အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

ခါးနာခြင်းကို DTS(ဖိအားပေး၍ဆွဲခြင်း ကုထုံး) ကဘယ်လိုသက်သာစေတာလဲ

ဖိအားပေး၍ ဆွဲခြင်း ကုထုံး သည် သင်နှင့် ရင်းနှီးပြီးသား ဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်ထံမှ ကြားဖူးခြင်း သို့မဟုတ် အင်တာနက်သတင်းများ တွင် မြင်ဖူးခြင်း တို့ဖြစ်နိုင်ါပတယ်။ သည်နည်းလမ်းကို ခါးနာခြင်း အတွက် အသုံးပြုသည်ကိုလည်း သိပြီး ဖြစ်နိုင်ပါတယ်။ သို့သော် သည်နည်းလမ်းက မည်သို့ အလုပ်ဖြစ်စေသည်ကို သိပါသလား။ သည်ဆောင်းပါးထဲမှာ အဖြေရှိပါတယ်။ ဖိအားပေး၍ ဆွဲခြင်း ကုထုံး ကိုမည်သို့ ပြုလုပ်ပါသလဲ။ ဖိအားပေး၍ ဆွဲခြင်း ကုထုံး တွင် ခါးရိုးကို ညင်သာစွာ ဆွဲဆန့်ရန်အတွက် အထူးပြုလုပ်ထားသော ကိရိယာလေးကို အသုံးပြုပါတယ်။ ထိုကိရိယာသည် စားပွဲ သို့မဟုတ် စောင့်ကြည့်ရသော ဆွဲဆန့်ခြင်း ကိရိယာတစ်မျိုးပဲ ဖြစ်ပါတယ်။ ထိုကုထုံး ခံယူစဉ် အဝတ်အစားများ ချွတ်ရန်မလိုပါ။ စားပွဲပေါ်တွင် လှဲလျောင်းနေရပြီး ကုသပေးသူက ကြိုးကို သင့်ရဲ့ […]


အဆစ်ရောင်ရောဂါများ

အရိုးနှင့်အဆစ်မြစ်ရောင်ရောဂါအတွက် ကာယလေ့ကျင့်ခန်းကုထုံးများ

အရိုးနှင့်အဆစ်မြစ်ရောင်ရောဂါ သင့်တွင်ရှိပါက သင်သည်လှဲနေ၍ ဘာမှထမလုပ်ချင်အောင်ဖြစ်တတ်သည်။ အဘယ်ကြောင့်ဆိုသော် သင့်အဆစ်များသည် နာကျင်တောင့်တင်းနေ၍ဖြစ်သည်။ သို့သော် လည်း လှုပ်လှုပ်ရှားရှားနေခြင်းသည် နာကျင်မှုကိုသက်သာစေပြီး သင့်၏လှုပ်ရှားမှုကို တိုးတက်ကောင်းမွန်စေသည်။ အကောင်းဆုံး ရွေးချယ်မှုမှာ လေ့ကျင့်ခန်းနည်းနည်းစီကိုမကြာခဏလုပ်ခြင်းဖြစ် သည်။ လှုပ်ရှားမှုကိုလွယ်ကူစေသောလေ့ကျင့်ခန်းများ အရိုးထိပ်များကိုဖုံးအုပ်ထားသော အရိုးနုများပါလာသောအခါ အရိုး နှင့်အဆစ်ရောင်ရောဂါဖြစ်ပွားသည်။ ထိုရောဂါသည်ကုသ၍မရနိုင် သော်လည်း ဖြစ်ပွားသောလက္ခဏာများသက်သာ၍ ရောဂါတိုးတက်ဖြစ်ပေါ်လာမှုကို နှေးကွေးစေနိုင်သည့်နည်းလမ်း များစွာရှိပြီး လေ့ကျင့်ခန်းများသည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ ပထမဦးစွာ လှုပ်ရှားမှုကိုလွယ်ကူစေသောလေ့ကျင့်ခန်းများဖြင့်စ တင်လိုက်ပါ။ ထိုလေ့ကျင့်ခန်းများသည် သင့်အား သက်သက်သာ သာချောင်ချောင်ချိချိလှုပ်ရှားနိုင်စေပြီး လှုပ်ရှားနိုင်သည့်အတိုင်းအ တာ၊အဆစ်များလှုပ်ရှားနိုင်မှု တို့ကို တက်စေကာရောင်ရမ်းမှု ဖြစ်ပွားသည့်နေရာများတွင် တောင့်နေခြင်းကိုသက်သာစေသည်။ အရိုးပတ်လည်ဝန်းကျင်တွင်လည်း ကြွက်သားမာတောင့်နေခြင်းတို့ ကိုကာကွယ်ပေးပါသည်။ ထိုလေ့ကျင့်ခန်းများတွင် သင်သည် သင့်ကြွက်သားများကို ညင်သာ စွာဆန့်၍သန်မာအောင်လုပ်ရပါသည်။ သင်သည် လေ့ကျင့်ခန်းနေ စဉ်တွင်သက်သောင့်သက်သာဖြစ်နေပြီး နာကျင်မှုကိုလည်း မခံစား ရနိုင်ပါ။ ထိုလေ့ကျင့်ခန်းများကို သင့်အရိုးအဆစ်များသိပ်မနာ ကျင်၍တောင့်ခဲနေခြင်းသိပ်မရှိပါက ပို၍ပြုလုပ်သင့်ပါသည်။5 မိနစ် စာလမ်းလျှောက်ခြင်း(သို့)လေ့ကျင့်ခန်းများမလုပ်ခင် ရေနွေးဖြင့် ရေချိုးခြင်းတို့ဖြင့်လည်း သင်သည်သွေးပူအောင်ပြုလုပ်နိုင်ပါသည်။ သန်မာစေသောလေ့ကျင့်ခန်းများ သင့်တွင်အရိုးနှင့်အဆစ်အမြစ်ရောင်ရောဂါရှိသောအခါ သင်သည်လေ့ကျင့်ခန်းများ ကိုမလုပ်ချင်ပဲနေတတ်သည်။ ရလဒ်အ နေဖြင့်ကြွက်သားအားနည်းသွားခြင်းတို့ဖြစ်တတ်ပါသည်။ ပိုပြောရ လျှင် သင့်ကြွက်သားအုံသည်အသက်ကြီးလာလေလေပါးလာလေ လေဖြစ်သည်။ ထို့ကြောင့် သန်မာစေသောလေ့ကျင့်ခန်းများသည် သင့်ကြွက်သားများပိုသန်မာလာအောင်မရှိမဖြစ်အထောက်အကူပြု နေသောအရာများဖြစ်သည်။ သန်မာသောကြွက်သားများသည် အရိုး အဆစ်များကို ပိုမိုကောင်းအောင်ထောက်ပံ့ပေးကြပါသည်။ သင့်တွင် ဒူးနှင့်တင်ပဆုံအရိုးအဆစ်ရောင်ရမ်းရောဂါရှိပါက သင့်ကိုယ်နှစ် ဖက်လုံးတွင်ထိုရောဂါဖြစ်ပွားလာနိုင်ပါသည်။ ထို့ကြောင့် လေ့ကျင့် ခန်းများကို ခြေထောက်နှစ်ဖက်ဖြင့်ပြုလုပ်နိုင်သင့်ပါသည်။ သင့်ဆရာဝန်သည် […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခြေထောက်နာတာကို ဘယ်လိုကာကွယ်မလဲ

ခြေထောက်နာခြင်း ဆိုတာ သင့်ခြေချောင်းတွေရဲ့ အရိုးဖွဲ့စည်းပုံနဲ့ ဆက်စပ်နေပါတယ်။ ဒါကသင့်ကို နာကျင်စေရုံသာမက ထုံကျင်မှုကိုလည်း ဖြစ်စေတတ်ပါတယ်။ Bunion (ခြေထောက်နာကျင်မှု) ဆိုတာဘာလဲ။ Bunion ဆိုတာ သူ့ခြေမရဲ့ အရင်းပိုင်းမှာ ဖြစ်တဲ့ အရိုးနာကျင်မှုတစ်ခုပါ။ ပထမဆုံး ခြေဖဝါးရိုးနဲ့ ဆက်နေတဲ့နေရာပါ။ bunion ဖြစ်တဲ့အခါ သင့်ဒုတိယခြေချောင်းကို ခြေမက အလွန်အမင်း ထိုးနေပါလိမ့်မယ်။ bunion ဆိုတာ တစ်သျှူးအနုရော အရိုးပါ ၂မျိုးလုံး ပုံပျက်ခြင်း အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ Bunion ဖြစ်ရင် နာကျင်မှုကို အတော် ခံစားရနိုင်ပါတယ်။ သေးလွန်းတာပဲဖြစ်ဖြစ် ကြီးလွန်းတာပဲဖြစ်ဖြစ် သင်နဲ့ ကောင်းကောင်းမတော်တဲ့ ဖိနပ်တွေကို စီးတာက bunion ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါ။ ရလဒ်အနေနဲ့ကတော့ pressure-response effect ကို ခံစားရတာပါပဲ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအဖြစ်များတယ်လို့ ယူဆရပါတယ်။ Bunion […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

လည်ပင်းအဆစ်များ အနေအထားမမှန်သူများ(အဆစ်ချော်သူများ)တွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်းများ

လည်ပင်းဆစ်ချော်ခြင်းသည် ရှားပါးပါသည်။ ထိုသို့ဖြစ်ခြင်းသည် လည်းပင်းနေရာရှိ အဆစ်များ အနေအထားချော်သွားခြင်းကြောင့် ဖြစ်ပါသည်။ တခါတရံတွင် လည်ပင်းတွင် နာကျင်ခြင်း၊ ထုံခြင်းနှင့် အားနည်းခြင်းတို့ ခံစားရတတ်ပါသည်။ သို့သော် ထိရောက်သော ကုသမှုများပြုလုပ်ပေးခြင်းဖြင့် နာကျင်ဝေဒနာများကို သက်သာစေပါသည်။ ထိုသို့သော ကုထုံးများတွက် အောက်ဖော်ပြပါ လေ့ကျင့်ခန်း ပြုလုပ်ခြင်းများ ပါဝင်ပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များ လည်ပင်းဆစ်ချော်ခြင်းသည် အများအားဖြင့် လက္ခဏာပြလေ့မရှိပါ။ သို့သော် ထိုလက္ခဏာများပြလျှင်လည်း နာကျင်ခြင်းသည် အဖြစ်အများဆုံးဖြစ်ပြီး လည်ပင်းနေရာမှစပြီးနာကျင်ပြီး ခေါင်း၊ ပခုံးများ၊ လက်မောင်းများနှင့် လက်ချောင်းများအထိ နာကျင်မှုများဖြစ်တတ်ပါသည်။ နာကျင်မှုသည် လည်ပင်းလှုပ်လိုက်သော အခါပိုဆိုးတတ်ပါသည်။ တခါတရံတွင် လည်ပင်းကြွက်သားများတောင့်တင်းခြင်း၊ ဇက်ကြောတက်ခြင်း၊ လည်ပင်းကောင်းစွာ မလှုပ်နိုင်ခြင်း စသည့်လက္ခဏာများ ပြလေ့ရှိပါသည်။ ထို့ကြောင့် လည်ပင်းဆစ်ချော်ခြင်းဝေဒနာ ခံစားနေရသူများတွင် လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ ကျီးပေါင်းဖြစ်သော နေရာတွင် နာကျင်မှုများကို သက်သာစေရန်၊ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

လည်ပင်းနာသက်သာစေဖို့ ကိုင်နီဆီယိုတိပ်ကို ဘယ်လိုအသုံးချမလဲ

လည်ပင်းနာခြင်းဟာ အတွေ့ရများတဲ့ ပြာသနာဖြစ်ပါတယ်။ ခွဲစိတ်စရာမလိုတဲ့ ကုသမှုတွေဖြစ်တဲ့ လေ့ကျင့်ခန်း၊ အပ်စိုက်ကုခြင်း၊ အပူ အအေးကပ်ခြင်းစတဲ့ နည်းလမ်းတွေကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ လက်ရှိမှာတော့ ကိုင်နီဆီယိုတိပ်ကို ထိရောက်တဲ့နည်းလမ်း အသစ်တခုအနေနဲ့ အသုံးပြုလာကြပါတယ်။ ဒီဆောင်းပါးမှာ လည်ပင်းနာခြင်းအပေါ် ထိရောက်မှု ရှိစေတဲ့ ကိုင်နီဆီယိုတိပ်အကြောင်း ဖော်ပြသွားပါမယ်။ ကိုင်နီဆီယိုတိပ်ဟာ လည်ပင်းနာခြင်းကို သက်သာစေပါတယ်။ ဒီကုသမှုရဲ့ စိတ်ကူးကတော့ ကိုယ်ခန္ဓါကို သင့်တော်တဲ့ ထောက်ပံ့မှုပေးရင် သူ့ဖာသာ သက်သာသွားစေနိုင်တယ်ဆိုတာ ဖြစ်ပါတယ်။ လည်ပင်းနာတဲ့အခါ အောက်ပါအခြေအနေတွေ တွေ့ရတတ်ပါတယ်။ - လည်ပင်းတွင် အတော်အတန်မှ ဆိုးရွားတဲ့အထိ နာကျင်ခြင်း - လည်ပင်းတောင့်ပြီး ဦးခေါင်းမလှုပ်ရှားနိုင်ခြင်း - ဖြစ်သည့်နေရာတွင် နာကျင်နေခြင်း - ပခုံး၊ လက်မောင်း၊ လက် စသည့်နေရာများသို့ နာကျင်မှု ပြန့်နှံ့သွားခြင်း - ပခုံး၊ လက်မောင်း၊ လက်၊ လက်ချောင်းလေးများတွင် ထုံကျင်ခြင်း - အလေးအပင်မခြင်း၊ လမ်းလျှောက်ခြင်း၊ […]


အခြား အရိုးရောဂါများ

တံတောင်ဆစ် ထိခိုက်ဒဏ်ရာရခြင်းအကြောင်းများ

တံတောင်ဆစ်နာကျင်ခြင်းဟာ သိပ်ဆိုးရွားတဲ့ ပြသနာမဟုတ်ပေမယ့် နေ့စဉ်လှုပ်ရှားမှုတွေမှာ လက်မောင်းနဲ့ တံတောင်ဆစ်ကို အသုံးပြုရများတာကြောင့် ပုံမှန်လုပ်ဆောင်ချက်တွေမှာ ထိခိုက်စေတာ အမှန်ပါပဲ။ ထိခိုက်ဒဏရာရခြင်းဟာ တံတောင်ဆစ်နာခြင်းရဲ့ အဓိကအကြောင်းအရင်းပဲ ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတာတွေကတော့ တွေ့ရများတဲ့ တံတောင်ဆစ်ပိုင်းဆိုင်ရာ ထိခိုက်မှုပြသနာတွေပဲ ဖြစ်ပါတယ်။ တွေ့ရများသော ထိခိုက်ဒဏ်ရာရခြင်း၏ အကြောင်းရင်းများ ထိခိုက်ဒဏ်ရာရစေတဲ့ အကြောင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ - ပြုတ်ကျခြင်း၊ ချော်လဲခြင်း - ဘောလုံး၊ ဘတ်စကတ်ဘော၊ စက်ဘီး၊ စကိတ် စသည့် အားကစားလှုပ်ရှားမှုများ - လုပ်ငန်းခွင်ဆိုင်ရာ ကိစ္စရပ်များ ကလေးများဟာ ချောလဲခြင်း၊ အားကစားလုပ်စဉ် ထိခိုက်ခြင်း စတာတွေကြောင့် တံတောင်ဆစ်ပိုင်း ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ သက်ကြီးပိုင်းတွေမှာတော့ အရိုးရဲ့ သိပ်သည်းဆ နည်းသွားတာကြောင့် အရိုးကျိုးတတ်ပါတယ်။ သူတို့ရဲ့ ကိုယ်နေဟန်ချက်ကို မထိန်းနိုင်ခြင်းတွေ၊ အမြင်အာရုံချို့ယွင်းခြင်းတွေတို့ကြောင့် ချော်လဲလွယ်တတ်ပါတယ်။ လတ်တလောရတတ်သော ထိခိုက်ဒဏ်ရာများ ချောလဲရာမှဖြစ်စေ၊ တံတောင်ဆစ်ကို လိမ်မိ ထောက်မိ ပုံမှန်မဟုတ်ဘဲ […]


အရိုးအကြောခွဲစိတ်ကုသမှုများ

နာကျင်မှုကြောင့် နေ့စဉ်လှုပ်ရှားမှုတွေ ထိခိုက်နေရပြီဆိုရင် ဒူးဆစ်ရိုးတစ်စိတ်တစ်ပိုင်းအစားထိုး ကုထုံးရှိပါတယ်

သင်ရဲ့ ဒူးနာခြင်းဝေဒနာဟာ လျော့ပါးသက်သာမသွားဘဲ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကိုပါ အနှောင့်အယှက်ပေးနေပြီဆိုရင်တော့ သင့်အနေနဲ့ MAKOplasty ခွဲစိတ်မှုကို ခံယူဖို့ လိုအပ်ကောင်းလိုအပ်နေပါပြီ။ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ ဒူးနာခြင်းဝေဒနာကို ခံစားရတာဟာ နည်းနည်းတော့ လက်ပေါက်ကတ်ပါတယ်။ total knee replacement လို့ခေါ်တဲ့ ဒူးဆစ်ရိုးတခုလုံးကို အစားထိုးလဲလှယ်ဖို့ဆိုတာဟာလည်း သိပ်မဆိုးရွားသေးတဲ့ ဒူးနာခြင်းအတွက် မလိုအပ်သေးဘူးလို့ ယူဆသတ်မှတ်တတ်ကြတာကြောင့် အပ်နဲ့ထွင်းရမယ့်နေရာမှာ ပေါက်ဆိန်နဲ့ပေါက်ရတဲ့ အဆင့်ကို ရောက်သွားတတ်ကြပါတယ်။ ဒါကြောင့် ဒူးခေါင်းဒါဏ်ဖြစ်ခြင်း သို့မဟုတ် ဒူးနာခြင်းကို ပြင်းထန်မှုအနေအထားအဆင့်အရ သင့်လျော်သလို ကုသပေးနိုင်မယ့် အဆင့်မြင့်နည်းပညာတွေကို Mount Elizabeth ဆေးရုံမှ အရိုးအထူးကုခွဲစိတ်ဆရာဝန် Dr Jeffrey Chew က အခုလို ရှင်းပြပေးထားပါတယ်။ ဒူးမှာ အပိုင်းသုံးပိုင်း ပါဝင်ပါတယ် ___ အတွင်းဖက်ပိုင်း၊အပြင်ဖက်ပိုင်း နဲ့ ဒူးခေါင်ရိုးတဝိုက် အပိုင်းတွေပဲ ဖြစ်ပါတယ်။ အကယ်၍ အဆိုပါ […]


အရိုးကျိုးခြင်း

Broken facial bone (မျက်နှာအရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken facial bone (မျက်နှာအရိုးကျိုးခြင်း) ကဘာလဲ။ မျက်နှာအရိုးကျိုးခြင်း ဆိုတာ မျက်နှာမှာရှိတဲ့ အရိုးတခုခု ကျိုးခြင်းဖြစ်သည်။ နှာခေါင်း ပါးအရိုး မျက်လုံးနားကအရိုး နှင့် မေးရိုးတို့ပါဝင်သည်။ များသောအားဖြင့် ထိခိုက်မိသောကြောင့်ဖြစ်တတ်သည်။ဥပမာ မော်တော်ကားတိုက်ရင်း အားကစားလုပ်ရင်းတိုက်မိခြင်း ပြုတ်ကျခြင်း သို့မဟုတ် ရန်ဖြစ်ခြင်းတို့ကြောင့်ဖြစ်တတ်သည်။ တစ်ခါတရံတွင် မျက်နှာရှိအရိုးများအားနည်းခြင်းသည် သွားနှင့်ပတ်သက်သော လုပ်ဆောင်မှုများကြောင့်လည်းဖြစ်နိုင်သည်။ Broken facial bone (မျက်နှာအရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBroken facial bone (မျက်နှာအရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကျိုးသောမျက်နှာအရိုးပေါ်မူတည်၍ လက္ခဏာများမတူနိုင်ပါ။ အချို့သောလက္ခဏာ ဥပမာ နာခြင်း ရောင်ခြင်း နှင့် အညိုအမဲစွဲခြင်း တို့သည်အရိုးကျိုးခြင်းလက္ခဏာများဖြစ်သည်။ အဓိကမျက်နှာအရိုးကျိုးခြင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။ နှာရိုးကျိုးခြင်း နာခြင်း ရောင်ခြင်း နှာခေါင်းသွေးလျှံခြင်း နှာခေါင်းအနားတွင်ညိုမဲစွဲခြင်း အသက်ရှူရခက်ခြင်း နဖူးရိုးကျိုးခြင်း နဖူးရိုး အထဲသို့ဝင်သွားခြင်း နှာခေါင်းတွင်းရှိ ရိုးတွင်းလေအိတ်အတွင်းရောင်ခြင်း မျက်လုံးဒဏ်ရာရခြင်းတို့ဖြစ်နိုင်သည်။ ပါးအရိုး မေးရိုးအပေါ်ပိုင်းကျိုးခြင်း(ဇိုင်ကိုမက်တစ် မက်စလရီအရိုးကျိုးခြင်း) ပါးရိုးပြားသွားခြင်း ထိမိသောဘက်ရှိ မျက်လုံးအောက်တွင် အာရုံခံမှုများပြောင်းလဲသွားခြင်း အမြင်အာရုံပြသာနာများဖြစ်ခြင်း မေးရိုးလှုပ်ခြင်းကြောင့်နာခြင်း မျက်လုံးရိုးကျိုးခြင်း မျက်လုံးနေသော အရိုးပါဝင်သည်။ တုံးသောအရာ ဥပမာ ဘောလုံး […]


အရိုးကျိုးခြင်း

Broken sternum (ရင်ညွန့်ရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Broken sternum (ရင်ညွန့်ရိုးကျိုးခြင်း) ကဘာလဲ။ ရင်ညွန့်ရိုးကျိုးခြင်းဆိုသည်မှာ ရင်သားရိုးကျိုးသွားခြင်းကို ဆိုလိုသည်။ ရင်ညွန့်ရိုးကျိုးခြင်းသည် အရိုးအားရင်ဘတ်အရှေ့မှ တိုက်ရိုက်ထိခိုက်မှုကြောင့်အများအားဖြင့်ဖြစ်တတ်သည်။ ယာဉ်မ တော်တဆဖြစ်မှုများတွင် ပို၍အဖြစ်များသည်။ Broken sternum (ရင်ညွန့်ရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများ Broken sternum (ရင်ညွန့်ရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရင်ညွန့်ရိုးကျိုးခြင်း ရဲ့ရောဂါလက္ခဏာများတွင် ချော်လဲခြင်း(သို့)တိုက်ရိုက်ထိခိုက်မှုတခုအပြီး ရင်ဘတ်ရှေ့တည့် တည့်မှ ရုတ်တရက်စတင်နာကျင်ကိုက်ခဲလာခြင်းပါဝင်သည်။ ထိုနာ ကျင်မှုသည် ဖြစ်ပွားရာနေရာတွင်သာဖြစ်ပြီးဘေးသို့ ပြန့်သွားခြင်းမရှိပေ။ အရိုးကျိုးသွားသောနေရာအား ထိခိုက်လျှင်နာ ကျင်ပြီး နာရီအနည်းငယ်အတွင်းညိုမည်းစွဲလာနိုင်ပါသည်။20ရာခိုင် နှုန်းသောဝေဒနာရှင်များတွင် အသက်ရှူရခက်သည့် အခြေအနေများကြုံတွေ့ရနိုင်ပါသည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ ဘယ်အချိန်မှာ […]


အရိုးကျိုးခြင်း

Broken upper arm (လက်မောင်းရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken upper arm (လက်မောင်းရိုးကျိုးခြင်း) ကဘာလဲ။ လက်မောင်းရိုးဆိုတာဟာ အရိုးတစ်ခုဖြစ်ပြီး ပုခုံးကနေ တံတောင်ဆစ်ထိသွားနေတဲ့အရိုးကိုခေါ်ပါတယ်။   ကျန်းမာနေတဲ့လူတွေမှာ လက်မောင်းရိုးကျိုးခြင်း အများစုဟာ လက်မောင်းကို ပြင်းထန်တဲ့ထိခိုက်မှုဖြစ်ခြင်း ကြောင့်ဖြစ်ရပါတယ်။ များသောအားဖြင့်ကတော့မော်တာတပ်ယာဉ်တွေကြောင့် မတော်တဆဖြစ်မှုများ သို့မဟုတ် အမြင့်က ပြ ုတ်ကျမှုတွေမှာဖြစ်တတ်ပါတယ်။ အဖြစ်များလေ့ သိပ်မရှိတာတွေကတော့ လက်မောင်းရိုးလိမ်ခြင်း၊လက် ထောက်လျက်သား လက်ဖြန့်ရက်သားကျခြင်း သို့မဟုတ် လက်မောင်းက ကြွက်သားတွေ အလွန်အမင်း ကျုံ့ခြင်း ဆန့်ခြင်းကြောင့် ဖြစ်ရပါတယ်။ တကယ်လို့ ကြွက်သားတွေအလွန်မင်း ကျုံ့ခြင်းဆန့်ခြင်း ကြောင့်ဖြစ်ပါက အရိုးကလိမ်ပြီးကျိ ုးပါမယ်။၎င်းကို လိမ်ကျိုး ခြင်း သို့မဟုတ် ဘောလုံးပစ်သူလိုကျိုးခြင်း လို့ခေါ်ပါတယ်။ ဒီလိုဒဏ်ရာမျိုးကတော့ ရှားပါတယ်။   တကယ်လို့လက်မောင်းရိုးက သာသာလေးကျရုံ တိုက်မိရုံနဲ့ ကျိုးတယ်ဆိုပါက ဒီအရိုးဟာ အစကတည်းက အကြောင်း တစ်ခုခုကြောင့်အားနည်းပြီးသား ဖြစ်နိုင်ပါတယ်။ ကင်ဆာ သို့မဟုတ် အရိုးပွရောဂါတို့ကြောင့်ဖြစ်နိုင်ပါတယ်။၎င်းကို ရောဂါကြောင့်ကျိ ုးခြင်းလို့ခေါ်ပါတယ်။ ကင်ဆာကြောင့်ဖြစ် သော လက်မောင်းရိုးကျိ ုးခြင်းက အသက်ကြီးတဲ့လူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ ထိခိုက်ဒဏ်ရာရလို့ကျိုးတာကျတော့ လူငယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ Broken upper arm (လက်မောင်းရိုးကျိုးခြင်း) […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း