ပါးစပ်က အကျိုးပြုတဲ့ ဘက်တီးရီးယားတွေရော အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေပါ ရာနဲ့ပြီး မှီခိုနေထိုင်ရာ နေရာ တစ်ခုပါ။ ဒီတော့ တစ်ယောက်ယောက်ရဲ့ တံထွေးနဲ့ ထိတွေ့မိရင် ဘာဖြစ်မယ် ထင်လဲ။
ထွက်မှာ သေချာပြီလား။
ပါးစပ်က အကျိုးပြုတဲ့ ဘက်တီးရီးယားတွေရော အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေပါ ရာနဲ့ပြီး မှီခိုနေထိုင်ရာ နေရာ တစ်ခုပါ။ ဒီတော့ တစ်ယောက်ယောက်ရဲ့ တံထွေးနဲ့ ထိတွေ့မိရင် ဘာဖြစ်မယ် ထင်လဲ။
တံထွေးက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ကာကွယ်ခုခံမှုတွေကို လုပ်ဆောင်ပေးတယ်။ တံထွေးမှာ antibodies နဲ့ enzymes တွေ ပါဝင်နေပြီး ခန္ဓာကိုယ်ကို ရောဂါကူးစက် မခံရအောင် ကာကွယ်ပေးတယ် ဆိုပေမယ့် တံထွေး ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ ရှိနေဆဲပါ။
တံထွေးမှာ antibodies နဲ့ enzymes တွေပါဝင်နေတာကြောင့် ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တယ် ဆိုပေမယ့် တံထွေး ကနေတဆင့် ဒီလို ရောဂါတွေ ကူးစက်နိုင် ပါသေးတယ်။
ဒီရောဂါပိုးတွေအပြင် ဗိုင်းရပ်စ်အသစ်တွေဖြစ်တဲ့ အီဘိုလာ ဗိုင်းရပ်စ်၊ ကြက်ငှက်တုပ်ကွေးတို့ကလည်း တံထွေးကနေတဆင့် ကူးစက်နိုင်ပါတယ်။
ဒီ အပြုအမူတွေ ကနေတဆင့် မတော်တဆ ရောဂါတွေကူးစက်နိုင်ပါတယ်။
တစ်ဦးနဲ့တစ်ဦး ချစ်ခင်တာကြောင့် နမ်းရှုတ်တာက တံထွေးတွေ ထိမိနိုင်ခြေ တော်တော်လေး များသလို ရောဂါ ကူးစက်ခံရနိုင်ခြေလည်း များပါတယ်။
ဒီလိုနမ်းရှုတ်တာကတဆင့် အအေးမိတာ၊ တုပ်ကွေး ဗိုင်းရပ်စ်၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက် ကူးစက်တာ၊ ရေယုန်ဗိုင်းရပ်စ် ကူးစက်ခံရတာတွေ ဖြစ်နိုင်ပါတယ်။
တော်တော်များများက နှာချေချိန်မှာ တံထွေး မထွက်ဘူးလို့ ယူဆကြပါတယ်။ တကယ်ကတော့ နှာချေ လိုက်ချိန်မှာ တံထွေးက ပုံမှန်ထက် အဝေးကြီးကို ပိုရောက်သွားတတ်ပါတယ်။ နှာချေ လိုက်ချိန်မှာ တံထွေး အစအနတွေက တစ်နာရီကို မိုင် ၁၀၀ နှုန်းလောက်နဲ့ လွှင့်စင်နိုင်ပါတယ်။
ဒါကြောင့် နှာချေ၊ ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို အုပ်ထားသင့်ပါတယ်။ သူများ ကိုယ့်အနီးမှာ နှာချေ၊ ချောင်းဆိုးရင်လည်း ပါးစပ်နဲ့နှာခေါင်းကို အုပ်ထားဖို့ မမေ့ပါနဲ့။
သွားပွတ်တံက တစ်ကိုယ်ရေကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ။ မျှမသုံးသင့်သလို ပုံမှန်လဲလှယ်မှု လည်း လုပ်ပေးဖို့ လိုပါမယ်။
သွားပွတ်တံက တံထွေးနဲ့ ထိတွေ့မိနိုင်ခြေ အများဆုံး ဖြစ်သလို ရောဂါပိုးတွေ အလွယ်တကူ ခိုအောင်းနိုင်တဲ့ နေရာတစ်ခု လည်း ဖြစ်ပါတယ်။ ဒါကြောင့် သွားပွတ်တံကို မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Does Saliva Have Health Risks? 3 Ways Germs Can Spread https://health.clevelandclinic.org/does-saliva-have-health-risks-3-ways-germs-can-spread/ Accessed Date 24 June 2020
Saliva and Your Mouth https://www.webmd.com/oral-health/what-is-saliva#2 Accessed Date 24 June 2020
5 Health Benefits of Saliva https://www.dentalsphere.in/blog/health-benefits-of-saliva Accessed Date 24 June 2020