ဒီအတွက် ပျစ်တဲ့သုက်ရည်ကနေ ထွက်လာတဲ့ သုက်ပိုးဟာ ပိုပြီးကျန်းမာတယ်။ ကျဲတဲ့သုက်ရည်ကနေ ထွက်လာတဲ့ သုက်ပိုးဟာ ကူးခတ်တာ မြန်တယ်ဆိုတာကတော့ ချင်း (ဂျင်း) သက်သက်ပါပဲ။
၃။ သုက်ရည်ထုတ်ပြီးနောက်မှာ သုက်ပိုးတွေဟာ ခဏပဲ ရှင်သန်နိုင်တဲ့ အလွဲ
ဒါကတော့ သုက်ရည်ဟာ ဘယ်နေရာပေါ် ကျသွားလဲဆိုတာပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။ များသောအားဖြင့် အေးတဲ့ နေရာတွေမှာ သုက်ရည်ကျသွားတဲ့အခါ လေနဲ့ အအေးဒဏ်ကြောင့် သုက်ရည်က ခြောက်သွားပါတယ်။
သုက်ရည်ခြောက်ပြီ ဆိုတာနဲ့ မိနစ်အနည်းငယ်အတွင်းမှာ သုက်ပိုးတွေဟာ သေသွားနိုင်ပါတယ်။ ပူတဲ့နေရာ (ဥပမာ ရေနွေးကန်ထဲမှာ) ဆိုရင်တော့ ဒီထက်ပိုပြီး မြန်မြန်သေနိုင်ပါတယ်။
မိန်းမကိုယ်ထဲမှာ သုက်လွှတ်လိုက်ရင်တော့ အကြာဆုံး ၅ ရက်အထိ အသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် ရာသီလာနေချိန် အတူနေပြီး ကိုယ်ဝန်ရနိုင်ခြေ ရှိတယ်လို့ ပြောရခြင်းပဲ ဖြစ်ပါတယ်။
၄။ သုက်ပိုးတွေဟာ အမျိုးသားတွေရဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာပြီး မျိုးအောင်နိုင်တဲ့ အလွဲ
အမျိုးသားတွေဟာ လူပျိုစဖြစ်တဲ့ အချိန်မှစပြီး အသက်ကြီးတဲ့အထိ ဝှေးစေ့က သုက်ပိုးထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ သုက်ပိုး ထုတ်လုပ်နှုန်းဟာ နည်းသွားသလို မျိုးအောင်နိုင်စွမ်းလည်း ကျလာပါတယ်။
ဒါက ပုံမှန်ဖြစ်စဉ်ပါ။ ဆေးလိပ်အရမ်း သောက်တာ၊ အရက်သောက်တာ၊ ဝှေးစေ့ကို အမြဲ ပူနေအောင် ထားတာက သုက်ပိုးပို မြန်မြန်ပျက်စီးစေပါတယ်။
၅။ သုက်ပိုးရဲ့ ကျန်းမာရေးဟာ အတွင်းခံပေါ် သက်ရောက်နေနိုင်လား။
အတွင်းခံကို ကျပ်နေအောင် ဝတ်တဲ့အခါ အထဲမှာ အပူအောင်းသွားတဲ့အတွက် သုက်ပိုးထုတ်လုပ်နိုင်စွမ်း ကျဆင်းသွားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အတွင်းခံဝတ်ရုံသက်သက်ကတော့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေမှာ မဟုတ်ပါဘူး။
ဘယ်လိုပဲဖြစ်နေပါစေ၊ ယောက်ျားလေး တစ်ယောက်အတွက် အရမ်းကျပ်နေတဲ့ အတွင်းခံမျိုးတွေထက် ချောင်ချောင်ချိချိ လေဝင်လေထွက် ကောင်းမယ့် Boxer လို အတွင်းခံမျိုးကတော့ အကောင်းဆုံးပါပဲ။
၆။ သုက်ပိုးကောင်ရေတိုင်းဟာ ကျန်းမာနေတယ်ဆိုတဲ့ အလွဲ
သုက်ရည်ထဲမှာ ပါတဲ့ သုက်ပိုး အကောင်ရေတိုင်းဟာ မကျန်းမာနိုင်ပါဘူး။ ပြောရမယ်ဆိုရင် ယောက်ျားလေး တစ်ယောက်က စက္ကန့်နဲ့အမျှ သုက်ပိုးကောင်ရေကို ထုတ်လုပ်ပေးနေပါတယ်။
ဒါပေမယ့် ထုတ်လိုက်ထဲကိုက မကျန်းမာတဲ့ သုက်ပိုးတွေ၊ ပုံစံမမှန်တဲ့ သုက်ပိုးတွေ ပါလာပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် သိပ်လည်း စိတ်မပူပါနဲ့။ မျိုးအောင်ဖို့က သန်စွမ်းကျန်းမာတဲ့ သုက်ပိုးတစ်ကောင်ပဲ လိုတာပါ။
၇။ သုက်ရည်ကြည်ဟာ ကိုယ်ဝန်မရနိုင်ဘူးဆိုတဲ့ အလွဲ
ကွန်ဒုံးမပါဘဲ ထိုးသွင်းဆက်ဆံပြီး အပြင်မှာ သုက်လွှတ်လို့ ကိုယ်ဝန်မရနိုင်ဘူး ထင်ရင်တော့ လုံးဝမှားသွားပါလိမ့်မယ်။ အမျိုးသားတွေဟာ သုက်မထွက်သေးရင်တောင် ထိပ်ဖူးမှာ သုက်ရည်ကြည် (Pre-cum) တွေ စိမ့်ထွက်နေတတ်ပါတယ်။
သုက်ရည်ကြည်ထဲမှာလည်း သုက်ပိုးကောင်ရေ အနည်းနဲ့ အများ ပါနေနိုင်တဲ့အတွက် ကိုယ်ဝန်ရနိုင်ခြေ မများတဲ့တိုင်အောင် လုံးဝမရတာတော့ မဟုတ်ပါဘူး။
၈။ သုက်ပိုးများများ ထွက်လေ၊ မျိုးအောင်နိုင်ခြေ ပိုများနိုင်တဲ့ အလွဲ
ပုံမှန်က သန္ဓေတည်ဖို့ မမျိုးဥတစ်လုံးနဲ့ သုက်ပိုးတစ်ကောင်ပဲ လိုအပ်တာပါ။ သုက်ပိုးများများ ထုတ်လွှတ်လိုက်တဲ့အခါ သန်းပေါင်းများစွာသော သုက်ပိုးတွေဟာ မမျိုးဥဆီကို ကူးခတ်သွားပြီး တစ်ကောင်ထက် ပိုတဲ့ သုက်ပိုးတွေက မမျိုးဥနဲ့ ပေါင်းစည်းသွားနိုင်ပါတယ်။
ဒီအခါ အမြွှာမွေးတာမျိုးလည်း ရှိသလို၊ ရှားပါးအခြေအနေမှာ မွေးလာတဲ့ကလေးမှာ DNA ပုံမမှန်ခြင်း၊ ဒေါင်းရောဂါ (Down Syndrome) ၊ နှလုံး၊ ကျောရိုး၊ ဦးခေါင်းခွံမှာ သေစေနိုင်တဲ့ ချို့ယွင်းချက်တွေ ဖြစ်လာနိုင်ပါတယ်။
ဒီဆောင်းပါးကို ဖတ်ပြီးတော့ ကိုယ်သိထားတဲ့ လိင်ကျန်းမာရေးအလွဲလေးတွေနဲ့ အမှန်ကို ခွဲခြားသိမြင်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။