backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Broken sternum (ရင်ညွန့်ရိုးကျိုးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Broken sternum (ရင်ညွန့်ရိုးကျိုးခြင်း) ကဘာလဲ။

ရင်ညွန့်ရိုးကျိုးခြင်းဆိုသည်မှာ ရင်သားရိုးကျိုးသွားခြင်းကို ဆိုလိုသည်။ ရင်ညွန့်ရိုးကျိုးခြင်းသည် အရိုးအားရင်ဘတ်အရှေ့မှ

တိုက်ရိုက်ထိခိုက်မှုကြောင့်အများအားဖြင့်ဖြစ်တတ်သည်။ ယာဉ်မ

တော်တဆဖြစ်မှုများတွင် ပို၍အဖြစ်များသည်။

Broken sternum (ရင်ညွန့်ရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Broken sternum (ရင်ညွန့်ရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရင်ညွန့်ရိုးကျိုးခြင်း ရဲ့ရောဂါလက္ခဏာများတွင် ချော်လဲခြင်း(သို့)တိုက်ရိုက်ထိခိုက်မှုတခုအပြီး ရင်ဘတ်ရှေ့တည့်

တည့်မှ ရုတ်တရက်စတင်နာကျင်ကိုက်ခဲလာခြင်းပါဝင်သည်။ ထိုနာ

ကျင်မှုသည် ဖြစ်ပွားရာနေရာတွင်သာဖြစ်ပြီးဘေးသို့ ပြန့်သွားခြင်းမရှိပေ။ အရိုးကျိုးသွားသောနေရာအား ထိခိုက်လျှင်နာ

ကျင်ပြီး နာရီအနည်းငယ်အတွင်းညိုမည်းစွဲလာနိုင်ပါသည်။20ရာခိုင်

နှုန်းသောဝေဒနာရှင်များတွင် အသက်ရှူရခက်သည့် အခြေအနေများကြုံတွေ့ရနိုင်ပါသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Broken sternum (ရင်ညွန့်ရိုးကျိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ရင်ညွန့်ရိုးကျိုးခြင်းသည် ယာဉ်တိုက်မှုများကြောင့်အများဆုံးဖြစ်ပွား

သည်။ နှလုံးနှင့်အဆုတ်ကို လက်ဖြင့် ဖိ၍အသက်ကယ်စဉ်တွင်လည်းရင်ညွန့်ရိုးကျိုးသွားနိုင်ပါသည်။ ပို၍

နည်းပါးသောအားဖြင့်လည်း ဥပမာ ဂေါက်ရိုက်သူများနှင့် အလေးမသူများတွင်ရင်သားရိုးကျိုးသွားနိုင်ကြောင်းမြင်တွေ့ခဲ့

ရပြီးဖြစ်သည်။ အရိုးပွနေသောအသက်အရွယ်ကြီးသူများတွင်လည်း

ပို၍ဖြစ်နိုင်ချေများသည်။ အရိုးကျိုးခြင်းသည် အဖြစ်များသောထိခိုက်

မှုတခုဖြစ်ပြီး ကုသရန်ရိုးရှင်းပါသော်လည်း ရင်ညွန့်ရိုးကျိုးခြင်းအား

သေချာစစ်ဆေး၍ အခြားသောနောက်ဆက်တွဲပြဿနာများအ

တွက်လည်းစောင့်ကြည့်စစ်ဆေးသင့်ပါသည်။ နောက်ဆက်တွဲအခြေ

အနေများမှာ နှလုံးနှင့်အဆုတ်ဆုတ်ပြဲခြင်း(သို့)သွေးကြောမကြီး

အားထိခိုက်ခြင်းတို့ဖြစ်သည်။ ကျိုးသွားသောအရိုး၏အပိုင်းအစ

သည်နေရာလွဲသွားပါကနောက်ဆက်တွဲပြဿနာများပို၍ဖြစ်ပွားစေ

နိုင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Broken sternum (ရင်ညွန့်ရိုးကျိုးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Broken sternum (ရင်ညွန့်ရိုးကျိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရင်ညွန့်ရိုးကျိုးခြင်းအားအဖြေရှာအတည်ပြုမှုသည် ရင်ဘတ်ထိခိုက်ဒဏ်ရာ၊ကြည့်ရှူကိုင်တွယ်စစ်ဆေးမှု၏ရလဒ်များ

နှင့်ဓါတ်မှန်ရိုက်သည့်စနစ်များပေါ်တွင် အခြေခံသည်။ ရင်ညွန့်ရိုး

အားဆရာဝန်သည် ကိုယ်တွယ်စမ်းသပ်ပြိး ပုံစံပြောင်းလဲသွားခြင်း

(သို့)တည်ဆောက်ပုံတွင်ပျက်စီးသွားမှုရှိမရှိတို့ကိုစစ်ဆေးတတ်ပါ

သည်။ ညိုမည်းစွဲခြင်း၊ပုံပျက်သွားခြင်း(သို့)ရောင်ရမ်းခြင်းတို့ရင်ဘတ်ပိုင်းတွင်ရှိမရှိကိုလည်း ရှာဖွေစစ်ဆေးတတ်ပါသည်။ ရင်ဘတ်

အထက်ပိုင်းအား ဓါတ်မှန်ရိုက်ခြင်းဖြင့်လည်း ကျိုးသွားသော ရင်ညွန့်ရိုး၏နေရာနှင့်ပြင်းထန်မှုကို သိနိုင်သည်။ ပြင်းထန်ပါက အထူးဓါတ်မှန်များ ဥပမာ ကွန်ပျူတာဓါတ်မှန် နှင့် သံလိုက်ဓါတ်မှန်တို့ဖြင့်လည်းအခြားသော ဆက်စပ်ဒဏ်ရာနှင့်ထိခိုက်မှုများကို ရှာဖွေရတတ်သည်။ အတွင်းပိုင်း

ကလီစာများ ဥပမာ နှလုံးနှင့် အဆုတ် အား ထိခိုက်မှုရှိမရှိကို ဆရာဝန်သည် အဓိကထားရှာဖွေတတ်သည်။ အခြားသောစစ်ဆေး

မှုများကိုလည်း သံသယရှိသောကိုယ်အစိတ်အပိုင်း(သို့)ထိခိုက်ခံ

ထားရသောအစိတ်အပိုင်းပေါ်မူတည်ပြီး ပြုလုပ်ရန် ညွှန်ကြားခံရတတ်သည်။

Broken sternum (ရင်ညွန့်ရိုးကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

ရင်ညွန့်ရိုးကျိုးခြင်းအားကုသမှုသည် ပြင်းထန်မှုနှင့် ထိခိုက်သွားသောအတွင်းကလီစာအစိတ်အပိုင်းအမျိုးအစားပေါ်မူ

တည်သည်။ အကယ်၍ အဆုတ်၊နှလုံး(သို့)သွေးကြောများအား ပြင်းထန်ဒဏ်ရာများ ဖြစ်ပွားပါက အသက်ကယ်ကုသမှုအစီအစဉ်များအား စတင်ရသည်။ ထိုကဲ့သို့

သောထိခိုက်မှုများမရှိပါက(သို့)ဝေဒနာရှင်၏အခြေအနေသည်

တည်ငြိမ်နေပါက အခြားသောကုသမှုအစီအစဉ်များကို စတင်တတ်

သည်။ ရင်ညွန့်ရိုးကျိုးခြင်းအား သက်သာအောင်သာကုသရာတွင်10ပတ်မှ 24ပတ်လောက်အနားယူခြင်းနှင့် ထိခိုက်ရာနေရာအား အအေးကပ်

ပေးခြင်းဖြင့် ရောင်ရမ်းမှုကို သက်သာစေခြင်းတို့ပါဝင်သည်။ သို့

သော် ဖိအားမဖြစ်စေရန် သတိထားသင့်ပါသည်။ ရင်ညွန့်ရိုးကျိုးသူ

များသည်အရိုးပြန်ဆက်သည်အထိသယ်မခြင်း၊သယ်ဆောင်ခြင်း(သို့)လေးသောအရာများတွန်းခြင်းနှင့် ခေါင်းပေါ်တွင်အလေးအပင်

များရွက်ခြင်း တို့ကိုရှောင်ကြဉ်ရပါမည်။ အနာသက်သာဆေးများ

ကိုလည်းဝေဒနာရှင်များအနေဖြင့်သောက်သုံးနိုင်ပါသည်။ ရင်ညွန့်

ရိုးကျိုးခြင်းအား ခွဲစိတ်ကုသရန်မလိုအပ်တတ်သော်လည်း ကြီးမား

ပြင်းထန်ပါက(သို့)အတွင်းကလီစာများအား ထိခိုက်သွားပါက ခွဲစိတ်ကုသရတတ်သည်။ ရင်ညွန့်ရိုးတခုတည်းသာ ကျိုး

ထားသောသူများသည် အနာသက်သာအောင် ဆေးရုံခဏသာတက်ရန် လိုအပ်ပြီး 9ပတ်မှ

12ပတ်အတွင်း ပျမ်းမျှ10.4တွင် သက်သာသွားတတ်သည်။ သုံးပုံးနှစ်ပုံသောဝေဒနာရှင်များသည်အနာသက်သာသည့်ဆေးများသာလိုအပ်တတ်ပြီး မသက်သာခင်ကာလအတွင်းတွင် အပြင်းထန်ဆုံးလက္ခဏာမှာ ရင်

ဘတ်အောင့်ခြင်းသာဖြစ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ရင်ညွန့်ရိုးကျိုးခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရင်ညွန့်ရိုးကျိုးခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ရင်ညွန့်ရိုးကြိုးရသည့် အများစုအကြောင်းအရင်းမှာ ယာဉ်တိုက်မှုများကြောင့်ဖြစ်သည်။ ကားထိုင်ခုံခါးပတ်ပတ်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
  • ပြင်းထန်စွာတွန်းတွန်းတိုက်တိုက်ကစားရသော အားကစားများနှင့်အလွန် မြင့်သောဆောက်လုပ်ရေးနေရာများတွင် အကာအကွယ်

ကိရိယာများဝတ်ဆင်ခြင်းဖြင့် ရင်ညွန့်ရိုးမကျိုးအောင်ကာကွယ်နိုင်ပါသည်။ အလုပ်တွင်မည်သည့်ကာကွယ်ရေးပစ္စည်းများဝတ်ဆင်ထားခြင်းမရှိပဲ

လေးလံသောပစ္စည်းများအား မခြင်း(သို့)တွန်းခြင်းတို့ကိုရှောင်ကြဉ်သင့်ပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement