၇။ ဝှေးစေ့ကို ပြင်းပြင်းထန်ထန် ထိခိုက်မိခြင်း
၈။ ကြိမ်ဖန်များစွာ တစ်ကိုယ်ရေ အာသာဖြေခြင်း
၉။ ကြမ်းတမ်းစွာ လိင်ဆက်ဆံခြင်း
၁၀။ မျိုးပွားလမ်းကြောင်းမှာ တစ်ခုခုပိတ်မိတဲ့အခါ သွေးကြောများပေါက်သွားခြင်း
၁၁။ သွေးတိုး၊ ကျောက်ကပ်မကောင်းတဲ့သူတွေ
၁၂။ HIV ပိုးရှိသူတွေမှာ သုက်ရည်ထဲသွေးပါတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
တခြားဘာလက္ခဏာတွေ တွေ့ရသေးလဲ။
သုက်ရည်ထဲ သွေးပါတာဟာ ပုံမှန်အားဖြင့် စိုးရိမ်စရာသိပ်မရှိပေမယ့် အောက်ပါလက္ခဏာတွေပါ တွေ့ရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။
၁။ ဆီးသွားစဉ် သွေးပါခြင်း (Hematuria)
၂။ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်ခြင်း၊ နာကျင်ခြင်း
၃။ ဆီးအကုန်အစင်သွားလို့ မရဘဲ အနည်းငယ်ကျန်နေသေးသလို ခံစားရခြင်း
၄။ ဆီးအိမ်က နာကျင်နေသလို၊ ဖောင်းနေသလို ခံစားရခြင်း
၅။ သုက်လွှတ်စဉ် နာကျင်ခြင်း
၆။ လိင်အင်္ဂါတစ်ဝိုက် ဖောရောင်နေခြင်း၊ နာကျင်ခြင်း
၇။ လိင်တံမှ တခြား ပြည်ကဲ့သို့ အရည်များစိမ့်ထွက်လာခြင်း
၈။ အဖျားတက်ခြင်း
၉။ နှလုံးခုန်မြန်ခြင်း
၁၀။ ပုံမှန်ထက် ပိုပြီး သွေးတိုးနေခြင်း အစရှိတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။
စစ်ဆေးကုသမှု ခံယူတော့မယ်ဆိုရင် ဘာလုပ်ဖို့ လိုအပ်လဲ။
ဆရာဝန်အနေနဲ့ လူနာရဲ့ အသက်၊ ကျန်းမာရေးအခြေအနေ၊ တခြားပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေ၊ သောက်နေတဲ့ ဆေးဝါးတွေအပြင် လိင်မှုကိစ္စတွေကိုပါ မေးမြန်းမှာဖြစ်ပါတယ်။ အဲ့နောက်မှာ
- လိင်အင်္ဂါမှာ တခြားအကျိတ်၊ ဖောရောင်နေတာ ရှိ၊ မရှိကို စမ်းသပ်ခြင်း
- စအိုအတွင်း လက်ဖြင့်ထိုးသွင်းပြီး ဆီးကျိတ်ရောင်နေခြင်း၊ ပျော့အိအိဖြစ်နေခြင်း၊ တခြားရောဂါ ရှိမရှိကို စမ်းသပ်ခြင်း (Rectal Exam)
- ဆီးနမူနာကို ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီး ပိုးဝင်ခြင်းရှိ၊ မရှိ စစ်ဆေးခြင်း (Urinalysis)
- ဆီး၊ သွေးစစ်ပြီး လိင်မှတစ်ဆင့် ကူးစက်ရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်း (STD Test)
- ဆီးကျိတ်ကင်ဆာ စစ်ဆေးခြင်း (PSA Testing)
- အာထရာစောင်း ရိုက်ခြင်း (Ultrasound)
- ဆီးလမ်းကြောင်းထဲ မှန်ပြောင်းဖြင့် ကြည့်ခြင်း (Cystoscopy)
- CT Scan ရိုက်ခြင်း
- MRI စစ်ဆေးခြင်း ပြုလုပ်မှာဖြစ်ပါတယ်။
ရောဂါအကြောင်းရင်းကို စစ်ဆေးပြီးသွားတဲ့အခါမှသာ ဆရာဝန်အနေနဲ့ ပိုးသတ်ဆေးပေးတာ၊ အရောင်ကျဆေးမယ့် ဆေး သို့မဟုတ် ရောဂါအလိုက်လိုအပ်တဲ့ ကုသမှုတွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။
အသက် ၄၀ အောက်အမျိုးသားတွေအနေနဲ့ တစ်ခါ၊ နှစ်ခါလောက်ပဲ သုက်ရည်ထဲ သွေးပါတာ၊ တခြားဘာလက္ခဏာမှမရှိဘူးဆိုရင်တော့ သိပ်ပြီးစိတ်ပူဖို့ မလိုအပ်ပါဘူးခင်ဗျာ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။