အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အဆစ်ရောင်ရောဂါများ

ASOတက်တိုင်း လေးဖက်နာ ဖြစ်ရောလား။

ဒါက ခဏခဏ ကြုံနေကျကိစ္စပါပဲ။ ခုလို မိုးရာသီဆိုပိုဆိုး။ ခြေဆစ် လက်ဆစ်လေးများ မကိုက်လိုက်နဲ့။ ကိုယ့်ကိုယ်ကို ASOသွားစစ်။ တက်တော့ ငါတော့ လေးဖက်နာ ဖြစ်နေပြီပြော။ ပြီးတော့ ပင်နီဆလင်တွေသောက်။ တကယ်တော့ ဒါဟာ သေချာ မသိတာက စတာပါပဲ။ သိလားဆိုတော့လည်း မသိဘူး။ မသိဘူးလားဆိုတော့လည်း ကြားဖူးသလိုလို။ ကိုယ့်ဆရာပြောစကားအရဆိုရင် နင်တို့က ဟိုသီချင်းထဲလို 'သိသလို မသိသလိုပါပဲ' တဲ့။ ဘာကြောင့် ASOစစ်ရတာလဲ။ လေးဖက်နာဆိုတာ ဘာလဲ သေချာ မသိတော့ ဒီလိုတွေ ဖြစ်ရတာပါ။ ဒါကြောင့် ဒါလေးကို နည်းနည်းလေး ရှင်းကြရအောင်။ လေးဖက်နာ ဆိုတာ ဘာလဲ။ ဒါကို အရင်စရှင်းရမှာပေါ့။ လေးဖက်နာဆိုတာ ဆေးပညာအရတော့ Rheumatic feverလို့ ခေါ်ပါတယ်။ Group A Srteptococcusလို့ ခေါ်တဲ့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

သင့်ဒူးဆစ်လေး မနာစေဖို့ ဆောင်ရန်၊ ရှောင်ရန် နည်းနာများ

လူတိုင်း ဒူးနာနိုင်ပါတယ်။ ကိုယ်အလေးချိန်တိုးလာရင် ပိုပြီး ကြုံဆုံရတတ်ပါတယ်။ ဒူးနာခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီးတော့ တစ်သက်တာမှာ တစ်ကြိမ်ထက်မနည်းတော့ ကြုံရနိုင်ပါတယ်။ အခြေခံအားဖြင့်တော့ အကြောင်းအရင်း ၃ မျိုးကြောင့် ဒူးနာနိုင်ပါတယ်။ ဒါတွေကတော့ ၁။ အဆစ်အမြစ်ရောင်တာခြင်းနဲ့ သက်ဆိုင်တဲ့ပြဿနာတွေဖြစ်ကြတဲ့ Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း) Rheumatoid အဆစ်အမြစ်ရောင်ရောဂါ ကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်ပွားသော အဆစ်အမြစ်ရောင်ရောဂါ ဂေါက်ရောဂါတွေကြောင့်ဖြစ်တာ၊ ၂။ ဒူးဒဏ်ရာတွေဖြစ်ကြတဲ့ အရွတ်စုတ်ပြဲခြင်း အရိုးကျိုးခြင်း အရိုးနုစုတ်ပြဲခြင်းစတာတွေကြောင့် ဒူးနာတာ ၃။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ကြတဲ့ ဂုံညင်းရိုးလွဲခြင်း တင်ပါး သို့မဟုတ် ခြေထောက်နာခြင်းစတာတွေကြောင့်ပါပဲ။ အချိန်မရွေး အသက်အရွယ်မရွေးမှာဖြစ်နိုင်တဲ့ ဒူးနာဝေဒနာနဲ့ ပတ်သက်ပြီး သတိထားဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြပေးချင်ပါတယ်။ ဒါမှ ဒူးနာဝေဒနာကို ကာကွယ်နိုင်မှာမဟုတ်လား။ တကယ်လို့များ ကိုယ့်ရဲ့ ဒူးက နာသလိုလို၊ ဒါမှမဟုတ် နာချင်သလိုလိုဖြစ်လာပြီဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းတွေဟာ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လက်ပြင်ကုန်း တာ ပျောက်ကင်းစေဖို့

ခုခေတ်ကလေးတွေကို ကြည့်လိုက်ရင် ကုန်းကုန်း ကုန်းကုန်းနဲ့ သွားလာနေတာကို အများစုမှာ တွေ့ရပါတယ်။ လက်ကလေးတွေကို ကြည့်လိုက်ရင်လည်း ရှေ့လေးကို ကိုင်းလို့။ ဒါဟာ လက်ပြင်ကုန်း နေတာပါ။ တက်တက်ကြွကြွနဲ့ ရင်ဘတ်ကိုဖွင့်ပြီး သွားရမယ့် အရွယ်မှာ ဘာလို့များ ဒီလို ကုန်းကုန်းလေး သွားနေပါလိမ့်ပေါ့။ တကယ်တော့ စာရေးသူ ကိုယ်တိုင်လည်း လက်ပြင်ကုန်းတဲ့ထဲမှာ ပါပါတယ်။ လွယ်အိတ်အလေးကြီးတွေ လွယ်ပြီး ကျောင်းတက်ခဲ့ရတာကိုး။ နောက်ပိုင်း ကြီးလာတဲ့အခါကျတော့ ဒီလိုသွားတာက တော်တော်ရုပ်ဆိုးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့ပုံ ပေါက်နေတာကြောင့် သတိထားပြီး ပြန်ပြင်လိုက်လို့ ခုဆို တည့်တည့် မတ်မတ် ဖြစ်သွားပါပြီ။ စာဖတ်သူတွေထဲမှာလည်း စာဖတ်သူကိုယ်တိုင် ဒါမှမဟုတ် စာဖတ်သူရဲ့ ကလေးတွေမှာ လက်ပြင်ကုန်းနေတဲ့သူတွေ ရှိခဲ့ရင် ဒီဆောင်းပါးလေးက တစ်ခုခု အထောက်အကူပြုနိုင်ဖို့ မျှော်လင့်ပါတယ်။ လက်ပြင်ကုန်း တယ်ဆိုတာ လက်ပြင်ကုန်းတယ်ဆိုတာ တကယ်တော့ အလိုင်းမင်း […]


အခြား အရိုးရောဂါများ

ရင်ဘတ်ချိုင့်ဝင်ခြင်း

ရင်ဘတ်ချိုင့်ဝင်တယ်ဆိုတာက ရင်ညွန့်ရိုးက မွေးရာပါ အတွင်းကို ချိုင့်ဝင်နေတာဖြစ်ပြီး ဆေးပညာအရ Pectus excavatum လို့ ခေါ်ပါတယ်။ ကန်တော့ပုံလေးနဲ့ တူတာကြောင့်လည်း funnel chest လို့ ခေါ်ပါတယ်။ မွေးရာပါ ရောဂါ ဖြစ်ပြီး အရွယ်ရောက်လာတာနဲ့အမျှ ခံစားရတဲ့ လက္ခဏာတွေက ပိုပြီး သိသာလာလေပါပဲ။ နောက်ဆုံး ခွဲစိတ်ကုသမှ ပျောက်မယ့် ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲ။ ဘာကြောင့် ဖြစ်ရတာလဲဆိုတာ မပြောနိုင်သေးပါဘူး။ မွေးရာပါ ရောဂါ တစ်ခုအနေနဲ့ပဲ သိထားကြတာပါ။ တစ်ခါတစ်လေတော့ မျိုးရိုးလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုလူတွေမှာ ပိုတွေ့ရလဲ။ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် ပိုပြီး ဖြစ်နေတာကို တွေ့ရပါတယ်။ တခြား အခြေအနေတွေကတော့ Marfan syndrome Ehlers-Danlos syndrome Osteogenesis imperfecta Noonan syndrome Turner […]


အခြား အရိုးရောဂါများ

ခိုရင်အုပ် (Pectus carinatum)

တချို့ကလေးတွေရဲ့ ရင်အုပ်က သူများတွေနဲ့ မတူဘဲ အပြင်ကို ဆူထွက်နေတာမျိုး ရှိပါတယ်။ ဒါကို ခိုရင်အုပ် လို့ ခေါ်ကြပါတယ်။ ခိုငှက်လေးတွေကလည်း ရင်အုပ်စူစူလေးပဲလေ။ ဆေးပညာအရတော့ Pectus carinatumလို့ ခေါ်ကြတယ်။ အရပ်ထဲမှာတော့ ခိုရင်အုပ်၊ ချိုးရင်အုပ်၊ ကြက်ရင်အုပ် အမျိုးမျိုးခေါ်ကြပါတယ်။ ဒီလိုရင်အုပ်ပုံစံရှိတဲ့သူတွေက စိုးရိမ်ရလား၊ ဘယ်လိုကျန်းမာရေး ပြဿနာတွေ ရှိတတ်လဲဆိုတာ လေ့လာကြည့်ရအောင်။ ခိုရင်အုပ် ဆိုတာ ဒီလိုစူနေတဲ့ ရင်အုပ်ဆိုတာ မွေးရာပါ ချို့ယွင်းချက်တစ်ခုပါပဲ။ တွေ့ရခဲပါတယ်။ တချို့တွေမှာ သိပ်မသိသာတဲ့အတွက် လူပျိုဖော်၊ အပျိုဖော်ဝင်လို့ အရိုးတွေ ဖွံ့ဖြိုးလာမှပဲ သတိထားမိတာပါ။ သူ့ရဲ့ အဓိက ပြသနာကတော့ အပြင်ကို ငေါထွက်နေတာဖြစ်တဲ့အတွက် ကြည့်ရဆိုးတာပါပဲ။ တချို့တွေမှာတော့ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်တဲ့အချိန်ကျရင် မောတာမျိုး ဖြစ်တတ်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲ။ ဖြစ်ရတဲ့ အကြောင်းအရင်းကို အတိအကျမသိရပေမယ့် ဒါဟာ […]


အဆစ်ရောင်ရောဂါများ

ဘူနီယွန် ကြောင့် ခြေမအဆစ်ရောင်ရမ်းကိုက်ခဲခြင်း သက်သာစေမယ့်နည်းလမ်း (၅) ခု

ဘူနီယွန်ဆိုတာ ခြေမအရင်းက အဆစ်မှာဖြစ်လာတဲ့ အရိုးဖုထုံးတစ်ခုဖြစ်ပြီး ဆေးပညာအရ metatarsophalangeal (MTP) joint လို့ခေါ်ပါတယ်။ သူက အချိန်အကြာကြီး တဖြည်းဖြည်းနဲ့ ဖြစ်လာပြီး နောက်ဆုံး ကြီးလာတယ်၊ သိသိသာသာ ငေါထွက်လာပါတယ်။ သူ့ဘေးက ခြေချောင်းအဆစ်ကိုလည်း ဆက်ကူးစေတယ်။ ဂေါက်ရောဂါ နဲ့ ဘာကွာလဲ ဆိုတော့ ဂေါက် ဆိုရင် တခြားအဆစ်တွေမှာပါ နာကျင်ကိုက်ခဲလာနိုင်တယ်၊ အဆစ်တစ်ခုလုံး ရောင်ရမ်း၊ နီရဲ၊ ပူနွေးလာနိုင်တယ်။ ဘူနီယွန်မှာ ကျတော့ ခြေမအဆစ် အပြင်ကို ဖုထွက်နေပြီး ရောင်လာ ကိုက်လာမယ်၊ အသားမာတက်မယ်၊ ခြေမ လှုပ်ရှားရခက်စေတယ်။ အများအားဖြင့် ဘူနီယွန် ရှိနေရင် - ခြေမ အဆစ်ပတ်လည်မှာ ရောင်ရမ်း၊ နီမြန်း၊ နာကျင်ရတယ် ခြေမဖုကြောင့် စောင်းပြီး ခြေမနဲ့ ခြေညှိုး ထိနေတဲ့နေရာမှာ အသားမာတွေ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အားကစားလုပ်လို့ဖြစ်တဲ့ ဒဏ်ရာနဲ့ နာကျင်ကိုက်ခဲမှုတွေ အမြန်သက်သာစေမယ့် အကြံပေးချက် (၁၀) ခု

အားကစား လုပ်ကြတယ်ဆိုတာက ကိုယ်လက်ကျန်းမာရေးကို အထောက်အကူပြုတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီအလုပ်ဟာ လွယ်ကူလှတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ပြိုင်ပွဲဝင် အားကစားတွေ ကနေစလို့ ပုံမှန်ပြုလုပ်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေအထိ ထိခိုက်ဒဏ်ရာ ရနိုင်တဲ့ ပြဿနာတွေ၊ အန္တရာယ်တွေ ရှိနေပြီး အနည်းဆုံးတော့ ကိုယ်လက်တွေ နာကျင်ကိုက်ခဲနေတာမျိုး ဖြစ်တတ်ပါတယ်။ များသောအားဖြင့်တော့ ခြေကျင်းဝတ်၊ ပေါင်ခြံ၊ တံခေါက်ကြော၊ ညို့သကျည်း၊ ဒူး၊ ဒူးထိပ်ပိုင်းအရွတ်နဲ့ တံတောင်ဆစ်တွေမှာ အများဆုံး ထိခိုက်မိတတ်ကြပါတယ်။ ဒါ့အပြင် အရေပြားယားယံတာနဲ့ ထိခိုက်ရှနာ ဝေဒနာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ အားကစားသမားတစ်ယောက် ဒဏ်ရာ ရသွားရင် ဘယ်လောက်အချိန်ယူပြီး ကုစားရမလဲ။ ဘယ်လောက်ကြာရင် သက်သာမလဲလို့ အရင်ဆုံးမေးတတ်ကြတယ်။ ရရှိထားတဲ့ ဒဏ်ရာ၊ ခွဲစိတ်ဖို့ လိုအပ်ရင်လည်း Surgical Procedures နဲ့ လူနာကို ပြုစုကုသမှုအခြေအနေတွေအပေါ်မူတည်ပြီး ကြာချိန် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခါးနာနေလား။ ချက်ချင်း သက်သာစေဖို့ ဒီ နည်းလမ်းလေးတွေကို လုပ်ကြည့်ပါ။

ခါးနာနေလား။ ချက်ချင်း သက်သာစေဖို့ ဒီ နည်းလမ်းလေးတွေကို လုပ်ကြည့်ပါ။ ‘အမလေး ခါးထဲက နာလိုက်တာ..ခါးမျက်သွားပြီထင်တယ်’ ဆိုပြီး တကျွတ်ကျွတ်နဲ့ စုပ်သတ် နေရသူတွေ ရှိလား။ ခါးနာတာက တစ်ခါတလေ နေ့စဉ်ဘဝမှာ အမှတ်မထင်ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပေါ့။ ဆေးခန်းပြရလောက်တဲ့အထိ မပြင်းထန်တတ်ပေမယ့် ခံရခက်တဲ့ ဝေဒနာပါ။ ဒီတစ်ခေါက်တော့ နေ့စဉ် လှုပ်ရှားမှုတွေ လုပ်ဆောင်ရင်း ခါးနာနေလား။ ချက်ချင်း သက်သာစေဖို့ ဒီ နည်းလမ်းလေးတွေကို လုပ်ကြည့်ပါ။ ခါးနာတဲ့အခါ ခါးနာနေပြီဆိုရင် ဒီလိုခံစားရတတ်ပါတယ် ကြွက်သား ကိုက်ခဲမယ်။ တဆစ်ဆစ်နာမယ်။ ခြေထောက်ထဲကနေ ပေါင်ကြောတစ်လျှောက် တဆစ်ဆစ်နာမယ်။ ခါးကိုင်းတဲ့အခါ၊ အလေးအပင်မတဲ့အခါ မတ်တတ်ရပ်လိုက်တဲ့အခါ လမ်းလျှောက်တဲ့အခါမျိုးမှာ နာကျင်မှုက ပိုဆိုးလာမယ်။ အမှတ်မထင် ခါးနာသွားစေနိုင်တဲ့ အလေ့အထတွေ လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့ အဆင်ပြေပြေ ထိုင်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက […]


အရိုးပွခြင်း

အရိုးပွခြင်းကို ကာကွယ်ပေးမယ့် Super Foodများ

အရိုးတွေ သန်မာစေဖို့ ကယ်ဆီယမ်နဲ့ ဗီတာမင် ဒီတို့ လိုအပ်တယ်ဆိုတာကို လူတိုင်း သိကြပါလိမ့်မယ်။ ဒီ အာဟာရဓာတ်တွေ အပြင် ဗီတာမင်စီ၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ကလည်း အရိုးတွေရဲ့ သိပ်သည်းဆကို အားဖြည့်ပေးနိုင်ပါသေးတယ်။ ဒီ ဆောင်းပါးလေးမှာတော့ အရိုးတွေ သန်မာလိုသူတိုင်း စားပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။ အရိုးပွခြင်းကို ကာကွယ်ပေးမယ့် Super Foodများ အရိုးပွခြင်းကို ကာကွယ်ပေးမယ့် Super Food များ ကတော့ (၁) အစိမ်းရင့်ရောင်အရွက်များ နို့ထွက်ပစ္စည်းတွေမှာပဲ ကယ်ဆီယမ် ကြွယ်ဝတယ်လို့ ထင်နေရင် မှားသွားပါလိမ့်မယ်။ ကိုက်လန်၊ ဂေါ်ဖီထုပ်စတဲ့ အစိမ်းရင့်ရောင်အရွက်အများစုမှာလည်း ကယ်ဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ ဒါ့အပြင် ဗီတာမင်ကေလည်း ပါဝင်သေးတာမို့ ပုံမှန် စားပေးခြင်းဖြင့် အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ (၂) အာလူး အရိုးတွေ ကျန်းမာရေး အတွက် မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေကလည်း အားဖြည့် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။

အဆစ်အမြစ် ကိုက်ခဲတာကို ကြည့်ပြီး မိုးရွာတာကို ခန့်မှန်းနိုင်တယ် ဆိုတာရော တကယ်လား။ အဆစ်အမြစ် ကိုက်ခဲတတ်တဲ့ သူတွေက မိုးရွာရင် မိုးအေးရင် သူတို့ အဆစ်အမြစ်တွေ ပိုပြီး ကိုက်ခဲတယ်လို့ ပြောတဲ့အခါ လူကောင်းတွေ အဖို့ ယုံရခက်တယ်။ မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။ ဘယ်လို ဆက်စပ်မှု ရှိနေတာလဲပေါ့။ မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။ မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။ ဆိုတော့ ဟုတ်ပါတယ်တဲ့။ နောက်တစ်ခါ အဲဒီလူတွေက သူတို့ အဆစ်အမြစ်တွေ ကိုက်ခဲလာတာကို ကြည့်ပြီး မိုးရွာတာကိုတောင် ခန့်မှန်းနိုင်တယ်လို့ ပြောတာကျတော့ အလွန်အကျွံ ဖြစ်သွားပြီလို့ မထင်ဘူးလား။ သဘာဝလွန် ကိစ္စရပ် လို့တောင် ထင်စရာ ကောင်းပေမယ့် လေ့လာချက်တွေ အရတော့ ရာသီဥတုနဲ့ အဆစ်အမြစ် ရောင်ရမ်းမှုတွေ ဆက်စပ်မှု ရှိတာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း