ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ

ခိုဆိုတာ မြန်မာနိုင်ငံရဲ့  နေရာတော်တော်များများမှာ တွေ့နိုင်တဲ့ ငှက်အမျိုးအစားပါ။ ဒီမှာက ခိုစာကျွေးတဲ့အလေ့အထရှိတဲ့အပြင် အိမ်နေမှာပါ ပေးနေကြတာကြောင့် လူတွေနဲ့ တော်တော်ကြီး နီးနီးကပ်ကပ်ကို ရှိနေတာပါ။ ဒါပေမဲ့ ဒီခိုတွေက လူတွေကိုတော့ ကောင်းကျိုးမပေးပါဘူး။ ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ က လူတွေကို အသက်အန္တရာယ်ဖြစ်စေသည်အထိ ပြင်းထန်ပါတယ်။ ခိုကနေ ရောဂါတွေ ဘယ်လိုကူးသလဲ ခိုချေးတွေကို ရှူမိရာကနေတဆင့် ကူးတာပါ။ လတ်လတ်ဆတ်ဆတ် ချေးတွေထက်စာရင် ခြောက်သွားတဲ့အခါ အမှုန်အမွှားတွေ ဖြစ်ပြီး ဒါကို ရှူမိရင် အဆုတ်ထဲရောက်ပြီး ကူးစက်တတ်ပါတယ်။ အဲ့ကနေမှ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပြီး ရောဂါဖြစ်စေပါတယ်။ ခိုတွေနဲ့ အနီးကပ်နေတဲ့သူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ အထူးသဖြင့် ခုခံအားကျတဲ့သူဆိုရင် ပိုသတိထားသင့်ပါတယ်။။ သာမန်လူတွေမှာ ရောဂါဖြစ်နိုင်ခြေ နည်းပေမဲ့ ခုခံအားကျနေရင်တော့ ကူးစက်လွယ်ပါတယ်။ ဥပမာ HIV/ AIDS […]

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

ရာသီဥတု ပူရင် ကိုရိုနာ မကူးစက်နိုင်တော့ဘူးလား

နွေ ဘက်ကို ကူးလာတဲ့ ရာသီမှာ အပူဒဏ်က အတော်လေး သိသာလာပါတယ်။ ဒီလို ပူလာဖို့ကိုလည်း စောင့်မျှော်နေကြသူတွေ ရှိပါတယ်။ သူတို့ပြောကြတာက ကိုရိုနာ ဗိုင်းရပ်စ်လို့ ခေါ်ကြတဲ့ COVID- 19 ဟာ အပူဒဏ်ကို မခံနိုင်ပါဘူးတဲ့လေ။ ဒီတော့ ရာသီဥတု ပူရင် ကိုရိုနာ မကူးစက်နိုင်တော့ဘူးလား ဆိုတာကို မေးခွန်း ထုတ်နေပြီလား! ရာသီဥတု ပူရင် ကိုရိုနာ မကူးစက်နိုင်တော့ဘူးလား ရာသီဥတု ပူရင် ကိုရိုနာ မကူးစက်နိုင်တော့ဘူးလား ဆိုတော့ အတူတူ ကြည့်လိုက်ရအောင်နော်။ COVID- 19 ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်တွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်အသစ် ဖြစ်သလို အခုချိန်မှာ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာအဆင့်ကို ရောက်နေပါပြီ။ အမှန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ COVID- […]


ကိုရိုနာဗိုင်းရပ်စ်

ဆောင်းအအေးနဲ့အတူ ထွက်ပေါ်လာပြန်တဲ့ ကူးစက်မြန် ကိုဗစ်မျိုးစိတ်သစ်

ကိုဗစ်ဖြစ်ပွားမှု စတင်ခဲ့တာက ကာလအတိုင်းအတာ တစ်ခုအထိ ကြာမြင့်ခဲ့ပြီ ဖြစ်သလို ကာကွယ်ဆေးတွေလည်း ၂ ကြိမ်တွေ ၃ ကြိမ်တွေ ထိုးပြီးပြီဆိုပြီး ခပ်ပေါ့ပေါ့ သဘောထားလာကြတာတွေကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က မပြီးသေးသလို ပြီးခဲ့တဲ့ တစ်နှစ်လုံး ကိုဗစ်ဖြစ်ပွားမှုတိုင်းဟာ အိုမီခရွန် မျိုးစိတ်ကြောင့် ဆိုပေမယ့် လက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ဖြစ်ပွားမှုရဲ့ ၃၅ ရာခိုင်နှုန်းကျော်ဟာ BQ.1 နဲ့ BQ.1.1 လို့ခေါ်တဲ့ အိုမီခရွန်ရဲ့ မျိုးကွဲတွေကြောင့် ဖြစ်တယ်လို့ လေ့လာမှုတွေအရ သိရှိရပါတယ်။ ဒီတော့ ကာကွယ်သတိထားနိုင်ဖို့အတွက် ကူးစက်မြန် ကိုဗစ်မျိုးစိတ်သစ် အကြောင်းကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဆောင်းအအေးနဲ့အတူ ထွက်ပေါ်လာပြန်တဲ့ ကူးစက်မြန် ကိုဗစ်မျိုးစိတ်သစ် ကိုဗစ်ရဲ့ အိုမီခရွန်မျိုးစိတ်ကို အာရုံစိုက် စောင့်ကြည့်နေချိန်မှာပဲ အိုမီခရွန်ရဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ် ဖြစ်ဖူးတဲ့ က​လေးတွေမှာ ဆီးချိုဖြစ်နိုင်ခြေ ပိုများနေပါတယ်

ကိုဗစ် ဖြစ်ဖူးတဲ့ ကလေးတွေမှာ ဆီးချိုဖြစ်နိုင်ခြေ ပိုများနေပါတယ် လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ Covid - 19 ကူးစက်ခံထားရတဲ့ ကလေးတွေမှာ အမျိုးအစား -၁ ဆီးချိုရော အမျိုးအစား- ၂ ဆီးချိုပါ ဖြစ်နိုင်ခြေက ပုံမှန်ထက် ပိုများနေပါတယ်လို့ ရောဂါကာကွယ်ရေး ထိန်းချုပ်ရေးစင်တာ CDC က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု အသစ်တစ်ရပ်ရဲ့ ရလဒ်တွေအရ သိရပါတယ်။ ကိုဗစ် ဖြစ်ဖူးတဲ့ က​လေးတွေမှာ ဆီးချိုဖြစ်နိုင်ခြေ ပိုများနေပါတယ် ၂၀၂၀ ခုနှစ် မတ်လ ကနေ ၂၀၂၁ ခုနှစ် ဇွန်လအထိ လုပ်ဆောင်ခဲ့တဲ့ မွေးကင်းစကနေ အသက် ၁၇ နှစ်အရွယ် ကလေး အယောက် ၂.၅ သန်း ပါဝင်တဲ့ လေ့လာမှုရလဒ်တွေအရ […]


ကိုရိုနာဗိုင်းရပ်စ်

ဆောင်းတွင်းကာလမှာ သတိထားရမယ့် ကိုဗစ်မျိုးစိတ်သစ် BQ.1နဲ့ XBB

ဆောင်းရာသီ ရောက်လာပြီဆိုရင် အရင်ကထက် ဖျားတာနာတာတွေ ပိုအတွေ့ရများလာနိုင်ပါတယ်။ တုပ်ကွေးဖြစ်တာ၊ နှာစေးတာ၊ ချောင်းဆိုးတာတွေလိုမျိုး ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကတော့ အဓိကပေါ့။ ဒီနှစ်ဆောင်းမှာ ဒီကျန်းမာရေး ပြဿနာတွေအပြင် သတိထားရမယ့် နောက်ထပ် ကျန်းမာရေးပြဿနာ တစ်ခု ရှိပါတယ်။ ဒါကတော့ ကိုဗစ်ပါ။ ဒီနှစ်မှာ ထူးထူးခြားခြား ဂရုစိုက်ရမယ့် ကိုဗစ်မျိုးစိတ်ကတော့ မကြာသေးခင်က အမေရိကန်ပြည်ထောင်စုနဲ့ စင်ကာပူနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်မျိုးစိတ်တွေဖြစ်ကြတဲ့ ကိုဗစ်မျိုးစိတ်သစ် BQ.1နဲ့ XBB တို့ပါ။ ဒီအကြောင်းတွေကို အတူတူ လေ့လာလိုက်ရအောင်နော်။ ဆောင်းတွင်းကာလမှာ သတိထားရမယ့် ကိုဗစ်မျိုးစိတ်သစ် BQ.1နဲ့ XBB Omicron မျိုးကွဲတွေဖြစ်တဲ့ BA.4 နဲ့ BA.5 က ဇူလိုင်လ အစောပိုင်းက ကမ္ဘာတလွှားမှာ ဖြစ်ပွားနေတဲ့ အဓိက ကိုဗစ်မျိုးစိတ် တစ်မျိုးပါ။ ဒါပမယ့် […]


ကိုရိုနာဗိုင်းရပ်စ်

Omicron ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ထိုးပြီးရင် ဘာတွေ ခံစားရနိုင်လဲ

စက်တင်ဘာလ အစောပိုင်းက အမေရိကန် ပြည်ထောင်စုနဲ့ ယူကေနိုင်ငံတို့မှာ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန (FDA) က လူထုကြားထဲမှာ ထိုးနှံခွင့်ပြုလိုက်တဲ့ Omicron မျိုးကွဲ ၂ မျိုးဖြစ်တဲ့ BA.4 နဲ့ BA.5 တို့ကို ကာကွယ်ပေးနိုင်မယ့် Omicron ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး (Bivalent vaccine) ထိုးနှံပြီးချိန်မှာ ဘာတွေ ခံစားရနိုင်လဲ။ ဘယ်လိုတွေ ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကာကွယ်ဆေး ထိုးပြီးရင် side effects ခံစားရတာ ပုံမှန်ပဲလား။ ကာကွယ်ဆေး ထိုးပြီးရင် side effects ခံစားရတာက တော်တော်များများမှာ ဖြစ်ပါတယ်။ တုပ်ကွေး ကာကွယ်ဆေးကစလို့ ကိုဗစ်ကာကွယ်ဆေးအထိ ကာကွယ်ဆေးတွေ ထိုးပြီးတိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် မတူပေမယ့် side effects ကိုတော့ ခံစားရလေ့ရှိပါတယ်။ ကာကွယ်ဆေးဆိုတာက သေချာစမ်းသပ်လေ့လာမှုတွေ လုပ်ဆောင်ပြီးမှ […]


ကိုရိုနာဗိုင်းရပ်စ်

Omicron BA.4.6 အကြောင်း တစေ့တစောင်း

လူသားတွေက ကိုဗစ် ကာကွယ်ဆေးတွေကို အကြိမ်ကြိမ် ထိုးနှံနေကြချိန်မှာပဲ ကိုဗစ်မျိုးစိတ်တွေကလည်း ဗီဇအမျိုးမျိုး ပြောင်းလဲနေပါတယ်။ အမေရိကန် ပြည်ထောင်စု နဲ့ ယူကေနိုင်ငံတွေမှာ BA. 5 ကူးစက်မှုတွေ မြင့်တက်နေရာက အခုလက်ရှိမှာ BA.4.6 ဖြစ်ပွားမှုတွေ မြင့်တက်လာနေပါတယ်။ အခုနောက်ဆုံး ယူကေကျန်းမာရေး ဌာနက ထုတ်ပြန်တဲ့ထုတ်ပြန်ချက်အရ ယခုအပတ်အတွင်း ယူကေမှာ ကိုဗစ်ဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့ BA.4.6 ဖြစ်ပွားမှုတွေ မြင့်တက်လာနေပါတယ်။ ယူကေအပြင် အခြား ကမ္ဘာ့နိုင်ငံတွေမှာလည်း ဖြစ်ပွားမှုတွေ ရှိနေပါတယ်။ ဒီတော့ Omicron BA.4.6 အကြောင်း နဲ့ပတ်သက်လို့ သိထားသင့်တာလေးတွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ Omicron BA.4.6 အကြောင်း တစေ့တစောင်း လက်ရှိအချိန်ထိတော့ အိုမီခရွန်က သူ့ရှေ့က အခြား ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲတွေလောက် မပြင်းထန်သလို သေဆုံးမှုလည်း နည်းတာကို တွေ့ရပါတယ်။ ဒါ​ကြောင့် […]


ကိုရိုနာဗိုင်းရပ်စ်

Omicron BA.4 နဲ့ BA. 5 ကာကွယ်ဆေး

ကိုဗစ် ကာကွယ်ဆေးတွေ ထွက်ရှိလာခဲ့တာ ၁ နှစ်ကျော် ၂ နှစ် နီးပါးရှိလာခဲ့ပြီ ဖြစ်သလို အမျိုးအစားတွေကလည်း အများကြီးပါ။ တစ်ဖက်မှာ ကာကွယ်ဆေးတွေ ထိုးနှံနေကြသလို တစ်ဖက်မှာလည်း ကိုဗစ်ဗိုင်းရပ်စ်က ဗီဇ အမျိုးမျိုး ပြောင်းပြီး ကူးစက်နေပါတယ်။ အချို့ ဗီဇပြောင်း မျိုးစိတ်တွေက သိပ်မပြင်းထန်ပေမယ့် အချို့ကတော့ တော်တော်လေး ပြင်းထန်ပါတယ်။ အသေအပျောက်များတဲ့အထိ ပြင်းထန်တဲ့ မျိုးစိတ်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် မျိုးစိတ်တွေ ပြောင်းလဲလိုက်တိုင်းမှာ တူညီတာ တစ်ခုကတော့ ကူးစက်မြန်တာပါ။ ကိုဗစ်က ကမ္ဘာ့ကပ်ရောဂါ ဖြစ်သလို အသက်သေဆုံးသည်အထိ ပြင်းထန်တာကြောင့် ကာကွယ်ဆေးကို ၂ ကြိမ် ထိုးနှံရတာမျိုး ရှိသလို ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးချိန်ကနေ ၆ လအတွင်းမှာ ထပ်ဆောင်း ကာကွယ်ဆေးတွေကို ထိုးနှံရတာတွေ ရှိပါတယ်။ အထူးသဖြင့် […]


ကိုရိုနာဗိုင်းရပ်စ်

ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ကိုဗစ်ရောဂါ စတင်ဖြစ်ပွားစဉ်က ကလေးတွေမှာ ကိုဗစ် ကူးစက်တာ သိပ်မတွေ့ရပေမယ့် နောက်ပိုင်းမှာ Covid-19 က ကလေးတွေမှာပါ ဖြစ်လာတာကို တွေ့ရပါတယ်။ တကယ်ကတော့ ကိုဗစ်က ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးတိုင်းမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သလို အရမ်းငယ်သေးတဲ့ အသက် ၁ နှစ်အောက် ကလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ဆိုတာကို သတိထားသိရှိနိုင်စေဖို့ မျှဝေပေးချင်ပါတယ်။ မွေးကင်းစ ကလေးလေးတွေ နဲ့ ဘေဘီလေးတွေမှာ ကိုဗစ်ဖြစ်နိုင်လား မေမေ့မှာ ရောဂါပိုး ကူးစက်ခံထားရပြီး ကလေးကိုမွေးဖွားချိန်မှာ ရောဂါပိုး ကူးစက်တာမျိုးကတော့ အတော်လေး ဖြစ်ခဲပါတယ်။ ကလေးကို မွေးဖွားပြီးချိန်မှာ ထိတွေ့တာ နမ်းရှုံ့တာတွေကနေတဆင့်တော့ ကူးစက်နိုင်ပါတယ်။ မွေးကင်းစ ကလေးတွေမှာ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Monkeypox မျိုးစိတ်သစ် A.2 အကြောင်း တစေ့တစောင်း

မျောက်ကျောက် ဆိုတာက လက်ရှိနိုင်ငံပေါင်း 90 ကျော်မှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ ကမ္ဘာတလွှားမှာ လူဦးရေ ၂၆၀၀၀ လောက် ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ လက်ရှိမှာတော့ မျောက်ကျောက်ရဲ့ မျိုးစိတ်သစ်ဖြစ်တဲ့ A.2 က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက လူနာ ၂ ဦးမှာ ကူးစက်ဖြစ်ပွားနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီတော့ Monkeypox မျိုးစိတ်သစ် A.2 အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။ Monkeypox မျိုးစိတ်သစ် A.2 Monkeypox မျိုးစိတ်သစ် A.2 ကို ဇူလိုင်လ အစောပိုင်းက UAE နိုင်ငံ Kerala ကနေ ပြန်လာတဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးမှာ တွေ့ရှိခဲ့ရတာပါ။ မျောက်ကျောက်မှာ ဖြစ်လေ့ရှိတဲ့ အရေပြားမှာ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

မျောက်ကျောက် ကာကွယ်ဆေး အကြောင်း တစေ့တစောင်း

ကမ္ဘာ့နိုင်ငံတော်တော်များများမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတွေ ပြန်လည်မြင့်တက်နေသလို မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်း ထိုင်းနိုင်ငံမှာလည်း မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတွေရှိနေပါတယ်။ ဒီလို ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါကို ဘယ်လို ကာကွယ်ရမလဲ။ ကာကွယ်ဆေးများ မရှိဘူးလားလို့ တွေးနေမိပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သိချင်နေတာလေးတွေကို အဖြေပေးနိုင်မှာပါ။ ကဲ ..... မျောက်ကျောက် ကာကွယ်ဆေး အကြောင်း အတူတူ ကြည့်လိုက်ရအောင်နော်။ မျောက်ကျောက်ရောဂါ မျောက်ကျောက်ရောဂါ ဆိုတာက ကျောက်ကြီးရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ မျိုးရင်းတူတဲ့ ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ 1958 ခုနှစ်က သုတေသန လုပ်ဖို့ ခေါ်ဆောင်လာခဲ့တဲ့ မျောက်တွေမှာ စတင်တွေ့ရှိခဲ့တာကြောင့် မျောက်ကျောက်လို့ အမည်ပေးခဲ့တာပါ။ မျောက်ကျောက်ရောဂါက 1970 ခုနှစ်မှာ လူတွေဆီကို စတင်ကူးစက်ခဲ့ပါတယ်။ မျောက်ကျောက်ရောဂါကလည်း ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ လူအချင်းချင်း […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်