backup og meta

ခါးနာခြင်းကို DTS(ဖိအားပေး၍ဆွဲခြင်း ကုထုံး) ကဘယ်လိုသက်သာစေတာလဲ


Dr.Nyan Linn မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခါးနာခြင်းကို DTS(ဖိအားပေး၍ဆွဲခြင်း ကုထုံး) ကဘယ်လိုသက်သာစေတာလဲ

    ဖိအားပေး၍ ဆွဲခြင်း ကုထုံး သည် သင်နှင့် ရင်းနှီးပြီးသား ဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်ထံမှ ကြားဖူးခြင်း သို့မဟုတ် အင်တာနက်သတင်းများ တွင် မြင်ဖူးခြင်း တို့ဖြစ်နိုင်ါပတယ်။ သည်နည်းလမ်းကို ခါးနာခြင်း အတွက် အသုံးပြုသည်ကိုလည်း သိပြီး ဖြစ်နိုင်ပါတယ်။ သို့သော် သည်နည်းလမ်းက မည်သို့ အလုပ်ဖြစ်စေသည်ကို သိပါသလား။ သည်ဆောင်းပါးထဲမှာ အဖြေရှိပါတယ်။

    ဖိအားပေး၍ ဆွဲခြင်း ကုထုံး ကိုမည်သို့ ပြုလုပ်ပါသလဲ။

    ဖိအားပေး၍ ဆွဲခြင်း ကုထုံး တွင် ခါးရိုးကို ညင်သာစွာ ဆွဲဆန့်ရန်အတွက် အထူးပြုလုပ်ထားသော ကိရိယာလေးကို အသုံးပြုပါတယ်။ ထိုကိရိယာသည် စားပွဲ သို့မဟုတ် စောင့်ကြည့်ရသော ဆွဲဆန့်ခြင်း ကိရိယာတစ်မျိုးပဲ ဖြစ်ပါတယ်။

    ထိုကုထုံး ခံယူစဉ် အဝတ်အစားများ ချွတ်ရန်မလိုပါ။ စားပွဲပေါ်တွင် လှဲလျောင်းနေရပြီး ကုသပေးသူက ကြိုးကို သင့်ရဲ့ တင်ပါးအရိုး နှင့် ခန္ဓါကိုယ် အပေါ်ပိုင်း ပတ်လည်ကို ချည်နှောင်ပါတယ်။ အောက်ပိုင်းကတော့ လွတ်လပ်နေပါလိမ့်မယ်။ အချို့အခြေအနေများတွင် ကျောနှင့် လှဲရပြီး အချို့အခြေအနေတွင် ဝမ်းဗိုက်နှင့် လှဲလျောင်းရပါတယ်။

    ကုသပေးသူက လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး အချိန်နဲ့ အလေးချိန်ကို ကွန်ပြူတာနဲ့ မှတ်သားပါတယ်။

    ကုသမှု အတွဲဆက်

    ကုသမှုတစ်ကြိမ်ကို မိနစ် ၃၀ မှ ၄၅ အထိကြာနိုင်ပါတယ်။ ထိုသို့ ၁၅ ကြိမ်မှ အကြိမ် ၃၀ ပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။ ထိုသို့ ကုသမှု ပြီးဆုံးဖို့ လေးပတ်မှ ခြောက်ပတ်အထိ ကြာပါတယ်။ အချိန်ကြာမြင့်ပြီး တိုးတက်မှုကို ချက်ချင်း မခံစားရပါဘူး၊ စိတ်ရှည်ဖို့လိုပါတယ်။ ကုသပေးသူ၏ ရုံးခန်း သို့မဟုတ် ကျန်းမာရေးဌာနတွင် ထိုကုသမှုကို ခံယူနိုင်ပါတယ်။

    ဖိအားပေး၍ ဆွဲခြင်း ကုထုံးက သင့်ခါးကို မည်သို့ အထောက်အကူပြုပါလဲ။

    သင့် ကျောရိုးကို ညင်သာစွာ ဆွဲဆန့်ခြင်းဖြင့် ဖိအားပေး၍ ဆွဲခြင်း ကုထုံးက သင့် ကျောရိုး အရွတ်ပြားများ၊ အာရုံကြောများ၊ ဘေးပတ်လည် တစ်ရှူးများ အပေါ်သက်ရောက်နေသော ဖိအားများကို လျော့နည်းစေပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်။ သွေးက ရေ၊ အာဟာရ နဲ့ အောက်စီဂျင်များကို အရွတ်ပြားများသို့ သယ်ဆောင်ပေးခြင်းဖြင့် လျင်မြန်စွာ သက်သာစေနိုင်ပါတယ်။

    ဖိအားပေး၍ ဆွဲခြင်း ကုထုံးသည် ကျွံနေသော အရွတ်ပြားကို ပုံမှန်နေရာသို့ ပြန်ရောက်နိုင်စေပါတယ်။ ကုသမှု ခံယူနေစဉ်ရော၊ ခံယူပြီးပါ မည်သည့် နာကျင်မှုမျိုးကိုမှ မခံစားနိုင်စေပါ။ နာကျင်ပါက ပုံမှန်မဟုတ်သည့်အတွက် ကုသပေးသူကို ချက်ချင်း အသိပေးသင့်ပါတယ်။ ကုသမှု ခံယူပြီးသည့်အခါ လေ့ကျင့်ခန်း များ ရေရှည်ပြုလုပ်သင့်ပါတယ်။ ဖိအားပေး၍ ဆွဲခြင်း ကုထုံးကို ခါးနာခြင်း၊ လည်ပင်းရိုးနာခြင်း၊ တင်ပါးအကြောနာကျင်ခြင်း၊ ကျောရိုးအရွတ်ပြား ကျွံခြင်း၊ အရွတ်ပြား ဆုတ်ယုတ်ပျက်စီးခြင်း၊ အခြား အဆစ်နှင့် အာရုံကြောဆိုင်ရာ ပြဿနာများ ကို ကုသဖို့ အသုံးပြုကြပါတယ်။

    ဖိအားပေး၍ ဆွဲခြင်း ကုထုံးတွင် အသုံးပြုသော အထူးပြုလုပ်ထားသော ကိရိယာလေးသည် ထိခိုက်နေသော အရွတ်ပြားများ ကို အနာကျက်စေပြီး ဖိအားလျော့စေပါတယ်။ ထို့ကြောင့် နာကျင်မှုလည်း သက်သာစေပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Nyan Linn မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement