ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကိုဗစ်ဖြစ်ပွားခဲ့တာ နှစ်ကာလအားဖြင့် အတော်အတန် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ကမ္ဘာတလွှားမှာ အခုချိန်ထိ  ကိုဗစ်ဗိုင်းရပ်စ်က ပပျောက်မသွားဘဲ သန္ဓေပြောင်းမှု အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ဆက်လက် ဖြစ်ပွားနေဆဲပါ။ အခုနောက်ဆုံးတွေ့ရှိထားတဲ့ ကိုဗစ် မျိုးစိတ်အသစ်ကတော့ EG.5.1 ဖြစ်ပြီး အတိုကောက် Eris လို့လည်း ခေါ်ပါတယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် ဖြစ်ပွားမှုတွေက ဒီမျိုးစိတ်ကြောင့်ပါ။ ကိုဗစ်တွေက မျိုးဗီဇ ပြောင်းလဲမှု တစ်ခု ဖြစ်ပြီးတိုင်းမှာ မျိုးစိတ်အသစ်တစ်ရပ်က လျင်မြန်တဲ့ အရှိန်နဲ့ ကူးစက်ဖြစ်ပွားတာမျိုးတွေ ရှိလာနေပါတယ်။ ဒါကြောင့် အခုတစ်ခေါက်လည်း သတိထားမှုတွေ လုပ်ဆောင်နိုင်စေဖို့အတွက် ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း သိထားသင့်တာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

COVID-19 ဘယ်နေရာ မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ။

COVID-19 က နှာချေ ချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေက အရာဝတ္ထုပေါ် ရောက်မယ်။ ဒီကနေ တစ်ဆင့် လက်နဲ့ ကိုင်မိတဲ့မယ်။ ပြီးတော့ မျက်နှာကို ပွတ်မိမယ်ဆိုရင် ရောဂါကူးနိုင်တယ်လို့ အားလုံးသိထားပြီးသားပါ။ ဒါကြောင့် ဒီဗိုင်းရပ်စ်က ဘယ်နေရာ မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ။ ဒီပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းရေး လုပ်မလဲဆိုတာ သိထားရင် ပိုကောင်းတာပေါ့နော်။ ဘယ်နေရာ မှာ ဘယ်လောက်ကြာကြာ လက်ရှိ လေ့လာချက်တွေအရ ဆိုရင်တော့ သတ္တုပစ္စည်းများ (ဥပမာ တံခါးလက်ကိုင်၊ လက်ဝတ်ရတနာ၊ ငွေထည်ပစ္စည်းတွေ)   -   ၅ရက်ကြာ ဖန်တည်ပစ္စည်းများ (ဥပမာ ဖန်ခွက်၊ ပြတင်းပေါက်၊ မှန်)                          […]


ကိုရိုနာဗိုင်းရပ်စ်

သိထားဖို့လိုမယ့် COVID-19 အကြောင်း

ကမ္ဘာ့ကပ်ရောဂါအဖြစ် မတ်လ ၁၁ ရက်နေ့ ၂၀၂၀ ခုနှစ် ည ၁၁ နာရီ ၃၅ မိနစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန် ကြေညာခဲ့တဲ့ COVID-19 ဟာ ကာကွယ်ဆေး မရှိသေးသလို ကုသနိုင်မယ့်ဆေးလည်း မရှိသေးပါဘူး။ ဒီလို အချိန်မှာ အကောင်းဆုံးလုပ်နိုင်မှာတစ်ခုက ကာကွယ်တာပါ။ ဒီတော့ ကာကွယ်မှုကိုလုပ်မယ်ဆိုရင် ဘယ်လိုဖြစ်တာလဲ၊ ဘယ်လို ကူးစက်တာလဲဆိုတာကို သိဖို့က မဖြစ်မနေလိုတော့မှာပေါ့။ ဒီတော့ COVID -19 နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ Coronavirus disease (COVID-19) ဆိုတာ…………….. Coronavirus disease (COVID-19) ဆိုတာ ကူးစက်ပြန့်ပွားနိုင်တဲ့ ဗိုင်းရပ်စ်မျိုးစိတ် အသစ် တစ်ရပ်ပါ။ အသက်ရှူလမ်းကြောင်း ကို ထိခိုက်စေနိုင်ပြီး တုပ်ကွေးလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရတဲ့အခါ ချောင်းဆိုးတာ၊ […]


ကိုရိုနာဗိုင်းရပ်စ်

COVID ကြောင့် လူချင်း ဝေးနေပေမယ့် ရင်ခုန်သံချင်း နီးစပ်စေမယ့် နည်းလမ်းများ

COVID-19 ကပ်ဘေးကြီး ကြုံဆုံလာရတဲ့အခါ လူတစ်ဦးချင်းစီရဲ့ လူနေမှုဘဝတွေ၊ လုပ်ငန်းဆောင်တာတွေနဲ့ လူမှုပတ်ဝန်းကျင်တွေ အနည်းနဲ့အများဆိုသလို ထိခိုက်မှုတွေရှိလာပါတယ်။ ဒီလိုအချိန်မျိုးမှာ လူတိုင်းအတွက် စိန်ခေါ်မှုတွေ ပြည့်နှက်နေပါတယ်။ လူတွေကြားထဲက လူတွေပဲဖြစ်ကြတဲ့ ချစ်သူရည်းစားတွေအတွက်တော့ ပိုဆိုးပါတယ်။ အပြင်ထွက်ဖို့ အဆင်မပြေနိုင်သလို အတူရှိနေဖို့ဆိုတာကတော့ ပိုလို့တောင် ခက်ခဲပါသေးတယ်။ Work from Home ကြောင့်ပဲဖြစ်ဖြစ် Social Distancing ကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ဒေသ Lock-down ချခံထားရတာကြောင့်ပဲဖြစ်ဖြစ် ချစ်သူရည်စားတွေအတွက်ကတော့ ဒီအချိန်ကို ဖြတ်သန်းရတာက စိတ်မချမ်းမြေ့ဖွယ်ကာလတွေဖြစ်ပါတယ်။ ခုလို ရောဂါကပ်ဘေးမျိုး ကြုံဆုံနေရချိန်မျိုးမှာ လူအများအစုအနေနဲ့ ပူပင်သောကတွေ၊ စိတ်ဖိစီးမှုတွေ၊ ကြောက်ရွံ့မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေ ခံစားနေရနိုင်ပါတယ်။ ချစ်သူရည်စားတွေအတွက်တော့ ချစ်ရသူနဲ့ မထင်မှတ်ပဲ ကွေကွင်းရတဲ့ အပူပါ တစ်ပူထပ်တိုးနေကြရမှာပါ။ ဒီလိုအခြေအနေမှာ ချစ်ရသူနဲ့ ရှိနှင့်ပြီးသား ဆက်ဆံရေးကို တည်မြဲဖို့၊ အဖုအထစ်တွေ ဖြစ်မလာစေဖို့၊ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ကပ်ဘေးကာလမှာ ဘာတွေစားသောက်ပြီး ကိုယ်ခံအားကို မြှင့်တင်မလဲ

ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် (Immune System) ကောင်းမွန်နေမယ်ဆိုရင် ရောဂါအတော်များများကို ကာကွယ်နိုင် တိုက်ထုတ်နိုင်ပါတယ်။ ခုလို COVID-19 ကူးစက်မြန်ရောဂါဆိုးကြီး ပျံ့နှံ့နေချိန်မျိုးတွေမှာ ကိုယ်ခံအားစနစ်ကောင်းမွန်နေဖို့ ပိုပြီးအရေးကြီးပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်နေရင် COVID-19 ရောဂါပိုးကို ကာကွယ်တိုက်ထုတ်နိုင်တယ်လို့ ဆေးသိပ္ပံနယ်ပယ်က အတည်ပြုထားပြီးဖြစ်တာမို့ ကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ဖို့ နည်းလမ်းတွေ ရှာဖွေလေ့လာထားဖို့ လိုအပ်ပါတယ်။ နေ့စဉ် မိနစ် ၃၀ ဝန်းကျင်လောက် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်တာနဲ့ အာဟာရ ပြည့်ဝအောင်စားသောက်တာကတော့ အသင့်လျော်ဆုံးနည်းလမ်းတွေပါပဲ။ အာဟာရပြည့်ဝအောင် စားသောက်တယ်ဆိုရာမှာလည်း တွေ့ကရာအစားအစာတွေကို အတင်းကာရောစားသောက်တာမျိုးမဟုတ်ပဲ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့အစားအစာတွေကို သေချာရွေးချယ်စားသောက်တာက ပိုမိုကောင်းမွန်တဲ့ အမူအကျင့်ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဘယ်လိုအစားအစာမျိုးတွေက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသလဲဆိုတာကို သင်သိနားလည်ထားဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးမယ့် အစားအစာတွေကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးမယ့် အစားအစာများ - Citrus […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19နဲ့ စိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုများ

ခုဆိုရင် တစ်ကမ္ဘာလုံးမှာ COVID-19 ကြောင့် သေတဲ့သူတွေလည်း သေ၊ ပြန်လာမယ်ပြောပြီး မလာနိုင်တော့တဲ့ သူတွေလည်း အများကြီး၊ မိသားစုနဲ့ ရက်ရှည်လများ ခွဲခွာနေရတဲ့ သူတွေ၊ အိမ်ထဲမှာပဲ ခြေချုပ်မိနေတဲ့သူတွေ၊ စီးပွားရေး ထိခိုက်ပြီး လုပ်ငန်းရပ်ဆိုင်းလိုက်ရတဲ့ သူတွေ၊ အလုပ်မဆင်းနိုင်တော့လို့ ငွေကြေးပြတ်တောက်သွားတဲ့ သူတွေ၊ ပြောရရင် နက်ဖြန်ဘာဖြစ်လာမယ်မှန်းတောင် မမှန်းရဲတော့ပါဘူး။ နိုင်ငံတကာကလည်း ဒီရောဂါက နှစ်ပေါက်ဦးမယ် ပြောထားတယ်။ ခုထိ ကာကွယ်ဆေးရော၊ ကုသဖို့ ဆေးရော မတွေ့သေးဘူး။ ကုန်ကုန်ပြောရရင် ဒီရောဂါနဲ့ ပတ်သတ်ပြီး လူတွေ မောပန်းနေကြပါပြီ။ စိတ် ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရောပေါ့။ မြန်မြန်ပြီးစေချင်ကြပါပြီ။ အားလုံးက ရောဂါနဲ့ ပတ်သတ်ပြီး ကာကွယ်ကုသနေတဲ့ အချိန်မှာ သူတို့ရဲ့ အတွင်းစိတ်မှာ ဒီရောဂါကြောင့် အမာရွတ်တွေ မကျန်စေချင်ပါဘူး။ ဒါကြောင့် […]


ကိုရိုနာဗိုင်းရပ်စ်

ဒီရောဂါအခံတွေ ကိုယ့်မှာရှိနေရင် COVID-19 ကိုသတိထားပါ

COVID-19 ဟာ ကူးစက်နှုန်းမြန်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် သေဆုံးနှုန်းနဲ့ ထိခိုက်မှုနှုန်းကတော့ ထင်မှတ်ထားသလောက် မမြင့်မားပါဘူး။ တိကျခိုင်မာတဲ့ ကုထုံးမပေါ်သေးပေမယ့် ကိုယ်ခံအားစနစ်ဟာ ဒီရောဂါကို ကောင်းကောင်းတွန်းလှန်နိုင်ပါတယ်။ လက်ရှိမှာ ကူးစက်ခံခဲ့ရသူ ၄၂၁၄၁၃ ဦး (ကမ္ဘာ့လူဦးရေရဲ့ ၀ ဒဿမ ၀၀၅၄%)၊ သေဆုံးသူ ၁၈၈၁၀ ဦး (၀ ဒဿမ ၀၀၀၂၄%/ ရောဂါကူးစက်ခံရသူအရေအတွက်ရဲ့ ၄.၅%) နဲ့ အပြည့်အဝ ပြန်လည်သက်သာလာသူ ၁၀၈၃၈၈ (ရောဂါကူးစက်ခံရသူအရေအတွက်ရဲ့ ၂၆%) တို့ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် လက်ကျန် လူနာအရေအတွက်က ၂၉၄၂၁၅ ဦးဖြစ်ပြီးတော့ အခြေအနေပြင်းထန်ခြင်းမရှိသူက ၂၈၀၉၄၆ ဦး (လက်ကျန်လူနာအရေအတွက်ရဲ့ ၉၅%) နဲ့ ပြင်းထန်စွာ ဝေဒနာခံစားနေရသူအရေအတွက်က ၁၃၂၆၉ ဦး (လက်ကျန်လူနာအရေအတွက်ရဲ့ ၅%) ရှိပါတယ်။ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ဒီရောဂါရဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ကို ရင်ဆိုင်ဖို့ ဒီအချက်တွေကို လိုက်နာပါ

ပြည်တွင်းမှာ COVID-19 ရောဂါကူးစက်ခံထားရတဲ့ လူနာတွေ တစ်နေ့တခြားများလာတာဖြစ်တဲ့အတွက် ဒေသခံလူထုအနေနဲ့ အရင်ကထက်ပိုပြီး မိမိနဲ့ မိမိပတ်ဝန်းကျင်ကို အလေးထား စောင့်ရှောက်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုပိုင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်မှုပိုင်းတွေမှာ ပိုမိုအလေးအနက်ထားဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပြီးတော့ ဖြစ်နိုင်ရင် Social Distancing နည်းလမ်းကိုအသုံးပြုပြီး ရောဂါကူးစက်မှုဘေးကို ကာကွယ်နိုင်ပါတယ်။ တရုတ်၊ အီတလီ၊ အီရန်၊ စပိန်၊ တောင်ကိုရီးယားစတဲ့ တိုင်းပြည်တွေမှာ ရောဂါကူးစက်ပြန့်နှံ့မှု လျင်မြန်ခဲ့တာမို့ ဝေဒနာရှင်အရေအတွက် အရှိန်အဟုန်နဲ့ တိုးမြင့်သွားခဲ့ပြီး သေဆုံးမှုနှုန်းလည်း မြင့်မားခဲ့ပါတယ်။ ဒါပေမယ့် တကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်တော့ သေဆုံးနှုန်းဟာ ၄.၄% သာရှိတာမို့ တခြားရောဂါကပ်ဘေးကြီးတွေနဲ့ နှိုင်းယှဉ်ရင် အတော်နည်းပါးတဲ့ ပမာဏဖြစ်ပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံတချို့မှာ ရောဂါကူးစက်နှုန်းမြန်နေတာ၊ မိမိတို့တိုင်းပြည်က အများပြည်သူသုံး တက္ကဆီ၊ ကယ်ရီ၊ YBS စတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေကလည်း ကူးစက်နိုင်ချေမြင့်မားနေတာတွေကြောင့် သတိကြီးကြီးထားပြီးနေထိုင်ဖို့ […]


ကိုရိုနာဗိုင်းရပ်စ်

Corona နဲ့ myths များစွာ

အခုလက်ရှိမှာ SARS-CoV-2 လို့ အများကသိထားကြတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ဗိုင်းရပ်စ်က အခုဆိုရင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတာကြောင့် ကမ္ဘာ့ကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး အများက စိုးရိမ်ထိတ်လန့်နေတာတွေရှိနေပါတယ်။ ဒါ့အပြင် ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး မှားယွင်း သိထားတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီတေ့ COVID-19နဲ့ ပတ်သက်ပြီး ကိုယ်သိထားတာတွေက တကယ်လား၊ မှားနေလားဆိုတာကို ဒီဆောင်းပါးလေးဖတ်ရင်း ဆန်းစစ်ကြည့်ရအောင်လား………….. Myth 1. ..အရေပြားပေါ်မှာ ကလိုရင်း ဒါမှမဟုတ် အယ်လ်ကိုဟောဖြန်းပေးတာက ကိုယ်တွင်းထဲက ဗိုင်းရပ်စ်တွေကို သေစေနိုင်တယ် ဒီလိုလုပ်တာက အန္တရာယ်များပါတယ်။ အယ်လ်ကိုဟော ဒါမှမဟုတ် ကလိုရင်းဆေးရည်တွေက မျက်လုံးထဲ၊ ပါးစပ်ဝင်သွားတဲ့အခါ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါတွေက အရာဝတ္ထုတွေ၊ မျက်နှာပြင်တွေပေါ်က ပိုးတွေကို သုတ်သင်ပေးနိုင်ပေမယ့် အရေပြားပေါ်မှာ အသုံးပြုဖို့ မသင့်တော်ပါဘူး။ ဒီပစ္စည်းတွေက ကိုယ်တွင်းက ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်စွမ်းမရှိပါဘူး။ Myth 2…. ဒီရောဂါပိုးက […]


ကိုရိုနာဗိုင်းရပ်စ်

Social Distancing နဲ့ ဘာကိုရှောင်လို့ ဘာကိုဆောင်ကြမယ်

COVID-19 လို့ခေါ်တဲ့ ကူးစက်မြန် အဆုတ်ရောင် ရောဂါ ဖြစ်ပွားလာတာဟာ ၆ လကျော်ကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့တစ်ဝှမ်းမှာ ရောဂါကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရသလို ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းကိုလည်း ထိထိရောက်ရောက်တားဆီးနိုင်စွမ်း အားနည်းနေသေးပါတယ်။ ဒါကြောင့်လည်း ခုချိန်မှာ နိုင်ငံတိုင်းက အစိုးရတွေအနေနဲ့ လူထုအကြား ရောဂါကူးစက်မှုနှုန်း အရှိန်ကို လျှော့ချနိုင်စေဖို့ ရောဂါအခြေအနေဆိုးရွားတဲ့ ဒေသတွေကို Lock-down ချတာတွေ၊ Quarantine Zone အဖြစ် သတ်မှတ်တာတွေအပြင် နိုင်ငံတစ်ဝှမ်းက ဒေသတွေမှာ Social Distancing (သီးခြားနေထိုင်ခြင်း) ဆိုတဲ့ နည်းလမ်းကို အသုံးပြုပြီး ရောဂါပျံ့နှံ့မှုကို တားဆီးဖို့ ကြိုးစားလာနေကြပါတယ်။ Social Distancing ဆိုတာဘာလဲ Social Distancing ဆိုတာက COVID-19 pandemic ကာလမှာ လူတွေ သတိထားမိလာတဲ့ အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။ Social Distancing […]


ကိုရိုနာဗိုင်းရပ်စ်

ကိုယ့်ကြောင့် မိသားစုကို ရောဂါမကူးစေဖို့ ဒါလေးတွေ လိုက်နာပါ

အခုလတ်တလောမှာ ကမ္ဘာ့ကပ်ရောဂါလို့ ထုတ်ပြန်လိုက်တဲ့ COVID-19 ကြောင့် အများကြားမှာ ထိတ်လန့်စိုးထိတ်မှု တွေဖြစ်နေကြပါတယ်။ အခုဆိုရင် လူတော်တော်များများက နေအိမ်တွေကနေ အလုပ်လုပ်နေကြတာရှိသလို မဖြစ်မနေလုပ်ငန်းခွင်ကို သွားနေရသူတွေလည်း ရှိမှာပါ။ ဒီတော့ ကိုယ့်ကြောင့် ကိုယ်မိသားစုဝင်တွေ ချစ်ခင်ရသူတွေမှာ ရောဂါပိုး ကူးစက်တာတွေ မဖြစ်စေဖို့ ဘယ်လိုလုပ်မလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ တူတူကြည့်ရအောင်လား………. မိမိကြောင့် မိသားစုဝင်တွေကို ရောဂါမကူးစက်စေဖို့ ဘာတွေလုပ်ဆောင်ရမလဲ…… ကိုယ်ကြောင့် မိသားစုဝင်တွေကို ရောဂါမကူးစက်စေဖို့ဆိုရင် အပြင်က ပြန်လာတိုင်း ဘာကိုမှ မထိပါနဲ့ - အိမ်ကိုပြန်ရောက်ရောက်ချင်းမှာ ဘာကိုမှ မထိမိစေဖို့ သတိထားပါ။ အကြောင်းက လက်အပါအဝင် တစ်ကိုယ်လုံးမှာ ရောဂါပိုးတွေ ကပ်ပါလာနိုင်တာကြောင့်ပါ။ လက်ကို အရင်ဆေးဖို့ လုပ်ပါ။ ဖိနပ်ကို အိမ်အပြင်ဘက်မှာ ချွတ်ပါ - ဖိနပ်က နေရာအနှံ့ကို နင်းထားတာကြောင့် COVID_19 အပါအဝင် အမျိုးမျိုးသော ရောဂါတွေ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်