ကလေးများအတွက် သကြားရဲ့ဆိုးကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 7, 2020 . 2 mins read
Share now

ကလေးတွေအတွက် သကြားလုံးဆိုတာ ဆုလာဘ်ပါပဲ။ ငယ်ငယ်တည်းက ကလေး ကောင်းတာတစ်ခုခုလုပ်တိုင်း တော်လိုက်တာဆိုပြီး ချီးကျူးပြီး သကြားလုံးတွေ ဆုချတတ်ကြပါတယ်။ ဒါတွေက နောက်ပိုင်းမှာ အကျင့်ဖြစ်လာပြီး ကလေးက သကြားလုံးကို စွဲလမ်းလာပါတယ်။ ဒါတင်မကသေးပါဘူး။ သကြားလုံးကနေတဆင့် အချိုပါတဲ့ အစားအစာတွေကို ခုံမင်လာပါတယ်။ တစ်နည်းအားဖြင့် သကြားဓာတ်ပါတဲ့ အစားအစာတွေကို ပိုစားလာပါတယ်။ အဲ့ဒီတော့မှ မိဘတွေအနေနဲ့ ကလေးကို  ဒီအတိုင်းဆက်ကျွေးရင် ဘာဖြစ်လာမှာလဲဆိုပြီး စိုးရိမ်လာပါတယ်။ ဒါဆိုရင် ကလေးများအတွက် သကြားရဲ့ဆိုးကျိုးများ က ဘာလဲ။ ကလေးတွေ အတွက် သကြားဓာတ်များတဲ့ အစားအစာတွေကဘာလဲ။ သကြားအစားထိုးဘာကျွေးကြမလဲဆိုတာကို ဆက်ကြည့်ရအောင်။

ကလေးများအတွက် သကြား၏ဆိုးကျိုးများ

သကြားစွဲလမ်းမှု

အချိုတွေအစားများရာကနေ ‘သကြားစွဲလမ်းမှု’ဆိုတဲ့ ‌ရောဂါဖြစ်လာပါတယ်။ ဒီရောဂါက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။ စွဲလမ်းမှုဖြစ်တဲ့အတွက် ရုတ်တရက်သကြားကို ဖြတ်လိုက်ရင် စိတ်တိုစိတ်ဆတ်တာ၊ ကတုန်ကရင်ဖြစ်တာ၊ ဂနာမငြိမ်ဖြစ်တာ၊ နုံးတာ စတာတွေဖြစ်လာပါတယ်။

() စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ

  • မှတ်ဉာဏ် -သကြားဓာတ်လွန်ကဲတာက ခန္ဓာကိုယ်တစ်ခုလုံးကို ဒုက္ခပေးတတ်ပါတယ်။ သွေးထဲမှာ သကြားဓာတ်မြင့်တက်လာရင် ဦးနှောက်ထိခိုက်ပြီး မှတ်ဉာဏ်ထိခိုက်နိုင်ပါတယ်။ မှတ်ဉာဏ်အားနည်းတာ၊ အာရုံစူးစိုက်မှုမကောင်းတာ ဖြစ်တတ်ပါတယ်။
  • စိတ်ခံစားမှု -သွေးထဲမှာ သကြားဓာတ်များရင် စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းနည်းသွားပါတယ်။ စိတ်ကျတာ၊ ဝမ်းနည်းတတ်တာ၊ စိတ်ရှုပ်ထွေးတာ၊ ကလန်ကဆန်လုပ်တာ စတာတွေဖြစ်တတ်ပါတယ်။
  • ဂနာမငြိမ်ဖြစ်တာ -အချိုဓာတ်များတာက ADHD (အတက်ကြွလွန်ရောဂါ) ဖြစ်တာနဲ့ တိုက်ရိုက်မဆိုင်ပါဘူး။ ဒါပေမယ့် သကြားဓာတ်များရင် ADHDရဲ့ လက္ခဏာပိုဆိုးစေတယ်လို့တော့ ဆိုပါတယ်။

) ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ

  • အာဟာရချို့တဲ့ခြင်း -အချိုစားများတဲ့ကလေးတွေက အဝလွန်တယ်ဆိုတာ သိပေမယ့် အာဟာရချို့တဲ့နိုင်တယ်ဆိုတာကိုရော သိပြီးပြီလား။ အချိုစားတဲ့ကလေးတွေက ဝနေတာ‌‌ကြောင့် အာဟာရပြည့်နေတယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ သကြားမှာက ကယ်လ်လိုရီကလွဲပြီး ဘာမှမပါပါဘူး။ ကလေးတစ်ယောက် ကြီးထွားဖို့ လိုအပ်တဲ့ အသားဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ဘာမှမပါတဲ့အတွက် ကြာလာရင် အာဟာရချို့တဲ့လာပါမယ်။ ဒါ့ပြင် အချိုပါတဲ့ အစားအစာတွေစားပြီး ဗိုက်ပြည့်သွားတဲ့အတွက် တခြားအာဟာရဖြစ်တာတွေ မစားနိုင်တော့ပါဘူး။
  • အဝလွန်ခြင်း -ငယ်ငယ်တည်းက အချိုစားများတဲ့ကလေးတွေက အဝလွန်နိုင်ချေရှိပါတယ်။ အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ခံစားရတတ်ပါတယ်။ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်ပျက်စီးတဲ့ရောဂါတွေလည်း  ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်တတ်ပါတယ်။
  • သွားပိုးစားခြင်း – အချိုတွေအစားများလွန်းတာကြောင့်လည်း သွားပိုးစားတာ၊ သွားပိုးပေါက်တွေဖြစ်တတ်ပါတယ်။ ကလေးတွေအနေနဲ့ ခဏခဏသကြားလုံးစားတာ၊ စုပ်လုံးငုံတာ၊ အချိုရည်တွေသောက်တာက သွားတွေကို ထိခိုက်စေပါတယ်။ သွားပိုးပေါက်တွေကို မကုဘဲထားရင် ကြာလာတဲ့အခါ ရေစီးကမ်းပြိုတာ၊ သွားကျွတ်ထွက်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။

ကလေးတွေသကြားဓာတ်ကို ဘယ်ကရနေလဲ။

ကလေးတွေနေ့စဥ်စားနေတဲ့ အစားအစာတွေထဲမှာ ကိုယ်မသိလိုက်ဘဲ သကြားဓာတ်တွေအများကြီးပါနေတတ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင်

  • အသင့်စားcerealတွေ
  • အချိုဓာတ်ပါတဲ့ ပေါင်မုန့်တွေ
  • အချိုရည်တွေ
  • အချိုကဲထားတဲ့ နို့တွေ
  • ကိတ်မုန့်တွေ
  • သကြားလုံးတွေ
  • ဒိန်ချဥ်တွေ
  • ကော်ဖီ၊ လက်ဖက်ရည်
  • အသင့်စားအစားအစာတွေပဲဖြစ်ပါတယ်။ ဒါတွေက ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အတွက်‌ရှောင်ကြဥ်ပြီး သကြားဓာတ်နည်းတဲ့ အစားအစာတွေကို အစားထိုးကျွေးသင့်ပါတယ်။

ဘာလို့သကြားဓာတ်နည်းတဲ့ အစားအစာတွေကို ရွေးသင့်တာလဲ။

သကြားဓာတ်နည်းတဲ့ အစားအစာတွေက ဆန့်ကျင်ဘက်အားဖြင့် ကောင်းကျိုးကို ပေးပါတယ်။ ဥပမာပြောရရင်

-မကြာခဏဖျားနာတာကို လျော့နည်းစေပါတယ်။

-အဆာခံပါတယ်။

-မှတ်ဉာဏ်ကို ‌ကောင်းစေပါတယ်။

-ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။

သွားကျန်းမာရေးကို ကောင်းစေပါတယ်။

Take home message

ခုလောက်ဆိုရင် သကြားက ကလေးအတွက် ဘယ်လိုဆိုးကျိုးတွေပေးတယ်ဆိုတာ သိလောက်ပါပြီ။ ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးပါ ထိခိုက်နိုင်တဲ့အတွက် ချင့်ချိန်ပြီး ကျွေးသင့်ပါတယ်။ ငယ်ငယ်တည်းက အချိုကြိုက်တဲ့ ကလေးဟာ ကြီးလာရင် ပိုကြိုက်ပြီး ဖြတ်ရခက်တတ်ပါတယ်။ အဲ့ဒီအခါ မလိုအပ်ဘဲ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကလေးကို တကယ်ချစ်တယ်ဆိုရင် သကြားလုံးပေးပြီး ဆုမချပါနဲ့တော့။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မာလာရှမ်းကောက ဘာလို့ စွဲလမ်းစရာဖြစ်နေတာလဲ

မာလာရှမ်းကော ကို ပူလိုက်တာ စပ်လိုက်တာဆိုတဲ့ စကားတွေနောက်မှာ လျှာကိုတဟူးဟူး မှုတ်ရင်း မကုန်မချင်းစားမိသွားတတ်ကြတာ လူတိုင်းနီးပါးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကလေးထိန်း ပြီး ဝိတ်ချမလား

မိခင်တစ်ယောက်ဟာ သာမန် ပေါ့ပေါ့ပါးပါး ကလေးထိန်း တဲ့ လုပ်ငန်းဆောင်တာတွေကြောင့် တစ်နေ့ကို ကယ်လိုရီ ၁၄၄-၂၀၀ ဝန်းကျင်လောက် လောင်ကျွမ်းနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲ

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲဆိုတာ သိပြီးရဲ့လား။ မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးကို အတူတူဖတ်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ

Diet ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာကို ဆိုလိုတာပါ။ အစားရှောင်ခိုင်းတာမဟုတ်မဟုတ်ပါဘူး။ Diet လို့ ခေါင်းစဉ်တပ်ပြီး မိနေတဲ့ ချင်းတွေအများကြီးပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read
မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
Aphantasia (သို့မဟုတ်) စိတ်မျက်စိကွယ်ခြင်း

Aphantasia (သို့မဟုတ်) စိတ်မျက်စိကွယ်ခြင်း

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read