backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ခါးနာနေလား။ ချက်ချင်း သက်သာစေဖို့ ဒီ နည်းလမ်းလေးတွေကို လုပ်ကြည့်ပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 31/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခါးနာနေလား။ ချက်ချင်း သက်သာစေဖို့ ဒီ နည်းလမ်းလေးတွေကို လုပ်ကြည့်ပါ။

ခါးနာနေလား။ ချက်ချင်း သက်သာစေဖို့ ဒီ နည်းလမ်းလေးတွေကို လုပ်ကြည့်ပါ။ ‘အမလေး ခါးထဲက နာလိုက်တာ..ခါးမျက်သွားပြီထင်တယ်’ ဆိုပြီး တကျွတ်ကျွတ်နဲ့ စုပ်သတ် နေရသူတွေ ရှိလား။ ခါးနာတာက တစ်ခါတလေ နေ့စဉ်ဘဝမှာ အမှတ်မထင်ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပေါ့။ ဆေးခန်းပြရလောက်တဲ့အထိ မပြင်းထန်တတ်ပေမယ့် ခံရခက်တဲ့ ဝေဒနာပါ။ ဒီတစ်ခေါက်တော့ နေ့စဉ် လှုပ်ရှားမှုတွေ လုပ်ဆောင်ရင်း ခါးနာနေလား။ ချက်ချင်း သက်သာစေဖို့ ဒီ နည်းလမ်းလေးတွေကို လုပ်ကြည့်ပါ။

ခါးနာတဲ့အခါ

ခါးနာနေပြီဆိုရင် ဒီလိုခံစားရတတ်ပါတယ်

  • ကြွက်သား ကိုက်ခဲမယ်။ တဆစ်ဆစ်နာမယ်။
  • ခြေထောက်ထဲကနေ ပေါင်ကြောတစ်လျှောက် တဆစ်ဆစ်နာမယ်။
  • ခါးကိုင်းတဲ့အခါ၊ အလေးအပင်မတဲ့အခါ မတ်တတ်ရပ်လိုက်တဲ့အခါ လမ်းလျှောက်တဲ့အခါမျိုးမှာ နာကျင်မှုက ပိုဆိုးလာမယ်။

အမှတ်မထင် ခါးနာသွားစေနိုင်တဲ့ အလေ့အထတွေ

လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့ အဆင်ပြေပြေ ထိုင်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

ကိုယ်တိုင်ကရော ဒီအချက်တွေထဲက ဘယ်နှခုလောက်များ လုပ်မိနေလဲ။ ဆန်းစစ်ကြည့်ရအောင်နော်။

ဒါတွေအပြင်နောက်ထပ် ဖြစ်နိုင်တာက

  • မတော်တဆ ထိခိုက်မိတာ
  • အမြင့်က ပြုတ်ကျတာ
  • ချော်လဲတာ
  • အရိုးပွရောဂါ ခံစားနေရတာကြောင့် ခါးနာနိုင်ပါတယ်။

ခါးနာနေလား။ ချက်ချင်း သက်သာစေဖို့ ဒီ နည်းလမ်းလေးတွေကို လုပ်ကြည့်ပါ။

ခါးနာတာက လူတစ်ယောက်ရဲ့ လုပ်ငန်းဆောင်တာ နဲ့ နေ့စဉ်ဘဝမှာ တော်တော်လေး အနှောင့်အယှက်ဖြစ်စေတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။

ဒါပေမဲ့ စိတ်မပျက်ပါနဲ့။

အဆိုးထဲက အကောင်းလေးတွေလို့ဆိုရမယ့် ခါးနာသက်သာအောင် လုပ်ဆောင်လို့ရတဲ့ အိမ်တွင်းကုထုံးနည်းလမ်းလေးတွေ ရှိနေပါသေးတယ်။

အရွယ်ရောက်ပြီးသူ ၈၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ ဘဝသက်တမ်းမှာ တစ်ကြိမ်လောက်တော့ ခါးနာမှုကို ခံစားခဲ့ရဖူးကြပါတယ်။  ဒီတော့ ခါးနာသွားပြီဆိုရင် အမြန်ဆုံး သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုစေချင်ပါတယ်။

ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေေကြောင့် ခါးနာနိုင်ပေမယ့် ခါးနာသွားတာကို သက်သာစေဖို့တော့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရပါတယ်။ ခဏတဖြုတ် လမ်းလျှောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂ လေ့ကျင့်ခန်း လုပ်တာတွေက ခါးနာ သက်သာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။

အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်တာက တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး  ဦးနှောက်ရဲ့ သဘာဝ အကိုက်အခဲပျောက် ဟော်မုန်းဖြစ်တဲ့ endorphins ကို ထုတ်လွှတ်ပေးတာကြောင့်ပါ။

နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်တာက ခါးနာတာကို သက်သာစေဖို့ရော ကာကွယ်ဖို့ပါ အထောက်အကူပြု ပေးနိုင်ပါတယ်။

ခါးနာတဲ့နေရာကို ရေခဲအိတ်ကပ်တာက ထိခိုက်မှုကြောင့် ရောင်ရမ်းတာကို အဓိကသက်သာစေပြီး နာကျင်မှုကိုလည်း လျော့စေပါတယ်။ တဘက်စ ပါးပါးလေးထဲမှာ သို့မဟုတ် အိတ်တစ်ခုထဲမှာ ရေခဲတုံးလေးတွေ ထည့်လို့ တစ်ခါ ကပ်ရင် မိနစ် ကနေ ၃၀ လောက် တစ်နေ့ကို အကြိမ်ရေ များစွာကပ်ပေးလို့ ရပါတယ်။

ခါး စစနာခြင်းမှာ ရေခဲကပ်တာက ပိုထိရောက်မှု ရှိပါတယ်။

အချိန် အတော်ကြာထိ မသက်သာတဲ့ ခါးနာခြင်းကို သက်သာစေဖို့အတွက် ရေနွေးအိတ် ကပ်ပေးလို့ရပါတယ်။ ရေနွေးအိတ် ဒါမှမဟုတ် ရေနွေးဝတ်ကို ခါးနာတဲ့နေရာမှာ ကပ်ပေးတာက ထိခိုက်မိတဲ့နေရာကို သွေးစီးဆင်းမှု ကောင်းစေသလို ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေပါတယ်။ ရေနွေးနွေးနဲ့ ရေချိုးပေးလို့လည်း ရပါတယ်။

အပူလောင်တာနဲ့ အရေပြား တစ်ရှူးတွေ ထိခိုက်ပျက်စီးမှု ကင်းစေဖို့ အရမ်းပူတာကို မကပ်ဖို့နဲ့ ရေနွေးအိတ်ကပ်ရင်း အိပ်မပျော်သွားစေဖို့ သတိထားစေချင်ပါတယ်။

  • ဆေးဝါးတွေရဲ့ အကူအညီကို ယူပါ။

ခါးနာတဲ့အခါ အကိုက်အခဲပျောက်ဆေး‌သောက်တာ၊ ဒဏ်ကြေဆေးလိမ်းတာ၊ ဆေးပလာစတာကပ်တာ စတာတွေကလည်း ခါးနာတာ သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။

  • အနေအထား မှန်မှန်နေပါ

တစ်ခါတလေမှာ ခါးနာတာက အနေအထား မမှန်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ​ကြောင့် ဥပမာ ထိုင်တဲ့အခါ ခါးကို မတ်မတ်ထိုင်မိဖို့ ခါးလိမ်၊ခါးစောင်းပြီး မထိုင်မိဖို့ သတိထားရပါမယ်။ နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ ကိုယ်နေဟန်ထားမှန်စေဖို့ ဂရုစိုက်ရပါမယ်။

ကဲ..ခါးနာမှုကြောင့် စိတ်ညစ်မနေပါနဲ့တော့။ ဒီနည်းလမ်းလေးတွေကို စမ်းကြည့်လိုက်နော်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 31/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement