backup og meta

ယောက်ျားစွမ်းဆောင်ရည်တိုးစေတဲ့ ဗီတာမင်များ


Dr. Thant Zin မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယောက်ျားစွမ်းဆောင်ရည်တိုးစေတဲ့ ဗီတာမင်များ

    သင့်ရဲ့ယောက်ျားတန်ဆာ အရွယ်အစားကို စိတ်တိုင်းမကျလို့ သဘာဝအလျောက်ကြီးထွားလာဖို့ နည်းလမ်းတွေ ရှာဖွေနေပါသလား။ သင်တယောက်ပဲ မဟုတ်ပါဘူး။ အမှန်တော့ ယောက်ျားအများစုဟာ သူတို့ရဲ့ လိင်အင်္ဂါအရွယ်အစားကို စိတ်တိုင်းမကျပါဘူး။

    အဲဒီအထဲမှာ ပုံမှန်အရွယ်အစားထက် ကြီးမားသူတွေတောင် ပါဝင်တတ်ပါတယ်။ တကယ်တော့ ယောက်ျားတွေဟာ သူတို့တန်ဆာကို အရွယ်အစားပိုကြီးစေချင်ကြတာဟာ ကျိုးကြောင်း ဆီလျော်တဲ့ ကိစ္စထက်စာရင် စိတ်ပိုင်းဆိုင်ရာ ပြသနာတစ်ခုသာ ဖြစ်ပါတယ်။

    ဒီဆန္ဒကိုဖြည့်ဆည်းဖို့ ယောက်ျားများဟာ နည်းမျိုးစုံကို သုံးကြပါတယ်။ တချို့က ထိရောက်ပေမယ့် တချို့ကတော့ အချိန်ကုန်ငွေကုန် ဖြစ်ရုံသာရှိပါတယ်။ အောက်ပါအချက်အလက်များကတော့ ယောက်ျား တန်ဆာကို ပိုပြီးဖွံ့ဖြိုးကြီးထွားအောင် ကြိုးစားရာမှာ ထည့်သွင်းစဉ်းစားနိုင်မယ်မယ့် အချက်တွေပဲ ဖြစ်ပါတယ်။

    ဗီတာမင် အီး

    ဗီတာမင်အီး ဟာ သင့်ယောက်ျားတန်ဆာကို များစွာ အကျိုးပြုပါတယ်။ အထူးသဖြင့် တန်ဆာတောင့်တင်း လာတဲ့အခါ ကွေးကောက်သွားတတ်သူတွေအတွက် သင့်တော်ပါတယ်။ ဒီလိုကွေးကောက်ရခြင်းဟာ တန်ဆာအတွင်းပိုင်းမှာ ပုံမှန်မဟုတ်တဲ့ အမာရွတ် တစ်သျှူးတွေ ဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်ပါတယ်။

    အဲဒီအခါ လိင်အင်္ဂါထောင်မတ်လာရင်ဖြစ်ဖြစ်၊ ဆန္ဒပြီးဆုံးချိန်မှာ ဖြစ်ဖြစ် နာကျင်မှု ဖြစ်စေပါတယ်။ Mayoclinic ကျန်းမာရေး ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ ဒီရောဂါကို လုံး၀ ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိဘဲ တတ်နိုင်သမျှ သက်သာပြီး ကောက်ကွေးခြင်းကို နည်းနည်းဆန့်လာဖို့ သောက်ဆေး၊ ထိုးဆေးနဲ့ ခွဲစိတ်ကုသခြင်းနည်းတွေနဲ့ ပြုပြင်လို့ ရပါတယ်။

    Familydoctor ဝက်ဘ်ဆိုက် ရဲ့ အဆိုအရ ဗီတာမင်အီးဟာ ဒီလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဖြည့်စွက်စာကျန်းမာရေး အမျိုးသားသိပ္ပံကတော့ တစ်နေ့ကို ဗီတာမင်အီး ၁၀၀၀ ယူနစ် ကနေ ၁၅၀၀ ယူနစ်အထိ သုံးစွဲခြင်းဟာ ဒဏ်ရာရတဲ့အခါ သွေးထွက်နိုင်ခြေပိုများတဲ့ အန္တရာယ် ရှိတယ်လို့ ဆိုပါတယ်။

    ဗီတာမင်ဘီ ၉ (ဖောလစ်အက်ဆစ်)

    ဖောလစ်အက်ဆစ်ဟာ ဗီတာမင်ဘီအုပ်စုမှာ ပါဝင်ပြီး ကျန်းမာရေးပြဿနာ အတော်များများအတွက် သုံးကြပါတယ်။ ဒီသဘာဝဗီတာမင်ကို နှလုံးကျန်းမာရေးနဲ့ သွေးစီးဆင်းမှု ကောင်းမွန်စေရေး အတွက် အသုံးပြုကြပါတယ်။

    လေဖြတ်ခြင်းနဲ့ နှလုံးရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ယောက်ျားတန်ဆာနဲ့ ပတ်သက်ရင်တော့ လိင်အင်္ဂါထဲ သွေးစီးဆင်းမှုကောင်းစေတာကြောင့် ထောင်မတ်ဖို့ ပြသနာရှိနေသူများအတွက် အသုံးဝင်ပါတယ်။

    ဗီတာမင် ဘီ ၃ (Niacin)

    သင့်ခန္ဓါကိုယ်အတွက် လုံလောက်စွာရရှိဖို့ လိုအပ်တဲ့ ဗီတာမင်တမျိုး ဖြစ်ပါတယ်။ လူအများဟာ ကိုလက်စထရောတက်ခြင်းကို ကုသဖို့၊ နှလုံးစနစ်ကို ကောင်းမွန်စေပြီး နှလုံးရောဂါကို ကာကွယ်စေနိုင်ဖို့ သုံးကြပါတယ်။ နှလုံးနဲ့ သွေးလွှတ်ကြောတွေကို ကောင်းမွန်စေတာမို့ ဒီဗီတာမင်ဟာ ယောက်ျားတန်ဆာ ကိုလည်း သွေးကောင်းကောင်းရောက်စေပြီး အကျိုးဖြစ်ထွန်းစေပါတယ်။

    ဗီတာမင် ဒီ

    ဂျွန်ဟော့ကင်းတက္ကသိုလ်မှ သုတေသီများဟာ ကျန်းမာတဲ့ အမေရိကန်အမျိုးသားပေါင်း ၃၄၀၀ ကို စူးစမ်းလေ့လာတဲ့အခါ ဗီတာမင်ဒီ ချို့တဲ့သူများဟာ ပုံမှန်ထက် ၃၂ရာခိုင်နှုန်းပိုပြီး ယောက်ျားတန်ဆာ စွမ်းဆောင်ရည်ကို ထိခိုက်စေတယ်လို့ သိရပါတယ်။ တကယ်တော့ ဒီဆက်နွယ်မှုဟာ သိသာပါတယ်။

    သုတေသီတယောက်ရဲ့အဆိုအရ အမျိုးသားတန်ဆာ ထောင်မတ်နိုင်ခြင်းချို့ယွင်းသူများမှာ ဗီတာမင်ဒီ ချို့တဲ့တာ တွေ့နေရတတ်ကြောင်း ပြောပါတယ်။ ဘာကြောင့်ပါလဲ။ တကယ်တော့ ဗီတာမင်ဒီဟာ သွေးကြောနံရံအတွင်းပိုင်းက ဆဲလ်တွေကို ကောင်းမွန်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

    ဒါကြောင့် ဗီတာမင်ဒီနည်းတဲ့အခါ သွေးကောင်းကောင်း မစီးဆင်းတာကြောင့် ယောက်ျားတန်ဆာကိုပါ သက်ရောက်မှုရှိခြင်း ဖြစ်ပါတယ်။

    ဗီတာမင် စီ

    ဗီတာမင် စီ သုံးစွဲခြင်း၊ ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးခြင်းဟာ လိင်မှုဆိုင်ရာ ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုပါတယ်။ ဗီတာမင်စီ ဟာ သင့်တကိုယ်လုံးမှာ (ယောက်ျားတန်ဆာ အပါအဝင်) တစ်သျှူးတွေကို ကြီးထွားစေနိုင်၊ ပြုပြင်စေနိုင်တာကြောင့် အရေးကြီးတဲ့ နေရာက ပါဝင်ပါတယ်။

    အရေပြားနဲ့ သွေးကြောတွေ အတွက် အရေးပါတဲ့ ကော်လဂျင်ဓါတ်ဖွဲ့စည်းဖို့ ဗီတာမင်စီ လိုအပ်ပါတယ်။ မေရီလင်းတက္ကသိုလ်၊ ဆေးကုသမှုဌာနရဲ့ အဆိုအရ လိင်အင်္ဂါကောင်းစွာ မထောင်မတ်ခြင်း၊ အချိန်စောပြီး သုက်လွှတ်ခြင်း၊ လိင်စိတ်ဆန္ဒနဲ့ပတ်သက်တဲ့ကိစ္စများ စတဲ့လိင်မှုဆိုင်ရာ ကိစ္စများအတွက် ဗီတာမင်စီ ဟာ အထောက်အကူ ပြုပါတယ်။

    ဗီတာမင်စီ ၂၅၀-၅၀၀ မီလီဂရမ်ကို တနေ့တကြိမ် (သို့) ၂ကြိမ် သောက်ဖို့လည်း အကြံပြုထားပါတယ်။ Mayoclinic ကျန်းမာရေးဝက်ဘ်ဆိုက်က သင်ဗီတာမင်စီ နည်းခြင်းဟာ သုက်ကောင် အရေအတွက်ကို လျော့နည်းစေပြီး မြုံခြင်းကိုလည်း ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement