ကျီးကန်းပါးစပ် ကို ဘယ်လိုကုမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 2, 2020 . 2 mins read
Share now

ကျီးကန်းပါးစပ် ဆိုတာ လူတော်တော်များများ ဖြစ်ဖူးကြမှာပါ။ နှုတ်ခမ်းထောင့်မှာ နီရဲနေပြီး ပါးစပ် ဟမရ ပြုမရနဲ့ တော်တော် ကသိကအောက်နိုင်တဲ့ ရောဂါပါ။ ပါးစပ်လည်း ကောင်းကောင်း မစေ့နိုင်ဘဲ ဟတတလေး ဖြစ်နေလို့ ကျီးကန်းပါးစပ်လို့ ခေါ်တာပါ။ ဆေးပညာအရတော့ angular cheilitis ဒါမှမဟုတ် angular stomatitis လို့ ခေါ်ပါတယ်။ တစ်ဖက်တည်း ဖြစ်နိုင်သလို တစ်ခါတည်း နှစ်ဖက်လုံး တစ်ပြိုင်တည်း ဖြစ်နိုင်ပါတယ်။ ကလေးပေါက်စက စလို့ လူကြီးအထိ ဖြစ်နိုင်ပါတယ်။ တစ်ခါဖြစ်ရင် ရက်အနည်းငယ်ကနေ ဒီထက်လည်း ပိုကြာတတ်ပါတယ်။

ကျီးကန်းပါးစပ် အပြင် ဘာလက္ခဏာတွေ ပြနိုင်သေးလဲ။

ကျီးကန်းပါးစပ်က နှုတ်ခမ်းထောင့်မှာ နီရဲပြီး ရောင်ရမ်းနေတဲ့ အတွက် သိသာပါတယ်။ ရောင်တာအပြင်

တခြားလက္ခဏာတွေကတော့

  • ပါးစပ်ပျက်တာ
  • နှုတ်ခမ်းနဲ့ ပါးစပ်မှာ စပ်ဖျဉ်းဖျဉ်း ဖြစ်နေတာ
  • နှုတ်ခမ်းတွေ အဖတ်အဖတ် ကွာတာ
  • နာလို့ အစာစားရခက်တာတွေပဲ ဖြစ်ပါတယ်။

ကျီးကန်းပါးစပ် ဘယ်ကစဖြစ်တာလဲ။

ဖြစ်စေတဲ့အကြောင်းတွေကတော့ အများကြီးပါပဲ။ အဓိကကတော့ တံတွေးကြောင့် မှိုပိုးဝင်ပြီး ဖြစ်တာပါ။ နှုတ်ခမ်းခြောက်ရင်ပဲ ဖြစ်ဖြစ်၊ နာရင်ပဲဖြစ်ဖြစ် လျှာနဲ့ သပ်တတ်တဲ့ အကျင့်ရှိကြပါတယ်။ နှုတ်ခမ်းထောင့်မှာ တံတွေးတွေ စုလာတဲ့အခါ နှုတ်ခမ်းပိုခြောက်လာပြီး ကွဲလာပါတယ်။ ဒီနှုတ်ခမ်းထောင့်က တံတွေးတွေက မှိုစွဲဖို့ အကောင်းဆုံး နေရာပါပဲ။

ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

နှုတ်ခမ်းထောင့်မှာ တံတွေးနဲ့ ထိတွေ့မှုများတဲ့ သူတွေက ပိုဖြစ်နိုင်တာပေါ့။ သူတို့တွေကတော့

  • သွားညှိကြိုး (braces) တပ်ထားတဲ့သူတွေ
  • အံကပ်သေချာ အံမကျတဲ့သူတွေ
  • ခဏခဏ နှုတ်ခမ်းကို လျှာနဲ့ သပ်တတ်တဲ့ အကျင့်ရှိသူတွေ
  • တံတွေး အထွက်များတဲ့သူတွေ
  • အသက်ကြီးလာလို့ နှုတ်ခမ်းထောင့်မှာ အသားအရည် လျော့တွဲလာသူတွေ
  • လက်မစုပ်တတ်တဲ့ ကလေးတွေ
  • ဆေးလိပ်သောက်တဲ့သူတွေ
  • အာဟာရချို့တဲ့တဲ့သူတွေ (ဥပမာ ဗီတာမင်ဘီ၊ သံဓာတ်)

တချို့သော ရောဂါတွေမှာလည်း ကျီးကန်းပါးစပ်က လက္ခဏာ တစ်ခု ဖြစ်နေတတ်ပါတယ်။ ဥပမာ

  • သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတာ
  • သွေးကင်ဆာ
  • ဆီးချိုရောဂါ
  • တချို့သော ကင်ဆာရောဂါ (ဥပမာ ကျောက်ကပ်၊ ပန်ကရိယ၊ အသည်းနဲ့ အဆုတ်ကင်ဆာ)
  •  HIVလိုမျိုး ခုခံအားကျတဲ့ ရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။

ကျီးကန်းပါးစပ်ကို ဘယ်လိုကုသကြမလဲ။

ကျီးကန်းပါးစပ်က ဘက်တီးရီးယားကြောင့်လည်း ဖြစ်နိုင်သလို မှိုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ ကုသမှု ခံယူရမှာပါ။ ပြီးတော့ ကျီးကန်းပါးစပ်ဖြစ်စေတဲ့ နောက်ခံအကြောင်းရင်းကိုလည်း ရှာပြီး ကုသရမှာပါ။ ဥပမာ ဗီတာမင်ချို့တဲ့တာကြောင့်ဆို ဗီတာမင် အားဆေးတွေ ပေးမယ်။ သွေးအားနည်းတာကြောင့်ဆို သံဓာတ်အားဆေးတွေ ပေးမယ် စသဖြင့်ပေါ့။ အိမ်မှာ အလွယ်လုပ်နိုင်တာတွေကတော့

  • အနာကို antisepticလိမ်းပြီး သန့်အောင်ထားတာ
  • အရောင် သက်သာအောင် စတီးရွိုက်လိမ်းတာ
  • ပါးစပ်မခြောက်အောင် ရေခဏခဏ သောက်တာ၊ ရေခဲစုပ်တာ၊ သကြားလုံးငုံတာ
  • နှုတ်ခမ်းကွဲတာ သက်သာအောင် နှုတ်ခမ်းအဆီ တာ
  •  တံတွေးနဲ့ တိုက်ရိုက်မထိအောင် နှုတ်ခမ်းထောင့်ကို အုန်းဆီလိမ်းတာ၊ vaseline ဂျယ်လီလိမ်းတာ လုပ်ပေးလို့ရပါတယ်။

မကုဘဲထားရင် ဘာဖြစ်မလဲ။

မကုဘဲ ထားလိုက်ရင် ပိုးတွေက ဘေးကို ပျံ့သွားတာ၊ မှက္ခရု ပေါက်တာတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ခံ အကြောင်းရင်းကို သေချာမကုမိရင် ခဏခဏ ပြန်ဖြစ်တတ်ပါတယ်။

ကျီးကန်းပါးစပ်ရောဂါ အများစုက အိမ်မှာ ကုရင်းနဲ့ပဲ ပျောက်သွားတာ များပါတယ်။ ဒါကြောင့် သိပ်စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် ခဏခဏ ပြန်ဖြစ်တယ်။ ၂ပတ်ကျော်ကြာတဲ့အထိမှ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။ နောက်ခံ အကြောင်းရင်းကို ရှာပြီး ကုဖို့ လိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နှုတ်ခမ်းပါးလေးတွေ ခြောက်သွေ့အက်ကွဲတဲ့အခါ

အက်ကွဲနေတဲ့ နှုတ်ခမ်းတွေဟာ ဆဲလ်သေတွေနဲ့ ကာကွယ်နေတာကြောင့် နှုတ်ခမ်းနီအဆီ ဆိုးလိုက်တဲ့ အခါအတွင်းအလွှာကိုမရောက်ဘဲ လိုအပ်တဲ့ပြုပြင်မှုမရနိုင်ဘဲ ဖြစ်နေတတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

နှုတ်ခမ်းတွင် ပေါက်သော ရေယုန်နာ (Cold Sore)

နှုတ်ခမ်း ပါးစပ် ရေယုန် အနာ ဗိုင်းရပ်စ်ပိုး ယားယံခြင်း နှာခေါင်း အဖျားတက် လည်ချောင်းနာ စိတ်ဖိစီးမှု နမ်းရှုံ့ခြင်း တံတွေး ရောဂါပိုး ကိုယ်ခံအား သန့်ရှင်းမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် ကျန်းမာမှ ဗိုက်ထဲက ဘေဘီလေးက ကျန်းမာမှာပါ။ ကိုယ်ဝန်ဆောင်နေရတဲ့ လေဒီတွေ အနေနဲ့ ကိုယ်ခံအား ကောင်းအောင် စားသောက်ဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အစာစားပြီးချိန်မှာ ရေသောက်သင့်သလား

ရေသောက်၊ အဆိပ်အတောက်၊ ပါးစပ်၊ အစာလမ်းကြောင်း၊ အစာအိမ်၊ တံတွေး၊ ပန်ကရိယ၊ digestive enzymes၊ အသည်း၊ bile acid သွေးကြော၊ အာခံတွင်း၊ အဖျော်ယမကာ၊ အချိုရည်၊ အရက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

တံတွေးဂလင်းပိုးဝင်ခြင်း

တံတွေးဂလင်းပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read

လိင်ဆက်ဆံတဲ့အခါတိုင်း ချောဆီကို မဖြစ်မနေသုံးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 3 mins read

အိမ်မှာနေရင်း နှုတ်ခမ်းသားကို ပန်းသွေးကြွအောင် ဘယ်လိုထိန်းသိမ်းမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read
ဆယ်ကျော်သက်တို့အတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန်

ဆယ်ကျော်သက်တို့အတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 28, 2020 . 2 mins read