ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ

ကလေးလေးတွေက လူကြီးတွေလိုပဲ ချွေးထွက်တတ်ပါတယ်။ လူကြီးတွေနဲ့ မတူတာက သူတို့က ချွေးထွက်တဲ့အခါ လူကြီးတွေလိုမျိုး ‌ချွေးသုတ်တာ၊ ချွေးမထွက်အောင်နေတာမျိုးတွေ မလုပ်တတ်ကြပါဘူး။ ဒါကြောင့် ချွေးစားပြီး အရေပြားပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ကလေးအသားအရေ ချွေးမစားစေဖို့ မေမေတို့က ဒီလိုကူညီပေးလို့ရပါတယ်။ ကလေးတွေမှာ ချွေးထွက်များရတဲ့ အကြောင်းရင်း ချွေးထွက်တယ်ဆိုတာက ခန္ဓာကိုယ်အပူချိန်ကိုထိန်းနည်း တစ်မျိုးပါပဲ။ ကလေးလေးတွေက ပြင်ပအပူချိန်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားနေရတဲ့အတွက် လူကြီးတွေထက်စာရင် ချွေးပိုထွက်နိုင်ပါတယ်။ ကလေးတွေမှာ ချွေးထွက်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပေမယ့် အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ ရာသီဥတုပူတာ ကလေးကို အနှီးတွေ၊ အဝတ်တွေနဲ့ အထပ်ထပ် ထုပ်ထားတာ ဖျားတာ အစာစားချိန်၊ နို့စို့ချိန်မှာ ချွေးထွက်တာ အိပ်နေချိန်မှာ ချွေးထွက်တာ မျိုးဗီဇ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက အဖြစ်များတဲ့ အကြောင်းရင်းတွေဖြစ်ပြီး ရောဂါတွေ (ဥပမာ မွေးရာပါ နှလုံးရောဂါ၊ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပထမနှစ်

33 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သင့်ကလေးသည် ယခု အသက် ၈လရှိပြီ ဖြစ်ပြီး မတ်တပ်ရပ်သည့်အခါ၊ သို့မဟုတ် သင့်အသံကြားရာဘက်သို့လှည့်သည့်အခါ သို့မဟုတ် တစ်ခုခု ကို ပြုတ်ကျသဖြင့် ကောက်သည့်အခါ သူ၏ အလေးချိန်ကို ကိုယ့်ဘာသာထိန်းနိုင်သင့်ပြီဖြစ်သည်။ သင့်ကလေးသည် ယခုအခါ တိုက်မိခြင်းနှင့် လဲကျခြင်းတို့ကဲ့သို့သော လှုပ်ရှားမှုအသစ်များ ဖြစ်ပါလိမ့်မည်။ ထိုအရာများသည် ရှောင်လွှဲမရသော အရာများဖြစ်ပြီး သင့်ကို ထိတ်လန့်စေနိုင်သော်လည်း သင့်ကလေး၏ ပတ်ဝန်းကျင်ကို စူးစမ်းသည်များကို စောင့်ကြည့်ပြီး သူ၏ လုပ်နိုင်စွမ်းကို သိအောင်လုပ်ပါ။ ၈လ၏ ပထမပတ်တွင် သင့်ကလေးသည်- • မြှောက်ထားသည့်အခါ ခြေထောက်တွင် အလေးချိန်အချို့ကို ခံနိုင်ရည်ရှိသည်။ • မုန့်များကိ ုသူ့ဘာသာစားနိုင်သည်။ • လက်ချောင်းများဖြင့် ပစ္စည်းများကို ကိုင်နိုင်ပြီး ကောက်ယူနိုင်သည်။ • အသံလာရာသို့လှည့်နိုင်သည်။ • ပြုတ်ကျသွားသော ပစ္စည်းများကို ကောက်ယူနိုင်သည်။ ကလေးကို မည်သို့ ကူညီသင့်ပါသလဲ။ သင့်ကလေးကို ကာကွယ်ရမည်ဆိုသော်လည်း […]


ကလေးငယ်ပထမနှစ်

22 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သင့်ကလေးသည် လူစိမ်းများကို ကြောက်ခြင်းကဲ့သို့သော စိတ်ခံစားမှုကို စတင်ပြသတတ်လာသည်။ ကလေးသည် သင်နှင့် ပိုမိုနီးကပ်လာနိုင်ပြီး လူစိမ်းများကြားတွင် နေသည့်အခါ စိတ်ပူပန်နေတတ်ပြီး သူ့ကို လူစိမ်းတစ်ယောက်မှ ထိကိုင်လိုက်လျှင် ငိုလိုက်နိုင်သည်။ လူစိမ်းများကို ကြောက်ခြင်းသည် သင့်ကလေးကို လူစိမ်းများနှင့် မတွေ့ဖူးဟု မဆိုလိုပါ။ သင့်ကလေးကို မိသားစုဝင်များအပြင် အခြားလူများနှင့် တွေ့ဆုံပေးခြင်းသည် ကလေးအတွက် ကောင်းသည်။ ကလေးအတွက် အရေးကြီးသော ဖွ့ွံဖြိုးတိုးတက်မှုများကို ဖြတ်ကျော်နေစဉ် သင့်၏ နားလည်မှုနှင့် စိတ်ရှည်မှုကို လိုအပ်သည်ကို သတိရပါ။ ၂၂ ပတ်တွင် သင့်ကလေးသည်- • ဦးတည်ရာတစ်ဖက်သို့ လိမ့်တတ်သည်။ • ခြေထောက်က ကိုယ်အလေးချိန်ကို ခံနိုင်လာသည် • ဗျည်းနှင့် သရသံများကို တွဲပြောတတ်လာသည်။ • ရယ်ရွှင်သံများ (အာလုပ်သံများ) ထွက်လာသည်။ • အသံလာရာသို့ လှည့်သွားတတ်သည်။   ကလေးကို မည်ကဲ့သို့ ကူညီထောက်ပံ့ပေးနိုင်ပါသနည်း။ ကလေးကို […]


ကလေးငယ်ပထမနှစ်

23 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သင့်ကလေးသည် ရွေ့လျားနေသော အရာများနောက်ကို လိုက်ခြင်းနှင့် ပစ္စည်းအသေးများကို တွေ့ရှိတတ်ခြင်းတို့ တိုးတက်လာပါလိမ့်မည်။ ယခုအရွယ်တွင် ပစ္စည်းများကို တစ်စိတ်တစ်ပိုင်းသာတွေ့ရလျှင်လည်း မှတ်မိတတ်သည်။ စောင်အောက်ရှိ သူ၏ ကစားစရာကို ရှာတွေ့တတ်သည်။ ထိုအရာသည် နောက်လအနည်းငယ်တွင် သူကစားနိုင်မည့် တူတူပုန်းတမ်း၏ အခြေခံဖြစ်သည်။ သင်သူ့ကို ချီထားချိန်တွင် အနားရှိပစ္စည်းတစ်ခုခုကို လှမ်းယူနိုင်ပြီး တစ်ခုရလျှင် နောက်တစ်ခုရဖို့ ထပ်ကြိုးစားသည်ကို သင်သတိပြုမိလိမ့်မည်။ ၂၃ ပတ်တွင် သင့်ကလေးသည် - • အထောက်အကူမပါဘဲ ထိုင်နိုင်သည်။ • အလွန်သေးသောပစ္စည်းကို ရှာတွေ့နိင်ပြီး ရွေ့နေသော ပစ္စည်းများနောက်သို့ လိုက်နိုင်သည်။ • စောင်အောက်တွင် သူကြိုက်သော ပစ္စည်းကို ရှာနိုင်သကဲ့သို့ ပစ္စည်းများကို တစ်ပိုင်းတစ်စမြင်ရုံနှင့် မှတ်မိတတ်သည်။ • သူ့အနားရှိ ပစ္စည်းများကို လက်လှမ်းယူနိုင်သည်။ ကလေးကို မည်ကဲ့သို့ ကူညီထောက်ပံ့ပေးနိုင်ပါသနည်း။ ၂၃ ပတ်တွင် ကလေးသည် အရောင်များကို သိစပြုလာသည်။ […]


ကလေးငယ်ပထမနှစ်

24 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သင့်ကလေးသည် ယခုလောကကြီးကို သင်မြင်သကဲ့သို့ ပင်မြင်ပြီး၊သင်ကြားသကဲ့သို့ပင်ကြားသည်။ သူ၏ ပြောဆိုဆက်သွယ်သည့်စွမ်းရည်သည်လည်း လျင်မြန်စွာတိုးတက်လာသည်။ သူ၏ အသံသည် ပျော်ရွှင်ခြင်း၊ စိတ်အားထက်သန်ခြင်း နှင့် စိတ်ကျေနပ်မှုရှိခြင်းတို့ကဲ့သို့သော အရာဝတ္ထုများအပေါ် သူ၏ အမြင်နှင့်တုံ့ပြန်မှုကို ဖော်ပြနိုင်သည်။ ငါးလ၏ နောက်ဆုံးပတ်တွင် သင့်ကလေးသည်- • ထိုင်နေရာမှ ထထိုင်ရန် ထူမနိုင်သည်။ • တစ်စုံတစ်ယောက်ကို ကိုင်ရင်း မတ်တပ်ရပ်နိုင်သည်။ • သူနှင့်အလှမ်းဝေးနေသော အရုပ်ကို ရအောင်ယူနိုင်သည်။ • လက်လှမ်းမမီသော အရုပ်ကို ရအောင် ကြိုးစားသည်။ • လက်တစ်ဖက်မှ တစ်ဖက်သို့ ပစ္စည်းများလွှဲပြောင်းယူသည်။ • ပြုတ်ကျသော ပစ္စည်းကို ကောက်ယူနိုင်သည်။ • လူကြီးများကဲ့သို့ပင် မြင်နိုင်ကြားနိုင်သည်။ • ဗျည်းနှင့် သရသံများကို ပေါင်းပြီး ပါပါ၊ မာမာ၊ ဒါဒါ ကဲ့သို့သော အသံများထွက်နိုင်သည်။ ကလေးကို မည်ကဲ့သို့ ကူညီထောက်ပံ့ပေးနိုင်ပါသနည်း။ သင့်ကလေးကို စကားပြောခြင်း၊ စကားလုံးများကိုသုံးသည့် ကစာနည်းများ […]


ကလေးငယ်ပထမနှစ်

25 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သင့်ကလေးသည် ယခု အသက် ၆လပြည့်ပြီးဖြစ်သည်။ ယခုအချိန်သည် ပထမဆုံးအသက်တစ်နှစ်၏ တစ်ဝက်တိတိချိန်လည်းဖြစ်သည်။ သင့်ကလေးနှင့် နေရချိန်များသည် တန်ဖိုးရှိပြီး ၎င်းအချိန်များသည် အလျင်အမြန်ကုန်ဆုံးသွားပါလိမ့်မည်ဖြစ်သောကြောင့် ထိုအချိန်တိုင်းကို တန်ဖိုးထားသင့်သည်။ ခြောက်လမြောက်၏ ပထမဆုံးအပတ်တွင် သင့်ကလေးသည် - • ထိုင်နေသည့်အခါ ခေါင်းကို မတ်မတ်ထားနိုင်သည်။ • ဗျည်းသံ ၊သရသံ အတွဲစကားလုံးအချို့ကို ပြောနိုင်သည်။ ကလေး ကို မည်သို့ ကူညီထောက်ပံ့နိုင်ပါသလဲ။ သင့်ကလေး ပို၍ တက်ကြွလှုပ်ရှားတတ်လာသောအခါ ကလေးကို သက်တောင့်သက်သာဖြစ်စေရန် ဝတ်ဆင်ပေးသင့်သည်။ သင့်ကလေး လှုပ်ရှားသောအခါ ပွတ်ရှခြင်းမရှိစေသော နူးညံ့သောအဝတ်အစားများကို ရွေးချယ်ပါ။ ချောင်ချိလွတ်လပ်သော အဝတ်အစားများကို ဝတ်ဆင်ပေးခြင်းဖြင့် သင့်ကလေးသည် အပြည့်အ၀ လှုပ်ရှားကစားစေနိုင်ပါသည်။ ကလေးကို ကြမ်းတမ်းသောအစများ၊ယားစေသောအစများကို ဝတ်ပေးခြင်း၊ ဝတ်ဆင်ရရှုပ်ထွေးသောအဝတ်များကို ဝတ်ပေးခြင်းသည် ကလေးကို အိပ်ချိန်၊ ကစားချိန်များတွင် မသက်မသာဖြစ်စေသည့်အတွက် ရှောင်ကြဉ်ပါ။ ကလေးသည် […]


ကလေးငယ်ပထမနှစ်

26 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ခါက်လမြောက်၏ ဒုတိယပတ်တွင် သင့်ကလေးသည် - • မြှောက်ချီထားလျှင် ခြေထောက်တွင် အလေးချိန်ကို ခံနိုင်သည်။ • အထောက်အကူမပါဘဲထိုင်နိုင်သည်။ • အသံလာရာသို့လှည့်သွားနိုင်သည်။ • ရယ်မောသံများကို ဖန်တီးနိုင်သည်။ ကလေး ကို မည်သို့ ကူညီထောက်ပံ့နိုင်ပါသလဲ။ သင့်ကလေးသည် လက်တစ်ဖက် အသုံးပြုပြီး ခဏကြာလျှင် အခြားတစ်ဖက်ကို ပြောင်းသုံးရသည်ကို နှစ်သက်လိမ့်မည်။ သို့သော် ကလေးအသက် သုံးလေးနှစ်ရောက်သည်အထိ ဘယ်သန်၊ ညာသန်ကို အသေအချာ ခွဲခြားနိုင်လိမ့်မည်မဟုတ်ပါ။ သင့်ကလေး၏ ဘယ်သန်၊ညာသန်ဖြစ်ခြင်းကို ပြောင်းလဲရန်မကြိုးစားပါနှင့်။ ၎င်းသည် မွေးရာပါဖြစ်သည်။ အတင်းအကြပ်ပြောင်းလဲခြင်းသည် ကလေးအတွက် စိတ်ရှုပ်ထွေးစေပြီး လက်နှင့်မျက်လုံး၏ ဆက်သွယ်မှုကို အခက်အခဲဖြစ်စေသောကြောင့် စာရေးခြင်းနှင့် အခြားလက်ဖြင့်လုပ်ရသော အလုပ်များတွင် အခက်အခဲဖြစ်တတ်သည်။ လက်အမူအရာပြခြင်းကို သင်ပေးလိုလျှင် ယခုအချိန်သည် အချိန်ကောင်းဖြစ်သည်။ သင့်ကလေးကို ကိုယ့်ကိုယ်ကို ဖော်ပြနိုင်သော နည်းလမ်းကို သင်ပေးခြင်းအားဖြင့် သင့်ကလေး၏ စိတ်မသက်မသာဖြစ်မှုကို လျော့နည်းစေသည်။ […]


ကလေးငယ်ပထမနှစ်

27 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ၂၇ ပတ်တွင် သင့်ကလေးသည် - • တစ်ယောက်ယောက် သို့မဟုတ် အရာဝတ္ထုတစ်ခုခုကို ကိုင်ပြီး မတ်တပ်ရပ်နိုင်သည်။ • သူမအရုပ်ကို သင်ယူသွားဖို့လုပ်လျှင် မကြိုက်ကြောင်းပြသည်။ • သူလက်လှမ်းမမီ သောနေရာမှ ကစားစရာဆီသို့ ရောက်ရန်ကြိုးစားသည်။ • လက်တစ်ခုမှ တစ်ခုသို့ ပစ္စည်းများကို ပြောင်းကိုင်သည်။ • ပြုတ်ကျသော ပစ္စည်းကို လိုက်ရှာနိုင်သည်။ • ပစ္စည်းသေးများကို ကောက်ယူနိုင်ပြီး လက်ထဲတွင် ဆုပ်ကိုင်နိုင်သည်။ • ဘ-ဘ-ဘ မ-မ-မ ကဲ့သို့သော အတွဲသံများကို ပြောနိုင်လာသည်။ • လက်နှင့် အစာစားရန် ကြိုးစားလိုသည်။ • လက်ထဲတွင် မုန့်များကို ဆုပ်ကိုင်ထားခြင်း၊ လက်ထဲမှ မုန့်ကို စားခြင်းများ လုပ်နိုင်သည်။ ကလေးကို မည်သို့ ကူညီထောက်ပံ့နိုင်ပါသလဲ။ သင့်ကလေးသည် သင့်ဇွန်းကို ဆွဲလုခြင်း၊ သင့်ပန်းကန်ထဲမှ အစားကို လက်နှင့်နှိုက်ခြင်းဖြင့် သူလက်ဖြင့် အစာစားနိုင်နေပြီ ဖြစ်ကြောင်း သင့်ကို […]


ကလေးငယ်ပထမနှစ်

28 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ဤအရွယ်တွင် ကလေးသည် တိရစ္ဆာန်အရွယ်မျိုးစုံကို စိတ်ဝင်စားပါလိမ့်မည်။ သင့်ကလေး၏ အနှစ်သက်ဆုံးသော အရုပ်များဖြစ်လာနိုင်သည်။ သင့်ကလေးသည် သင့်ကို မှီခိုရန်ထက် သူ့ဘာသာသူ နေထိုင်ရန်ပိုကြိုးစားလာသည်။ သင့်ကလေးအတွက် ဝက်ဝံရုပ်ဝယ်ပေးလျှင် နူးညံ့ပြီး စိတ်ချရသော အရုပ်မျိုးကို ရွေးချယ်ပါ။ သင့်ကလေးသည် ဘောလုံးနှင့် ကစားတတ်လာသည့် အရွယ်ဖြစ်လာသောကြောင့် ပါးစပ်ထဲသို့ ထည့်လို့ရသော ဘောလုံးအရွယ်ကို မဝယ်ပေးပါနှင့်။ ခြောက်လ၏ နောက်ဆုံးပတ်တွင် သင့်ကလေးသည် - • ညည်းညူတတ်လာသည်။ လေးဘက်တွားပြီး လျှောက်သွားနိုင်သည်။ • ထိုင်နေရာမှ ထရပ်ဖို့ လုပ်နိုင်သည်။ • လေးဘက်ထောက်ရာမှ ထိုင်သည့်ပုံစံသို့ ပြောင်းနိုင်သည်။ • လက်မနှင့် လက်ညှိုးကို အသုံးပြုပြီး ပစ္စည်းများကို ကောက်နိုင်သည်။ • ပါးပါး၊ မားမား ခေါ်တတ်လာသည်။ ကလေး ကို မည်သို့ ကူညီထောက်ပံ့နိုင်ပါသလဲ။ ယခုအချိန်တွင် ခြေထောက်က အလေးချိန်ကို ခံနိုင်ရည်ရှိပြီး လှုပ်ရှားပြီး […]


ကလေးငယ်ပထမနှစ်

29 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ၂၉ ပတ်အရွယ်တွင် သင့်ကလေးသည် - • ဘီစကစ်မုန့်ကို စားတတ်လာသည်။ • ရယ်မောသံများထွက်တတ်လာသည်။ • ပျော်ရွှင်သည့်အခါ အသံများထွက်တတ်သည်။ • သင့်နှင့် အပြန်အလှန်ဆက်သွယ်နေသောအခါ ရယ်မောနေတတ်သည်။ ကလေးကို မည်သို့ ကူညီထောက်ပံ့နိုင်ပါသလဲ။ ယခုအရွယ်တွင် သင့်ကလေးကို ခွက်နှင့် ရေသောက်တတ်ရန် လေ့ကျင့်ပေးနိုင်သည်။ ဖန်ခွက်များ ကိုကိုင်သည့်အခါ အဝတ်စခံပြီးကိုင်လျှင်ပိုကောင်းပါသည်။ သင့်ကလေးသည် ဖန်ခွက်ထဲမှရေကို သောက်မရသောအခါ သင့်ကလေးကို ဖန်ခွက်ထဲမှ ရေ ကို ပါးစပ်ထဲမည်သို့ဝင်အောင် သောက်ရမည်ကို သင်ပေးပါ။   ကျန်းမာရေးနှင့် ဘေးကင်းစိတ်ချရမှု ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။ ဆရာဝန်အများစုသည် ယခုလတွင် ကလေးကို ကျန်းမာရေးစစ်ဆေးရန် စီစဉ်မည်မဟုတ်ပါ။ ကောင်းသောအချက်သည် သင့်ကလေးတွင် ရောဂါမရှိခြင်းနှင့် မကောင်းသောအချက်သည် သင့်ကလေးတွင် အဆင့်ဆင့်မည်သို့ ဖွံ့ဖြိုးမည်ကို သင်သတိမပြုနိုင်ခြင်း ဖြစ်နိုင်သည်။ နောက်တစ်ကြိမ်တွေ့သည့်အခါ ဆရာဝန်နှင့် ဆွေးနွေးလိုသည်များကို ပြင်ဆင်ထားပါ။ သို့သော် သင့်တွင် […]


ကလေးငယ်ပထမနှစ်

3 ပတ်သားကလေး

ဖွံ့ဖြိုးလာမှုနဲ့ အပြုအမူလေးတွေ ဘယ်လိုဖွံ့ဖြိုးလာလဲ ခုဆိုရင်သင့်ရင်သွေးလေးဟာ ၃ပတ်သားလေးဖြစ်လာပါပြီ၊ ဒီအချိန်မှာဆိုရင်တော့ ကလေးလေးတွေဟာ ၂၀ မှ ၃၅ စင်တီမီတာအကွာမှာရှိတဲ့ အရာဝတ္ထုတွေကို မြင်နိုင်၊ တွေ့နိုင်နေပါပြီ။ ပြီးတော့ ဒီအကွာအဝေးဟာ သင်နို့တိုက်တဲ့အချိန် သူ့မျက်လုံးနဲ့သင်နဲ့ကြားထဲက အကွာအဝေးဖြစ်ပါတယ်။ ဒီအရွယ်ကလေးလေးတွေဟာ မျက်နှာတွေကိုစိတ်ဝင်စားတတ်လာပါပြီ။ နို့တိုက်နေစဉ်မှာ သူတို့ကိုတည့်တည့်ကြည့်နေခြင်းဖြင့် အာရုံစိုက်ကြည့်တတ်ဖို့ လေ့ကျင့်ပေးနိုင်ပါလိမ့်မယ်။ တစ်ချိန်ထဲမှာပဲ သင့်ခေါင်းကိုဟိုဘက်ဒီဘက် လှုပ်ယမ်းပေးခြင်းဖြင့် သူ့မျက်လုံးက သင့်ကိုလိုက်ကြည့်နေလား စမ်းနိုင်ပါတယ်။ ဒါဟာ ကလေးတွေရဲ့မျက်လုံးကြွက်သားနဲ့ အာရုံစိုက်ကြည့်နိုင်စွမ်း ကိုလေ့ကျင့်ပေးပါတယ်။ မျက်လုံးအကြည့်ဖြင့် တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ခြင်းဟာ မိခင်နဲ့သံယောဇဉ်လည်းပိုတွယ်စေပါတယ်။ ခုသုံးပတ်မှာဆိုရင် သင့်ကလေးလေးဟာ ခြေတွေလက်တွေကို လွတ်လပ်စွာ လှုပ်ရှားနိုင်နေပါပြီ။ သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ခုအချိန်ကလေးလေးတွေအတွက် အခြားလူတွေနဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းကတော့ ငိုတာပါပဲ။ ဒီလိုဆိုရင် သင့်အသံနဲ့ သင့်အထိအတွေ့တွေကို သူတို့ဆက်သွယ်နိုင်မှာဖြစ်တယ်လေ။ သူတို့ကသင့်အသံကိုသိနေပြီး တခြားလူတွေနဲ့ ခွဲခြားတတ်နေပါပြီ။ သင့်ရင်သွေးလေးဟာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း