တကယ်လို့များ ကိုယ့်ရဲ့ ဒူးက နာသလိုလို၊ ဒါမှမဟုတ် နာချင်သလိုလိုဖြစ်လာပြီဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းတွေဟာ သင့်ရဲ့ ဒူးကို ကောင်းမွန်လာစေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။
- အလွန်အကျွံ အနားမယူနဲ့ – ဒူးနာနေတယ်ဆိုပြီး အလွန်အကျွံအနားယူတာမျိုးက အကျိုးမဖြစ်စေပါဘူး။ ကိုယ်လက်လှုပ်ရှားမှုနည်းသွားရင် ကြွက်သားတွေကို အားနည်းစေတာမို့ ဒူးနာတာကို ပိုဆိုးစေနိုင်ပါတယ်။
- လေ့ကျင့်ခန်းလုပ် – ဒူးနာနေတာကို လေ့ကျင့်ခန်းလုပ်ရမှာလားလို့ မေးချင်ကြမယ်ထင်ပါရဲ့။ ဟုတ်ပါတယ်။ လုပ်ရမှာပါ။ သင့်လျော်တဲ့ လေ့ကျင့်ခန်းမျိုးတွေပေါ့။ ဒူးနဲ့ ကြွက်သားကို အားကောင်းစေပြီး သွက်လက်ပေ့ါပါးစေမယ့် လေ့ကျင့်ခန်းမျိုးတွေ လုပ်ရပါမယ်။
- ချော်မလဲစေနဲ့ – ဒူးနာစေတဲ့ အကြောင်းအရင်းတွေထဲမှာ ချော်လဲတာက ထိပ်ဆုံးက ပြဿနာပါ။ ဒီတော့ ချော်မလဲအောင် သတိထားတာ၊ ဂရုစိုက်တာက ဒူးမနာအောင် ရှောင်ရှားတာနဲ့ အတူတူပါပဲ။
- “RICE” သုံးပါ – RICE ဆိုတာက Rest ၊ Ice ၊ Compression နဲ့ Rlevation တို့ကို ပေါင်းပြီး ခေါ်ဆိုတာပါ။ ခဏနားမယ်၊ ရေခဲကပ်မယ်၊ ပတ်တီးမတင်းမကျပ်စီးမယ်၊ ခြေထောက်ကို မြင့်မြင့်ထားရမယ်ဆိုပါတော့။ ဒါက ဒူးနာသက်သာစေမယ့် အကောင်းဆုံးနည်းပါပဲ။
- ဝိတ်ချပါ – ကိုယ်အလေးချိန်ဟာ ဒူးနာစေနိုင်တဲ့ ပြဿနာတွေထဲမှာ ထိပ်တန်းက ပြဿနာပါ။ ဒီတော့ ကိုယ်အလေးချိန် လျှော့ချတာကလည်း ဒူးမနာအောင် ကာကွယ်တာနဲ့ တူပါတယ်။
- ချိုင်းထောက်သုံးဖို့ မရှက်ပါနဲ့ – ဒူးလေးနာရုံကို ချိုင်းထောက်သုံးစရာလားလို့ တချို့က တွေးကြပါတယ်။ လမ်းလျှောက်ချိန်မှာ ချိုင်းထောက်တို့ ဘီးတပ်လက်ကိုင်တို့ သုံးတာက ရှက်စရာမဟုတ်ပါဘူး။ ဒူးကို ပိုအထောက်အကူဖြစ်စေသလို ခန္ဓာကိုယ်ကို ပိုတည်ငြိမ်စေမှာပါ။
- အပ်စိုက်ကုထုံးနည်းလမ်း သုံးပါ – တရုတ်ရိုးရာ အပ်စိုက်ကုထုံးဟာ ဒူးနာဝေဒနာကို ကုသရာမှာ အထူးထိရောက်တယ်လို့ အနောက်တိုင်း ဆေးပညာမှာကို လက်ခံထားကြပါတယ်။ ဒီနည်းလမ်းဟာ ခန္ဓာကိုယ်ရဲ့ နာကျင်မှု အတော်များများကို ဖြေလျှော့ပေးနိုင်ပါတယ်။ လိုင်စင်ရှိပြီး စိတ်ချရတဲ့ နေရာမှာ လုပ်ဖို့တော့ အကြံပေးပါရစေ။
- ပေါ့ပါးလွတ်လပ်တဲ့ ဖိနပ်တွေကို စီးပါ – ကျပ်ထုပ်နေတာမျိုး၊ လေးလံနေတာမျိုးဖြစ်နေတဲ့ ဖိနပ်တွေဟာ သင့်ဒူးကို ဖိစီးမှုပိုများစေပါတယ်။ ဒါကြောင့် ဒူးနာနိုင်ခြေကလည်း ပိုမြင့်မားမှာဖြစ်သလို ကြွက်သားတွေလည်း ထိခိုက်နိုင်ပါသေးတယ်။ ဒါကြောင့် ဖိနပ်ရွေးချယ်ပုံပြောင်းလဲလိုက်ရုံနဲ့ ကျန်းမာရေးနဲ့ ညီညွတ်သွားနိုင်တာကို သိစေလိုပါတယ်။
- အပူချိန်ကို လိုအပ်သလို ချိန်ညှိပါ – တကယ်လို့ ဒူးနာနေပြီဆိုရင် ပထမ ၄၈-၇၂ နာရီကြားမှာ အအေးဝတ်ပတ်ထားတာမျိုး၊ ရေခဲကပ်တာမျိုး လုပ်ပေးဖို့ လိုအပ်ပါတယ်။ တစ်ကြိမ်ကို မိနစ် ၂၀ ဝန်းကျင်၊ တစ်နေ့ကို ၄ ကြိမ်နှုန်းနဲ့ပေါ့။ ပြီးရင်ရေနွေးလေးနဲ့ ရေပြန်ချိုးပေးဖို့ လိုအပ်ပါတယ်။
- ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ရှောင်ပါ – ဒူးနာတာကို လျော့ပါးစေဖို့ လေ့ကျင့်ခန်းလုပ်နိုင်ပေမယ့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကတော့ ဝေဒနာကို ပိုဆိုးစေမှာဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်မယ် ဆိုရင် ဆိုးရွားတာတွေ တော်တော်များများ ဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။