ဘေဘီလေး တစ်ယောက် ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အာဟာရဓာတ်တွေ ပြည့်ဝနေဖို့ လိုပါမယ်။ ဒီ အာဟာရဓာတ်ဆိုတဲ့နေရာမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ အချိုးကျ ပါဝင်နေတာကို ဆိုလိုတာပါ။
ဘေဘီလေး တစ်ယောက် ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အာဟာရဓာတ်တွေ ပြည့်ဝနေဖို့ လိုပါမယ်။ ဒီ အာဟာရဓာတ်ဆိုတဲ့နေရာမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ အချိုးကျ ပါဝင်နေတာကို ဆိုလိုတာပါ။
ဗီတာမင်တွေထဲမှာ ကလေးကို ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် မဖြစ်မနေ ဖြည့်ဆည်းပေးဖို့ လိုမယ့် ဗီတာမင်က ကိုယ်ခံအား ဗီတာမင်လို့ သိထားကြတဲ့ ဗီတာမင် C ပါ။ ဖျားနေတယ်ဆိုရင် မြန်မြန်နေကောင်းအောင်ဆိုပြီး ဖြစ်ဖြစ် ဖျားချင်သလိုလို ဖြစ်နေတယ်ဆိုရင် ကိုယ်ခံအားကောင်းအောင်ဆိုပြီး စားသုံးတတ်ကြတဲ့ ဗီတာမင် C က ဘေဘီလေးတွေ ကိုယ်ခံအားကောင်းစေဖို့အတွက်လည်း လိုအပ်ပါတယ်။
ကျန်းမာရေး အကျိုးကျေးဇူး များပြီး ကလေးကို ကျန်းမာ ဖွံ့ဖြိုးစေဖို့ထောက်ပံ့ပေးတဲ့နေရာမှာ ဗီတာမင် C က အတော်လေး အရေးပါပါတယ်။ ဒီတော့ ဘေဘီလေးကို ဗီတာမင် C လုံလောက်စေဖို့ အသက်အရွယ်အလိုက် ဘယ်လောက်ပမာဏ ဖြည့်ဆည်းပေးသင့်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
ဗီတာမင် C က ascorbic acid တစ်မျိုးပါ။ ချဉ်တဲ့ အသီးအနှံတွေ၊ ပန်းသီး၊ ဘယ်ရီသီး၊ အာလူး၊ ငရုတ်ပွ စတာတွေမှာ ဗီတာမင် C ပါဝင်နေပါတယ်။
ဗီတာမင် C က ဘေဘီလေးကို အခုလို ထောက်ကူပးပါတယ်။
ဗီတာမင် C က ဓာတ်တိုးပစ္စည်းတစ်ရပ် ဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ကျန်းမာစေတယ်။ ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးတယ်။ ဖွံ့ဖြိုးဆဲ ဘေဘီလေးရဲ့ ကိုယ်ခံအားကိုအကောင်းဆုံး အားဖြည့်ပေးပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ ထောက်ကူပေးပါတယ်။
ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးရဲ့ ခန္ဓာကိုယ်က ဗီတာမင် C ကို ကိုယ်တိုင် မထုတ်နိုင်ပါဘူး။ ဒါကြောင့် မိဘတွေက ဘေဘီလေးကို ဗီတာမင် C ပြည့်ဝအောင်ကျွေးမွေးဖို့လိုပါမယ်။
ဒီတော့ ဘေဘီလေးက ကိုယ်ခံအားကောင်းဖို့ဆိုရင် နေ့စဉ် ဗီတာမင် C ပြည့်ဝနေဖို့လိုပါမယ်။ ဒီတော့ ဘေဘီလေးကို အသက်အရွယ်အလိုက် ဗီတာမင် C လိုအပ်ချက်ကို ပြည့်ဝစွာ ဖြည့်ပေးဖို့ဆိုရင် ဒီပမာဏလေးတွေအတိုင်း ဖြည့်ပေးလိုက်ပါ။
မွေးစကနေ ၆ အထိမှာ မေမေ့နို့ကနေ တဆင့် လိုအပ်တဲ့ ဗီတာမင် C ကို ရယူမှာဖြစ်တာကြောင့် နို့တိုက်မေမေ အနေနဲ့ ဗီတာမင် C ကို ပြည့်ဝစွာ စားသုံးဖို့လိုပါမယ်။ ဒီလိုကနေ အရွယ်ရောက်လာပြီဆိုရင်တော့ ဘေဘီလေးကို
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။