ဘေဘီလေးတွေကို ပေးကလိုက်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 7, 2020 . 2 mins read
Share now

လမ်းလျှောက်တတ်စ သားသားမီးမီးလေးတွေ သီချင်းသံ ကြားတဲ့အခါ လှုပ်စိလှုပ်စိ လိုက်ကတာလေးက တော်တော်လေး ချစ်ဖို့ ကောင်းပါတယ်။ ဒီလို ကနေတဲ့အခါ ဖေဖေမေမေတို့က ဟန့်တာ၊ လှောင်တာမျိုး မလုပ်ဘဲ လက်ခုပ်လေးတီးလို့ အားပေးလိုက်ပါ။ ကတာက ဘေဘီလေးရဲ့ ရုပ်ပိုင်း ဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်လို့ပါ။

ဘေဘီလေးတွေကို ပေးကပါလို့ ပြောရတဲ့ အကြောင်းအရင်း

သီချင်းသံ မြူးမြူးလေးနဲ့ ဘေဘီလေးက လိုက်ကတဲ့အခါ

ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေတယ်

ကလေးအရွယ်ကတည်းက ယုံကြည်မှုရှိအောင် လုပ်ပေးမှ အသက်ကြီးလာတဲ့အခါ ရဲရင့်ပြီး ယုံကြည်မှု ပြည့်ဝတဲ့သူအဖြစ် ကြီးပြင်းလာမှာပါ။ ဒီနေ့ခေတ်မျာ အောင်မြင်ဖို့ဆိုရင် ဘေဘီလေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ လိုပါမယ်။ ဒါကြောင့် ဘေဘီလေးကို ယုံကြည်မှု ပြည့်ဝစေဖို့ ပေးကလိုက်ပါ။

ဒီလို လွတ်လွတ်လပ်လပ် ပေးကတာက တစ်နေ့ထက်တစ်နေ့ ဘေဘီလေးကို ယုံကြည်မှု တိုးလာစေမှာပါ။

ပေါင်းသင်းဆက်ဆံရေး ကောင်းစေတယ်

ဘေဘီလေးကို အက သင်ပေးတာက ပေါင်းသင်းဆက်ဆံရေး ကောင်းစေဖို့ အားဖြည့်ပေးတာပါပဲ။ ကလေးက ကတဲ့အခါ အခြားသူတွေနဲ့ တွဲဖက် လုပ်ဆောင်မှု သဘောတရားကို ငယ်ငယ်ကတည်းက နားလည်လာပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းသူ အဖြစ် ကြီးပြင်းလာမှာပါ။

ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေတယ်

ဘေဘီလေးဟာ ကတဲ့အခါ ခန္ဓာကိုယ်ကို လှုပ်ရမ်းရတဲ့အတွက် ခန္ဓာကိုယ်က ကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်ပေးပြီးသား ဖြစ်ပြီး ကြွက်သားနဲ့ အရိုးတွေ ဖွံ့ဖြိုး သန်မာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ ကတာက ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှု ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။

အကြားအာရုံ ကောင်းစေတယ်

သီချင်း စည်းချက်ကို အာရုံစိုက် နားထောင်ပြိး ကရတာဖြစ်တာကြောင့် သီချင်းမြူးမြူးလေးနဲ့ ပေးကတာက ဘေဘီလေးကို အကြားအာရုံ ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

ကိုယ်နေဟန်ထား မှန်ကန်စေတယ်

ဘေဘီလေးက အက ဗီဒီယိုလေးကို ကြည့်ရင်း လိုက်ကမယ်ဆိုရင် ကိုယ်နေဟန်ထား မှန်ကန်လာမှာပါ။ လမ်းလျှောက်တာက စလို့ နေပုံထိုင်ပုံအဆုံး ကိုယ်နေဟန်ထား မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင် လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို စမတ်ကျစေပြီး ကိုယ်နေဟန်ထား မှန်စေချင်ရင် ငယ်ငယ်ကတည်းက ကတာကို မတားပါနဲ့။

သင်ယူနိုင်စွမ်း တိုးစေတယ်

ကတဲ့အခါ သီချင်း စာသား၊ သံစဉ် ကစလို့ ကိုယ်နေဟန်ထား ဘယ်လို နေရမလဲ ဆိုတာကို လိုက်မှတ် ရပါတယ်။ ဒီလို လိုက်မှတ်တာက ဘေဘီလေးရဲ့ မှတ်သားသင်ယူနိုင်စွမ်းကို တိုးစေဖို့ အစပျိုးပေးတာပါပဲ။ ဒီလို ငယ်ငယ်ကတည်းက အလေ့အကျင့် လုပ်ပေးတာက ဘေဘီလေးရဲ့ သင်ယူနိုင်စွမ်းကို တိုးလာစေမှာပါ။

ပျော်ရွှင်တက်ကြွစေတယ်

ကတာက ဘေဘီလေးကို စိတ်ရော ကိုယ်ပါ ကျန်းမာစေပြီး ပျော်ရွှင် တက်ကြွစေဖို့ ထောက်ပံ့ ပေးပါတယ်။ တက်ကြွ လန်းဆန်းနေမှုက ဘေဘီလေးကို ဉာဏ်ကောင်းစေဖို့လည်း ထောက်ပံ့ ပေးနိုင်ပါသေးတယ်။ အကောင်းမြင်စိတ် တိုးစေပြီး ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက် အဖြစ် ကြီးပြင်း လာစေမှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ခေါင်းကိုက်တာကြောင့် ပျော်ရွှင်စရာ အချိန်တွေကို မထိခိုက်ပါစေနဲ့။

ခေါင်းကိုက်တာကဆေးခန်းပြလောက်အောင်မပြင်းထန်ပေမယ့်နေ့စဉ်ဘဝကိုအတော်လေးထိခိုက်စေတယ်။ ခေါင်းကိုက်ရင် အတော်ခံရခက်ပါတယ်။ အာရုံစိုက်ဖို့ ခက်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ။

ကျောက်ကပ်ထိခိုက်လို့ကျောက်ကပ်ဆေးနေရတယ်ဆိုရင်အနေအထိုင်အစားအသောက် အတော်လေးဂရုစိုက်ရတာပါ။ကျောက်ကပ်ဆေးနေရတဲ့ဖိုးဖိုးဖွားဖွားတွေကျန်းမာနေစေဖို့ဘာတွေဂရုစိုက်ရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင် မေမေ အသားအရေ လှစေဖို့ ဒါတွေ စားဖို့ မမေ့နဲ့နော်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် အသားအရေ ပြောင်းလဲနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း အသားအရေလေး လှမြဲတိုင်း လှနေစေဖို့ ဘာတွေစားရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဗီတာမင် PP ကြွယ်ဝတဲ့ အစားအစာတွေက ဘာတွေလဲ။

ခန္ဓာကိုယ်အတွက် ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း အနေနဲ့ ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးနေတာပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

Stay Home ကာလမှာ ထပ်ပြီးဝိတ်တက်လာမှာ စိုးရိမ်နေရပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 2 mins read
ငရုတ်သီးက ကိုဗစ် ကာကွယ်သတဲ့လား။

ငရုတ်သီးက ကိုဗစ် ကာကွယ်သတဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 1 min read
စိတ်ဓာတ်ကျနေသလား၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ

စိတ်ဓာတ်ကျနေသလား၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read
အဆုတ်ကျန်းမာစေဖို့ နေ့စဉ် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်း ၄ မျိုး

အဆုတ်ကျန်းမာစေဖို့ နေ့စဉ် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်း ၄ မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read