ရေကျောက်ပေါက်တယ်ဆိုတာ… ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်ပြီး ကူးစက်ခံရသူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ယားတဲ့အကွက်တွေ အနာတွေဖြစ်ပြီး တုပ်ကွေးလို လက္ခဏာမျိုးကိုလည်း ခံစားရလေ့ရှိပါတယ်..။ ကလေးငယ်တွေ
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ရေကျောက်ပေါက်တယ်ဆိုတာ… ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်ပြီး ကူးစက်ခံရသူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ယားတဲ့အကွက်တွေ အနာတွေဖြစ်ပြီး တုပ်ကွေးလို လက္ခဏာမျိုးကိုလည်း ခံစားရလေ့ရှိပါတယ်..။ ကလေးငယ်တွေ
နီရဲယားယံတဲ့ အဖုတွေဟာ ဝမ်းဗိုက် ဒါမှမဟုတ် မျက်နှာကနေစလေ့ရှိပြီး ဦးရေပြား ….. ပါးစပ်..လက်မောင်း..ခြေထောက်နဲ့ လိင်အင်္ဂါအပါအဝင် ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့သွားလေ့ရှိပါတယ်..။
အဖုတွေဟာ အစပိုင်းမှာ သေးငယ်တဲ့ အနီရောင် အဖုတွေဖြစ်ပြီး ခြင်ကိုက်ဖုနဲ့လဲ ဆင်ပါတယ်..။ နှစ်ရက်ကနေ လေးရက်အကြာမှာတော့ အထဲမှာ အရည်ရှိတဲ့ အရည်ကြည်ဖုအဖြစ် ပြောင်းလဲသွားပါတော့တယ်.။ အရည်ကြည်ဖုတွေ ပေါက်သွားတဲ့အခါ အနာဖြစ်ပြီး ခြောက်သွေ့တဲ့အညိုရောင်အဖတ်တွေ အဖြစ် ရောက်ရှိသွားတတ်ပါတယ်.။
Varicella Zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်ပြီး…. ရောဂါကူးစက်ဖြစ်ပွားမှုကို ကာကွယ်ဆေးထိုးခြင်းနဲ့ ကာကွယ်နိုင်ပါတယ်..။ ရေကျောက်ကာကွယ်ဆေးထိုးထားတဲ့ ကလေးတွေမှာ ရေကျောက်ပေါက်တာရှားပြီး တကယ်လို့ ပေါက်ခဲ့ရင်တောင် ရောဂါက ကာကွယ်ဆေးထိုးမထားသူတွေမှာလောက် ပြင်းထန်ခြင်းမရှိတာကို တွေ့ရပါတယ်..။
ရောဂါပိုးရှိသူက ချောင်းဆိုးတာ… နှာချေတာကနေတဆင့် လေထုထဲကနေ ကူးစက်တတ်သလို ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အကျိအချွဲ… တံတွေး… ဒါမှမဟုတ် အရည်ကြည်ဖုတွေကထွက်တဲ့ အရည်တွေကို ထိမိရာကတဆင့်လဲ ကူးစက်နိုင်ပါတယ်…။
ရေကျောက်ရောဂါဟာ…. ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာမို့… ပိုးသတ်ဆေးနဲ့ကုလို့မရပါဘူး..။ သို့သော် တစ်ခါတစ်ရံမှာတော့…. ဆရာဝန်က နောက်ဆက်တွဲဘက်တီးရီးယားပိုးဝင်
နောက်ဆက်တွဲရောဂါပြင်းထန်နိုင်ခြေရှိတဲ့ကလေးတွေမှာဆိုရင်တော့… ပိုးသတ်ဆေးပေးတတ်ပါတယ်..။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။