backup og meta

၆ ပေ ခွာရင် စိတ်ချရပြီလား

၆ ပေ ခွာရင် စိတ်ချရပြီလား

COVID-19 လို့ခေါ်တဲ့ရောဂါဆိုကြီးကို ကာကွယ်ဖို့ Social Distancing လုပ်ရမယ် တစ်ဦးနဲ့တစ်ဦး ၃ ပေ ဒါမှမဟုတ် ၆ ပေ ခွာပြီးနေထိုင်ကြဖို့ လိုအပ်တယ်လို့ သက်ဆိုင်ရာတိုင်းပြည်အလိုက် ကျန်းမာရေးဌာနတွေက သတိပေးချက်တွေ ထုတ်ပြန်ထားကြပါတယ်။

လက်ရှိမှ ရောဂါဖြစ်ပွားလာတာ ၈ လကျော် ၉ လ ကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့တစ်ဝှမ်းမှာ ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရသလို ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းကိုလည်း တိုးပွားနေဆဲပါ။

မြန်မာနိုင်ငံမှာဆိုလည်း ဒုတိယလှိုင်းပြန်စနေပြီလို့ ဆိုရလောက်အောင်ကို နေ့စဉ်ရောဂါပိုးကူးစက်ခံရသူ အမြောက်အမြားတိုးပွားနေပြီး လူနာတွေ့ရှိရာဒေသတွေကို Lock-down ချတာတွေ၊ သံသယ လူနာတွေကို Quarantine ဝင်ခိုင်းတာတွေ၊ နေအိမ်မှာပဲနေထိုင်တာနဲ့ Social Distancing (သီးခြားနေထိုင်ခြင်း) ဆိုတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ရောဂါပျံ့နှံ့မှုကို တားဆီးဖို့ ကြိုးစားနေပါတယ်။

ခုနောက်ပိုင်းမှာတော့ ရောဂါပျံ့နှံ့မှုရပ်တန့်မသွားသေးတာကြောင့် ၆ ပေ ခွာပြီးနေထိုင်တာမျိုး၊ Social Distancing လုပ်တာမျိုးတွေက လုံလောက်မှုရှိရဲ့လားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Social Distancing နဲ့ လုံလောက်ရဲ့လား

Social Distancing ဆိုတာက COVID-19 pandemic ကာလမှာ လူတွေ သတိထားမိလာတဲ့ အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။ Social Distancing (သီးခြားနေထိုင်ခြင်း) ဆိုတာက လူမှုရေး၊ စီးပွားရေး၊ သာရေး နာရေးတွေနဲ့ လုပ်ငန်းခွင်ကိစ္စတွေအားလုံးဆောင်ရွက်ရာမှာ အကွာအဝေးတစ်ခု သတ်မှတ်ပိုင်း ခြားပြီးနေထိုင်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။

အခြေခံအားဖြင့်တော့ ၃ ပေခွာဖို့တိုက်တွန်းထားကြပေမယ့် ၆ ပေဆိုပိုစိတ်ချရတယ်လို့လည်း ဆိုကြပါတယ်။ အစားအသောက် ဝယ်ခြမ်းဖို့၊ ကျန်းမာရေး ပြုစုကုသမှုခံယူဖို့ စတဲ့ အခြေခံ လိုအပ်ချက်တွေအတွက်ကလွဲရင် ကျန်တဲ့ချိန်တွေမှာ အပြင်မထွက်ဘဲ နေအိမ်မှာပဲနေထိုင်ပြီး ရောဂါဖြစ်ပွားနှုန်းကျဆင်းအောင် တစ်ဖက်တစ်လမ်းကနေ ကူညီတဲ့နည်းလမ်းလို့ပဲ ဆိုပါတော့။

အခြေခံအားဖြင့်တော့ Social Distancing လုပ်ရာမှာ –

  • မိမိဝန်းကျင်မှာရှိတဲ့ ဘယ်သူနဲ့မဆို ခပ်ခွာခွာနေမယ်။
  • လုပ်ငန်းဆောင်တာကို နေအိမ်ကနေ လုပ်ဆောင်မယ်။
  • သူငယ်ချင်း အပေါင်းအသင်းတွေ အပါအဝင် တွေ့ဆုံဖို့ ချိန်းဆိုထားသူတွေနဲ့ အပြင်မှာမတွေ့ဘဲ ဖုန်းခေါ်တာ၊ Video Call ခေါ်ဆိုတာတွေပဲလုပ်မယ်။
  • လုပ်ငန်းခွင်လိုအပ်ချက်အရ လုပ်ဆောင်ရမယ့် အစည်းအဝေးတွေ၊ တွေ့ဆုံပွဲတွေကို အွန်လိုင်းကွန်ဖရင့်တွေ၊ Video Conferencing တွေ လုပ်မယ်။ ဒါမျိုးတွေပေါ့။

ဒါပေမယ့်လည်း ခုနောက်ဆုံး လေ့လာချက်တွေအရဆိုရင်တော့ ၆ ပေခွာပြီးနေရုံနဲ့ ကိုဗစ်ပိုး ကူးစက်မခံရနိုင်ဘူးလို့ အတိအကျ မသတ်မှတ်နိုင်ဘူးလို့ ဆိုလာပြန်ပါတယ်။ အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT) တို့ရဲ့ ပူးပေါင်းလေ့လာမှုကတော့ အဲ့ဒီအတိုင်းဆိုထားပါတယ်။

၆ ပေခွာတာဟာ ကိုဗစ်ကူးစက်မှုကို နှေးကွေးသွားအောင် တားဆီးရာမှာ လုံလောက်တဲ့ ပမာဏမဟုတ်ဘူးလို့ အဲ့ဒီလေ့လာချက်ကဆိုပါတယ်။ လေ့လာချက်အသစ်အရ လူတစ်ယောက် နှာချေ၊ ချောင်းဆိုး၊ သီချင်းဆိုချိန်မှာ ထွက်လာတဲ့ အသက်ရှူလမ်းကြောင်းထဲကနေ Droplets လေးတွေဟာ ၂၆ ပေနဲ့အထက်အကွာအဝေးအထိ လွင့်စင်ထွက်သွားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

သူတို့ရဲ့ လေ့လာချက်မှာ ၆ ပေအထိလွင့်စင်နိုင်တယ်ဆိုတဲ့ အချက်ကို မငြင်းဆိုခဲ့ပဲ အရွယ်အစားအပေါ်မူတည်ပြီး ရောက်နိုင်တဲ့အကွာအဝေးမတူညီတာလို့လည်း ဖော်ပြထားပါတယ်။ Droplets အရွယ်အစား၊ အကွာအဝေး၊ လေတိုက်နှုန်းနဲ့ အရှိန်တွေပေါ်မူတည်ပြီး ၂၆ ပေနဲ့ အထက်အကွာအဝေးအထိ ရောက်နိုင်ကြောင်း အဆိုပါထိပ်တန်းတက္ကသိုလ် ၂ ခုက သတိပေးသွားခဲ့ပါတယ်။

ဒီအခြေအနေမှာ ဘယ်လိုနေထိုင်ကြမလဲ

၃ ပေပဲဖြစ်ဖြစ်၊ ၆ ပေပဲဖြစ်ဖြစ်၊ ၂၆ ပေပဲဖြစ်ဖြစ် ဘယ်လိုအနေအထားမှာမဆို Social Distancing လုပ်ပြီးနေထိုင်နေကြရတာဟာ လွယ်ကူတဲ့ ကိစ္စတွေတော့မဟုတ်ပါဘူး။ ဒါပေမယ့် ခုချိန်မှာ ရောဂါပြန့်ပွားမှု ပိုတိုးလာပြန်တာမို့ လူတိုင်းဟာ စည်းတွေ ဘောင်တွေကြားမှာ မဖြစ်မနေနေထိုင်ဖို့ လိုအပ်လာပါပြီ။

ဒါကြောင့် အောက်ပါအချက်တွေကို လိုက်နာဖို့ တိုက်တွန်းလိုပါတယ်။

  • Social Closening (သို့) Social Nearing ကို ရှောင်ပါ
  • ရောဂါလက္ခဏာ မပြတာဟာ ရောဂါမရှိတာလို့ ယူဆလို့မရတာကို သိနားလည်ထားပါ။
  • တတ်နိုင်သမျှ အပြင်မထွက်ပါနဲ့၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ရှောင်ပါ။
  • Social Distancing လုပ်တာဟာ အိမ်တွင်းမှာပဲ ပုန်းနေခိုင်းတာမဟုတ်ပါဘူး။ မဖြစ်မနေလုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်လို့ရပါတယ်။
  • မိသားစုဝင်မို့ ဘာမှမဖြစ်ဘူး မထင်ပါနဲ့၊ မိသားစုဝင်အချင်းချင်းလည်း စည်းကမ်းအတိုင်း နေထိုင်ပါ။
  • အသက် ၆၀ နဲ့အထက် ကိုယ်ခံအားစနစ် မကောင်းတဲ့သူတွေကို ဂရုစိုက်ပါ။
  • မလိုအပ်ပဲ ဆေးရုံ၊ ဆေးခန်း မသွားပါနဲ့။
  • ဘယ်သွားသွား Mask တပ်ပါ။
  • ခုချိန်မှာ ဘတ်စ်ကားတိုးစီးတာမျိုးကို တတ်နိုင်သမျှ လျှော့ချပါတယ်။ မလျှော့ချနိုင်ရင် ရုံးဆက်ချိန်မတိုင် စောစီးတာ၊ ရုံးဆင်းချိန်ကို နည်းနည်းနောက်ကျမှ ပြန်ပြီး လူကြပ်ချိန်ကို တတ်နိုင်သမျှရှောင်ပါ။
  • ကုန်ပစ္စည်းတွေကို Deliveryနဲ့ မှာတာကို တတ်နိုင်သမျှ လျှော့ပါ။
  • လူတွေနဲ့ ဝေးဝေးနေဖို့ကို အားမနာပါနဲ့။
  • လက်ကို မကြာခဏ စင်ကြယ်အောင် ဆေးပါ၊ စိတ်လိုလက်ရဆေးပါ။ စက္ကန့် ၂၀ကြာပါစေ။
  • မဖြစ်မနေ ထိတွေ့ကိုင်တွယ်ရမယ့် အခြေအနေတွေမှာ အရေအတွက်ကို လျှော့ချနိုင်ဖို့ ကြိုးစားပါ။
  • Social Distancing ဟာ Emotional Distancing မဟုတ်တာကို နားလည်ထားပါ။

ဒီလမ်းညွှန်ချက်တွေကိုလိုက်နာမည်ဆိုရင် ကိုဗစ်ရောဂါကို အကောင်းဆုံးကာကွယ်ထားနိုင်မှာဖြစ်တာမို့ အတတ်နိုင်ဆုံး လိုက်နာသင့်ပါတယ်။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/lung/news/20200827/covid-and-social-distancing-is-6-feet-enough

https://www.gov.uk/government/publications/covid-19-guidance-on-social-distancing-and-for-vulnerable-people/guidance-on-social-distancing-for-everyone-in-the-uk-and-protecting-older-people-and-vulnerable-adults

https://www.forbes.com/sites/brucelee/2020/03/14/with-covid-19-coronavirus-here-are-10-ways-to-social-distance-yourself/#23f207b0606c

ယခုပုံစံ

03/09/2020

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ

Covid-19 ကပ်ဘေးကာလ မပြီးဆုံးသေးဘူးဆိုတာ အမြဲသတိကပ်ပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 03/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement