အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

Andropause (အမျိုးသားများသွေးဆုံးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Andropause (အမျိုးသားများသွေးဆုံးခြင်း) ကဘာလဲ။ အမျိုးသားများသွေးဆုံးခြင်းဆိုတာအမျိုးသမီးများသွေးဆုံးခြင်းကဲ့သို့ပဲဖြစ်ပါသည်။ အမျိုးသားများအသက်ကြီးလာသောအခါ ကျားဟော်မုန်း (testosterone) လျော့နည်းလာခြင်းကိုခေါ်ပါသည်။ အမျိုးသမီးများကဲ့သို့ အချိန်ကာလတိတိကျကျတစ်ခုတွင် သွေးဆုံးခြင်းမျိုးမဟုတ်ပဲအသက်ကြီးလာသည်နှင့်အမျှ ကျားဟော်မုန်းလျော့နည်းလာခြင်းကြောင့် အချို့ဆရာဝန်များကကျားဟော်မုန်းပမာဏနည်းသွားခြင်းဟုလဲခေါ်ကြပါသည်။ ပုံမှန်အားဖြင့် အသက်ကြီးလာမှသာကျားဟော်မုန်းထုတ်လုပ်မှုကျဆင်းတတ်သော်လဲဆီးချိုကဲ့သို့သောရောဂါများဖြစ်လျှင်လဲကျားဟော်မုန်းလျော့နည်းလာတတ်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ ကျားဟော်မုန်းပမာဏကျဆင်းလာပါသည်။ Mayo ဆေးခန်း၏တွေ့ရှိချက်အရအမျိုးသားအများစုသည် အသက် ၂၀ကျော်အရွယ်တွင် ကျားဟော်မုန်းထုတ်လုပ်မှု အများဆုံးဖြစ်ပြီးအသက် ၃၀/၄၀ ကျော်လာလျှင် ကျားဟော်မုန်းထုတ်လုပ်မှုသည် တစ်နှစ်လျှင် ၁% လောက်ကျဆင်းသွားပါသည်။ အသက် ၇၀ လောက်ရောက်လျှင် ကျားဟော်မုန်းပမာဏသည် ထုတ်လုပ်မှုအများဆုံးအချိန်ကပမာဏ၏ ၅၀% လောက်သာကျန်ပါတော့သည်။ ထိုသို့ ဟော်မုန်းပမာဏအပြောင်းအလဲဖြစ်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာနှင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာပြောင်းလဲမှုများဖြစ်စေနိုင်ပါသည်။ အမျိုးသားများသွေးဆုံးခြင်းသည် အမျိုးသမီးများသွေးဆုံးခြင်းနှင့် ခြားနားချက်များစွာရှိပါသည်။ တစ်ချက်မှာအမျိုးသားတိုင်းသွေးဆုံးခြင်းကိုမခံစားရပါ။ နောက်တစ်ချက်မှာမျိုးပွားအင်္ဂါများအားလုံးအလုပ်မလုပ်တော့ခြင်းလဲမဟုတ်ပါ။ သို့သော်လည်းကျားဟော်မုန်းပမာဏကျဆင်းလာမှုကြောင့်လိင်ပိုင်းဆိုင်ရာဆိုးကျိုးများရှိတတ်ပါသည်။ Andropause (အမျိုးသားများသွေးဆုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်ကြီးသောအမျိုးသားများတွင် ပိုအဖြစ်များပါသည်။ သွေးဆုံးခြင်းပိုမိုဖြစ်ပွားစေနိုင်သောအကြောင်းရင်းများကိုလျှော့ချခြင်းပြုလုပ်နိုင်ပါသည်။ အချက်အလက်များပိုမိုရှိနိုင်ရန်အတွက် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။ လက္ခဏာများAndropause (အမျိုးသားများသွေးဆုံးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသောလက္ခဏာများမှာ အားမရှိခြင်း စိတ်ဓါတ်ကျခြင်း၊ဝမ်းနည်းခြင်း စိတ်တက်ကြွမှုနည်းခြင်း မိမိကိုယ်ကိုယုံကြည်မှုကျခြင်း အာရုံစူးစိုက်ရခက်ခဲခြင်း အိပ်မပျော်ခြင်း၊ အိပ်ပျော်ရန်ခက်ခဲခြင်း ခန္ဓါကိုယ်တွင်အဆီများလာခြင်း ကြွက်သားများလျော့နည်းလာခြင်း၊ ခန္ဓါကိုယ်ကြံ့ခိုင်မှုနည်းလာသည်ဟုခံစားရခြင်း ရင်သားများကြီးလာခြင်း အရိုးများကြံ့ခိုင်မှုနည်းလာခြင်း ပန်းသေပန်းညှိုးဖြစ်ခြင်း လိင်စိတ်နည်းပါးလာခြင်း ကလေးမရနိုင်ခြင်း ရင်သားများဖောင်းလာ၊ နာလာခြင်း၊ လိင်အင်္ဂါသေးသွားခြင်း၊ ခန္ဓါကိုယ်ရှိအမွှေးများနည်းသွားခြင်း၊ ပူလိုက်အေးလိုက်ဖြစ်ခြင်းတို့ကိုလဲခံစားရနိုင်ပါသည်။ အမျိုးသားများသွေးဆုံးခြင်းသည် ကျားဟော်မုန်းနည်းသွားခြင်းကြောင့် အရိုးပွခြင်းနှင့်လည်းဆက်စပ်နေပါသည်။ အရိုးပွခြင်းဆိုသည်မှာအရိုးများအားနည်းပြီးကြွတ်ဆတ်လာခြင်းဖြစ်ပါသည်။ ဤအချက်များကတော့ တွေ့ရနည်းပါသည်။ အမျိုးသမီးများသွေးဆုံးသည့် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဘယ်ဆေးတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းပေါ် အကျိုးသက်ရောက်နေတာလဲ

တကယ်လို့ သင်က ကလေးရနိုင်ဖို့ ကြိုးစားနေတဲ့သူဆိုရင် မျိုးအောင်နှုန်းကို သက်ရောက်နေတဲ့ အကြောင်းရင်းတွေအများကြီးရှိနေတယ်ဆိုတာကို သိထားဖို့က အရေးကြီးပါတယ်။ အားလုံးထဲက အကြီးမားဆုံး အကြောင်းရင်းကတော့ ဆေးဝါးကုသမှုခံယူနေရတာပါပဲ။ ကိုယ်ဝန်ရနိုင်ချေ မြင့်မားလာဖို့အတွက် ဘယ်လိုဆေးဝါးတွေကို ရှောင်ရှားသင့်တာလဲ။   အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို အနှောက်အယှက်ဖြစ်စေသော ဆေးများ အောက်ပါ အမျိုးအစားတွေမှာတော့ အမျိုးသားတွေရဲ့ မျိုးပွားမှုနဲ့ သုက်ပိုးတွေရဲ့ အရည်အသွေးတွေ၊ မျိုးအောင်ခြင်းနဲ့ ဆက်စပ်နေတဲ့ဟော်မုန်းတွေ( ဥပမာ gonadotropin ထုတ်လွှတ်ပေးတဲ့ ဟော်မုန်း၊ follicleကို လှုံ့ဆော်ပေးနိုင်တဲ့ဟော်မုန်းတွေ သို့မဟုတ် luteinizing ဟော်မုန်းတွေ) ပေါ်ကို ဆိုးကျိုးတွေဖြစ်စေတဲ့ဆေးဝါးတွေပါဝင်နေပါတယ်။   Testosterone ဒီကုထုံးဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒကိုတိုးတက်လာစေတာမှန်ပေမယ့်လည်း ဒီ testosterone ဖြည့်စွက်ဆေးတွေကို မှီခိုနေရသူတွေမှာတော့ သုက်ရည်ထုတ်လွှတ်မှုထဲမှာ သုက်ပိုးပါဝင်မှုနည်းနေတာ ဒါမှမဟုတ် သုက်ပိုးလုံးဝမပါလာတာတွေဖြစ်နိုင်ပါတယ်။ ဆရာဝန်တွေကတော့ ဒါဟာ သူတို့ရဲ့ခန္ဓါကိုယ်က testosterone ဟာ လူလုပ်ပစ္စည်း (သဘာဝမဟုတ်တာ)ကို မသိလို့ဖြစ်နိုင်ပြီး ဒါကြောင့်လည်း […]


လိင်တံပြဿနာများ

လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက်

သင့်ရဲ့ လိင်တံ နဲ့ပတ်သက်လို့ အားလုံးသိပြီးသားဖြစ်တယ်လို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါက မျိုးပွားအင်္ဂါတစ်ခု ဟုတ်တယ်မလား။ ဒါကို အထက်တန်းကတည်းက သိပြီးသားဖြစ်မှာပါ။ တကယ်ဆို ဒါကို သိဖို့ အတန်းပညာတောင် လိုလောက်ပါဘူး။ ဒါပေမယ့်လည်း သင်မကြားဖူးသေးတဲ့အချက်တွေ ရှိနေနိုင်ပါသေးတယ်။ အခု လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက်  လေ့လာကြည့်ပါ။ လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက် လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက် ကတော့ ၁။ သင့်လိင်တံက လေ့ကျင့်ဖို့ လိုပါတယ်။ ကြာကြာထောင်မတ်ဖို့ဆိုရင် လိင်တံကို လေ့ကျင့်ပေးလို့ ရပါတယ်။ ဒါ့ပြင် သုက်မလွှတ်အောင် ထိန်းထားနိုင်ဖို့လည်း လေ့ကျင့်ထားလို့ရပါတယ်။ ၂။ လိင်တံနဲ့ အလေးမနိုင်ပါတယ်။ လောစ်အိန်ဂျယ်လိစ်မှာရှိတဲ့ ကိုယ်ခံပညာ သင်တန်းတစ်ခုက သင်တန်းဆရာတွေက သင်တန်းသားတွေကို သူတို့ရဲ့ လိင်တံနဲ့ အလေးမ လေ့ကျင့်ပေးတာမျိုးရှိပါတယ်။ ၃။ သင့်ရဲ့ ထောင်မတ်နိုင်စွမ်းကို သိပ္ပံနည်းကျ တိုင်းတာနိုင်ပါတယ်။ သိပ္ပံပညာရှင်တစ်ဖွဲ့က […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ၏ ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အစားအစာ ၆ မျိုး

အမျိုးသားများ၏ ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အစားအစာ ၆ မျိုး သင်တို့ သိထားကြတဲ့အတိုင်း ကျန်းမာရေးအတွက် ကောင်းတဲ့ အစာတွေစားဖို့က အလွန် အရေးကြီးပါတယ်။ ဒါပေမယ့် ဒီလို နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ လုံလောက်တဲ့ အာဟာရတွေရမယ်လို့ ထင်ပါသလား။ အမျိုးသားတွေရဲ့ ကျန်းမာရေး ပြဿနာတွေကို ဝေးဝေးရှောင်နိုင်ဖို့ ဘယ်လို အစားအစာတွေ စားသင့်တယ်ဆိုတာ ရှာဖွေကြည့်ကြပါစို့။   ခရု ကမာများ တခြား အစားအစာတွေ ထက်စာရင် ခရု ကမာတွေမှာ ဇင့် (zinc) ပိုပါ ပါတယ်။ ဇင့် (zinc) ဆိုတာ ဆီးကျိတ် ကျန်းမာရေးအတွက် အရေးကြီးတဲ့ သတ္တုဓါတ်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် Zinc ပမာဏ နည်းသွားခြင်းဟာ ဆီးကျိတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေနဲ့ မျိုးပွားမှု ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ကျွန်ုပ်တို့ ခန္ဓါကိုယ်မှာ […]


ပန်းသေပန်းညှိုးခြင်း

ကာမ အားတိုးဆေး တွေကြောင့် ပန်းသေပန်းညှိုး ဖြစ်စေနိုင်သလား

ကာမ အားတိုးဆေး ဆိုတာ ကာမဆန္ဒကို မြင့်တက်စေတဲ့ အစားအစာ ဒါမှမဟုတ် ဆေးကို ဆိုလိုတာ ဖြစ်ပါတယ်။ များသောအားဖြင့် ကုတင်ပေါ်မှာ ပြဿနာရှိတယ်ဆိုတဲ့ အမျိုးသားအများစုက အပေါ်မှာပြောထားတဲ့ ဆေးကို ဝယ်သောက်မယ်၊ ပြင်းပြင်းပြပြနဲ့ အချိန်ကြာကြာလေး ချစ်ပွဲဝင်မယ်၊ အဲဒီနည်းနဲ့ သူတို့ရဲ့ ယုံကြည်မှုနဲ့ ယောက်ျားပီသမှုကို ခံစားနိုင်မယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် ကျန်းမာရေးနယ်ပယ်က ပါမောက္ခတွေကတော့ အဲ့ဖြစ်စဉ်တွေက ပန်းသေပန်းညှိုးလိုမျိုး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို  ခံစားရစေနိုင်တယ်လို့ ပြောထားပါတယ်။ ပန်းသေပန်းညှိုးရောဂါဆိုတာ အမျိုးသားတစ်ဦးဟာ လိင်ဆက်ဆံတဲ့အခါ လိုအပ်တဲ့ ထောင်မတ်မှုမျိုးကို မရရှိတာ မထိန်းသိမ်းနိုင်တဲ့ အခြေအနေတစ်ရပ်ကို ဆိုလိုတာပါ။ ဒါဟာ အသက်ကြီးတဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ သွေးတိုးနဲ့ ဆီးချိုလိုမျိုး ကျန်းမာရေးပြဿနာတွေက ဒီဖြစ်ရပ်ကို မြင့်တက်စေပါတယ်။ အသုံးများသော ကာမ အားတိုးဆေး များ အစားအစာ လိင်စိတ်ကိုလှုံ့ဆော်ပေးတယ်လို့ ယူဆရတဲ့ အစားအစာအချို့ကို […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ယောက်ျားစွမ်းဆောင်ရည်တိုးစေတဲ့ ဗီတာမင်များ

သင့်ရဲ့ယောက်ျားတန်ဆာ အရွယ်အစားကို စိတ်တိုင်းမကျလို့ သဘာဝအလျောက်ကြီးထွားလာဖို့ နည်းလမ်းတွေ ရှာဖွေနေပါသလား။ သင်တယောက်ပဲ မဟုတ်ပါဘူး။ အမှန်တော့ ယောက်ျားအများစုဟာ သူတို့ရဲ့ လိင်အင်္ဂါအရွယ်အစားကို စိတ်တိုင်းမကျပါဘူး။ အဲဒီအထဲမှာ ပုံမှန်အရွယ်အစားထက် ကြီးမားသူတွေတောင် ပါဝင်တတ်ပါတယ်။ တကယ်တော့ ယောက်ျားတွေဟာ သူတို့တန်ဆာကို အရွယ်အစားပိုကြီးစေချင်ကြတာဟာ ကျိုးကြောင်း ဆီလျော်တဲ့ ကိစ္စထက်စာရင် စိတ်ပိုင်းဆိုင်ရာ ပြသနာတစ်ခုသာ ဖြစ်ပါတယ်။ ဒီဆန္ဒကိုဖြည့်ဆည်းဖို့ ယောက်ျားများဟာ နည်းမျိုးစုံကို သုံးကြပါတယ်။ တချို့က ထိရောက်ပေမယ့် တချို့ကတော့ အချိန်ကုန်ငွေကုန် ဖြစ်ရုံသာရှိပါတယ်။ အောက်ပါအချက်အလက်များကတော့ ယောက်ျား တန်ဆာကို ပိုပြီးဖွံ့ဖြိုးကြီးထွားအောင် ကြိုးစားရာမှာ ထည့်သွင်းစဉ်းစားနိုင်မယ်မယ့် အချက်တွေပဲ ဖြစ်ပါတယ်။ ဗီတာမင် အီး ဗီတာမင်အီး ဟာ သင့်ယောက်ျားတန်ဆာကို များစွာ အကျိုးပြုပါတယ်။ အထူးသဖြင့် တန်ဆာတောင့်တင်း လာတဲ့အခါ ကွေးကောက်သွားတတ်သူတွေအတွက် သင့်တော်ပါတယ်။ ဒီလိုကွေးကောက်ရခြင်းဟာ တန်ဆာအတွင်းပိုင်းမှာ ပုံမှန်မဟုတ်တဲ့ […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

ကျားဟော်မုန်းက သင့်ကို ဘာတွေပေးစွမ်းနိုင်သလဲ

"testosterone (ကျားဟော်မုန်း)" ဆိုတဲ့စကားကို ကြားလိုက်တာနဲ့ သင့်ခေါင်းထဲအရင်ဆုံးရောက်လာတာက "ယောက်ျားပီသမှု" ပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် မကြာသေးမီက ဘွန်း တက္ကသိုလ် ကပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိချက် အသစ်တခုအရ အများက နားလည်မှုလွဲနေကြတဲ့ ဒီဟော်မုန်းဟာ လူကြားထဲ အဆင်ပြေပြေ ပြုမူနေထိုင်မှု နဲ့ ရိုးရိုးသားသား ပြောဆိုဆက်ဆံမှုတို့ကို ပိုတိုးလာစေတယ်၊အားပေးတယ်လို့ ဆိုပါတယ်။ ဒီစမ်းသပ်မှုမှာ ပါဝင်တဲ့ လူ ၄၆ ယောက်ကို testosterone ဂျဲလ်ပေးပြီး တခြား ၄၅ယောက်ကို ဘာအာနိသင်မှ မရှိတဲ့ဆေးကို ပေးပါတယ်။ နောက်တစ်ရက်မှာ သူတို့ ၉၁ ယောက်လုံးကို တစ်ယောက်ချင်းစီ အန်စာတုံး လှိမ့်ခိုင်းပြီး ကျတဲ့အပွင့်ကို ပြန်ပြောခိုင်းပါတယ်။ ကျတဲ့အပွင့်ပေါ်မူတည်ပြီး ပိုက်ဆံရမှာ ဖြစ်ကာ အပွင့်ကြီးလေ ပိုက်ဆံများများရလေ ဖြစ်ပါမယ်။ ဒီလိုနဲ့ ပါဝင်သူတွေကို သူတို့ကျတဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Epididymitis And Epididymo-Orchitis (သုက်ပို့ပြွန်ရောင်ခြင်း နဲ့ သုက်ပို့ပြွန်နှင့်အတူဝှေးစေ့ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Epididymitis And Epididymo-Orchitis (သုက်ပို့ပြွန်ရောင်ခြင်း နဲ့ သုက်ပို့ပြွန်နှင့်အတူဝှေးစေ့ရောင်ခြင်း) ကဘာလဲ။ သုက်ပို့ပြွန်ဆိုသည်မှာ ဝှေးစေ့များမှ ဆီးစွန့်ပြွန်ဆီသို့ သုက်ကောင်များကို သယ်ဆောင်ပေးသော ပြွန်ဖြစ်ပြီး ဝှေးစေ့ အနောက်တွင် ရှိသည်။ သုက်ပို့ပြွန်ရောင်ခြင်းသည် ရောဂါပိုး ကူးစက်ခြင်း သို့မဟုတ် အခြား အခြေအနေများကြောင့် သုတ် ပို့ပြွန် ရောင်သော အခြေအနေတစ်ခု ဖြစ်သည်။ သုက်ပို့ပြွန်ရောင်ခြင်းသည် ဘတ်တီးရီးယား ကူးစက်ခြင်း သို့မဟုတ် လိင်မှတစ်ဆင့် ရောဂါပိုးကူးစက်မှု ကြောင့် အများ ဆုံး ဖြစ်ပွားပါသည်။ ဝှေးစေ့ကိုပါ ကူးစက်ခံရပြီး ၎င်းကို သုက်ပို့ပြွန် နှင့်အတူ ဝှေးစေ့ရောင်ခြင်း ဟုခေါ်သည်။ Epididymitis And Epididymo-Orchitis (သုက်ပို့ပြွန်ရောင်ခြင်း နဲ့ သုက်ပို့ပြွန်နှင့်အတူဝှေးစေ့ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သုက်ပို့ပြွန်ရောင်ခြင်းသည် အမျိုးသားများတွင် အလွန် အဖြစ်များပါသည်။ ၎င်းသည် အသက် ၁၉-၃၅ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Varicocele (ကပ်ပယ်အိတ်တွင်း သွေးပြန်ကြောထုံးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Varicocele (ကပ်ပယ်အိတ်တွင်း သွေးပြန်ကြောထုံးရောဂါ) ကဘာလဲ။ Varicocele ဆိုသည်မှာ ကပ်ပယ်အိတ် အတွင်း သွေးပြန် ကြောများ ဆန့်ကားခြင်း ဖြစ်သည်။ ခြေထောက်ရှိ သွေးပြန် ကြောများ ဖောင်းခြင်းနှင့် ဆင်တူ သည်။ ကပ်ပယ်အိတ် ဆိုသည်မှာ လိင်တံအောက်ရှိ အရေ ပြားအိတ်တစ်ခုဖြစ်ပြီး ဝှေးစေ့များ ပါဝင်သည်။ ကပ်ပယ်အိတ် သည် ညာဖက်နှင့် ဘယ်ဖက်ဟူ၍ နှစ်ဖက်ရှိပါသည်။ သွေးပြန်ကြောများသည် ဆဲလ်များနှင့်တစ်ရှူးများမှ သွေးများကို နှလုံးသို့ သယ်ဆောင် ပေးသည်။ နှလုံးတွင် သွေးဆဲလ်များ သည် အောက်စီဂျင်ကို ရရှိသည်။ Varicocele သည် တစ်ဖက်ထဲ သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်နိုင်သည်။ ရောဂါသည် များသော အားဖြင့် ဘယ်ဖက်တွင် ဖြစ်ပေါ်သည်။ အဘယ်ကြောင့် ဆိုသော် သွေးပြန်ကြောများ သည် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ

ယောက်ျားတွေရဲ့ မျိုးမအောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အဖြစ်အများဆုံး အကြောင်းရင်း တစ်ခုက သုက်ကောင်အရေအတွက် နည်းခြင်းပဲ ဖြစ်ပါတယ်။ သုက်ကောင် အရေအတွက်ကို နည်းစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ အဲဒီထဲကမှ ရှောင်ရှားလို့ ရတဲ့ အချက် တစ်ခုကတော့ လွန်ကဲတဲ့ အပူနဲ့ ထိတွေ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။ ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ ဆိုတော့ သုက်ကောင်လေးတွေကို ထုတ်လုပ်နိုင်ဖို့ အကောင်းဆုံး အပူချိန်ကတော့ ပုံမှန် လူ့ခန္ဓာကိုယ် အပူချိန်ထက် ၃-၄ ဒီဂရီ နိမ့်တဲ့ အပူချိန်ပဲ ဖြစ်ပါတယ်။ အပူချိန် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)