backup og meta

အရိုးနှင့်အဆစ်မြစ်ရောင်ရောဂါအတွက် ကာယလေ့ကျင့်ခန်းကုထုံးများ


Dr.Nyan Linn မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးနှင့်အဆစ်မြစ်ရောင်ရောဂါအတွက် ကာယလေ့ကျင့်ခန်းကုထုံးများ

    အရိုးနှင့်အဆစ်မြစ်ရောင်ရောဂါ သင့်တွင်ရှိပါက သင်သည်လှဲနေ၍

    ဘာမှထမလုပ်ချင်အောင်ဖြစ်တတ်သည်။ အဘယ်ကြောင့်ဆိုသော်

    သင့်အဆစ်များသည် နာကျင်တောင့်တင်းနေ၍ဖြစ်သည်။ သို့သော်

    လည်း လှုပ်လှုပ်ရှားရှားနေခြင်းသည် နာကျင်မှုကိုသက်သာစေပြီး

    သင့်၏လှုပ်ရှားမှုကို တိုးတက်ကောင်းမွန်စေသည်။ အကောင်းဆုံး

    ရွေးချယ်မှုမှာ လေ့ကျင့်ခန်းနည်းနည်းစီကိုမကြာခဏလုပ်ခြင်းဖြစ်

    သည်။

    လှုပ်ရှားမှုကိုလွယ်ကူစေသောလေ့ကျင့်ခန်းများ

    အရိုးထိပ်များကိုဖုံးအုပ်ထားသော အရိုးနုများပါလာသောအခါ အရိုး

    နှင့်အဆစ်ရောင်ရောဂါဖြစ်ပွားသည်။ ထိုရောဂါသည်ကုသ၍မရနိုင်

    သော်လည်း ဖြစ်ပွားသောလက္ခဏာများသက်သာ၍ ရောဂါတိုးတက်ဖြစ်ပေါ်လာမှုကို နှေးကွေးစေနိုင်သည့်နည်းလမ်း

    များစွာရှိပြီး လေ့ကျင့်ခန်းများသည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။

    ပထမဦးစွာ လှုပ်ရှားမှုကိုလွယ်ကူစေသောလေ့ကျင့်ခန်းများဖြင့်စ

    တင်လိုက်ပါ။ ထိုလေ့ကျင့်ခန်းများသည် သင့်အား သက်သက်သာ

    သာချောင်ချောင်ချိချိလှုပ်ရှားနိုင်စေပြီး လှုပ်ရှားနိုင်သည့်အတိုင်းအ

    တာ၊အဆစ်များလှုပ်ရှားနိုင်မှု တို့ကို တက်စေကာရောင်ရမ်းမှု

    ဖြစ်ပွားသည့်နေရာများတွင် တောင့်နေခြင်းကိုသက်သာစေသည်။

    အရိုးပတ်လည်ဝန်းကျင်တွင်လည်း ကြွက်သားမာတောင့်နေခြင်းတို့

    ကိုကာကွယ်ပေးပါသည်။

    ထိုလေ့ကျင့်ခန်းများတွင် သင်သည် သင့်ကြွက်သားများကို ညင်သာ

    စွာဆန့်၍သန်မာအောင်လုပ်ရပါသည်။ သင်သည် လေ့ကျင့်ခန်းနေ

    စဉ်တွင်သက်သောင့်သက်သာဖြစ်နေပြီး နာကျင်မှုကိုလည်း မခံစား

    ရနိုင်ပါ။ ထိုလေ့ကျင့်ခန်းများကို သင့်အရိုးအဆစ်များသိပ်မနာ

    ကျင်၍တောင့်ခဲနေခြင်းသိပ်မရှိပါက ပို၍ပြုလုပ်သင့်ပါသည်။5 မိနစ်

    စာလမ်းလျှောက်ခြင်း(သို့)လေ့ကျင့်ခန်းများမလုပ်ခင် ရေနွေးဖြင့်

    ရေချိုးခြင်းတို့ဖြင့်လည်း သင်သည်သွေးပူအောင်ပြုလုပ်နိုင်ပါသည်။

    သန်မာစေသောလေ့ကျင့်ခန်းများ

    သင့်တွင်အရိုးနှင့်အဆစ်အမြစ်ရောင်ရောဂါရှိသောအခါ သင်သည်လေ့ကျင့်ခန်းများ ကိုမလုပ်ချင်ပဲနေတတ်သည်။ ရလဒ်အ

    နေဖြင့်ကြွက်သားအားနည်းသွားခြင်းတို့ဖြစ်တတ်ပါသည်။ ပိုပြောရ

    လျှင် သင့်ကြွက်သားအုံသည်အသက်ကြီးလာလေလေပါးလာလေ

    လေဖြစ်သည်။ ထို့ကြောင့် သန်မာစေသောလေ့ကျင့်ခန်းများသည်

    သင့်ကြွက်သားများပိုသန်မာလာအောင်မရှိမဖြစ်အထောက်အကူပြု

    နေသောအရာများဖြစ်သည်။ သန်မာသောကြွက်သားများသည် အရိုး

    အဆစ်များကို ပိုမိုကောင်းအောင်ထောက်ပံ့ပေးကြပါသည်။ သင့်တွင်

    ဒူးနှင့်တင်ပဆုံအရိုးအဆစ်ရောင်ရမ်းရောဂါရှိပါက သင့်ကိုယ်နှစ်

    ဖက်လုံးတွင်ထိုရောဂါဖြစ်ပွားလာနိုင်ပါသည်။ ထို့ကြောင့် လေ့ကျင့်

    ခန်းများကို ခြေထောက်နှစ်ဖက်ဖြင့်ပြုလုပ်နိုင်သင့်ပါသည်။

    သင့်ဆရာဝန်သည် သင့်တော်သောလေ့ကျင့်ခန်းကို သင့်၏နာကျင်

    မှုပြင်းအားနှင့်သင့်၏ကျန်းမာရေးအပေါ်မူတည်ပြီး ရွေးချယ်စီစဉ်ပေး

    နိုင်ပါသည်။ ညင်သာစွာစတင်ကစားပြီး အချိန်ယူပြီးတိုးမြှင့်လုပ်

    ဆောင်သွားပါ။ လေ့ကျင့်ခန်းအများအပြားကို လုပ်နိုင်ရန်မကြိုးစားပါ

    နှင့်။ သင်သည်လေ့ကျင့်ခန်းများလုပ်ပြီး၍ အလွန်နာကျင်နေပါက သင့်ကိုယ်သင်အရမ်းတွန်းအားပေးခဲ့ခြင်းဖြစ်သည်။ သို့သော်တစ်

    ပတ်လျှင်အနည်းဆုံးထိုလေ့ကျင့်ခန်းများကို နှစ်ကြိမ်ခန့်ပြုလုပ်သင့်

    ပါသည်။

    သိပ်မပြင်းထန်သောလေ့ကျင့်ခန်းများပြုလုပ်ခြင်း

    သိပ်အားစိုက်စရာမလိုသောလေ့ကျင့်ခန်းများသည် သင့်၏ကျန်းမာ

    ရေးကိုတိုးတက်ကောင်းမွန်စေခြင်း၊သင့်သွေးလည်ပတ်မှုကိုကောင်း

    စေခြင်း၊သင့်ကိုယ်အလေးချိန်ကိုထိန်းချုပ်နိုင်ရန်ကူညီခြင်းနှင့်ပျော့

    ပျောင်းသောတစ်ရှူးများကို တည်ဆောက်ပေးခြင်းတို့ဖြစ်စေပါ

    သည်။ စက်ဘီးစီးခြင်း၊လမ်းလျှောက်ခြင်း၊ရေကူးခြင်းနှင့်လှေလှော်

    ခြင်းတို့သည်သင့်တော်သောအားကစားများဖြစ်သည်။ သင်ရေကူး

    သောအခါ သင့်ကြွက်သားများသန်မာလာနိုင်ပါသည်။ ထိုက်ချိကို

    လည်းထည့်သွင်းစဉ်းစားသင့်ပါသည်။ သင့်အရိုးအဆစ်များအတွက်

    လည်းကောင်းပြီး သင်သည် နေ့အခါတွင်စိတ်ဖိစီးမှုနည်း၍ ညအခါ

    တွင်ကောင်းစွာအိပ်ပျော်ပါသည်။ ရောဂ ကျင့်စဉ်များကိုလည်းပြုလုပ်

    ရန်စဉ်းစားကြည့်ပါ။ ထိုလေ့ကျင့်ခန်းများတွင် များပြားလှသောကျန်း

    မာရေးအကျိုးကျေးဇူးများရှိပါသည်။ သင့်အရိုးအဆစ်များပေါ်တွင်

    ဖိအားအလွန်များစေသောအားကစားများ ဥပမာ ဘောလုံးကန်ခြင်း၊

    ဘောလီဘောပုတ်ခြင်း၊တင်းနစ်ရိုက်ခြင်း၊ဘတ်စကတ်ဘောကစား

    ခြင်းနှင့် ပြေးခြင်းတို့ကို ရှောင်ကြဉ်ပါ။ တစ်ပတ်လျှင်3၊4ကြိမ်

    လောက်သင်သည် သိပ်အားမစိုက်ရသောလေ့ကျင့်ခန်းများကို တစ်ခုလျှင်မိနစ်30စီ ပြုလုပ်သင့်ပါသည်။

    ကိုယ်ကာယလေ့ကျင့်ခန်းများသည် သင့်၏အရိုးအဆစ်ရောင်ရောဂါ

    အတွက်ကောင်းမွန်သော်လည်း အလွန်အကျွံကိုယ်လက်လှုပ်ရှားပါ

    ကလည်း သင့်၏နာကျင်မှုကိုတိုးစေကာ သိပ်မလှုပ်ရှားဖြစ်ပါက

    လည်းသင့်အဆစ်များခိုင်ခြင်း၊တောင့်ခြင်းတို့ဖြစ်ပွားစေတတ်ပါ

    သည်။ သင့်ဆရာဝန်အား လေ့ကျင့်ခန်းများနှင့် သင့်အတွက်အ

    ကောင်းဆုံးလေ့ကျင့်ခန်းကို သိရှိရန် မေးမြန်းပါ။

    Hello Health Group သည် ဆေးပညာ အကြံပေးချက်များ ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Nyan Linn မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement