ခုခေတ်ကလေးတွေကို ကြည့်လိုက်ရင် ကုန်းကုန်း ကုန်းကုန်းနဲ့ သွားလာနေတာကို အများစုမှာ တွေ့ရပါတယ်။ လက်ကလေးတွေကို ကြည့်လိုက်ရင်လည်း ရှေ့လေးကို ကိုင်းလို့။ ဒါဟာ လက်ပြင်ကုန်း နေတာပါ။ တက်တက်ကြွကြွနဲ့ ရင်ဘတ်ကိုဖွင့်ပြီး သွားရမယ့် အရွယ်မှာ ဘာလို့များ ဒီလို ကုန်းကုန်းလေး သွားနေပါလိမ့်ပေါ့။ တကယ်တော့ စာရေးသူ ကိုယ်တိုင်လည်း လက်ပြင်ကုန်းတဲ့ထဲမှာ ပါပါတယ်။ လွယ်အိတ်အလေးကြီးတွေ လွယ်ပြီး ကျောင်းတက်ခဲ့ရတာကိုး။ နောက်ပိုင်း ကြီးလာတဲ့အခါကျတော့ ဒီလိုသွားတာက တော်တော်ရုပ်ဆိုးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့ပုံ ပေါက်နေတာကြောင့် သတိထားပြီး ပြန်ပြင်လိုက်လို့ ခုဆို တည့်တည့် မတ်မတ် ဖြစ်သွားပါပြီ။