အမျိုးသားတစ်ယောက်ရဲ့ အတွင်းစိတ်ထဲက တောင့်တမှုတွေထဲမှာ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ကလည်း တစ်ခုအပါအဝင်ပါပဲ။ ဘယ်အချိန်မှာမဆို တစ်ဖက်သား ကျေနပ်သွားအောင် စွမ်းဆောင်ပြနိုင်ဖို့ အမျိုးသားတိုင်းက မျှော်လင့်ကြပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
အမျိုးသားတစ်ယောက်ရဲ့ အတွင်းစိတ်ထဲက တောင့်တမှုတွေထဲမှာ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ကလည်း တစ်ခုအပါအဝင်ပါပဲ။ ဘယ်အချိန်မှာမဆို တစ်ဖက်သား ကျေနပ်သွားအောင် စွမ်းဆောင်ပြနိုင်ဖို့ အမျိုးသားတိုင်းက မျှော်လင့်ကြပါတယ်။
ဒါပေမယ့် လူတိုင်းတော့ ဆန္ဒပြည့်ဝကြတယ်လို့တော့ မဟုတ်ပါဘူး။ အဓိက အကြောင်းပြချက်ကတော့ မြင့်မားလှတဲ့ မျှော်လင့်ချက်ကြောင့်ပါပဲ။ မျှော်မှန်းချက်မြင့်မြင့်မားမားထားရှိနေတာမို့ အဲ့ဒီမျှော်မှန်းချက်ကပဲ စိုးရိမ်စိတ်ကို ပြန်ဖြစ်စေတာပါပဲ။
ဒီလိုပြဿနာမျိုးကို အိပ်ရာပေါ်မှာ မကြာခဏ ကြုံဆုံရလေ့ရှိပါတယ်။ ဒီကိစ္စမျိုးက အတွေ့အကြုံရှိသူရော မရှိသူပါ ကြုံရနိုင်တဲ့ ပြဿနာမျိုးဖြစ်ပါတယ်။ ငါလုပ်နိုင်ပါ့မလား၊ ငါအဆင်ပြေပါ့မလား၊ ပုံမှန်စွမ်းဆောင်ရည်မျိုး ပြနိုင်ပါ့မလားဆိုတာတွေကို တွေးပူရင်း ကိစ္စပြီးမြောက်ဖို့ အခက်တွေ့ကုန်ကြတော့တာပါပဲ။
လိင်ဆက်ဆံရာမှာ အဓိကအကျဆုံး အစိတ်အပိုင်းက ဘယ်အရာလဲလို့ မေးမြန်းတဲ့အခါ လူတိုင်းက လိင်အင်္ဂါအစိတ်အပိုင်းတွေကိုသာ လက်ညှိုးညွှန်ကြမှာပါ။ ဒါပေမယ့် တကယ်တမ်းအရေးအကြီးဆုံးက ဦးနှောက်ဖြစ်ပါတယ်။
ဦးနှောက်ရဲ့ မောင်းနှင်အားက ဒီဖြစ်ရပ်တစ်ခုလုံးရဲ့ အသက်ပါပဲ။ စိတ်အားထက်သန်မှု၊ ယုံကြည်မှုမပြည့်ဝဘူးဆိုရင် သင်စွမ်းဆောင်ချင်သလိုမျိုးဖြစ်လာဖို့ မမျှော်လင့်ပါနဲ့။
ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် အိပ်ရာပေါ်မှာ အမျိုးသားတွေ စိုးရိမ်ပူပန်တတ်တဲ့ အကြောင်းအရာတွေကို သိနားလည်ထားဖို့လိုအပ်ပါတယ်။ ဒါမှ ဦးနှောက်က ကြိုတင်ချိန်ဆပြီး ဖြေရှင်းနိုင်မှာမဟုတ်လား။
အမျိုးသားတွေ ကုတင်ပေါ်မှာ တွေးပူတတ်တဲ့ ကိစ္စတွေက ဘာတွေလဲ? ကြည့်ကြည့်ရအောင်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။