home

အရိုးပွခြင်း

အရိုးပွခြင်း ရဲ့ ရောဂါလက္ခဏာတွေ၊ စစ်ဆေးနိုင်မယ့် နည်းလမ်းတွေ၊ လိုအပ်တဲ့ စားသောက်နေထိုင်မှု ပုံစံတွေ၊ ဆောင်ရန် ရှောင်ရန်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးပွခြင်း

မေမေတို့ ချစ်ရတဲ့ ကလေးတွေကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ရင်း ဒီလိုမေးခွန်းတွေ အများကြီး ခေါင်းထဲ ရောက်ဖူးကြမှာပါ။ ကလေးကြည့်ရတာ အားမရှိသလိုပဲ၊ အာဟာရနည်းနေလို့လား၊ အတွင်း ကလီစာ တစ်ခုခုများ အားနည်းနေလား၊ ဗီတာမင်တွေ ချို့တဲ့နေလား၊ သိပ်မထွားသလိုပဲ ဘာများချို့တဲ့နေလဲ‌ စသည်ဖြင့် တွေးပူကြရတယ်ဟုတ်။ ကလေးက နည်းနည်းကစားတာနဲ့ မောပန်းလွယ်နေတယ်၊ အားမရှိသလိုလေး ဖြစ်နေတယ်၊ ဖြူဖတ်ဖြူရော်လေး ဆိုရင် အကြောင်းရင်းတစ်ခုခု ရှိနေတာတော့ အမှန်ပါပဲ။ ဒီနေရာမှာ မေမေတို့ ထည့်စဉ်းစားသင့်တဲ့အချက်က သံဓာတ် ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါ ပါပဲ။ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ကလေးမှာ တခြားဓာတ်တွေပြည့်ဝနေလည်း မရှိမဖြစ် အာဟာရဓာတ် တစ်မျိုးဖြစ်တဲ့ သံဓာတ်ချို့တဲ့နေတဲ့အခါ သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။ သံဓာတ် ချို့တဲ့တာက စစချင်းမှာ မသိသာပေမယ့် သွေးအားနည်းရောဂါဖြစ်လာတဲ့အခါမှ လက္ခဏာတွေ ထင်ရှားလာတတ်ပါတယ်။ မေမေတို့ […]

အရိုးပွခြင်း နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အရိုးပွခြင်း

မွေးဖွားလာတဲ့ ကိုယ့်ရဲ့ကလေးမှာ ဒေါင်းရောဂါ ဖြစ်နေတာ သိလိုက်ရတဲ့အခါ ဘယ်သူမဆို စိတ်မကောင်းဖြစ်၊ တုန်လှုပ်သွားကြမှာပါပဲ။ တချိန်တည်းမှာပဲ ဒီကလေးအတွက် ပုံမှန်ထက်ပိုတဲ့ ဂရုစိုက်မှုနဲ့ မေတ္တာပေးနိုင်ဖို့ ကရုဏာပိုမိမှာ သေချာပါတယ်။ ဒေါင်းရောဂါစု (Down syndrome) ဆိုတာ သန္ဓေစတည်ချိန်မှာ မူမမှန်တဲ့ ဆဲလ်ကွဲပွားမှုကြောင့် ဖြစ်လာတာပါ။ ဒေါင်းရောဂါရှိတဲ့ ကလေးအများစုဟာ မျက်နှာပြားခြင်း၊ နားရွက်နဲ့ ပါးစပ်သေးခြင်း စတဲ့ လက္ခဏာတွေ မွေးတည်းက ပါလာတတ်ပါတယ်။ ကြွက်သားပျော့တာ၊ အားနည်းတာတွေရှိနိုင်ပြီး အရွယ်နည်းနည်းကြီးလာတဲ့အခါမှ ကြွက်သားသန်မာလာတတ်ပါတယ်။ သူတို့မှာ တခြားကျန်းမာရေးပြဿနာတွေလည်း ရှိနိုင်ပြီး တခြားကလေးတွေထက် သင်ယူလေ့လာနိုင်တဲ့နှုန်း ပိုနှေးပါတယ်။ ဒေါင်းရောဂါ က ကုသပျောက်ကင်းနိုင်မှာမဟုတ်တဲ့ မွေးရာပါရောဂါဖြစ်ပေမယ့် ဝေဒနာရှင်အများစုက ကျန်းကျန်းမာမာ အသက်ရှည်ရှည်နေထိုင်သွားနိုင်ကြပါတယ်။ ဖွံ့ဖြိုးမှုမပြည့်စုံသေးတဲ့ ကလေးဘဝမှာတည်းက မိဘရဲ့မှန်ကန်ကောင်းမွန်တဲ့ ပြုစုစောင့်ရှောက်မှုရှိဖို့ပဲ အရေးကြီးပါတယ်။ ဘာတွေ သတိထားရမလဲ ငယ်သေးတဲ့ အရွယ်တော့ မိဘက […]

အရိုးပွခြင်း

ညီမငယ်လေးတို့ရေ။ အပျိုဖော်ဝင်ချိန် မိန်းကလေးတွေမှာ ပုံမှန်အားဖြင့် အသက် ၁၂ နှစ်လောက်မှာ ဓမ္မတာ စပြီးလာတတ်ပါတယ်။ ဒါ မိန်းကလေးတိုင်း ရှောင်လွှဲမရတဲ့ကိစ္စပါ။ ဆယ်ကျော်သက်အရွယ်မို့ ခန္ဓါကိုယ်မှာလည်း အရွယ်ရောက်လာတဲ့ ဖွံ့ဖြိုးမှုအပြောင်းအလဲတွေ ရှိလာချိန်မှာ ရုတ်တရက်ကြီး ရာသီသွေးစပေါ်လာတဲ့အခါ ဘာမှန်းမသိ၊ ဘာမှသိမထားရင် ညီမလေးတို့ စိတ်ညစ်ရမှာပေါ့။နေရထိုင်ရတာလည်းအဆင်မပြေဘဲ အခက်အခဲတွေအများကြီးရင်ဆိုင်ရနိုင်ပါတယ်။ ဒီအတွက် ညီမလေးတို့ ဘာတွေကြိုသိထားရမလဲ၊ ဘယ်လိုပြင်ဆင်ထားမလဲ အကြံဉာဏ်လေးတွေပေးလိုက်မယ်နော် ။ ရာသီပန်းနဲ့ပတ်သက်ပြီး ဒါတွေ သိထားသင့်တယ် မကြုံဖူးသေးတဲ့ ညီမလေးတွေအတွက် သိချင်နေလောက်တဲ့မေးခွန်းလေးတွေ နည်းနည်းခန့်မှန်းပြီးပြောပြမယ်နော်။ ရာသီသွေးပေါ်ခြင်း(ဓမ္မတာလာခြင်း) ဆိုတာဘာလဲ ရာသီလာတယ်ဆိုတာ သားအိမ်အတွင်း အက်စထရိုဂျင်ဟော်မုန်း ပမာဏများလာပြီး သားအိမ်နံရံအမြှေးတွေထူလာမယ်၊ ၂၈ ရက်ရာသီစက်ဝန်းရှိတဲ့အမျိုးသမီးတွေမှာ အလယ် ၁၄ ရက်လောက်ဆိုရင် မျိုးဥအိမ်ကနေ မ မျိုးဥကကြွေလာမယ်၊ မမျိုးဥက သုက်ကောင်နဲ့ထိတွေ့မှုမရှိဘူးဆိုရင် ဒါမှမဟုတ် မျိုးမအောင်ဘူးဆိုရင် သားအိမ်နံရံအမြှေးက ကွာကျလာမှာပါ။ ပြီးရင် […]

အရိုးပွခြင်း

ဒီအရွယ် ကလေးမဟုတ်တော့ဘူးလို့ လူတွေကပြောကြတယ်။ လူကြီးဖြစ်ပြီလားဆိုတော့လည်း အရွယ်မရောက်သေးဘူးတဲ့။ ဖွံ့ဖြိုးမှုက ကလေးတဝက် လူကြီးတဝက်အဆင့်မှာပဲရှိသေးတဲ့ မြီးကောင်ပေါက်အရွယ်တဲ့လေ။ ဟုတ်ပါတယ်၊ သမီးတို့ကလည်း ကလေးလိုမနေတော့သလို ခန္ဓါကိုယ် ရောစိတ်ကပါ သဘာဝအလျောက် လူကြီးဖြစ်လာဖို့ ပြင်ဆင်နေပါပြီ။ ခန္ဓါကိုယ်မှာ ဖွံ့ဖြိုးပြောင်းလဲတာတွေ စပြီးဖြစ်လာတဲ့အပြင် စိတ်ကလေးတွေလည်း ပြောင်းလဲလာပါပြီ။ ဒီအချိန်မှာ အရေးကြီးတာက ဆယ်ကျော်သက်အရွယ်ရဲ့ သဘာဝဖြစ်တဲ့ အပြောင်းအလဲတွေကို စိတ်ညစ်မနေဖို့၊ ကျင့်သားရအောင် နေတတ်ထိုင်တတ်ဖို့၊ ဒီအပြောင်းအလဲတွေက ကိုယ့်အတွက်ဘယ်လိုကောင်းကျိုးရှိတာလဲဆိုတာ သိထားဖို့၊ အခက်အခဲတွေရှိရင် ကျော်လွှားနိုင်ဖို့ပါပဲ။ မကြာခင်မှာ ကျန်းမာလှပတဲ့ အရောင်အသွေးစုံလိပ်ပြာလေးတွေဖြစ်လာတော့မယ့် ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်အတွက် အကျိုးရှိစေမယ့် အရေးကြီးတဲ့ ဒီငါးချက်ကို သိထားသင့်ပါတယ်။ (၁) ရာသီလာတာ စိတ်ညစ်စရာမဟုတ်ဘူး လွတ်လပ်ပေါ့ပါးစွာနဲ့ပျော်ရွှင်နေခဲ့တဲ့ ကလေးတစ်ယောက်က ရုတ်တရက် ကြုံလာရတဲ့ မိန်းကလေးဓမ္မတာကြောင့် ကန့်သတ်ချက်တွေရှိလာသလို ခံစားလိုက်ရနိုင်တယ်။ အိမ်ကလည်း ပိုစိတ်ပူပြီး ပိုချုပ်ချယ်လာမှာ။ ပြီးတော့ […]

အရိုးပွခြင်း

ဒီလိုကိစ္စမျိုးဆိုတာ ဘယ်သူမှမကြုံချင်ကြပါဘူး။ သတင်းတွေမှာ ဖတ်ရတာ၊ကြားရတာနဲ့တင် ရင်နာရတဲ့ ကိစ္စမျိုးပါပဲ။ အရွယ်မရောက်သေးတဲ့ကလေးတွေကိုမှ အနိုင်ကျင့်ချင်၊စော်ကားချင်တာ လူမဆန်တဲ့လုပ်ရပ်မို့ လူတိုင်းရွံမုန်းကြပါတယ်။ ဒါပေမယ့် ဒီခံစားချက်လောက်နဲ့တင် မလုံလောက်ပါဘူး။ တကယ်တမ်းအရေးကြီးတာက ကိုယ့်သားသမီးတွေကို ဒီအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ ကြိုးစားကြဖို့ပါ။ ဒီလိုဖြစ်လာမှာကြောက်တာပဲသိတယ်၊ ဘယ်လိုကာကွယ်ရမှန်းမသိဖြစ်နေတာ၊ အသိအမြင်မှားတွေရှိနေတာက တကယ်ကိုဆိုးပါတယ်။ ဒါ့ကြောင့် ခုချိန်ကစပြီး လေ့လာကြဖို့၊ စာဖတ်ကြဖို့ သတိပေးရင်းနဲ့ မိဘတွေအတွေးမှာ အဖြစ်များတဲ့ အသိအမြင်မှားတွေအကြောင်းပြောပြလိုက်ပါတယ်။ (၁) ကလေး လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုဆိုတာဖြစ်ခဲတယ် ကလေးကအရွယ်မှမရောက်သေးတာ စိတ်ပူဖို့မလိုပါဘူး။ ဒီအရွယ်လေးကို ဘယ်သူကဘာလုပ်မှာလဲလို့ မတွေးလိုက်ပါနဲ့။ အဖြစ်မနည်းပါဘူးနော်။ ဒီလိုအမှုအများစုက လူသိရှင်ကြားမဖြစ်ဘဲ တိုးတိုးတိတ်တိတ်ပြီးဆုံးသွားတာများလို့ ကမ္ဘာမှာအရေအတွက်အတိအကျရေတွက်ရခက်ခဲပါတယ်။ အမေရိကန်နိုင်ငံမှာဆို တစ်နှ်စ်ကို လိင်ပိုင်းစော်ကားခံရတဲ့ကလေး ၁ သိန်းကနေ ၅ သိန်းအတွင်းရှိပါတယ်။ (၂) ဒီလိုကိစ္စတွေအကြောင်း ကလေးကို အသိပညာပေးဖို့မလိုသေးဘူး။ ကလေးတွေကို သိတတ်တဲ့အရွယ်လောက်ဆို ကိုယ့်အန္တရာယ်ကာကွယ်နိုင်အောင် နည်းနည်းချင်းအသိပညာပေးထားသင့်ပါတယ်။ ကိုယ့်ကို […]

အရိုးပွခြင်း

ချော်လဲမယ်နော်၊ပြုတ်ကျမယ်နော်၊ ထိမိတော့မှာပဲ ဆိုတဲ့ စကားသံတွေက ကလေးရှိတဲ့အိမ်တိုင်းမှာ ကြားရလေ့ရှိတဲ့အသံပါ။ အမြဲ ပြေးလွှားလှုပ်ရှား အငြိမ်မနေတတ်တဲ့ ကလေးလေးတွေအတွက်က ပွန်းပဲ့ဒဏ်ရာ၊ ထိခိုက်ဒဏ်ရာဆိုတာ မကင်းနိုင်တဲ့အရာတွေဖြစ်ပါတယ်။ ကြိုတင်ကာကွယ်လို့ရတဲ့အရာတွေရှိပေမယ့် ကလေးမှာထိခိုက်ဒဏ်ရာရှိလာပြီဆိုရင် နည်းလမ်းမှန်နဲ့ပြုစုဂရုစိုက်ပေးရမှာ မိဘတွေတာဝန်ပါ။ ထိခိုက်မှုဒဏ်ရာကြီးရင်တော့ဆေးရုံ၊ဆေးခန်းအမြန်ပြဖို့လိုအပ်ပါတယ်။တော်တန်ရုံထိခိုက်ပွန်းပဲ့တာ၊ အရေပြားပေါက်ပြဲတာ၊ ထိရှတာတွေကို အိမ်မှာပဲ ဘယ်လိုဂရုစိုက်ပေးလို့ရမလဲ ဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး။ အနာကိုဂရုစိုက်ပေးသင့်တဲ့အချက် (၈) ချက် (၁) ဒဏ်ရာကိုရေနဲ့ဆေးကြောပါ ကပ်ငြိနေတဲ့ အညစ်အကြေးတွေသန့်စင်သွားအောင် ဒဏ်ရာကို တစ်မိနစ်ခွဲလောက်ကြာအောင် ရေလောင်းချပြီးဆေးကြောပေးပါ။ လိုအပ်ရင် ဆပ်ပြာအပျော့စားနဲ့ ဆေးကြောပါ။ (၂) အဝတ်နုသန့်သန့်နဲ့ တို့သုတ်ပါ ခပ်ဖွဖွ တို့သုတ်ပါနော်။ ဒဏ်ရာကသွေးထွက်နေတုန်းပဲဆိုရင် အနာေပါ်ကနေ ငါးမိနစ်လောက် ဖိထားပေးပါ။ (၃) အရက်ပြန် သို့မဟုတ် hydrogen peroxideတွေမသုံးပါနဲ့ ဒါတေထည့်ရင် ပိုစပ်မယ်၊လောင်မယ်၊ပြီးတော့ ထည့်ဖို့မလိုဘူး လို့သိထားရပါမယ်။ ဒါ့အပြင် အရက်ပြန်က အရေပြားကိုခြောက်သွေ့စေပြီး(ခြောက်သွေ့ရင် အနာကျက်နှေးစေနိုင်တယ်)hydrogen peroxide က ကျန်းမာတဲ့ဆဲလ်တွေရှင်သန်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ (၄)ဆေးထည့်ပါ အနာကိုသန့်စင်ပြီးတာနဲ့ […]

အရိုးပွခြင်း

Osteopenia ဆိုတာဘာလဲ။ Osteopenia ဆိုတာက အရိုးရဲ့သိပ်သည်းဆတွေ တဖြည်းဖြည်းချင်းလျော့နည်းလာပြီး အရိုးတွေအားနည်းလာတဲ့ ရောဂါတစ်ခုဖြစ်တယ်။ တခြားနည်းနဲ့ဆိုရရင်တော့ သင့်မှာ Osteopenia ရှိလာပြီဆိုရင် အရိုးသိပ်သည်းဆက ပုံမှန်ထက်ကို နည်းနေပါပြီ။ အရိုးသိပ်သည်းဆက အသက် ၃၅ နှစ်မှာ ထိပ်ဆုံးကိုရောက်ပါတယ်။ သင့်တော်တဲ့ကုသမှုမရဘူးဆိုရင် Osteopenia ကနေအရိုးပွခြင်းဆီဦးတည်သွားပါလိမ့်မယ်။ Osteopenia ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အမေရိကန်လူမျိုး အသက် ၅၀ကျော်အရွယ် တစ်ဝက်လောက်မှာ Osteopenia ရှိနေပါတယ်။ Osteopenia ကို အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုတွေ့ရတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

အရိုးပွခြင်း

Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း ) ကဘာလဲ။ ဒူးဆစ်ရောင်ခြင်း သည် အသက်ကြီးလာသောကြောင့် ဒူးဆစ်များ ဒဏ်ဖြစ်ခြင်းသာဖြစ်ပါသည်။ အဆစ်များ၊ အရိုးနုများ သည် ဒူပေဒဏ်ပေ ခံနိုင်ရန် သဘာဝတရားကပေးထားသော လက်ဆောင်များဖြစ်ပါသည်။ ဒူးဆစ်ရောင်ခြင်းသည် ထိုအရာများ ချို့ယွင်းသွားသောကြောင် အရိုးအဆစ်များ ပွတ်တိုက်မှုအားများပြီး ဖြစ်လာရခြင်း ဖြစ်ပါသည်။ Knee Osteoarthritis (ဒူးဆစ်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒူးဆစ်ရောင်ခြင်း သည် အလွန်အဖြစ်များသော အဆစ်ရောင် ဝေဒနာဖြစ်ပါသည်။ အမျိုသားများ၏ ၁၀% နှင့် အသက် ၆၀ ကျော် အမျိုးသမီးများ၏ ၁၃% သည် ဒူးဆစ်ရောင်ခြင်းကို ခံစာရပါသည်။ အသက်ကြီးလာသောကြောင့် အဝလွန်သောကြောင့် ဖြစ်သော ဒူးဆစ်ရောင်ခြင်းများက ပိုများပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

အရိုးပွခြင်း

အမေကခေါ်နေရင် ရေမချိုးချင်လို့ ပတ်ပြေးခဲ့တဲ့အဖြစ်တွေ ၊ ခေါင်းလျှော်ပေးမှာကြောက်လို့အော်ငိုခဲ့ရတာတွေ ငယ်ငယ်ကကြုံဖူးခဲ့သူတွေရှိမှာပါ။ ကလေးအတော်များများက ရေချိုးရတာပျော်တယ်ဆိုရင်တောင်မှ ခေါင်းလျှော်တဲ့အခါ သူတို့ရဲ့မျက်နှာကိုရေစိုတာ၊ခေါင်းကိုရေလောင်းတာမကြိုက်ကြပါဘူး။ မွေးကင်းစအရွယ်ဆို ကလေးကငြင်းဆန်ရင်တောင် လုပ်ပေးရလွယ်ပေမယ့် နည်းနည်းကြီးလာတဲ့အခါ နှစ်နှစ်ဝန်းကျင်ကလေးတွေဆိုခေါင်းလျှော်ကာနီးတိုင်း တိုက်ပွဲဝင်ရတာမိဘတွေရဲ့အခက်အခဲတစ်ခုပါ။ တချို့က စည်းရုံးရလွယ်ပေမယ့် တချို့က အကြောက်အကန် ငိုယိုရုန်းကန်တာ၊ ပတ်ပြေးနေတာတွေရှိပါတယ်။ ဒါတွေဟာ ကလေးက - အရင်တခေါက်က မျက်လုံးထဲ ဒါမှမဟုတ် ပါးစပ်ထဲကို ခေါင်းလျှော်ရည်ဝင်ခဲ့ဖူးတယ်ဆိုရင် ရေကြောက်တတ်ရင် ခေါင်းလျှော်ပေးတဲ့ပုံစံအနေအထားကိုမကြိုက်ရင် ခေါင်းလျှော်ရမှာကို မကြိုက်တာမျိုးဖြစ်ရင် စတဲ့အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ဒီတော့ခေါင်းလျှော်ပေးရခက်တဲ့ကလေးရဲ့ မိဘတွေအနေနဲ့ အောက်မှာဖော်ပြတဲ့အထဲက နည်းလမ်းတစ်ခုခုကို သုံးလို့ရပါတယ် - (၁) ခေါင်းခဏခဏမလျှော်ပေးပါနဲ့ ကလေးကိုရေချိုးပေးတိုင်းခေါင်းလျှော်ပေးဖို့မလိုပါဘူး။ ကလေးဆံသားက သိပ်ညစ်ပေမှာမဟုတ်တာကြောင့် တစ်ပတ်တစ်ကြိမ်ဆို သူတို့အတွက် လုံလောက်ပါတယ်။ ရက်နည်းနည်းခြားပေးခြင်းအားဖြင့်ခေါင်းလျှော်ရတဲ့စိတ်ဒုက္ခကို ကလေးကမေ့သွားလောက်ပါတယ်။ (၂) ကလေးကို ကိုယ်တိုင်လုပ်ခွင့်ပေးပါ ကလေးကိုခေါင်းလျှော်ပေးသင့် မပေးသင့်ဆိုတာထက် ဘယ်လိုရအောင်လျှော်ပေးမလဲဆိုတာကိုအဓိကထားပါ။ ကလေးကခေါင်းလျှော်ရည်ကို ကိုယ်တိုင်လက်နဲ့ယူပြီးလျှော်ခွင့်ရရင် ပိုပျော်လာနိုင်ပါတယ်။ရေစချိုးကတည်းကခေါင်းလျှော်ပေးပါ။ […]

အရိုးပွခြင်း

သင့်ကလေးကိုပိုးမွှား၊ အင်းဆက်တွေကိုက်ခံရရင် ကလေးတွေဟာ ပုရွက်ဆိတ်၊ခြင်၊ကြမ်းပိုး၊နကျယ်၊ ပျား၊ကင်း၊နဲ့ ပင့်ကူတို့လို အင်းဆက်အမျိုးမျိုးအကိုက်ခံရတတ်ပါတယ်။ ပျားတုပ်တာ၊ပိုးမွှားကိုက်တာတွေက ခံရခက်ပြီး နာကျင်ရပေမယ့် အန္တရာယ်ဖြစ်ခဲပါတယ်။ နာကျင်မှုကနောက်တစ်နေ့မှာလျော့ပါးသွားတတ်ပြီး လုံးဝပျောက်သွားတာလည်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကလေးကို ပါးစပ်၊ သို့မဟုတ် လည်ပင်းကို ပျားတုပ်ခံရရင် ဒါမှမဟုတ် အကိုက်ခံရလို့ပြင်းထန်တဲ့ဓါတ်မတည့်မှုဖြစ်လာရင် ချက်ချင်းကုသမှုခံယူသင့်ပါတယ်။ ကလေးတွေဟာ အင်းဆက်၊ပိုးမွှားတွေရဲ့၊ အထူးသဖြင့်ခြင်တွေရဲ့ ပစ်မှတ်ထားခံရတာများပါတယ်။ အကောင်ကိုက်မခံရအောင် ဘယ်လိုကာကွယ်မလဲ၊ကလေးကိုအမြဲသတိထားစောင့်ကြည့်နေမှာလား။ ဒါတောင်မှခြင်ဆိုတာ အနားမှာအမြဲရှိနေတတ်ပါတယ်။ အကောင်ကိုက်ခံရရင်ဘယ်လိုလုပ်ရမလဲ၊ ဘာတွေသတိထားသင့်သလဲဆိုတာသေချာသိထားရင်တော့ အတတ်နိုင်ဆုံးကြိုတင်ကာကွယ်နိုင်မှာပါ။ ခြင်ကိုက်ခံရရင် ခြင်ကိုက်ခံရတဲ့အခါခြင်ဖုတွေက နီရဲပြီးယားလာပါတယ်။ခြင်တွေက ငှက်ဖျား၊သွေးလွန်တုပ်ကွေး၊ဦးနှောက်ရောင်ရောဂါ၊yellow feverရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ (meningitis )၊တို့လိုပြင်းထန်တဲ့ရောဂါတွေလည်းဖြစ်စေနိုင်ပါတယ်။ သန်းကိုက်ခံရရင် ကြောင်သန်း၊ခွေးသန်းတွေကိုက်ခံရရင် ယားယံတဲ့အဖုလေးတွေ။ တခါတရံနာကျင်တဲ့အဖုတွေဖြစ်လာစေပါတယ်။ ဒီအဖုတွေက စုပြီးအပိန့်လိုထွက်လေ့ရှိပြီး နာရီအနည်းငယ်ကနေ တစ်ရက်လောက်အထိ မပျောက်ဘဲရှိနိုင်ပါတယ်။ ကြမ်းပိုးကိုက်ခံရရင် ကြမ်းပိုးကိုက်ခံရတဲ့လက္ခဏာကခြင်ကိုက်ခံရတဲ့ဝေဒနာနဲ့ဆင်တူပါတယ်။ ကလေးမှာ နီရဲပြီးဖောင်းလာတဲ့ ယားယံတဲ့အဖုလေးတွေဖြစ်လာတတ်ပြီး အများစုက ဖုတွေကစီတန်းဖြစ်ပေါ်နေ ဒါမှမဟုတ် အစုလိုက်ဖြစ်ပေါ်လေ့ရှိတတ်ပါတယ်။ ပျားတုပ်ခံရရင် ပျား၊ နကျယ်ကောင်နဲ့ အဆိပ်ပြင်းတဲ့fire ants ပုရွက်ဆိတ်တွေကိုက်ခံရရင် […]

အရိုးပွခြင်း

Hip Osteoarthritis (တင်ပါးအဆစ်ရောင်ရောဂါ)ဆိုတာဘာလဲ။ Osteoarthritis တင်ပါးအဆစ်ရောင်ရောဂါ ဟာ အဆစ်ရောင်ခြင်း၊ ဒဏ်ရာရခြင်းတွေကြောင့် အရိုးနု ပျက်စီးခြင်းပဲဖြစ်ပါတယ်။ အရိုးနုဟာ မာကြောပြီး ရာဘာပုံစံ အရာဖြစ်ကာ ပုံမှန်အဆစ်တွေမှာ အရိုးတွေရဲ့ အစွန်းကို ကာကွယ်ထားပါတယ်။ အရိုးနုပျက်စီးခြင်းဟာ နာကျင်မှု၊ ရောင်ရမ်းမှုနဲ့ ပျက်စီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ အရိုးနုတွေဟာ ပျက်စီးရင် ပြင်ဆင်မှုလိုအပ်ပေမယ့် ဒဏ်ရာရတဲ့အခါမှာ ကိုယ်ခန္ဓါက အရိုးနုအသစ် ပြန်ထွက်လာခြင်း မရှိပါဘူး။ Hip osteoarthritis ရှိသူတွေဟာ လမ်းလျှောက်ရင် ပြဿနာ ရှိတတ်ပါတယ်။ သူ့ကို သိရှိဖို့ အစောပိုင်းမှာ ခက်ခဲနိုင်ပါတယ်။ ဒါဟာ နာကျင်မှုက အခြားနေရာတွေဖြစ်တဲ့ ပေါင်ခြံ၊ ပေါင်၊ တင်ပါးဆုံ၊ ဒူးခေါင်းတွေမှာပါ ရှိတာကြောင့် ဖြစ်ပါတယ်။ နာကျင်မှုဟာ တစ်ခုခုနဲ့ ထိုးသလို စူးရှပြီး တင်ပါးဆုံက မာကျောနေပါတယ်။ Hip Osteoarthritis(တင်ပါးအဆစ်ရောင်ရောဂါ) ဟာ […]

အရိုးပွခြင်း ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy