backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Broken facial bone (မျက်နှာအရိုးကျိုးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Broken facial bone (မျက်နှာအရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Broken facial bone (မျက်နှာအရိုးကျိုးခြင်း) ကဘာလဲ။

မျက်နှာအရိုးကျိုးခြင်း ဆိုတာ မျက်နှာမှာရှိတဲ့ အရိုးတခုခု ကျိုးခြင်းဖြစ်သည်။ နှာခေါင်း ပါးအရိုး မျက်လုံးနားကအရိုး နှင့် မေးရိုးတို့ပါဝင်သည်။

များသောအားဖြင့် ထိခိုက်မိသောကြောင့်ဖြစ်တတ်သည်။ဥပမာ မော်တော်ကားတိုက်ရင်း အားကစားလုပ်ရင်းတိုက်မိခြင်း ပြုတ်ကျခြင်း သို့မဟုတ် ရန်ဖြစ်ခြင်းတို့ကြောင့်ဖြစ်တတ်သည်။ တစ်ခါတရံတွင် မျက်နှာရှိအရိုးများအားနည်းခြင်းသည် သွားနှင့်ပတ်သက်သော လုပ်ဆောင်မှုများကြောင့်လည်းဖြစ်နိုင်သည်။

Broken facial bone (မျက်နှာအရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Broken facial bone (မျက်နှာအရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကျိုးသောမျက်နှာအရိုးပေါ်မူတည်၍ လက္ခဏာများမတူနိုင်ပါ။ အချို့သောလက္ခဏာ ဥပမာ နာခြင်း ရောင်ခြင်း နှင့် အညိုအမဲစွဲခြင်း တို့သည်အရိုးကျိုးခြင်းလက္ခဏာများဖြစ်သည်။

အဓိကမျက်နှာအရိုးကျိုးခြင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

နှာရိုးကျိုးခြင်း

  • နာခြင်း
  • ရောင်ခြင်း
  • နှာခေါင်းသွေးလျှံခြင်း
  • နှာခေါင်းအနားတွင်ညိုမဲစွဲခြင်း
  • အသက်ရှူရခက်ခြင်း

နဖူးရိုးကျိုးခြင်း

  • နဖူးရိုး အထဲသို့ဝင်သွားခြင်း
  • နှာခေါင်းတွင်းရှိ ရိုးတွင်းလေအိတ်အတွင်းရောင်ခြင်း
  • မျက်လုံးဒဏ်ရာရခြင်းတို့ဖြစ်နိုင်သည်။

ပါးအရိုး မေးရိုးအပေါ်ပိုင်းကျိုးခြင်း(ဇိုင်ကိုမက်တစ် မက်စလရီအရိုးကျိုးခြင်း)

  • ပါးရိုးပြားသွားခြင်း
  • ထိမိသောဘက်ရှိ မျက်လုံးအောက်တွင် အာရုံခံမှုများပြောင်းလဲသွားခြင်း
  • အမြင်အာရုံပြသာနာများဖြစ်ခြင်း
  • မေးရိုးလှုပ်ခြင်းကြောင့်နာခြင်း

မျက်လုံးရိုးကျိုးခြင်း

မျက်လုံးနေသော အရိုးပါဝင်သည်။ တုံးသောအရာ ဥပမာ ဘောလုံး မျက်လုံးအားရိုက်မိသောကြောင့်ဖြစ်သည်။

  • မျက်လုံးမဲနေခြင်း
  • မျက်လုံး အဖြူပိုင်းတွင် နာခြင်းသို့မဟုတ် သွေးထွက်ခြင်း
  • အမြင်အာရုံကျခြင်း
  • နဖူး မျက်ခွံ ပါး သို့မဟုတ် အပေါ်နှုတ်ခမ်း သွား ထုံခြင်း
  • ပါး သို့မဟုတ် နဖူးတွင်ရောင်ခြင်း

မေးရိုးကျိုးခြင်း

  • နာခြင်း
  • မေးရိုးတလျောက်သို့မဟုတ် နားအနောက်တွင် အညိုအမဲစွဲခြင်း ယောင်ခြင်း သို့မဟုတ် နာခြင်း
  • သွားစိလို့မရခြင်း
  • လျာအနောက်တွင် အညိုအမဲစွဲခြင်း( မေးရိုးကျိုးသည်ဟု ဖော်ပြသည်)
  • သွားကျွတ်ခြင်း
  • အောက်နှုတ်ခမ်း သို့မဟုတ် မေးစေ့ထုံခြင်း

ပါးရိုးအတွင်းခေါင်း ကျိုးခြင်း။

အဓိကလက္ခဏာမှာ ရောင်ခြင်းသို့မဟုတ် ပုံသဏ္ဍာန်မမှန်ခြင်းတို့ဖြစ်တတ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

မျက်နှာရိုးကျိုးပါက ဆရာဝန်နဲ့သွားတွေ့သင့်သည်။ အချို့သော အရိုးကျိုးခြင်းက အသက်အန္ထရာယ်ရှိနိုင်သည်။ အချို့က ပြန်မကောင်းနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ အသက်ရှူလမ်းကြောင်း အာရုံကြောစနစ် သို့မဟုတ် အမြင် ပြဿနာများဖြစ်နိုင်သည်။

အကြောင်းရင်းများ

Broken facial bone (မျက်နှာအရိုးကျိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မျက်နှာထိခိုက်ဒဏ်ရာရပါက မျက်နှာအရိုးကျိုးနိုင်သည်။ မော်တော်ကား မော်တော်ဆိုင်ကယ် သို့မဟုတ် စက်ဘီး မတော်မဆမှုများကြောင့်ဖြစ်တတ်သည်။ ထိုအပြင် အားကစား ဥပမာ ဘေ့စ်ဘော ဘောလုံးကစားခြင်းများမှ ထိခိုက်ခြင်းကြောင့်လည်းဖြစ်နိုင်သည်။ မေးရိုးကျိုးခြင်း သည် မျက်နှာကိုတိုက်ရိုက်တိုက်ခိုက်ခံရခြင်းကြောင့်လည်းဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Broken facial bone (မျက်နှာအရိုးကျိုးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

Broken facial bone (မျက်နှာအရိုးကျိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

စမ်းသပ်မှုများကို အရိုးကျိုးသောပုံစံအပေါ်မူတည်၍လုပ်လိမ့်မည်။ မျကိနှာတွင် ရောင်ခြင်း နာခြင်းရှိပါက ဆရာဝန်မှစမ်းသပ်လိမ့်မည်။ လှုပ်ရှားနိုင်စွမ်းရှိမရှိကိုလည်း စမ်းသပ်လိမ့်မည်။ ဓါတ်မှန်ရိုက်ဖို့လိုအပ်နိုင်သည်။ အချို့စမ်းသပ်ချက်များက အရိုးကျိုးမှုကိုသိသိသာသာပြနိုင်သည်။

Broken facial bone (မျက်နှာအရိုးကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

မျက်နှာကျိုးခြင်းက ပုံမှန်ပုံစံအတိုင်းထားပါကသူ့ဟာသူသက်သာသွားနိုင်သည်။

အရိုးကျိုးခြင်းပြင်းထန်ပါက ကုသမှုလိုအပ်နိုင်သည်။ အောက်ပါတို့ကိုလိုအပ်နိုင်သည်။

အရိုးပြန်တည့်ပေးခြင်း။

ပုံမှန်နေရာသို့ ကျိုးနေသောအရိုးကိုပြန်တည့်ထားသည်။ နှာခေါင်းအရိုးကျိုးခြင်းတွင်ပိုသုံးတတ်သည်။ ခွဲစိတ်မှုတော့မလိုတတ်ပါ။ လိုအပ်ပါကဆရာဝန်နှင့်တိုင်ပင်ပါ။

မှန်ပြောင်းကြည့်ခြင်း

နှာခေါင်းတွင်းရှိလေအိတ် နှင့် မျကိလုံးအိမ်တို့အား ကြည့်ရန်သုံးသည်။ ထိုမှန်ပြောင်းတွင် ပြွန်အရှည် နှင့် မှန်ဘီလူး အလင်းတို့ပါဝင်သည်။ အပေါ်သွားဖုံးနှင့် နှုတ်ခမ်း ပါးရိုးအနောက်ဘက်ရှိ လေအိတ်အတွင်းတို့ထည့်သည်။ဦးခေါင်းခွံတွင် အနည်းငယ်ခွဲပြီး သို့မဟုတ် နဖူးအနောက်ရှိ လေအိတ်အတွင်းကိုလည်းထည့်နိုင်သည်။ မှန်ပြောင်းကြည့်ချိန်တွင် ကျိုးနေသောအရိုးငယ်အားလည်းဖယ်နိုင်သည်။ အချို့သောကိရိယာများဖြင့် အရိုးကျိုးမှုအားထောက်ပံ့နိုင်သည်။

ဆေးဝါးများ

ရင်ကျပ်ပျောက်ဆေး။ ရင်ကျပ်ပျောက်ဆေးကနှာခေါင်းနှင့် အရိုးတွင်းရှိလေအိတ်များရောင်ခြင်းကိုသက်သာစေသည်။

အသက်ရှူခြင်းကိုကူညီနိုင်သည်။

အနာသက်သာစေသောဆေး။ အနာသက်သာရန်ဆေးပေးနိုင်သည်။ ဆေးမသောက်ခင် အရမ်းနာသည်အထိမစောင့်ပါနှင့်။

စတီးရွိုက်။ ထိုဆေးများက မျက်နှာရောင်ခြင်းကိုသက်သာစေနိုင်သည်။

ပိုးသတ်ဆေးဝါးများ။ ဘက်တီးရီးယားကြောင့်ဖြစ်သောရောဂါများကုသရာတွင်သုံးသည်။ အနာပွင့်ထွက်နေသောဒဏ်ရာများကိုကုသနိုင်သည်။

အရိုးဆိုင်ရာကုသမှုများ

သွားအရိုးကျိုးခြင်း ကိုကုသဖို့လိုအပ်နိုင်သည်။ ထိခိုက်မိပြီး မေးရိုးစိရာတွင် သွားမညီပါက ထိုကုသမှုကိုသုံးနိုင်သည်။

ခွဲစိတ်မှုများ။

ဖွင့်ပြီး ပြန်ဆက်ပေးခြင်း။ ထိုခွဲစိတ်မှုကို အိုအာအိုင်အက်စ် ဟုခေါ်သည်။ ထိုလုပ်ဆောင်မှုတွင် ဆရာဝန်မှအရိုးကျိုးသောနေရာကို ခွဲလိမ့်မည်။ ဝိုင်ယာ မူလီသို့မဟုတ် ပလိပ်ပြားတုကိုအသုံးပြု၍ မျက်နှာအရိုးအားပြန်ဆက်ပေးလိမ့်မည်။ အနာကျက်ချိန်တွင် အရိုးလှုပ်ခြင်းအားကာကွယ်ပေးနိုင်သည်။

ပြန်လည်တည်ဆောက်ပေးသောခွဲစိတ်မှု။ ထိခိုက်မှုကြောင့် မျက်နှာအရိုးပုံစံမကျခြင်းကိုကုသရာတွင်သုံးသည်။ ကျိုးနေသောအရိုးအား ဖယ်ပြီး အစားထိုးမှုလုပ်သည်။ အစားထိုးမှုသည် သင့်ခန္ဓာကိုယ်ရှိကျန်းမာသောအရိုး သို့မဟုတ် လှူဒါန်းသူဆီမှ ယူ၍ လိုအပ်သောနေရာသို့ပြန်ဖြည့်ပေးခြင်းဖြစ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မျက်နှာအရိုးကျိုးခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် မျက်နှာအရိုးကျိုးခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ရေခဲကိုအသုံးပြုပါ။ ရေခဲသည် ရောင်ခြင်းနာခြင်းကိုသက်သာစေသည်။ ရေခဲသည် တစ်ရှူးများပျက်ဆီးခြင်းကိုလည်းကာကွယ်နိုင်သည်။ ရေခဲကိုခြေပြီး ပလပ်စတစ်အိတ်ထဲသို့ထည့်ပါ။ တဘက်ဖြင့်အုပ်ပြီး မျက်နှာပေါ်သို့ ၁၅ မှ ၂၀မိနစ် ကိုတစ်နာရီတခါ သို့မဟုတ် ညွန်ကြားသည့်အတိုင်းလုပ်ပါ။

ခေါင်းကိုမြှောက်ထားပါ။ ခေါင်းကိုသင့် နှလုံးအပေါ်သို့မြှောက်ထားပါ။ ရောင်ခြင်းနာခြင်းကို သက်သာစေသည်။ စောင်သို့မဟုတ် ခေါင်းအုံးအသုံးပြုခြင်းဖြင့် သက်သာစွာနေနိုင်သည်။

မျက်နှာအားဖိအားပေးခြင်းရှောင်ပါ။

ထိခိုက်မိသောဒဏ်ရာဘက်သို့မအိပ်ပါနှင့်။ ဖိခြင်းကြောင့် ပိုဒဏ်ရာရလာစေသည်။

ပါးစပ်ဖြင့်နှာချေခြင်းကြောင့်မျက်နှာအရိုးကျိုးခြင်းအားဖိခြင်းကိုသက်သာစေသည်။ နှာချေခြင်းကြောင့်ဖိအားများပါက အရိုးအားလှုပ်စေပြီး ပိုထိခိုက်စေသည်။

နှာခေါင်းကိုထိခိုက်မိခြင်းကိုရှောင်ပါ အဘယ်ကြောင့်ဆိုသော်မျက်လုံးနားအရိုးကျိုးပါက ပိုထိခိုက်နိုင်သောကြောင့်ဖြစ်သည်။ နှာခေါင်းအားထိုးမိ၍ဖြစ်သော ဖိအားကြောင့်မျက်လုံးရှိ အာရုံကြောများ လုံးဝပျက်စီးသွားနိုင်သည်။

ပါးစပ်ကိုသန့်စင်စွာထားပါ။ ပါးစပ်နားတွင် ဒဏ်ရာသို့မဟုတ် အရိုးကျိုးခြင်းတို့ရှိပါက သွားကိုသန့်စင်ရန်ခက်ခဲတတ်သည်။ သင့်ကျန်းမာရေးထောက်ပံ့သူမှ အသက်သာဆုံးမထိခိုက်စေသောနည်းကိုပြပေးလိမ့်မည်။ ကလေးသုံးသွားတိုက်တံများသုံးပြီး ပါးစပ်သန့်စင်ပေးနိုင်ပါတယ်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement