ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကိုဗစ်ဖြစ်ပွားခဲ့တာ နှစ်ကာလအားဖြင့် အတော်အတန် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ကမ္ဘာတလွှားမှာ အခုချိန်ထိ  ကိုဗစ်ဗိုင်းရပ်စ်က ပပျောက်မသွားဘဲ သန္ဓေပြောင်းမှု အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ဆက်လက် ဖြစ်ပွားနေဆဲပါ။ အခုနောက်ဆုံးတွေ့ရှိထားတဲ့ ကိုဗစ် မျိုးစိတ်အသစ်ကတော့ EG.5.1 ဖြစ်ပြီး အတိုကောက် Eris လို့လည်း ခေါ်ပါတယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် ဖြစ်ပွားမှုတွေက ဒီမျိုးစိတ်ကြောင့်ပါ။ ကိုဗစ်တွေက မျိုးဗီဇ ပြောင်းလဲမှု တစ်ခု ဖြစ်ပြီးတိုင်းမှာ မျိုးစိတ်အသစ်တစ်ရပ်က လျင်မြန်တဲ့ အရှိန်နဲ့ ကူးစက်ဖြစ်ပွားတာမျိုးတွေ ရှိလာနေပါတယ်။ ဒါကြောင့် အခုတစ်ခေါက်လည်း သတိထားမှုတွေ လုပ်ဆောင်နိုင်စေဖို့အတွက် ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း သိထားသင့်တာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

Corona နဲ့ မေးခွန်းများစွာ

လက်ရှိမှာဖြစ်ပွားနေတဲ့ novel အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးမှာ စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီကပ်ရောဂါကို ရပ်တန့်နိုင်မယ့် နည်းလမ်းကို ရှာဖွေနေပေမယ့် ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ရှာမတွေ့သေးခင်မှာတင် ရောဂါက မြန်မြန်ဆန်ဆန် ကူးစက်နေပြီး ရောဂါကြောင့် အသက်ဆုံးရှုံးမှုတွေကလည်း တော်တော်လေးများလာနေပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃၁ ရက်က တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ဒီရောဂါဟာ နိုင်ငံပြင်ပ ထိကူးစက်ပျံ့နှံ့ရင်း အာရှနိုင်ငံတွေမှာရော ဥရောပနိုင်ငံတွေမှာပါ ဖြစ်ပွားနေပါတယ်။ ဒီအခြေအနေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို COVID_19 ကို ကမ္ဘာ့ကပ်ရောဂါအသွင်နဲ့ ကြေညာချက်ထုတ်ပြန်စေခဲ့တဲ့ အနေအထားကိုရောက် ရှိစေခဲ့တာပါ။ အခုလက်ရှိအနေအထားမှာ အဆိုပါ novel coronavirus ကို ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ coronavirus 2 (SARS-CoV-2) လို့ခေါ်ဆိုနေကြပါတယ်။ ကမ္ဘာတလွှားမှာ ဒီရောဂါပိုး ကူးစက်ခံထားရသူ […]


ကူးစက်ရောဂါများ

Corona မကူးစက်စေဖို့ နေအိမ်လေးကို သန့်ရှင်းစို့

လက်ရှိမှာ လူတိုင်းစိုးရိမ်နေကြတဲ့ ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေဖို့ ကာကွယ်ရေးကို စတင်ရမယ့်သူက ကိုယ်တိုင်ပါ။ ကိုယ်တိုင်မှာရော မိသားစုဝင်တွေကိုပါ ရောဂါမကူးစက်စေဖို့ဆိုရင် နေအိမ်လေးကို သေချာ သန့်ရှင်းဖို့လိုပါမယ်။ အခုကာလ အလုပ်တော်တော်များများက အိမ်ကနေလုပ်နေကြတဲ့အခြေအနေ (Work from Home)ဆိုတော့ နေအိမ်လေးကို သေချာ သန့်ရှင်းရင်ကို ရောဂါပိုးတွေကို ကာကွယ်နိုင်မှာပါ။ ဒီတော့ ဘယ်လိုတွေများ သန့်ရှင်းကြမလဲ….. နေအိမ်လေးကို အခုလို ပိုးသတ်သန့်စင်ပါ နေအိမ်လေးမှာ ကိုရိုနာအပါအဝင် ရောဂါပိုးတွေကင်းစေဖို့ဆိုရင် သန့်ရှင်းပါ နေအိမ်ကို နေ့တိုင်း သန့်ရှင်းရေးလုပ်ပါ။ အရင်က ရေသန့်သန့် တဘက်စသန့်သန့်လေးသုံးတယ်ဆိုရင်တောင် အခုလိုအချိန်မှာ လိုအပ်ရင် ပိုးသေစေနိုင်တဲ့ Dettol လိုအမျိုး ပိုးသတ်ဆေးကို သုံးပြီး သန့်စင်ပေးပါ။ ဆပ်ပြာရည်ကို သုံးပေးလို့လည်း ရပါတယ်။ သန်ရှင်းတဲ့အခါတိုင်း လက်အိတ်ဝတ်ပြီးလုပ်ပေးပါ။ ဒါမှ လက်ကို ရောဂါပိုးတွေ မကပ်တွယ်တော့မှာပါ။ ဘယ်နေရာတွေကို သန့်ရှင်းရမလဲ…. နေအိမ်ရဲ့ ကြမ်းပြင်၊ တံခါး၊ တံခါးလက်ကိုင်၊ […]


ကိုရိုနာဗိုင်းရပ်စ်

Work from Home ကြောင့် စိတ်မပင်ပန်းစေဖို့ ဆိုရင်

COVID-19 သောင်းကျန်းလာတော့ ရုံးအတော်များများလည်း ပိတ်ကျပါတယ်။ ကျန်းမာရေးဌာနတွေရဲ့ သတိပေးချက်တွေအရရော ရောဂါအခြေအနေတွေကလည်း ထိန်းချုပ်နိုင်စွမ်း နည်းပါးနေသေးတာတွေရောကြောင့် နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ လုပ်ငန်းတစ်ချို့ Work from Home ဆိုတဲ့ စနစ်နဲ့ လုပ်ငန်းတွေ လည်ပတ်နေကြပါတယ်။ ပြည်တွင်းကို COVID-19 ရောဂါ မရောက်ရှိလာသေးပေမယ့် ပြည်တွင်းက ရုံးလုပ်ငန်းတစ်ချို့ဟာလည်း စမ်းသပ်လုပ်ကိုင်ကြည့်တာတွေ၊ ရက်အပိုင်းအခြားတစ်ခုစာလောက် ရုံးပိတ်ပြီး ဝန်ထမ်းတွေကို နေအိမ်ကနေ အလုပ်လုပ်ကိုင်ခွင့်ပြုတာတွေ စတင်လုပ်ဆောင်နေကြပါပြီ။ ခန့်မှန်းလို့မရနိုင်သေးတဲ့ ရောဂါပြန့်ပွားမှုအခြေအနေတွေကြောင့် နေအိမ်ကနေ မခွာပဲ အလုပ်တွေ လုပ်ကိုင်တာဟာ ကုမ္ပဏီတွေအတွက် တန်ဖိုးရှိတဲ့ ဝန်ထမ်းအရင်းအမြစ်တွေ ထိပါးပွန်းပဲမှုမရှိအောင် ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် နေအိမ်ကနေ အလုပ်လုပ်တာဟာ အကောင်းတွေ ချည်းပဲတော့မဟုတ်ပါဘူး။ အဆင်မပြေမှုတွေလည်း ကြုံရပါတယ်။ မိသားစုတွေနဲ့မို့ အလုပ်မတွင်ကျယ်တာ၊ အလုပ်နဲ့ လိုအပ်တာထက်ပိုပြီး ဆက်သွယ်ပြောဆိုနေရတာမို့ အလုပ်မတွင်ကျယ်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒီအခြေအတွေဟာ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 သံသယလူနာ ၊ စောင့်ကြည့်လူနာ ဆိုတာဘာလဲ။

ခုလတ်တလောမှာ ကြားကြားနေရတာက COVID-19ပါပဲ။ နောက်ပြီး သတင်းကြေညာချက်တွေမှာလဲ  သံသယလူနာ ၊ စောင့်ကြည့်လူနာ ၊ ပိုးမတွေ့သေးပါ စသဖြင့် ပြောနေတာ ကြားနေရပါတယ်။ နောက်ပြီး စောင့်ကြည့်နေတယ်တွေရော၊ သီးသန့်ခွဲထုတ်ထားတယ်တွေရော ဒါတွေက ဘာကိုဆိုလိုတာလဲ။ ဆေးပညာအသိုင်းအဝိုင်းကလူတွေကတော့ ဒါကို သိပေမယ့် အပြင်လူတွေအနေနဲ့ကတော့ နားရှုပ်နေမှာပါ။ COVID-19က လူတိုင်းနဲ့ သက်ဆိုင်တာကြောင့် ဒါတွေဟာ ဘာကို ပြောချင်တာလဲဆိုတာ သိဖို့လိုပါတယ်။ နောက်ပြီး ခုလက်ရှိမှာ သံသယလူနာ၊ စောင့်ကြည့်လူနာတွေကို ဘာတွေလုပ်ပေးနေလဲ။ ဒါတွေကို ပြောပြပေးသွားပါမယ်။ သံသယလူနာ ဆိုတာ ဘာလဲ။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သံသယလူနာဆိုတာက (ဒါက version 3ပါ။ အချိန်နဲ့ အမျှ ပြောင်းလဲနိုင်ပါတယ်။) (၁)-လူနာတစ်ယောက်ဟာ အသက်ရှူလမ်းကြောင်း လက္ခဏာတွေရှိတယ်။ (ဖျားတယ်။ အသက်ရှူလမ်းကြောင်းလက္ခဏာတွေရှိတယ်။ ဥပမာ ချောင်းဆိုးတာ၊ မောတာ) -ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း […]


ကိုရိုနာဗိုင်းရပ်စ်

Covid-19 ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်မယ့် နည်းလမ်း။

ဖေ့ဘွတ်ပေါ်မှာ ဆရာဝန်တစ်ယောက် ပြောထားတဲ့ စကားတစ်ခွန်း ရှိတယ်။ “ သင်နဲ့သင့်မိသားစုအတွက် ကျွန်တော်တို့အလုပ်လုပ်နေတယ်။ ကျွန်တော်တို့အတွက် သင်တို့အိမ်မှာနေပေးပါတဲ့။” Covid-19 ဟာ ပြန့်ပွား နှုန်းမြန် ဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့အတွက် ပွဲလမ်းသဘင်တွေ၊ လူစုလူဝေးများတဲ့ နေရာတွေကနေ လူအများကြီးကို ကူးစက်ပြန့်ပွားနေပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ စစချင်းမှာ Covid-19 ပြန့်ပွားတာကို ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကူးစက်ခံနေရတဲ့ လူတစ်ယောက်ဟာ လူထောင်သောင်းချီတက်ရောက်လေ့ရှိတဲ့ ဘာသာရေးပွဲတော်တစ်ခုကို သွားလိုက်တဲ့အခါ တောင်ကိုရီးယားနိုင်ငံရဲ့ ကူးစက်ခံရသူတွေဟာ ချက်ချင်းဆိုသလို မြင့်တက်သွားခဲ့တယ်။ ယခုချိန်မှာတော့ အခြအနေကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်တယ်။ အီတလီနိုင်ငံဟာ ကမ္ဘာပေါ်မှာ ခရီးသွားအများဆုံး နိုင်ငံဖြစ်တယ်လို့ပြောလို့ရတယ်။ Covid-19 ပြန့်ပွားနေချိန်မှာ ပွဲလမ်းသဘင်တွေကို ထိန်းချုပ်ဖို့ အားလျော့ခဲ့တယ်။ ယခုချိန်မှာ နေ့စဉ် ရာချီတဲ့ ကူးစက်ခံရတဲ့သူ၊ သေဆုံးသူတွေရှိနေတယ်။ Covid-19 ရဲ့ အစဖြစ်တဲ့ တရုတ်နိုင်ငံဟာ အခုချိန်မှာ အခြေအနေတည်ငြိမ်သွားသလောက်ဖြစ်ပြီး ရောဂါကို […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ကို ကုသနိုင်တဲ့ဆေး ရှာတွေ့ပြီလား

အီတလီနိုင်ငံမှာ တစ်ရက်အတွင်း လူနာ ၅၀၀ နီးပါး သေဆုံးခဲ့ရတဲ့နောက်မှာ COVID-19 ကြောင့် သေဆုံးခဲ့တဲ့ လူနာအရေအတွက်ဟာ ၈၉၅၃ ဦးအထိ ရောက်ရှိလာခဲ့ပြီး သေဆုံးနှုန်းကလည်း Close Case စုစုပေါင်းရဲ့ ၆% ကနေ ၁၀ % အထိ ခုန်တက်လာခဲ့ပါတယ်။ ကူးစက်ခံရသူအရေအတွက်ဟာလည်း ၂၁၉၀၁၇ အထိရှိလာပြီဖြစ်ပြီးတော့ ရောဂါကူးစက်ခံရပြီးမှ ပြန်လည်သက်သာလာသူအရေအတွက်ကတော့ ၈၅၀၀၀ နီးပါးရှိနေပါပြီ။ ဒီလိုမျိုး ကမ္ဘာနဲ့ အဝှမ်းမှာ လျှင်လျှင်မြန်မြန်ကူးစက်နေပြီး လူတိုင်း ထိတ်လန့်စိုးရိမ်နေရတဲ့ ဒီရောဂါကပ်ဘေးကြီးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက သတင်းကောင်းတစ်ခု ယူဆောင်လာခဲ့ပါတယ်။ အဲဒီသတင်းကောင်းကတော့ လူနာတွေကို ထိထိရောက်ရောက်ကုသနိုင်မယ့် ဆေးဝါးတစ်မျိုးအကြောင်း သတင်းစကားပါပဲ။ တရုတ်နိုင်ငံဟာ COVID-19 ရောဂါ စတင်ဖြစ်ပွားရာ တိုင်းပြည်ဖြစ်ပြီး ကူးစက်မှုအများဆုံးနဲ့ သေဆုံးမှုအများဆုံး ရင်ဆိုင်ထားရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ မတ်လဆန်းကနေစတင်ပြီး ရောဂါအခြေအနေကို […]


ကိုရိုနာဗိုင်းရပ်စ်

အိမ်လုပ် လက်သန့်ဆေးရည် တွေက ထိရောက်ရဲ့လား

နိုင်ငံတကာ မှာ စိုးရိမ်နေရတဲ့ COVID-19 ဗိုင်းရပ်စ် ကြောင့် နှာခေါင်းစည်း နဲ့ လက်သန့်ဆေးရည် တွေ ကြောက်လန့်တကြား ဝယ်လိုက်ကြတာ ပစ္စည်းပြတ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီလိုအချိန် ခေတ်စားလာတာက အိမ်မှာ လက်သန့်ဆေးရည် တွေ ကိုယ်တိုင် လုပ်လို့ ရတဲ့နည်းတွေပါပဲ။ အပြင်မှာ ဝယ်မရရင် ကိုယ်တိုင် ပြုလုပ်လို့ရတဲ့ အကြောင်း ၊ အလွယ်ပြုလုပ်နည်းတွေ မျှဝေလာခဲ့ကြပါတယ်။ လုပ်နည်းက လွယ်သားပဲ၊ အရက်ပြန်၊ Gel တစ်မျိုးမျိုး နဲ့ အဆီတစ်မျိုး ပါရင် ရပြီလို့ ထင်ကြမှာပေါ့။ ဒါပေမယ့် ဒီလိုလွယ်ကူတဲ့နည်း တွေနဲ့ ပြုလုပ်ထားတဲ့ လက်သန့်ဆေးရည် တွေက အရာဝတ္ထု မျက်နှာပြင်တွေကို သန့်စင်ဖို့ အတွက် ပိုသင့်တော်ပြီး လူ့အရေပြားမှာ သုံးဖို့ မသင့်တော်ပါဘူး လို့ ပညာရှင်တွေက သတိပေးပါတယ်။ အယ်ကိုဟော […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ဗိုင်းရပ်စ် ပြဿနာကြား ခရီးသွား သင့်သလား

COVID-19 ဗိုင်းရပ်စ် ကူးစက်မှုတွေ ကမ္ဘာတလွှား ပျံ့နှံ့လာခဲ့ပြီးနောက် အခုဆိုရင် နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ပြန့်ပွားနေပြီဖြစ်ပါတယ်။ ကူးစက်ပျံ့နှံ့မှု မြန်ဆန်တဲ့ ဒီဗိုင်းရပ်စ်ကြောင့် နိုင်ငံတကာက ပြည်သူတွေရဲ့ ဘဝနေထိုင်မှုတွေ၊ အသက်အန္တရာယ်တွေ၊ စီးပွားရေးတွေ ကို အမျိုးမျိုး ရှုပ်ထွေးလာစေခဲ့ပါတယ်။ ဒီလို အခြေအနေမှာ ခရီးသွား ဖို့ ပေါ်လာတဲ့အခါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ခေါင်းထဲ တန်းစီနေကြမှာပါပဲ။ ဥပမာ - (၁) ခရီးသွား ဖို့ စီစဉ်ထားတာ ဖျက်လိုက်ရမှာလား။ ပြည်ပခရီး သွားရောက်ဖို့ကိုတော့ သတိပေးချက်၊ အကြံပြုချက်ပေါင်း တသီတတန်းနဲ့ ကျန်းမာရေးအဖွဲ့အစည်းကြီးတွေက ထုတ်ပြန်ထားကြပါတယ်။ ကမ္ဘာအနှံ့နေရာ အတော်များများမှာ ရောဂါကူးစက်မှုတွေ ရှိနေတဲ့အတွက် ပြည်ပခရီး ထွက်တဲ့အခါ ခရီးသည်ရဲ့ သွားလာခွင့် ရမယ့်နေရာတွေ အကန့်အသတ်ရှိနိုင်တယ်၊ ကျန်းမာရေး အထူး စောင့်ကြည့်တဲ့ quarantine […]


ကိုရိုနာဗိုင်းရပ်စ်

WHO က အကြံပေးတဲ့ COVID-19 ကာကွယ်နည်းများ

COVID-19 ကို pandemic အဖြစ် WHOက ထုတ်ပြန်လိုက်တဲ့အခါမှာ တစ်ကမ္ဘာလုံးက စိုးရိမ်စိတ်တွေ မြင့်တက်လာပါတယ်။ ပိုဆိုးတာက အခုထက်ထိ ကုသလို့ရတဲ့ ဆေးရော၊ ကာကွယ်လို့ရတဲ့ ဆေးရော မရှိသေးတာကြောင့် ဖြစ်လာရင် ဘယ်လိုလုပ်မလဲဆိုပြီး အများက စိုးရိမ်နေကြပါတယ်။ ဒါကြောင့် ဒီရောဂါအတွက် လက်ရှိမှာ လုပ်နိုင်တာက ကာကွယ်တာပါပဲ။ ကာကွယ်နည်းနဲ့ ပတ်သတ်ပြီးတော့လည်း တစ်ကြောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ပြောနေကြတာကြောင့် ပြတ်ပြတ်သားသားသိရအောင် WHO က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ WHO က ပြောတဲ့ ကာကွယ်နည်း ၇ ချက် (၁) လက်ဆေးပါ။ ရေနဲ့ ဆပ်ပြာ သုံးပြီးပဲ ဖြစ်ဖြစ်၊ အရက်ပြန်ပါတဲ့ လက်သန့်ဆေးရည် သုံးပြီးပဲ ဖြစ်ဖြစ် စက္ကန့်၂၀ကြာအောင် လက်ဆေးပါ။ ဒါက သင့်လက်မှာ ကပ်နေတဲ့ ပိုးမွှားတွေကို […]


ကိုရိုနာဗိုင်းရပ်စ်

ရောဂါဘယ ကင်းဝေးအောင် မျက်နှာကို လက်နဲ့ မထိအောင်ရှောင်

လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ ကိုယ့်မျက်နှာကို တစ်နာရီအတွင်း အနည်းဆုံး ၁၆ ကြိမ်ခန့် ထိတွေ့ပွတ်သပ်နေတယ်ဆိုတာ သင် သတိထားမိပါသလား။ ဒါကတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသန်းပေါင်းများစွာမှာ တွေ့ရတတ်တဲ့ အကျင့်တစ်ခုပါ။ ကိုယ့်မျက်နှာကို ထိတာပဲ၊ ဘာမှ ပြဿနာ ကြီးကြီးမားမား ရှိလာစရာ အကြောင်းမှ မရှိတာလို့ လူတော်တော်များများက ထင်တတ်ကြပေမယ့် တကယ်တမ်းက နောက်ဆက်တွဲ အန္တရာယ်တွေ အများကြီးရှိပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် လူတွေ ထိတွေ့ကိုင်တွယ်မှု အများဆုံး မျက်နှာပေါ်က အစိတ်အပိုင်းကို ပြောပါဆိုရင် မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ပါပဲ။ ကိုယ့်ရဲ့ လက်ချောင်းတွေနဲ့ လက်သည်းတွေကြားမှာ အမြဲတမ်း ရောဂါပိုးပေါင်းစုံ ကပ်ငြိနေတတ်ပါတယ်။ ဒီလို မသန့်ရှင်းတဲ့ လက်တွေကို မဆေးကြောဘဲ မျက်နှာအစိတ်အပိုင်းတွေကို သွားထိရာကနေ ကိုယ်ခန္ဓာထဲ ဝင်လာပြီး ရောဂါပိုးတွေ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်