အူကျွံတဲ့ ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေ က ဘာတွေများ ဖြစ်မလဲ အတူတူ လေ့လာကြည့်လိုက်ရအောင်နော်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
အူကျွံတဲ့ ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေ က ဘာတွေများ ဖြစ်မလဲ အတူတူ လေ့လာကြည့်လိုက်ရအောင်နော်။
အူကျွံတဲ့ ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေ ကတော့
Q – အူကျွံတယ်ဆိုတာဘာလဲ ။ ။
အူကျွံတယ်ဆိုတာ ဗိုက်ထဲက အားလျော့နေတဲ့ ကြွက်သားနေရာကနေ အူအစိတ်အပိုင်းတချို့ ထွက်လာပြီး ဗိုက်ထဲကနေ ပေါင်ခြံနေရာကို ရောက်သွားတာကိုခေါ်တာပါ။ အမျိုးသားတွေ မှာအဖြစ်များပြီး ကျွံတဲ့အူက ကပ္ပာယ်အိတ်ထဲ ဝင်ရာကနေ ကပ္ပာယ်အိတ်ကြီးလာတတ်ပါတယ်။
Q – အူကျွံနေတာကို ဘယ်လိုခံစားသိရှိနိုင်သလဲ ။ ။
အလေးအပင်မလိုက်တဲ့အခါ ၊ ချောင်းဆိုးလိုက်တဲ့အခါမှာ တင်းကနဲဖြစ်ပြီး ကျွံနေတဲ့ နေရာက ဖောင်းဖောင်းပြီး နာလာရင် အူကျွံတာဖြစ်နေနိုင်ပါတယ်။ အပေါက်ရှိနေတာကြောင့် အိပ်လိုက်ရင် ဗိုက်ထဲပြန်ဝင်သွားတတ်ပြီး ချောင်းဆိုးလိုက်ရင် ပြန်ဆင်းလာတတ်ပါတယ်။
Q – အူကျွံတာ ဘယ်နှစ်မျိုးရှိသလဲ ။ ။
အူကျွံတာက ပေါင်ခြံတစ်ဘက်တည်းရော၊ နှစ်ဘက်စလုံးမှာရော ဖြစ်တတ်ပါတယ် ။ အူကျွံတာ ၂ မျိုးရှိပါတယ်။
၁ – Indirect inguinal hernia – မွေးရာပါ ဗိုက်ထဲက ကြွက်သားတွေ ကောင်းကောင်း မဖွံဖြိုးသေးတာကြောင့် အူကျွံ့ရတာဖြစ်ပြီး မွေးကင်းစကလေးတွေ မှာ အဖြစ်များပါတယ်။
၂ – Direct inguinal hernia – သက်လတ်ပိုင်းအမျိုးသားတွေမှာ အဖြစ်များပြီး အသက်ကြီးလာတာ၊ အလေးအပင်မလွန်းရာ၊ ဝမ်းသွားရင် ညှစ်လွန်းရာကနေ ကြွက်သားတွေ အားလျော့လာပြီး အူတွေကျွံလာရတာဖြစ်ပါတယ်။
Q – ဘယ်သူတွေက အဖြစ်များလဲ ။ ။
မိန်းကလေးတွေထက်စာရင် ယောက်ျားလေးတွေဖြစ်တာပိုများပါတယ်။ ယောက်ျားလေးတွေထဲမှာမှ အသက် ၄၀ ကျော်တဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မျိုးရိုးထဲမှာ အူကျွံဖူးတဲ့သူရှိရင်၊ ဆေးလိပ်သောက်ရင်၊ ဝမ်းဗိုက်ခွဲစိတ်မှု ပြုလုပ်ခဲ့ဖူးရင် အူကျွံနိုင်တဲ့ အလားအလာပိုများပါတယ်။
Q – အူကျွံတဲ့ လက္ခဏာတွေက ဘာများလဲ ။ ။
Q – အူကျွံတဲ့ ရောဂါက စိုးရိမ်ရလား ။ ။
အူကျွံတာက ချက်ချင်းကြီး အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ရောဂါတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် ဆေးကုသမှု သေချာမခံယူရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေ ဆက်ဖြစ်နိုင်ပြီး အသက်အန္တရာယ်ကို ထိခိုက်လာနိုင်ပါတယ်။
Q – အူကျွံတာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာများလဲ ။ ။
အသက်ကိုထိခိုက်နိုင်တဲ့ အူကျွံတာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့
Incarcerated hernia – ဒါက ပေါင်ခြံထဲကို ကျွံသွားတဲ့ အူတွေ ညက်နေပြီး အပေါ်ကို ပြန်မတက်နိုင်တော့တာကို ပြောတာပါ။
Strangulated hernia – ဒါကတော့ Incarcerated hernia ဖြစ်ပြီးနောက်ပိုင်း ပေါ့ပေါ့ဆဆနေလိုက်တဲ့အခါ နောက်ဆက်တွဲဖြစ်လာမယ့် အရာတစ်ခုပါ။ ကျွံသွားရာက ပိတ်ပြီး ညက်နေတဲ့ အူတွေ အပေါ်ပြန်မတက်နိုင်တော့တဲ့အခါ သွေးလုံလောက်စွာ မရတော့လို့ ကျွံနေတဲ့ အူအစိတ်အပိုင်း ပုပ်သွားတာကို ပြောတာပါ။ ဒီအဆင့်ဆိုရင်တော့ အရေးပေါ် အခြေအနေ ရောက်နေပါပြီ။ အူတွေပုပ်သွားရာကနေ ပိုးတွေဝင်သွားနိုင်ပြီး တစ်ကိုယ်လုံး သွေးဆိပ်ပြန့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဒါ့ကြောင့် အရင်ဆင်းလိုက်ပြန်တက်လိုက်ဖြစ်နေတဲ့ အူကျတာ ဆင်းတုန်းကတော့ဆင်းသွားပါရဲ့။ ဗိုက်ထဲပြန်မဝင်တော့ဘဲ ညက်နေတဲ့ လက္ခဏာမျိုးရှိနေပြီဆိုရင် ဆေးရုံကို စောစောသွားပြီး ကုသမှုခံယူတာအကောင်းဆုံးပါ။
Q – အူကျွံတာက သူ့ဘာသာသူ ပြန်ပျောက်သွားနိုင်လား။ ဆေးကုသမှု မခံယူဘဲထားလို့ရလား ။
အူကျွံတဲ့ ပြဿနာဟာ သူ့ဘာသာသူ ပြန်ပျောက်မသွားတတ်ပါဘူး။ ဆေးကုသမှု ခံကိုခံယူရပါမယ်။ ဆေးကုမှုမှာတောင် သောက်ဆေးသောက်ရုံ အူက ပြန်မတက်သွားနိုင်တာကြောင့် အားနည်းနေတဲ့ဗိုက်ကြွက်သားကို ပြန်ပြင်ဖို့ ခွဲစိတ်မှု လုပ်ပြီး အူကျွံတာကို ကုသရပါတယ်။
Q – အူကျွံတာ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရလား ။ ။
ဗိုက်အတွင်းက ကြွက်သားတွေ အားနည်းတာကို ကြိုတင်ကာကွယ်လို့မရပါဘူး။ ဒါပေမယ့် အားနည်းတာပိုဆိုးမသွားအောင်တော့ ဒီအချက်တွေ လိုက်လုပ်ပြီး တားဆီးလို့တော့ရပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။