ဘယ်လို ကာကွယ်မလဲ………..
အခုချိန်ထိ Coronavirus disease (COVID-19) ကို ကာကွယ်နိုင်မယ့်ဆေးရာ ကုသနိုင်မယ့်ဆေးပါ မရှိသေးပါဘူး။ ကိုယ်တိုင်ကို ရောဂါ မကူးစက်အောင် ကာကွယ်ခြင်းက အခြားသူတွေကို ကူးစက်မှုမရှိအောင် ကာကွယ်ရာရောက်ပါတယ်။
ဆောင်ရန်တွေက
• လက်ကို မကြာခဏဆိုသလို ရေနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာဆေးကြောပါ။ အယ်လ်ကိုဟောပါတဲ့ ရေမလို လက်သန့်ဆေးရည် ကိုလည်း အသုံးပြုပေးလို့ရပါတယ်။
• ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို တစ်သျှူးနဲ့ အုပ်ပေးပါ။ ပြီးရင် အမှိုက်ပုံးထဲကို သေချာလေး စွန့်ပစ်ပါ။
• လူတစ်ယောက်နဲ့တစ်ယောက် ၁ မီတာကနေ ၃ မီတာအထိ ခွာနေပါ။
• နေမကောင်းရင် အိမ်မှာပဲ သီးသန့်နေပါ။
• တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။
ရှောင်ရန်တွေက
ညစ်ပေနေတဲ့လက်၊ သန့်စင်ထားတာမရှိတဲ့ လက်တွေနဲ့ မျက်လုံးတွေ၊ နှာခေါင်းတွေ၊ ပါးစပ်တွေကို မထိပါနဲ့။
ကုသနည်းကရော ဘာများလဲ…………
ဒီရောဂါအတွက် ကုသနည်း ကာကွယ်နည်းရယ်လို့ သီးသန့် မရှိသေးပါဘူး။ အခုထိလုပ်ဆောင်ပေးနေတာကတော့ အသက်ရှူရ အဆင်ပြေစေဖို့ လုပ်ဆောင်ပေးတဲ့ နည်းလမ်းနဲ့ ကုသပေးနေတာပါ။
ကိုယ့်ကိုကိုယ် ဘယ်လိုဂရုစိုက်မလဲ……….
ရောဂါ လက္ခဏာ သိပ်မပြင်းထန်ဘူးဆိုရင် နေအိမ်မှာပဲနေပါ။ နေပြန်မကောင်းခင် အထိပေါ့။ ရောဂါလက္ခဏာတွေက သက်သာစေဖို့ဆိုရင်
• ပြည့်ပြည့်ဝဝ အနားယူပါ
• အိပ်ရေးဝဝ အိပ်ပါ
• ရေများများသောက်ပါ
• ရေနွေးနဲ့ရေချိုးပါ
• အစိုဓာတ်ထိန်းစက်လေး ဖွင့်ထားပေးပါ။
ဘယ်အချိန်မှာ ဆေးကုသမှုခံယူမလဲ……..
• အဖျားက မသက်သာဘဲ ကိုယ်ပူကြီးလာမယ်။
• ချောင်းတွေ တအားဆိုးမယ်။
• အသက်ရှူရခက်လာမယ် ဆိုရင် ချက်ချင်း ဆေးကုသမှု ခံယူဖို့လိုပါမယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။