ဆေးကုနေချိန်အတွင်းမှာလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ There is no emergency in pandemic ပါ။ မိသားစုကိုလည်း စိတ်မပူဖို့ ပြောပါ။ အချိန်ရတိုင်း ကိုယ်အဆင်ပြေနေကြောင်း ဖုန်းဆက်ပါ။ ကိုယ်ရော စိတ်ပါ ပင်ပန်းလာလို့ မခံနိုင်တော့ရင် အကူအညီတောင်းဖို့ ဝန်မလေးပါနဲ့။ ကိုယ့်နောက်မှာ ကိုယ့်ကို စိတ်ပူနေတဲ့သူတွေ ရှိတယ်ဆိုတာ သတိရပါ။ Quarantine အလုပ်ခံရတဲ့သူတွေ
တကယ်တော့ Quarantine လုပ်တယ်ဆိုတာ သင်ကနေ သူများကို ရောဂါကူးနိုင်ချေရှိတယ်လို့ (ရောဂါလက္ခဏာမရှိပေမယ့်) ပညာရှင်တွေက ယူဆတဲ့အတွက် ပတ်ဝန်းကျင်နဲ့ ၁၄ရက် သီးသန့်ခွဲထားတာပါ။ အပြစ်လုပ်လို့ ချုပ်ထားတာ မဟုတ်ပါဘူး။ ဒါကြောင့် ဒါနဲ့ပတ်သတ်ပြီး စိတ်သောကရောက်တာတွေ၊ ကိုယ့်ကိုယ်ကို အပြစ်တင်တာတွေ မလုပ်ပါနဲ့။ ဒါက ကျန်းမာရေး လုပ်ထုံးလုပ်နည်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်တာက သင်ချစ်တဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်ကို ကာကွယ်နေတာပဲလို့ တွေးပြီး ဂုဏ်ယူလိုက်ပါ။
နောက်ပြီး ခုတလောမှာ ပြည်တော်ပြန်တွေနဲ့ ပတ်သတ်ပြီး လူမှုကွန်ယက်မှာ “သူတို့ပြန်လာလို့ ရောဂါတွေပါလာတာ” လို့ အပြစ်တင်တာ တွေ့ရပါတယ်။ ဒီလို အပြစ်တင်လိုက်တာက ပြဿနာတွေကို မပြေလည်စေပါဘူး။ နိုင်ငံတကာမှာ ဖြစ်နေတဲ့ အတွက် ဘယ်သူ့မှာမဆို ရောဂါပိုးရှိနေနိုင်ပါတယ်။ သူတို့လည်း ရှိနေစေချင်တာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အရေးကြုံလို့ မိသားစုဆီပြန်လာတဲ့ သူတွေပဲ။
Patient zeroဆို ပိုတောင်ဆိုးပါသေးတယ်။ သူ့ကို အပြစ်တင်တာ၊ ခွဲခြားဆက်ဆံတာတွေ မလုပ်သင့်ပါဘူး။ ဒါက နောင်အခါမှာ ရောဂါလက္ခဏာပြသူတွေ၊ ပြည်တော်ပြန်တွေကို Quarantine လုပ်ဖို့ ခက်ခဲသွားမှာပါ။ “ငါ့ကို ဆဲတော့မှာပဲ။ အပြစ်တင်တော့မှာပဲ” ဆိုပြီး ကုသမှုမခံယူရင်၊ Quarantineအလုပ်မခံဘဲ နှုတ်ဆိတ်နေမယ်ဆိုရင် ပိုဆိုးသွားပါမယ်။ လုပ်သင့်တာက သူတို့ကို Quarantine ရဲ့ ကောင်းကျိုးတွေကို ပြောပြီး Quarantine အလုပ်ခံတဲ့သူတွေကို ချီးကျုးပေးရမှာပါ။ သူတို့နဲ့ သူတို့မိသားစုကို ခွဲခြားမဆက်ဆံဖို့၊ အပြစ်မတင်ဖို့ပါ။
လွန်ခဲ့တဲ့လက အမေရိကမှာ အာရှသားတွေကို COVID-19 က သူတို့ကြောင့် ဖြစ်ရတာဆိုပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် စိတ်ဖိစီးမှုတွေများပြီး မဆိုင်တဲ့သူတွေကိုပါ ဒုက္ခပေးနေတာကို တွေ့ရပါတယ်။ COVID-19 အလွန်မှာ ဒီလို ခွဲခြားဆက်ဆံခံရမှုတွေ မရှိဖို့ မျှော်လင့်ပါတယ်။ အစက ဝူဟန်မြို့မှာ စတွေ့တာမို့လို့ ဝူဟန်ဗိုင်းရပ်စ်လို့ ခေါ်ကြပေမယ့် ဒီနာမည်ကိုကြားတိုင်း ဝူဟန်မြို့သားတွေရဲ့ စိတ်ထဲမှာ စိတ်ဒဏ်ရာရမှာစိုးလို့ COVID-19 လို့ပဲ ခေါ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ နင်တို့ကြောင့် ဖြစ်တာ၊ နင်တို့ အစားသရမ်းလို့ ဖြစ်တာဆိုတဲ့ စွပ်စွဲမှုတွေ မရှိစေချင်ပါဘူး။
COVID-19 အလွန် အိပ်မက်ဆိုးများ
မြန်မာနိုင်ငံအတွက်တော့ COVID-19 က ဒုတိယ နာဂစ်လိုပါပဲ။ တစ်ခါခံဖူးထားလို့ သတိကြီးကြီးထားတတ်နေပါပြီ။ ဒါ ဝမ်းသာစရာပါ။ COVID-19 အလွန်မှာ ကိုယ့်ရဲ့ စိတ်မှာ ခံစားရတာတွေ ရှိနေမယ်ဆိုရင် စိတ်ရောဂါဆရာဝန်နဲ့ ပြဖို့ ဝန်မလေးပါနဲ့။ မရှက်ပါနဲ့။ လူတစ်ယောက်နဲ့ တစ်ယောက် ခံနိုင်ရည်မတူပါဘူး။ ဒီခေတ်ကြီးမှာ စိတ်ရောဂါဆရာဝန်နဲ့ပြတာ အထူးအဆန်း မဟုတ်ပါဘူး။ စိတ်ကျန်းမာရေးက ကိုယ်ကျန်းမာရေးလိုပဲ အရေးကြီးပါတယ်။ ဂရုစိုက်ဖို့ လိုကို လိုပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[covid_19]
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။