အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကပ္ပါယ်အိတ် နာကျင်ခြင်းအကြောင်း သိကောင်းစရာ

အဓိပ္ပါယ်ဖွင့်ဆိုချက်ဝှေးစေ့ တဖက် ဒါမှမဟုတ် နှစ်ဖက်လုံးမှာ နာကျင်တဲ့ အခြေအနေမျိုးကို ဆိုလိုပါတယ်။ ဝှေးစေ့ မှာ နာကျင်တာဟာ ဗိုက်အောက်ပိုင်းအထိပါ ပျံ့နှံ့သွားနိုင်ပါတယ်။ ဝှေးစေ့ ဘာလို့ နာကျင်ရတာလဲ။ ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။ ဝှေးစေ့ တွေဟာ အရမ်းနူးညံ့တာမို့ အနည်းအပါး ထိမိခိုက်မိရင်တောင် နာကျင်တာ၊မသက်မသာဖြစ်တာမျိုး ခံစားရလေ့ရှိပါတယ်။ ဝှေးစေ့ နာကျင်ခြင်းခံစားရတာဟာ ဝှေးစေ့ ကိုယ်နှိုက်က နာကျင်တာဖြစ်နိုင်သလို coiled tube လို့ခေါ်တဲ့ ပြွန်လေးတွေကြောင့် ဒါမှမဟုတ် ဝှေးစေ့အနောက်ဖက်မှာရှိတဲ့ ထောက်မပေးထားတဲ့တစ်ရှူးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တခါတလေကျရင် ပေါင်ခြံ၊ဗိုက် ဒါမှမဟုတ် တခြားနေရာက ပြဿနာတွေကြောင့်လည်း ဝှေးစေ့နာကျင်တတ်ပြန်ပါသေးတယ်(ဥပမာ ကျောက်ကပ်မှာ ကျောက်တည်တာနဲ့ အူကျတဲ့ တချို့လူနာတွေမှာ ဝှေးစေ့ နာတတ်ပါတယ်)။ ရှားရှားပါးပါးဆိုသလို ဘာကြောင့်မှန်းမသိဘဲ နာနေတာမျိုးတွေလည်း ရှိပြန်ပါသေးတယ်။ အကြောင်းရင်းများဝှေးစေ့နာကျင်မှုကို ဘာတွေကဖြစ်စေသလဲ ဝှေးစေ့နာကျင်မှုကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေကတော့ • ထိခိုက်ဒါဏ်ရာ […]


ပန်းသေပန်းညှိုးခြင်း

ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း

သင့်မှာ ပန်းသေပန်းညှိုး ပြဿနာတွေကို ကုသဖို့ အခက်အခဲ ရှိနေပါသလား။ ဒီဆောင်းပါးမှာ ဒီပြဿနာတွေကို ကူညီပေးဖို့အတွက် ပန်းသေပန်းညှိုး ပြဿနာတွေကိုတိုးတက်စေတဲ့ နည်းလမ်းသုံးမျိုးကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ကဲ ..... ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း က ဘာတွေလဲဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါ။ ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း ကတော့ ၁။ တစ်ကိုယ်လုံး စစ်ဆေးမှုကို ပုံမှန် ပြုလုပ်ပါ။ လိင်တံထောင်မတ်မှု ဆိုင်ရာ ပြဿနာရှိတဲ့ အမျိုးသား သန်းပေါင်းများစွာဟာ သူတို့ရဲ့ ရောဂါလက္ခဏာတွေကို ဆရာဝန်ကို ပြောပြဖို့ ရှက်တတ်ကြပါတယ်။ ဒီရောဂါဟာ အမျိုးသားတွေကြားမှာ အလွန်အတွေ့များတာကြောင့် ဆရာဝန် အကြံဉာဏ်တောင်းပြီး ကုသမှုယူဖို့ ဘာမှ ရှက်စရာ မလိုပါဘူး။ ဒီရောဂါဟာ အသက်ကြီးလို့ […]


လိင်တံပြဿနာများ

လိင်တံအကြောင်းသိသင့်သည့်အချက် ၅ချက်

လိင်တံအကြောင်းသိသင့်သည့်အချက် ၅ချက် က ဘာတွေများလဲ။ Tom Hickman က သူ့စာအုပ်မှာ လိင်တံကို God’s Doodle လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ ဒီအကြောင်းကို မှတ်တမ်းပိုင်းဆိုင်ရာ ရှင်းပြမှုတွေ ကနေစပြီး ယုံတမ်းစကားတွေအထိ သုတေသန ပြုလုပ်ခဲ့ကြပြီး ပုံနှိပ်ထုတ်ဝေထားတဲ့ ဆောင်းပါးတွေရှိပါတယ်။ သင့်လိင်တံအကြောင်း အကုန်သိပြီးပြီလို့ ထင်ထားရင်တောင်မှ သင့်ကို အံ့သြသွားစေမယ့် အချက်တွေ ရှိပါသေးတယ်။ လိင်တံအကြောင်းသိသင့်သည့်အချက် ၅ချက် လိင်တံအကြောင်းသိသင့်သည့်အချက် ၅ချက် ကတော့ အကြီးဆုံး လိင်တံ လိင်တံ အများစုဟာ ၃ လက်မလောက် ရှည်တတ်ပေမယ့် လိင်တံ ထောင်မတ်မှု ဖြစ်တဲ့အခါမှာ ၄.၅ ကနေ ၆.၅ လက်မ အထိ ကြီးထွားလာနိုင်ပါတယ်။ အကြီးဆုံးလိင်တံကတော့ ၁၃.၅ လက်မ ရှည်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေက ဒါကို စိတ်မပူသင့်ပါဘူး။ လိင်ဆက်ဆံစဉ်မှာ လိင်တံ […]


လိင်တံပြဿနာများ

လိင်တံထိပ်အရေပြား နောက်ဆုတ်၍ ရှေ့ကိုပြန်ဆွဲမရတော့ဘဲ လိင်တံအား ညှစ်ထားသကဲ့သို့ ဖြစ်နေသောအခြေအနေ

Paraphimosis ဆိုတာ လိင်တံထိပ်အရေပြားဟာ နောက်ဆုတ်သွားပြီး နဂိုနေရာကိုပြန်ဆွဲမရတော့ဘဲ လိင်တံထိပ်အား ညှစ်ထားသကဲ့သို့ ဖြစ်သော အခြေအနေကို ခေါ်ပါတယ်။ ဒီအခြေအနေဟာ လိင်တံထိပ်အရေပြား မဖြတ်ထုတ်ရသေးတဲ့ ယောင်္ကျားငယ်လေးတွေမှာသာ တွေ့ရပြီး လူတွေဟာ ၎င်းအခြေအနေကို များသောအားဖြင့် လိင်တံထိပ် အရေပြားငုံခြင်း (Phimosis) နှင့်ရောထွေးနေတတ်ပါတယ်။ လိင်တံထိပ်အရေပြား ငုံခြင်း၊ မပွင့်ခြင်း နောက်ကို ဆွဲလို့မရခြင်း (Phimosis) ဟာ ငယ်ရွယ်တဲ့ ယောင်္ကျားလေးတွေအတွက် သဘာဝအခြေအနေတစ်ခုဖြစ်ပါတယ်။ သို့သော် Paraphimosis လို့ခေါ်တဲ့ လိင်တံကို ဆွဲညှစ်ထားသလိုဖြစ်နေတဲ့ အခြေအနေကတော့ အရေးပေါ်အခြေအနေ တစ်ခုဖြစ်လာပြီး လိင်တံထိပ်သို့သွားသော သွေးလည်ပတ်မှုကိုပါ ရပ်သွားစေနိုင်တဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေအနေဟာ ဆရာဝန်နှင့် ချက်ချင်းတိုင်ပင် ကုသရန် လိုအပ်ပါတယ်။ Paraphimosis ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းများ အဖြစ်အများဆုံး အကြောင်းအရင်းကတော့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများရဲ့ မျိုးအောင်နိုင်စွမ်း ကို တိုးတက်စေသော အာဟာရဓာတ်များ

အမျိုးသားများရော အမျိုးသမီးများမှာပါ ကလေးရနိုင်စွမ်းဟာ ဘဝနေထိုင်မှု ပုံစံနဲ့ များစွာဆက်စပ်နေပါတယ်။ အမျိုးသားများရဲ့ သုက်ပိုး အရည်အသွေးကို အကြီးမားဆုံး ထိခိုက်စေနိုင်တဲ့ အရေးကြီးဆုံး ဘဝနေထိုင်မှုဆိုင်ရာ အချက်တစ်ခုကတော့ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်ပဲ ဖြစ်ပါတယ်။ မျိုးအောင်ခြင်းကို အားပေးတဲ့ အစားအသောက်တွေဟာ သင့်ရဲ့ သုက်ပိုးတွေ ကျန်းမာစေဖို့ ကူညီပေးရုံသာမကပဲ ချစ်တင်းနှောလိုစိတ်ကိုလည်း တိုးတက်စေကာ သင့်တို့စုံတွဲတွေကို ကိုယ်ဝန်ရလွယ်ကူစေနိုင်ပါတယ်။ ယခုဖော်ပြပါ ဆောင်းပါးမှာ အမျိုးသားများရဲ့ မျိုးအောင်နိုင်စွမ်း အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအာဟာရတွေ အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အမျိုးသားများရဲ့ မျိုးအောင်နိုင်စွမ်း ကို တိုးတက်စေသော အာဟာရဓာတ်များ ဇင့်ဓာတ် ဇင့်ဓာတ်ဟာဆိုရင် သုက်ပိုးအရည်အသွေးကို ကောင်းမွန်စေရုံသာမက ခုခံအားစနစ်ကိုပါ တိုးတက်စေတဲ့ မရှိမဖြစ် အရေးကြီးသော အာဟာရတစ်ခု ဖြစ်ပါတယ်။ ဇင့်ဓာတ်ချို့ယွင်းမှုဟာ အမျိုးသားအများစုမှာ ဖြစ်လေ့ရှိပြီး ဒါက […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်လွှတ်စောခြင်းကို ကုသနည်း

အမျိုးသားအတော်များများဟာ သုက်လွှတ်စောခြင်းအကြောင်း ပြောဆိုဖို့ ရှက်ရွံ့တတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ အလွန်အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာရောဂါ တစ်ခုဖြစ်ပြီး အမျိုးသား သုံးယောက်မှာ တစ်ယောက်က သူတို့တစ်သက်မှာ တစ်ချိန်ချိန်တော့ ခံစားရပါတယ်။ သင့်မှာ အချိန်မတန်ဘဲ သုက်လွှတ်တဲ့ ပြဿနာဖြစ်နေပြီဆိုရင် စိတ်ပူစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ဒီပြဿနာဟာ ကုသပျောက်ကင်းနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ရဲ့ ရှက်ရွံ့ခြင်းတွေကို ဘယ်လို ကျော်လွှားရမယ်ဆိုတာ ဖော်ပြထားပါတယ်။ အခြေအနေ အတော်များများမှာတော့ အချိန်မတိုင်ဘဲ သုက်လွှတ်ခြင်းဟာ သူ့ဘာသာ ပြန်ကောင်းနိုင်တဲ့အတွက် ကုသစရာ မလိုပါဘူး။ ဒါပေမယ့် မပျောက်ကင်းဘဲနဲ့ သင့်ဘဝကို ထိခိုက်နေပြီ ဆိုရင်တော့ အောက်ဖော်ပြပါ ကုသနည်းတွေကို တစ်ခုချင်း (သို့) နည်းတွေကို ပေါင်းစပ်ကုသခြင်း ပြုနိုင်ပါတယ်။ ဆေး ဆရာဝန်တွေဟာ အချိန်မတိုင်ဘဲ သုက်လွှတ်ခြင်း အတွက် clomipramine နဲ့ paroxetine အစရှိတဲ့ […]


ပန်းသေပန်းညှိုးခြင်း

လိင်တံ မာကျောလာစေတဲ့ နည်းလမ်းအမျိုးမျိုး

လိင်တံထောင်မတ်ခြင်းဆိုတာလိင်တံသည်သွေးဖြင့် ပြည့်တဲ့အခါ မာကြောပြီးထောင်မတ်လာခြင်းကိုဆိုလိုပါတယ်။ အခြေခံအားဖြင့် မာကျောခြင်းနဲ့ လိင်တံထောင်မတ်တဲ့ ကြာချိန်ဟာယောက်ျားတစ်ယောက်ရဲ့ ယောက်ျားပီသတယ်လို့ ကိုယ့်ကိုကိုယ် ခံစားရမှုနဲ့ သူ့ရဲ့ လိင်မှုဘဝမှာကိုယ့်ကိုကိုယ်ယုံကြည်မှုတို့နဲ့ ဆက်သွယ်နေပါတယ်။ လိင်ဆက်ဆံစဉ် လိင်တံထောင်မတ်မှုရဲ့ အရည်အသွေးကိုတိုးတက်ဖို့ အောက်ဖေါ်ပြပါ ရိုးစင်းတဲ့ နည်းလမ်းတွေကိုဖတ်ရှုနိုင်ပါတယ်။   ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း လိင်တံထောင်မတ်ခြင်းဟာသင့်ရဲ့ ကျန်းမာတဲ့ သွေးလှည့်ပတ်မှုစနစ်နဲ့ ဆက်စပ်နေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းအားဖြင့် နှလုံးအစရှိတဲ့ သင့်ရဲ့ ယေဘုယျကျန်းမာရေးကိုတိုးတက်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာသင့်နှလုံးကိုပိုခုန်စေပြီးတော့ လိင်တံအပါအဝင် ခန္ဓါကိုယ်ထဲမှာရှိတဲ့ ဆဲလ်တိုင်းကိုသွေးရောက်မှုမြင့်တက်စေပါတယ်။   လိင်တံဆိုင်ရာလေ့ကျင့်ခန်း ပြုလုပ်ခြင်း ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေသာမကလိင်တံဆိုင်ရာလေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာလိင်တံထောင်မတ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဥပမာ - တင်ပဆုံလေ့ကျင့်ခန်း - တင်ပဆုံလေ့ကျင့်ခန်းတွေဟာသင့်ဆီးကျိတ်ကျန်းမာရေးနဲ့အတူတင်ပဆုံကြွက်သားတွေကိုပိုမိုသန်စွမ်းစေပါတယ်။ အားအင်ပြည့်ဝတဲ့ အရိုးကြွက်သားတွေကြောင့် သင်ဟာအကောင်းမွန်ဆုံးနဲ့ အမာကြောဆုံးလိင်တံထောင်မတ်မှုကိုရရှိစေနိုင်ပါတယ်။ တဘက်အသုံးပြု၍လေ့ကျင့်ခြင်း - အလယ်အလတ်အရွယ်အစားရှိတဘက်ကိုကိရိယာအဖြစ်အသုံးပြုပြီးသင့်ရဲ့ လိင်တံကိုမာကျောအောင် လုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာသင့်ရဲ့ အရွတ်တွေကိုကျန်းမာသန်စွမ်းစေရန် ရည်ရွယ်ပါတယ်။ လိင်တံလေ့ကျင့်ခန်း - […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများတွင်ကိုလက်စထရော (cholesterol) များခြင်း

ကိုလက်စထရောဟာ လူ့ခန္ဓါကိုယ်ရဲ့ အစာခြေစနစ်အတွက်လိုအပ်ပါတယ်။ သူဟာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ရရှိဖို့အတွက် အဆီကိုဖြိုခွင်းပြီး ဟော်မုန်းနဲ့ ဗီတာမင်ဓါတ်တွေကို ထုတ်လုပ်ရာမှာ ကူညီပေးပါတယ်။ ဒါပေမယ့် ကိုလက်စထရောဓါတ်များလွန်းခြင်းဟာ လေဖြတ်ခြင်းနဲ့ အခြားနှလုံးရောဂါ ပြဿနာတွေကို ဖြစ်ပွားမှုကို မြင့်တတ်စေပါတယ်။   ပထမဦးစွာ ကိုလက်စထရောနဲ့ ပတ်သက်တဲ့ အခြေခံကျတဲ့အချက်တွေကို လေ့လာကြည့်ကြပါစို့။ ခြုံပြောရရင် လူ့ကိုယ်ခန္ဓါလည်ပတ်ဖို့ ကိုလက်စထရောကိုလိုအပ်ပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ သူဟာ အစာခြေခြင်းနဲ့ အာဟာရ စုပ်ယူခြင်း လုပ်ငန်းဆောင်တာတွေမှာ အရေးကြီးပါတယ်။ ခန္ဓါကိုယ်က ကိုလက်စထရောကို အသည်းနဲ့ တခြား ဆဲလ်တွေက ပြုလုပ်ရရှိပြီးတော့ အသားနဲ့ ဥ စသည်တို့က စုပ်ယူရရှိပါတယ်။ ကိုလက်စထရောမှာ LDL နဲံ HDL ဆိုပြီး အမျိုးအစားနှစ်ခုရှိပါတယ်။ ပထမ အမျိုးအစားကိုတော့ Low density lipoprotein (LDL) လို့ ခေါ်ပြီး နောက်တစ်မျိုးကို […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

စိုးရိမ်ပူပန်မှုများသောအမျိုးသားများသည် ကင်ဆာရောဂါကြောင့်သေဆုံးနိုင်ခြေများပါတယ်

အမျိုးသားများ၏ သေဆုံးခြင်းနှင့်ပတ်သက်သောစိုးရိမ်မှုသည် အမျိုးသမီးများနှင့်မတူပေ။ လွန်ကဲစွာစိုးရိမ်တတ်ခြင်းက ကင်ဆာရောဂါဖြစ်၍သေဆုံးနိုင်ခြေကိုနှစ်ဆတိုးစေသည်။ စိုးရိမ်ပူပန်မှုများသော အမျိုးသားများသည် အခြားအမျိုးသားများထက် ကင်ဆာရောဂါဖြစ်၍ သေဆုံးနိုင်ခြေ ၂ဆများခြင်းကိုလေ့လာမှုတစ်ခုကတွေ့ရှိထားသည်။ သို့သော် စိတ်ကျန်းမာရေးချို့တဲ့သောအမျိုးသားများတွင်တော့ထူး၍ အန္တရာယ်မမြင်ပါဟုသုတေသနကဆိုသည်။ စိုးရိမ်မှုများသော အမျိုးသားများသည် ထိုစိုးရိမ်မှုကိုလျှော့ချရန် ဆေးလိပ်နှင့်အရက်တို့ကိုသောက်သုံးတက်ခြင်းကြောင့်ကင်ဆာဖြစ်နိုင်ခြေပိုမိုမြင့်မားရသည်။ အမျိုးသမီးများက ရောဂါဖြစ်လျှင်ဆရာဝန်နှင့်စောစီးစွာပြတတ်သဖြင့် ရောဂါကိုဆောလျင်စွာသိရှိပြီးကုသမှုလုပ်ရလွယ်ကူစေသည်။ လေ့လာမှုတစ်ခုက ဗြိတိန်နိုင်ငံသား ၁၅၉၃၈ ယောက်တွင် စိုးရိမ်ပူပန်သောကခံစားနေရသည်ဟုဆိုသည်။ ထိုရောဂါ၏ သဘာဝမှာ ဘဝနှင့်ပတ်သက်သောအတွေးအမြင်များတွင် လိုအပ်သည်ထက်ပိုမို၍ အထိန်းအကွပ်မဲ့ပူပန်တတ်မှုပင် ဖြစ်သည်။ ရောဂါလက္ခဏာများမှာ ကြွက်သားများနာကျင်ခြင်း ၊ အိပ်မပျော်ခြင်း ၊ အာရုံစူးစိုက်ရခက်ခြင်း နှင့် ဂနာမငြိမ်ခြင်းတို့ဖြစ်သည်။ လေ့လာမှုတွင် အမျိုးသား ၁၂၆ ယောက် (ပါဝင်သောလူဦးရေ၏ ၁.၈ %) နှင့် အမျိုးသမီး ၂၁၅ ယောက် (ပါဝင်သော လူဦးရေ၏ ၂.၄% )သည် ထိုရောဂါခံစားနေရသည်ကိုတွေ့ရှိရသည်။ ၁၅ နှစ်ကြာစောင့်ကြည့်ကုသရာတွင် စိုးရိမ်လွန်ရောဂါခံစားရသောအမျိုးသားများသည် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားမျိုးပွားအင်္ဂါစနစ်

အမျိုးသားမျိုးပွားအင်္ဂါစနစ်ဟာ မျိုးဆက်ပွားနိုင်မယ့် အင်္ဂါအစိတ်အပိုင်းတွေ နဲ့ပါဝင်ဖွဲ့စည်းထားပါတယ်။ ၎င်းအစိတ်အပိုင်းတွေက သုက်ရည်ထွက်ရှိခြင်း နဲ့သယ်ယူပို့ဆောင်ခြင်း၊သုက်ပိုးထုတ်လွှတ်ခြင်းနဲ့ ဟော်မုန်းထုတ်လုပ်ခြင်းတို့ကို လုပ်ဆောင်ပေးပါ တယ်။ အမျိုးသမီးမျိုးပွားအင်္ဂါစနစ်နဲ့ယှဉ်ရင် အမျိုးသားမျိုးပွားအင်္ဂါစနစ်ဟာ လိင်တံ၊ကပ်ပယ်အိတ်၊ နဲ့ ဝှေးစေ့တို့အပါအဝင် ခန္ဓါကိုယ်ပြင်ပမှာ အများဆုံး အခြေခံပါတယ်။   ၁။ လိင်တံ လိင်တံဟာ လိင်မှုကိစ္စမှာအသုံးပြုရတဲ့အစိတ်အပိုင်း ဖြစ်ပါတယ်။ အခြေခံအားဖြင့် ၎င်းမှာအပိုင်း ၃ ပိုင်းရှိပါ တယ်- ဝမ်းဗိုက်နဲ့တစ်ဆက်တည်းရှိတဲ့ အရင်းပိုင်း၊ ကိုယ်ထည်နဲ့ အာရုံကြောများစုဝေးရာ အဖျားပိုင်း တို့ ဖြစ်ပါတယ်။ လိင်တံရဲ့ အဆုံးမှာ သုက်ပိုးနဲ့ဆီးကို ထုတ်ပေးတဲ့ပြွန်တစ်ခုရှိပါတယ်။ ထို သုက်ပို့ပြွန် တနည်းအားဖြင့် ဆီးစွန့်ပြွန်ကနေတဆင့် သုက်ပိုးတွေ ထုတ်ပေးတဲ့လုပ်ငန်းစဉ်ကို သုက်ပိုးထုတ်လွှတ်ခြင်း လို့ခေါ်ပါတယ်။   ၂။ ကပ်ပယ်အိတ် ကပ်ပယ်အိတ်ဆိုတာ ဝှေးစေ့၊ အာရုံကြောနဲ့ သွေးကြောတွေကို အတူတကွ ထိန်းသိမ်းထားတဲ့ အရေပြားအိတ်တစ်ခုဖြစ်ပါတယ်။ ၎င်းက ဝှေးစေ့တွေ ကို ကာကွယ်ပေးရုံတင်မက […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)