင့်ဖို့ နီးစပ်လာနေပါပြီ။ ဒီလိုအချိန်မှာ မိဘတိုင်း တွေးပူနေကြတာက မိမိတို့ရဲ့ ကလေးတွေ ဖျားမှာနာမှာကိုပါပဲ။

တုပ်ကွေးနဲ့ ဖျားနာခြင်းတွေ ကင်းဝေးဖို့ဆိုရင် ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး ကျန်းမာသန်စွမ်းနေဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားစနစ်ဟာ သားသားမီးမီးတို့ရဲ့ ရောဂါကာကွယ်နိုင်စွမ်းကို မြှင့်တင်ပေးတာမို့ တော်ရုံဖျားနာဝေဒနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ကလေးတွေ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ဆိုရင် အချက်(၃)ချက်နဲ့ စဉ်းစားဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေကတော့
ရှေ့တန်းခံစစ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ
– ကိုယ်ခံအားဆဲလ်တွေကို ဖွံ့ဖြိုးစေမယ့် အာဟာရတွေ နဲ့
Antibodies ကို ထုတ်လုပ်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ရယ်ပါပဲ။

ရှေ့တန်းခံစစ်က အာဟာရဓာတ်များ

ရှေ့တန်းခံစစ်ဆိုတာ ခန္ဓာကိုယ်ရဲ့ တံခါးပေါက်တွေပါပဲ။ ဥပမာပြောရရင် အသက်ရှူလမ်းကြောင်းနဲ့ အစာခြေစနစ်ပါ။ ဒီလမ်းကြောင်းတွေကနေ ရောဂါပိုးတွေဝင်လာနိုင်လို့ ဒီလမ်းကြောင်းမှာရှိတဲ့ ခုခံအားစနစ်ကို မြှင့်တင်ထားဖို့ လိုတာပေါ့။

ဥပမာအားဖြင့်ပြောရရင် ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် E နဲ့ ဇင့်ဓာတ် (Zinc) တွေဟာ ရှေ့တန်းခုခံအားစနစ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေပါပဲ။

ကျန်းမာတဲ့ အစာခြေစနစ်အတွက်ဆိုရင်တော့ LcFosဆိုတဲ့ ဓာတ်လေးပါ လိုအပ်တာပေါ့။ ဒီအာဟာရဓာတ်တွေကို ရဖို့ဆိုရင် အစေ့အဆန်တွေ၊ အနှံတွေ၊ ကီဝီသီး၊ လိမ္မော်၊ မာလကာ၊ သံပုရာ၊ ကျွဲကော၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီအမျိုးမျိုး၊ ဟင်းနုနွယ်ရွက် စတာတွေကို ကျွေးမွေးလို့ရပါတယ်။

ကိုယ်ခံအားဆဲလ်တွေကို ဖွံ့ဖြိုးစေမယ့် အာဟာရတွေ

ကလေးတစ်ယောက် ကိုယ်ခံအား အားကောင်းနေစေဖို့ဆိုရင် ကိုယ်ခံအားဆဲလ်စ်တွေ (Immune Cells) ပုံမှန်ဖွံ့ဖြိုးတိုးပွားနေဖို့ လိုအပ်ပါတယ်။

Immune Cells တွေ အားကောင်းနေစေဖို့အတွက်ဆိုရင်တော့ ဗီတာမင် A ၊ ဗီတာမင် C ၊ ဗီတာမင် D ၊ ဗီတာမင် B6 ၊ ဗီတာမင် B12 ၊ ဗီတာမင် E ၊ ဇင့် (Zinc) ၊ ဆီလီနီယမ် (Selenium) ၊ ကြေးနီ (Copper) ၊ ဖောလစ်အက်ဆစ် (Folic Acid ) တို့လို အာဟာရဓာတ်တွေက ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

Antibodies ကို ထုတ်လုပ်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ

နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ Antibodies တွေပါပဲ။ Antibodies ကို ထုတ်လုပ်ပေးနိုင်တဲ့ အာဟာရဓာတ်တွေဟာ ကလေးတွေ ကျန်းမာစေဖို့နဲ့ ဖျားနာမှုကင်းဝေးစေဖို့ အရေးပါလှပါတယ်။

ဗီတာမင် A ၊ ဗီတာမင် D ၊ ဗီတာမင် B6 ၊ ဗီတာမင် B12 ၊ ဗီတာမင် E ၊ ဆီလီနီယမ် (Selenium) ၊ ကြေးနီ (Copper) ၊ ဖောလစ်အက်ဆစ် (Folic Acid ) တို့လို အာဟာရဓာတ်တွေက Antibodies တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းအောင် ဘယ်လိုအစားအစာတွေ ကျွေးမွေးကြမလဲ

ဘယ်လို အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးရမလဲဆိုတာကို သိပြီဆိုရင် ဒီအာဟာရဓာတ်တွေ ဘယ်လိုအစားအစာတွေမှာ ပါဝင်နေတယ်ဆိုတာကိုလည်း သိထားဖို့ လိုအပ်ပါတယ်။

ကလေးတွေ ကျောင်းသွားတဲ့အခါ ထမင်းဘူးထည့်ပေးတာကနေစလို့ တစ်နေကုန် စားသောက်တာတွေအထိ အားလုံးကို ကျွေးမွေးစီမံရာမှာ ကိုယ်ခံအားစနစ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ကိုက်ညီတဲ့ အစားအစာတွေကို ချက်ပြုတ်စီမံပေးနိုင်ရင် အကောင်းဆုံးပါပဲ။

ဒီတော ဘယ်လိုအာဟာရဓာတ်တွေကို ဘယ်လိုအစားအစာတွေကနေ ရရှိနိုင်သလဲဆိုတာကိုလည်း သိထားရအောင် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

  • ဗီတာမင် A ပါဝင်သော အစားအစာများ – ပင်လယ်ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ စီရီယယ်၊ နို့၊ လိမ္မော်အပါအဝင် အဝါရောင်ရှိသော အသီးများ၊ ဘရိုကိုလီ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ။
  • ဗီတာမင် C ပါဝင်သော အစားအစာများ – ဘရိုကိုလီ၊ ကညွတ်၊ ဟင်းနုနယ်၊ ဂေါ်ဖီ၊ ငရုတ်သီး၊ အစိမ်းရောင်အရွက်များ၊ အာလူး၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ ကီဝီသီး၊ လိမ္မော်၊ မာလကာ၊ သံပရာ၊ ကျွဲကော။
  • ဗီတာမင် D ပါဝင်သော အစားအစာများ – ပင်လယ်ငါးအမျိုးမျိုး၊ မှို၊ လိမ္မော်၊ ပဲနို့၊ စီရီယယ်၊ ဒိန်ခဲ၊ အမဲအသည်း၊ နို့။
  • ဗီတာမင် B6 ပါဝင်သော အစားအစာများ – ဝက်သား၊ ကြက်သား၊ ကြက်ဆင်သား၊ ငါး၊ ပေါင်မုန့်၊ အစေ့အဆန်နဲ့ အနှံများ၊ ဥအမျိုးမျိုး၊ ပဲပိစပ်။
  • ဗီတာမင် B12 ပါဝင်သော အစားအစာများ – ငါး၊ တိရစ္ဆာန်ထုတ်ကုန်များ၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ။
  • ဗီတာမင် E ပါဝင်သော အစားအစာများ – ဟင်းရွက်ဆီများ၊ အစေ့အဆန်များ၊ အစိမ်းရောင်ရှိသော ဟင်းရွက်များ၊ စီရီယယ်၊ ထောပတ်၊ ဒိန်ခဲ၊ သစ်သီးဖျော်ရည်များ။
  • ဇင့် (Zinc) ပါဝင်သော အစားအစာများ – အစေ့အဆန်များ၊ စီရီယယ်၊ ကမာ၊ အနီရောင်ရှိသော အသားများ၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ။
  • ဆီလီနီယမ် (Selenium) ပါဝင်သော အစားအစာများ – ဘရာဇီးလ်သစ်စေ့၊ ငါး၊ ဝက်ပေါင်ခြောက်၊ ဝက်သား၊ အမဲသား၊ ကြက်ဆင်၊ ကြက်သား၊ ပါစတာ၊ စီရီယယ်၊ ဒိန်ခဲ၊ ဆန်လုံးညို၊ ဥအမျိုးမျိုး၊ နေကြာစေ့၊ မှို၊ အုတ်ခ်ဂျုံ၊ ငှက်ပျောသီး။
  • ကြေးနီ (Copper) ပါဝင်သော အစားအစာများ – အသည်းများ၊ ကလီစာများ၊ ကမာ၊ စပီရူလိုင်းနား၊ မှို၊ အစေ့အဆံများ၊ ပုဇွန်ထုပ်၊ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ အနက်ရောင် ချောကလက်။
  • ဖောလစ်အက်ဆစ် (Folic Acid) ပါဝင်သော အစားအစာများ – ဘရိုကိုလီ၊ ကညွတ်၊ အသည်းအမျိုးမျိုး၊ အစိမ်းရောင်ရှိသော ဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ စီရီယယ်။

ဒီလိုအစားအစာတွေကနေတဆင့် အာဟာရဓာတ်တွေ ဖြည့်တင်းပေးပြီး သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ကာ ရောဂါပိုးမွှားတွေအန္တရာယ်ကနေကာကွယ်ပေးကြပါစို့နော်…။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုတာကို ကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားနေရနိုင်ပါတယ်။ ဒီအခြေအနေတွေကိူ အကောင်းဆုံး ကျော်လွှားဖို့ ဆိုရင်.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ သက်သာစေဖို့ လုပ်ပေးသင့်တဲ့လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်းနဲ့ကြွက်သားပြေလျော့စေမယ့်လေ့ကျင့်ခန်းပါ။

ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 11, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read