ကိုရိုနာဗိုင်းရပ်စ်

COVID-19ဆိုတာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုဖြစ်ပြီး သာမန်လက္ခဏာတွေကနေ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အတွေ့များရတဲ့ လက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးတာ၊ နုံးတာ၊ ဖျားတာတွေပဲ ဖြစ်ပါတယ်။ တချို့တွေမှာ တုပ်ကွေးလိုမျိုး လက္ခဏာတွေ ခံစားရတတ်ပြီး နာတာရှည်နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းတွေကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကိုဗစ်ဖြစ်ပွားခဲ့တာ နှစ်ကာလအားဖြင့် အတော်အတန် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့်လည်း ကမ္ဘာတလွှားမှာ အခုချိန်ထိ  ကိုဗစ်ဗိုင်းရပ်စ်က ပပျောက်မသွားဘဲ သန္ဓေပြောင်းမှု အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ဆက်လက် ဖြစ်ပွားနေဆဲပါ။ အခုနောက်ဆုံးတွေ့ရှိထားတဲ့ ကိုဗစ် မျိုးစိတ်အသစ်ကတော့ EG.5.1 ဖြစ်ပြီး အတိုကောက် Eris လို့လည်း ခေါ်ပါတယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် ဖြစ်ပွားမှုတွေက ဒီမျိုးစိတ်ကြောင့်ပါ။ ကိုဗစ်တွေက မျိုးဗီဇ ပြောင်းလဲမှု တစ်ခု ဖြစ်ပြီးတိုင်းမှာ မျိုးစိတ်အသစ်တစ်ရပ်က လျင်မြန်တဲ့ အရှိန်နဲ့ ကူးစက်ဖြစ်ပွားတာမျိုးတွေ ရှိလာနေပါတယ်။ ဒါကြောင့် အခုတစ်ခေါက်လည်း သတိထားမှုတွေ လုပ်ဆောင်နိုင်စေဖို့အတွက် ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း သိထားသင့်တာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း […]

ကိုရိုနာဗိုင်းရပ်စ် ကို ရှာဖွေမည်။

ကိုရိုနာဗိုင်းရပ်စ်

အသုံးပြုပြီးသား Face Mask တွေကို ဘယ်လိုပိုးသန့်စင်မလဲ

Covid-19 ကလည်း တစ်ဖန်ပြန်ပြီး ထလာပြန်ပြီဆိုတော့ ခုဆိုရင် အပြင်သွားတိုင်း mask ကို ပုံမှန်ပြန်တပ်ပြီး သွားလာနေကြတာကို တွေ့ရတာ တစ်ဖက်က ကြည့်ရင်တော့ ဝမ်းသာစရာပေါ့ဗျာ။ ဒီပိုးကလည်း ကာကွယ်ဆေးနဲ့ ကုသဆေး မပေါ်မချင်းကတော့ ဒီလိုပဲ နေ့စဉ်ဘဝကို ကျော်ဖြတ်နေရမှာဆိုတော့ မကြိုက်လည်း အောင့်အီးသည်းခံလို့ပဲ ရမှာပါ။ မတပ်ရင်လည်း ဒုက္ခရောက်မှာက ကိုယ်အပြင် ကိုယ်ဖြတ်သန်းသွားလာခဲ့သမျှ နေရာတိုင်းမှာရှိနေတဲ့ Mask မတပ်သူတွေ အားလုံးပါပဲ။ Face Mask အမျိုးအစားများ Face Mask ထဲမှာ Covid-19 ဗိုင်းရပ်စ်ပိုးကို ကောင်းစွာ ကာကွယ်ပေးနိုင်တာ N95 Mask နဲ့ Surgical Mask ၂ မျိုးပဲရှိပါတယ်။ ဒါပေမယ့်လည်း ငွေအကုန်ကြေးကျ များလို့ ပုံမှန်လက်လုပ်လက်စားတွေအနေနဲ့တော့ တပ်လိုက်၊ လွှင့်ပစ်လိုက်၊ နောက်အသစ်တစ်ခု တပ်လိုက်လုပ်ဖို့ဆိုတာ […]


ကိုရိုနာဗိုင်းရပ်စ်

ဆေးလိပ်ငွေ့တွေကနေ ကိုဗစ်ကူးနိုင်သလား။

ကိုဗစ်ရဲ့ ကူးစက်ပုံက နှာချေ၊ ချောင်းဆိုးရာက ထွက်တဲ့ အမှုန်အမွှားတွေကို ကိုင်တွယ်မိပြီး မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို ပွတ်သပ်မိရင် ဒါမှမဟုတ် ဒီအမှုန်အမွှားတွေကို အနီးအနားက လူတွေက ရှူမိရင်လို့ သိထားပါတယ်။ ဒီအမှုန်အမွှားတွေကို ရှူမိဖို့ဆိုတာက ရောဂါရှိတဲ့သူက အနီးအနားမှာ အကာအကွယ်မဲ့ ချောင်းလာဆိုးတာ၊ နှာလာချေတာ အပြင် ခပ်ကျယ်ကျယ် အားနဲ့ အော်တာ၊ သမ်းတာ၊ သီချင်းဆိုတာ စတာတွေပါ ပါဝင်ပါတယ်။ ဆိုလိုတာက အသက်ရှူလမ်းကြောင်းက အမှုန်အမွှားတွေကို အားပြင်းပြင်းနဲ့ အပြင်ကို ရှိုက်ထုတ်တဲ့ အပြုအမူတွေ အားလုံးပါဝင်ပါတယ်။ ဒီတော့ ဆေးလိပ်သောက်တာ၊ vape သောက်တာဆိုတာကလည်း ဒီလို အပြုအမူမျိုးနဲ့ ခပ်ဆင်ဆင်ပဲ မလား။ အားနဲ့ရှိုက်သောက်ပြီး အားနဲ့ ရှိုက်ထုတ်တာဆိုတော့ အနီးအနားက လူတွေကို ကူးနိုင်မလားလို့ မေးစရာ ရှိပါတယ်။ ဆေးလိပ်ငွေ့ […]


ကိုရိုနာဗိုင်းရပ်စ်

၆ ပေ ခွာရင် စိတ်ချရပြီလား

COVID-19 လို့ခေါ်တဲ့ရောဂါဆိုကြီးကို ကာကွယ်ဖို့ Social Distancing လုပ်ရမယ် တစ်ဦးနဲ့တစ်ဦး ၃ ပေ ဒါမှမဟုတ် ၆ ပေ ခွာပြီးနေထိုင်ကြဖို့ လိုအပ်တယ်လို့ သက်ဆိုင်ရာတိုင်းပြည်အလိုက် ကျန်းမာရေးဌာနတွေက သတိပေးချက်တွေ ထုတ်ပြန်ထားကြပါတယ်။ လက်ရှိမှ ရောဂါဖြစ်ပွားလာတာ ၈ လကျော် ၉ လ ကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့တစ်ဝှမ်းမှာ ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရသလို ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းကိုလည်း တိုးပွားနေဆဲပါ။ မြန်မာနိုင်ငံမှာဆိုလည်း ဒုတိယလှိုင်းပြန်စနေပြီလို့ ဆိုရလောက်အောင်ကို နေ့စဉ်ရောဂါပိုးကူးစက်ခံရသူ အမြောက်အမြားတိုးပွားနေပြီး လူနာတွေ့ရှိရာဒေသတွေကို Lock-down ချတာတွေ၊ သံသယ လူနာတွေကို Quarantine ဝင်ခိုင်းတာတွေ၊ နေအိမ်မှာပဲနေထိုင်တာနဲ့ Social Distancing (သီးခြားနေထိုင်ခြင်း) ဆိုတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ရောဂါပျံ့နှံ့မှုကို တားဆီးဖို့ ကြိုးစားနေပါတယ်။ ခုနောက်ပိုင်းမှာတော့ ရောဂါပျံ့နှံ့မှုရပ်တန့်မသွားသေးတာကြောင့် ၆ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုယ်ဝန်ဆောင်မေမေ စိတ်ခံစားမှု ကောင်းစေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းမှာ ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်နိုင်ပါတယ်။ ဒီဟော်မုန်း ပြောင်းလဲမှုက ကိုယ်ဝန်ဆောင် မေမေကို စိတ်ခံစားမှု မကောင်းတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်များတာ၊ စိတ်ထိခိုက်လွယ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ စိတ်အခြေအနေတွေကို အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ စားပေးသင့်တဲ့ အစားအသောက်လေးတွေ ရှိပါတယ်။ အဲ့ဒါတွေက ဘာတွေဖြစ်မလဲ သိချင်ရင် ဆောင်းပါးလေးကို အတူတူ ဖတ်ကြည့်ရအောင်လား။ ကိုယ်ဝန်ဆောင် မေမေ စိတ်ခံစားမှု ကောင်းစေဖို့ ဘာတွေ စားမလဲ............. ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ စိတ်ခံစားမှု ကောင်းချင်တယ်ဆိုရင် ဒါလေးတွေ စားပေးပါ။ ငါး လေ့လာမှုတွေအရ omega-3 ပါတဲ့ ငါးတွေ ဖြစ်ကြတဲ့ မက်ကာရယ်၊ ဆယ်လ်မွန် စတဲ့ ငါးတွေက စိတ်ဓာတ်ကျမှုကို တိုက်ထုတ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒီငါးတွေက မာကျူရီ ပါဝင်မှု […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 ရောဂါပိုး ဆံပင်မှာ ကပ်ငြိရှင်သန်နိုင်သလား

COVID-19 ရောဂါပိုး ဟာ လက်တလောမှာ ကမ္ဘာတစ်လွှားမှာ ဒုက္ခပေးနေတဲ့ ကပ်ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ လူလူချင်းကူးစက်နိုင်သလို လေထဲကနေလည်း ကူးစက်နိုင်တာကြောင့် လူပေါင်း ၂၃ သန်းဝန်းကျင်ကို လျင်လျင်မြန်မြန်ကူးစက်သွားခဲ့တာပါ။ သေဆုံးသူအရေအတွက်လည်း တရိပ်ရိပ်တိုးပွားလာနေပါတယ်။ ကူးစက်နိုင်တဲ့နည်းလမ်းတွေ၊ ပိုးပြန့်နှံ့နိုင်တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး လေ့လာဖော်ထုတ်မှုတွေ ဆက်တိုက်ပေါ်ထွက်လာနေသလို ဒီရောဂါနဲ့ပတ်သက်ပြီး သိလာရတဲ့အချက်တွေကလည်း တစ်နေ့တခြားပိုမိုများပြားလာနေပါတယ်။ လက်ရှိအချိန်အထိ WHO ရဲ့ ထုတ်ပြန်ချက်တွေအရ COVID-19 ရောဂါပိုးဟာ မာကျောတဲ့မျက်နှာပြင်တွေမှာ ကပ်ငြိရှင်သန်နေနိုင်ပြီး လူလူချင်းစကားပြောဆိုတာ၊ နှာချေချောင်းဆိုးတာတွေကနေတဆင့် လေထဲကနေကူးစက်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် Mask တပ်ဖို့၊ တစ်ယောက်နဲ့ တစ်ယောက် ၃ ပေ အနည်းဆုံးခွာပြီး ပြောဆိုဆက်ဆံကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ပိုးရှိနေတဲ့ နေရာတွေကိုကိုင်တွယ်မိပြီးနောက် မိမိရဲ့ မျက်နှာ၊ ပါးစပ်နဲ့ နှာခေါင်းတွေကို ကိုင်တွယ်မိခဲ့မယ်ဆိုရင်လည်း ပိုးကူးစက်နိုင်ခြေရှိတယ်လို့ဆိုထားပါတယ်။ ဒါကို ကာကွယ်ဖို့ဆိုရင်တော့ […]


ကိုရိုနာဗိုင်းရပ်စ်

ကလေးတွေဟာ တိတ်တဆိတ် COVID-19 ရောဂါပိုးဖြန့်ဝေသူတွေ ဖြစ်လာနိုင်သလား

COVID-19 ရောဂါပိုးဟာ တနေ့တခြား ကူးစက်မှုနှုန်းတိုးလာနေသလို တားဆီးနိုင်မယ့် ဆေးဝါးလည်း မရှိသေးပါဘူး။ ရုရှားနိုင်ငံက ကာကွယ်ဆေးဖော်စပ်နိုင်ပြီလို့ ကြေညာထားပေမယ့် ဈေးကွက်ထဲကို ဘယ်အချိန်မှာ ဖြန့်ချိနိုင်မယ်ဆိုတာကို မသိနိုင်သေးပါဘူး။ လူတွေဆီကို ရောက်ဖို့ဆိုရင် နှစ်ကုန်လောက်အထိ စောင့်ဆိုင်းရနိုင်ပါတယ်။ လက်ရှိမှာဆိုရင် ကူးစက်ခံရသူပေါင်း ၂၃ သန်းကျော်သွားခဲ့ပါပြီ။ သေဆုံးသူအရေအတွက်ကလည်း ၈ သိန်းကျော်လွန်နေပြီမို့ ဒီရောဂါကြောင့် ထိခိုက်မှုတွေဟာ အလွန်များလွန်းနေခဲ့ပြီလို့ ဆိုရပါတော့မယ်။ ရောဂါနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ၊ ဆေးဝါးပညာရှင်တွေနဲ့ သုတေသီတွေက လေ့လာမှုတွေ၊ တီထွင်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ရှာဖွေတွေ့ရှိချက်အသစ်တွေလည်း ထွက်ပေါ်လာနေပါတယ်။ ခုချိန်မှာလည်း ထူးခြားတဲ့ လေ့လာတွေ့ရှိချက် တစ်ရပ်ကို သိရှိလာခဲ့ရပါတယ်။ အဲဒါကတော့ ကလေးတွေဟာ COVID-19 ရောဂါပိုးကို ရောဂါလက္ခဏာမပြပဲ သယ်ဆောင်ထားနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်ပါပဲ။ အမေရိကန်ပြည်ထောင်စု၊ ဘော့စတွန်မြို့က မက်ဆာချူးဆက် အထွေထွေရောဂါကုဆေးရုံရဲ့ သုတေသနပြုချက်ကိုအရဆိုရင် ကလေးတွေဟာ ရောဂါဖြန့်ဝေသူတွေဖြစ်နေနိုင်တယ်ဆိုတဲ့ သံသယတွေကို ပိုမိုကြီးထွားစေခဲ့ပါတယ်။ ကလေးတွေဆီကနေ […]


ကိုရိုနာဗိုင်းရပ်စ်

ကူးစက်နှုန်း ဆယ်ဆမြင့်လာတဲ့ ကိုဗစ်

ပြည်တွင်းကူးစက်မှု မရှိတာ တစ်လကျော်ကြာခဲ့ပြီးမှ သြဂုတ် ၁၆ရက်နေ့မှာ ရောဂါပိုးရှိသူနဲ့ ထိတွေ့မှုမရှိ၊ ပြည်ပနိုင်ငံကလည်း ပြန်လာတာမဟုတ်တဲ့ လူနာကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး ဒီလူနာနဲ့ ထိတွေ့ခဲ့တဲ့ လူတွေမှာလည်း ဆက်တိုက်ဆိုသလို ရောဂါပိုးတွေ တွေ့ရှိလာရပါတယ်။ ဒါဟာ အားလုံးက သတိထားဖို့ ပြောနေကြတဲ့ local transmission ရဲ့ အစပဲလား။ ကိုဗစ်ရဲ့ ဒုတိယလှိုင်း လာတော့မှာလား။ ဒါတင်မကသေးဘဲ နောက်ရက်မှာလဲ အိန္ဒိယကနေ ရခိုင်ကို ပြန်လာကြသူတွေထဲမှာလည်း ရောဂါပိုးတွေ့ရှိသူတွေ အများကြီး တွေ့ခဲ့ရပါတယ်။ အားလုံးက စိုးရိမ်နေကြတဲ့အချိန်မှာ နောက်ထပ် မျက်ခုံးလှုပ်စရာသတင်းကတော့ ဒီတစ်ခါတွေ့တဲ့ ကိုဗစ်ပိုးက ကူးစက်မြန်တယ်ဆိုတာပါပဲ။ သြဂုတ်လ ၂၀ရက်နေ့မှာ ဆေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ကူးစက်နှုန်း မြန်ဆန်တဲ့ ကိုဗစ်ရောဂါပိုးကို မြန်မာနိုင်ငံအတွင်းမှာ တွေ့လာရပြီဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပက ပြန်လာသူတွေရဲ့ […]


ကိုရိုနာဗိုင်းရပ်စ်

ရုရှားသိပ္ပံပညာရှင်တွေ ဖန်တီးနိုင်ခဲ့တဲ့ Covid-19 ကာကွယ်ဆေး

ကမ္ဘာတစ်ဝန်းမှာ ကပ်ဘေးအသွင်နဲ့ ဒုက္ခပေးနေတဲ့ Covid-19 ရောဂါပိုးဟာ ကူးစက်ခံရသူပေါင်း ၁၃ သန်းကျော်အထိရှိလာနေပြီဖြစ်ပြီး သေဆုံးသူပေါင်းလည်း ၆ သိန်းနီးပါးရှိနေပါပြီ။ ပထမဆုံး ကူးစက်လူနာစတင်တွေ့ရှိတဲ့ ဒီဇင်ဘာလကနေ ရေတွက်မယ်ဆိုရင် ၇ လာကြာမြင့်လာနေပြီဖြစ်ပေမယ့် ရောဂါကို ပျောက်ကင်းနိုင်အောင် ကုသပေးနိုင်တဲ့ ဆေးဝါးကတော့ ခုချိန်အထိ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ ရောဂါပျောက်ကင်းသူ လူနာ ၇ သန်းကျော်ရှိလာနေပြီဆိုပေမယ့် အများစုဟာ ကိုယ်ခံအားစနစ်ကောင်းမွန်မှုနဲ့ တစ်ကျောင်းတစ်ဂါထာဖြစ်နေတဲ့ စမ်းသပ်ဆေးဝါးအမျိုးမျိုးကြောင့်သာ သက်သာလာကြတာဖြစ်ပြီး ဒီရောဂါကို အမှန်တကယ်တိုက်ထုတ်ပေးနိုင်တဲ့ သီးသန့်ဆေးဝါးမျိုးကိုတော့ ရှာဖွေနေကြဆဲလို့သာ ဆိုရမှာပါ။ ကုသဆေးမပေါ်သေးပေမယ့် ကာကွယ်ဆေးတော့တွေ့ပြီ အထက်မှာပြောခဲ့သလို ကုသနိုင်တဲ့ ဆေးဝါးမပေါ်သေးပေမယ့် ကာကွယ်ပေးနိုင်တဲ့ ဆေးဝါးထုတ်လုပ်နိုင်ဖို့ကတော့ အလွန်နီးစပ်တဲ့ အခြေအနေဖြစ်လာခဲ့ပါပြီ။ Covid-19 ကို ကြိုတင်ကာကွယ်ပေးနိုင်မယ့် ဆေးဝါးကို ရောဂါဖြစ်ပွားမှု စတုတ္ထအများဆုံးတိုင်းပြည်ဖြစ်နေတဲ့ ရုရှားနိုင်ငံက ဖန်တီးနိုင်ခဲ့တာပါ။ ရုရှားနိုင်ငံမှာ လူနာ ၈ သိန်းနီးပါးရှိနေပြီး သေဆုံးသူ ၁ […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19 က လေထဲကတဆင့် ကူးစက်နေပြီလား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ဟာ COVID-19 ဖြစ်ပွားခဲ့တဲ့ ကာလတစ်လျှောက်လုံး ဒီရောဂါပိုးဟာ လေထဲကနေတစ်ဆင့် ကူးစက်နိုင်တယ် (Airborne Virus) ဆိုတဲ့အချက်ကို လက်ခံခြင်းမရှိပဲ တင်းခံနေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဆေးပညာရှင်တွေနဲ့ သိပ္ပံပညာရှင်ပေါင်းများစွာရဲ့ ဖိအားပေးတောင်းဆိုမှုကြောင့် အဆိုပါအချက်ကို လက်ခံလိုက်ပြီလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ နိုင်ငံပေါင်း ၃၂ နိုင်ငံက ထိပ်တန်းသိပ္ပံပညာရှင် ၂၃၉ ယောက်တို့က Clinical Infectious Diseases ဆေးပညာဂျာနယ်ကနေတဆင့် ဂျနီဗာအခြေစိုက် ကမ္ဘာ့အရေးအပါဆုံး ကျန်းမာရေးအဖွဲ့အစည်းကြီးဆီကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့တာပါ။ အခုနောက်ဆုံး WHO က ပြောဆိုလာတဲ့ အချက်အရဆိုရင် COVID-19 ဟာ လေထဲကနေတဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ တွေ့ရှိလာရပြီလို့ ဆိုထားပါတယ်။ COVID-19 ဟာ လေထဲကနေ ကူးသလား ကူးစက်ခံရသူပေါင်း ၁၂ သန်းကျော်သွားပြီဖြစ်တဲ့ COVID-19 ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ […]


ကိုရိုနာဗိုင်းရပ်စ်

Mask ကြောင့် မျက်မှန်မှာ အခိုးမရိုက်စေဖို့

ကိုဗစ်အတွက် ကာကွယ်မှုကတော့ ဆက်လက်လုပ်ဆောင်နေရဆဲကာလပါ။ ဒါကြောင့် အပြင်သွားတဲ့အခါတိုင်း mask တပ်ရတာ၊ မကြာခဏ လက်ဆေးတာစတဲ့ ကိုဗစ် ကာကွယ်ရေး အလေ့အထတွေကိုတော့ ဆက်လက်လုပ်ဆောင်နေရဆဲပါ။ Mask တပ်တာက သာမန်လူတွေအတွက် အခက်အခဲမရှိပေမယ့် မျက်မှန်တပ်ရသူတွေ အတွက်ကတော့ အခိုးရိုက်တာကြောင့် မျက်မှန် မှုန်ဝါးတာတွေကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တာ့ ကိုဗစ်ကာလမှာ မဖြစ်မနေ မတ်ခ် တပ်နေရတဲ့ မျက်မှန်သမားလေးတွေအတွက် အသုံးတည့်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါရစေ။ Mask ကြောင့် မျက်မှန်မှာ အခိုးမရိုက်စေဖို့ ကိုဗစ် ကာကွယ်ဖို့အတွက် Mask တပ်ရင်း မျက်မှန်မှာ အခိုးရိုက်ပြီး မှုန်ဝါးဝါး မဖြစ်စေဖို့ဆိုရင် ရေနဲ့ ဆပ်ပြာ ရေနဲ့ဆပ်ပြာမှုန့် ဒါမှမဟုတ် ဆပ်ပြာရည် ခပ်ကျဲကျဲဖျော်ထားတာကို သုံးပြီး မျက်မှန်ကို ဆေးလိုက်ပါ။ ပြီးရင် ရေပြန်ဆေးချတာမျိုး၊ တစ်သျှူးတွေနဲ့ သန့်စင်တာမျိုး မလုပ်ဘဲ မျက်မှန်ကနေ ရေတွေ စင်သွားအောင် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း