ယောကျ်ားလေးတွေမှာ ကျားဟော်မုန်းတွေကြောင့် မိန်းကလေးတွေထက် အမွေးအမျှင်တွေ ပိုများပါတယ်။ တစ်ကိုယ်လုံးမှာရော၊ မျက်နှာမှာပါ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေ စသဖြင့် ပေါက်ကြပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲ့ဒီလို အမွေးအမျှင်တွေ (အထူးသဖြင့် မျက်နှာက အမွေးအမျှင်တွေ) ကို ရိတ်ပြီးတဲ့အခါ အသားခြောက်ခြင်း၊ ယားယံခြင်း၊ ပွန်းပဲ့ခြင်း၊ ချွေးပေါက်ကျယ်ခြင်း စတဲ့ အဖြစ်များပြီး စိတ်အနှောင့်အယှက်အင်မတန်ဖြစ်စေတဲ့ အရေပြားပြသနာတွေကို ကာကွယ်ဖို့နဲ့ အသားအရေကို ဂရုစိုက်ဖို့အတွက် ဘယ်လို aftershave မျိုးကို ရွေးချယ်အသုံးပြုသင့်တယ် ဆိုတာလေးကို ပြောပြပေးသွားပါမယ်။