backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Broken upper arm (လက်မောင်းရိုးကျိုးခြင်း)


Dr. Sandy Kyaw မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Broken upper arm (လက်မောင်းရိုးကျိုးခြင်း) ကဘာလဲ။

လက်မောင်းရိုးဆိုတာဟာ အရိုးတစ်ခုဖြစ်ပြီး ပုခုံးကနေ တံတောင်ဆစ်ထိသွားနေတဲ့အရိုးကိုခေါ်ပါတယ်။

ကျန်းမာနေတဲ့လူတွေမှာ လက်မောင်းရိုးကျိုးခြင်း အများစုဟာ လက်မောင်းကို ပြင်းထန်တဲ့ထိခိုက်မှုဖြစ်ခြင်း

ကြောင့်ဖြစ်ရပါတယ်။ များသောအားဖြင့်ကတော့မော်တာတပ်ယာဉ်တွေကြောင့် မတော်တဆဖြစ်မှုများ သို့မဟုတ် အမြင့်က ပြ ုတ်ကျမှုတွေမှာဖြစ်တတ်ပါတယ်။ အဖြစ်များလေ့

သိပ်မရှိတာတွေကတော့ လက်မောင်းရိုးလိမ်ခြင်း၊လက်

ထောက်လျက်သား လက်ဖြန့်ရက်သားကျခြင်း သို့မဟုတ်

လက်မောင်းက ကြွက်သားတွေ အလွန်အမင်း ကျုံ့ခြင်း ဆန့်ခြင်းကြောင့် ဖြစ်ရပါတယ်။

တကယ်လို့ ကြွက်သားတွေအလွန်မင်း ကျုံ့ခြင်းဆန့်ခြင်း

ကြောင့်ဖြစ်ပါက အရိုးကလိမ်ပြီးကျိ ုးပါမယ်။၎င်းကို လိမ်ကျိုး

ခြင်း သို့မဟုတ် ဘောလုံးပစ်သူလိုကျိုးခြင်း လို့ခေါ်ပါတယ်။

ဒီလိုဒဏ်ရာမျိုးကတော့ ရှားပါတယ်။

တကယ်လို့လက်မောင်းရိုးက သာသာလေးကျရုံ တိုက်မိရုံနဲ့

ကျိုးတယ်ဆိုပါက ဒီအရိုးဟာ အစကတည်းက အကြောင်း

တစ်ခုခုကြောင့်အားနည်းပြီးသား ဖြစ်နိုင်ပါတယ်။ ကင်ဆာ သို့မဟုတ် အရိုးပွရောဂါတို့ကြောင့်ဖြစ်နိုင်ပါတယ်။၎င်းကို

ရောဂါကြောင့်ကျိ ုးခြင်းလို့ခေါ်ပါတယ်။ ကင်ဆာကြောင့်ဖြစ်

သော လက်မောင်းရိုးကျိ ုးခြင်းက အသက်ကြီးတဲ့လူတွေမှာ

ပိုတွေ့ရတတ်ပါတယ်။ ထိခိုက်ဒဏ်ရာရလို့ကျိုးတာကျတော့

လူငယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။

Broken upper arm (လက်မောင်းရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အခြားအချက်အလက်များသိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်

ဆွေးနွေးပါ။

လက္ခဏာများ

Broken upper arm (လက်မောင်းရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သင်က ချော်လဲကျခဲ့ရင် ဒါမှမဟုတ် သင့်လက်မောင်းကို ရိုက်မိရင် သင်က ကျိုးသွားတဲ့အသံ သို့မဟုတ ်ကျိုးသွားတာ

ကိုသိတဲ့ ခံစားချက်ရပါလိမ့်မယ်။

အဓိက လက္ခဏာကတော့ နာကျင်မှုပါပဲ သင့်လက်ကို လှုပ်

ရှားဖို့ကြိုးစားတဲ့အခါ ပိုဆိုးပါလိမ့်မယ်။ လက်မောင်းရိုးကျိုးခြင်း

ဟာ အရမ်းကို နာကျင်နိုင်တဲ့အတွက် သင်က သတိလစ်ခြင်း

မူးဝေခြင်း တို့ကို ခံစားရနိုင်ပါတယ်။

လက်မောင်းရိုးကျိ ုးခြင်းရဲ့ တစ်ခြားရောဂါလက္ခဏာတွေက

တော့

-သင်က သင့်လက်မောင်းကို အသုံးမပြ ုနိုင်တာမျိုး ဖြစ်မယ်

-သင့်တံတောင်ဆစ်နဲ့ လက်မောင်းက ရောင်လာနိုင်တယ်။

-သင့်တံတောင်ဆစ်နဲ့ လက်မောင်းက သွေးခြေဥလာနိုင်တယ်။

-တကယ်လို့တစ်အားဆိုးဆိုးရွားရွားကျိုးပါက သင့်လက်မောင်းက ပုံစံပြောင်းသွားနိုင်ပါတယ်။

-သင်က ထုံတာ ကျင်တာတွေကို သတိထားမိလာနိုင်တယ်။

-တကယ်လို့ကျိုးတဲ့အရိုးက အရေပြားမှာလာထိရင် သွေးထွက်နိုင်ပါတယ်။

တကယ်လို့ သင်က လက်မောင်းရိုးကျိုးချိန်မှာ တစ်ခါတည်း

ပုခုံးအဆစ်ပါလွဲသွားပါက သင့်ပုခုံးဟာနေရာရွေ့နေပြီး ပုံပျက်နေတာကို သင်သတိထားမိမှာပါ။

(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်လက်မောင်းက တအားနာကျင်တယ်ဆိုရင် ဒါမှမဟုတ်

ထိခိုက်ဒဏ်ရာရပြီးတဲ့ထိ နာတာက ကျန်နေတယ်ဆိုပါက

သင့်ဆရာဝန်နဲ့ ဆက်သွယ်ပါ။ သင့်ဆရာဝန်က သင့်အရိုးကျိုး

သလားဆိုတာကို ဆုံးဖြတ်ပါလိမ့်မယ်။

ထိခိုက်ဒဏ်ရာရပြီးနောက်ထုံတာကျင်တာ လက်နဲ့ လက်ကောက်ဝတ်မှာ အားနည်းတာတွေရှိပါက

ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေထံကို ဆက်သွယ်ပါ။

ဒဏ်ရာရတာက နည်းနည်းပဲဆိုရင်တောင် ဖြစ်တတ်ပါတယ်။

အကြောင်းရင်းများ

Broken upper arm (လက်မောင်းရိုးကျိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သင်ကလက်မောင်းရိုးကျိုးတယ်ဆိုပါက များသောအားဖြင့်

တံတောင်ဆစ် သို့မဟုတ် ပုခုံးနဲ့ ပြ ုတ်ကျခြင်း သို့်မဟုတ် ကားတိုက်ခံရတာမျိုး ပြင်းထန်စွာထိခိုက်ခြင်းတို့ကနေ ဖြစ်နိုင်

ပါတယ်။ တံတောင်ဆစ် သို့မဟုတ် ပုခုံး နဲ့ပြ ုတ်ကျခြင်း

ကြောင့် လက်မောင်းရိုးကျိုးခြင်း ဖြစ်စေပါတယ်။ သင်ကလက်

ထောက်ပြီးပြ ုတ်ကျရင် လက်မောင်းက အဖြောင့်အတိုင်းနဲ့

ပြ ုတ်ကျပါကလည်း လက်မောင်းရိုးကျိ ုးနိုင်ပါတယ်။

တကယ်လို့သင်ဟာအသက်ကြီးတဲ့လူဆိုပါက သင့်မှာ အရိုးပွရောဂါရှိနေတာဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ အသာ

လေး ထိခိုက်မိရုံ မတော်တဆ ဖြစ်ရုံနဲ့တင် သင့်လက်မောင်း

ကို ကျိုးစေပါတယ်။ တကယ်လို့ သင့်မှာကင်ဆာရောဂါရှိ

တယ်ဆိုပါကလည်း သင့်အရုးပေါ်မှာသက်ရောက်မှုရှိနေပြီး

အားပျော့နေတာမျိုးဖြစ်နိုင်တာကြောင့်ကျိုးနိုင်ပါတယ်။ ၎င်းကို ရောဂါကြောင့်ကျိုးခြင်းလို့ ခေါ်ပါတယ်။

အရမ်းငယ်သေးတဲ့ကလေးတွေမှာတော့ တစ်ယောက်ယောက်က ရိုက်လို့ နှက်လို့ ပစ်ထည့်လိုက်လို့

ကြောင့် လက်မောင်းရုးကျိုးနိုင်ပါတယ်။

လူငယ်တွေ လက်မောင်းအရင်းပိုင်းကျိုးခြင်းတွေကတော့ လူကြီးတွေထက် ပိုဖြစ်တတ်ပြီး ပုခုံးဆစ်လွဲခြင်းပါဖြစ်တတ်ပါ

တယ်။ လူငယ်တစ်ယောက်ရဲ့ လက်မောင်းကိုကျိုးဖို့အတွက်

အရမ်းပြင်းထန်တဲ့အားတစ်ခု လိုအပ်တာကြောင့် တစ်ခြား

ထိခိုက်ဒဏ်ရာရခြင်းတွေပါ တွဲပြီးဖြစ်တတ်ခြင်းဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Broken upper arm (လက်မောင်းရိုးကျိုးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

လက်မောင်းရိုးကျိုးခြင်းကို ဘယ်အချက်တွေက ပိုအန္တရာယ်

ဖြစ်စေသလဲ။

အခြားအချက်အလက်တွေသိရဖို့သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေး

နွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Broken upper arm (လက်မောင်းရိုးကျိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က သင့်မှာဖြစ်နေတဲ့ ရောဂါလက္ခဏာတွေကို ကြည့်

ပါလိမ့်မယ်။ ဆရာဝန်က သင်ဘယ်လို ဖြစ်ခဲ့လဲ သိဖို့လိုပါတယ်။

-ဘယ်အချိန်မှာ ဘယ်လိုဒဏ်ရာရခဲ့တယ်ဆိုတာရယ်

-သင့်ရဲ့ရောဂါနောက်ခံရာဇဝင်ရယ်၊အဓိကအားဖြင့် သင့်လက်မောင်းမှာအရင်က ဒဏ်ရာရဖူးလား၊ ပုခုံး၊တံတောင်ဆစ်နဲ့လက်ကောက်ဝတ်အပါအဝင်ပေါ့

-တကယ်လို့ သင့်အရေပြားကိုပေါက်ပြဲပြီးထိခိုက်ဒဏ်ရာရခဲ့

ပါက ဘယ်အချိန်ကနောက်ဆုံး မေးခိုင်ကာကွယ်ဆေးထိုးထားလဲမေးပါမယ်။

သင့်ဆရာဝန်က သင့်ရဲ့ဒဏ်ရာရတဲ့ လက်မောင်းနဲ့ ဒဏ်ရာ မရတဲ့လက်မောင်းကို ယှဉ်ကြည့်ပါလိမ့်မယ်။ နောက်ပြီး

-ရောင်ခြင်း

-ပုံပျက်ခြင်း

-ပွန်းပဲ့ခြင်း

-အညိုအမည်းစွဲခြင်း

-လှုပ်ရှားရာတွင် မကောင်းခြင်း

သင့်ဆရာဝန်က သင့်လက်မောင်းတစ်လျှောက်ကို ဖိပြီးစမ်း

ကြည့်ပြီး ဘယ်နေရာက နာနေတာလဲဆိုတာကို စမ်းသပ်ပါလိမ့်မယ်။

သင့်ဆရာဝန်က လက်ကောက်ဝတ်သွေးခုန်နှုန်းစမ်းခြင်းနဲ့ ထိတာကိုင်တာသိလားဆိုတာတွေရယ် လက်မောင်းနဲ့လက်

ကိုလှုပ်ရှားနိုင်လားဆိုတာတွေ စမ်းပါလိမ့်မယ်။ အရိုးကျိ ုးတာ

ကနေထွက်လာတဲ့ အရိုးအပိုင်းအစတွေကများသင့်လက်

မောင်း သွေးကြောတွေ အာရုံကြောတွေကို ထိခိုက်မိသေး

လားဆိုတာတွေကို စစ်ဆေးပါလိမ့်မယ်။

ထိခိုက်ဒဏ်ရာရထားတဲ့အရိုးကို ဆရာဝန်မှ ဓါတ်မှန်ရိုက်

ကြည့်ပါလိမ့်မယ်။ တစ်ခါတစ်လေကျရင် အရိုးကျိုးတာရဲ့

အထက်နဲ့အောက်က အဆစ်ကိုပါတစ်ခါတည်းရိုက်ကြည့်ပါ

လိမ့်မယ်။ ဓါတ်မှန်ကနေပြီးမှ အရိုးကျိုးတာရဲ့ နေရာနဲ့ ပြင်းထန်မှုကို အတည်ပြ ုပေးနိုင်ပါတယ်။

Broken upper arm (လက်မောင်းရိုးကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

လက်မောင်းရိုးကျိုးခြင်းအများစုကိုတော့ ခွဲစိတ်ခြင်းမလုပ်ပဲနဲ့ပဲ ကုသမှုပေးပါတယ်။ လက်မောင်းကို

ငြိမ်နေအောင်လို့ ကျောက်ပတ်တီးအပြည့်စီးခြင်း၊ ကျောက်ပတ်တီး တစ်ဝက်ကိုင်ခြင်းတို့လုပ်ခြင်းနဲ့ ကုသကြပါ

တယ်။

ခွဲစိတ်မှုလုပ်ခြင်းကတော့ အရမ်းဆိုးတဲ့အရိုးကျိုးမှု သို့မဟုတ် အရိုးက အရေပြားအပြင်ကို ပွင့်ထွက်လာတဲ့ဟာမျိုးမှာမှ ပိုပြီး

လိုအပ်ပါတယ်။ လက်မောင်းရိုးကို ပလိတ်ပြားများ၊ ဝက်အူလှည့်များ၊ သတ္တုချောင်းများအသုံးပြ ုပြီး ပြ ုပြင်ပါ

တယ်။ သင့်မှာ အရိုးက အပြင်ဘက်ကိုပွင့်ထွက်ပြီး ကျိုးတာရှိ

ပါက သွေးကြောထဲကနေ ပိုးသတ်ဆေးထိုးပါလိမ့်မယ်။ ပိုး

သတ်ဆေးက ပိုးဝင်ခြင်းကို ကာကွယ်ပေးပြီး အနီးအနားက

တစ်ရှုးတွေ ပိုးဝင်ခြင်းကိုကာကွယ်ပါတယ်။

သင့်ရဲ့ လက်မောင်းရိုးကျိ ုးတာက စပြီးဆက်ပြီဆိုတာနဲ့ သင်

က လေ့ကျင့်ခန်းလုပ်ဖို့လိုလာပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်

ခြင်းကနေ သင့်ရဲ့လက်မောင်းကြွက်သား တွေ သန်မာ

အောင် ကူညီပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကနေ သင့်ရဲ့

တံတောင်ဆစ်နဲ့ ပုခုံးက လှုပ်ရှားမှုကို ပုံမှန်ပြန်ဖြစ်အောင်

လုပ်ပေးနိုင်ပါတယ်။ လက်မောင်းရိုးကျိ ုးခြင်းအတွက် လေ့ကျင့်ခန်းလုပ်ပေးခြင်းက များသောအားဖြင့် လပေါင်းများ

စွာကြာတတ်ပါတယ်။

လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ

လက်မောင်းရိုးကျိ ုးခြင်းကို သက်သာအောင်ကူညီပေးနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။

(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Sandy Kyaw မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement